Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဟိုနားဒီနား ခရီးသွား (ညောင်လေးပင်သို့) ၁

Diamond KeyApril 20, 20121min2817

                  ဒီနှစ် ခါသင်္ကြန်ကာလ ရုံးပိတ်ရက်ကလေးတခဏမှာ ညောင်လေးပင်မြို့လေးဆီ ခရီးထွက်ဖြစ်ပါတယ်။ ညောင်လေးပင်မြို့လေးက ရန်ကုန်ကနေလာရင် ၉၈ မိုင်ဆိုရောက်ပါတယ်။ ကားလမ်း၊ ရထားလမ်း ရှိတဲ့ မြို့လေးဖြစ်ပြီး ရွှေကျင်တို့၊ မဒေါက်တို့ရဲ့ လမ်းဆုံမြို့လည်း ဖြစ်ပါတယ်။ အရင်ကတော့ ရန်ကုန်-မန္တလေးကားလမ်း ပေါ်ကမြို့မို့ အဝေးပြေး Express ကားကြီးတွေ ပေါပေမယ့် အခုနောက်ပိုင်း အမြန်လမ်းမကြီး ပေါ်လာတော့ Express ကားကြီးတွေက အချိန်တို လမ်းကောင်းတဲ့ အမြန်လမ်းမကြီးပေါ်ကနေပဲ မောင်းကြတော့တာမို့ ရန်ကုန်-မန္တလေးကို လမ်းဟောင်းကနေ သွားတဲ့ကားက နည်းသွားပြီး နှစ်စီး သုံးစီး လောက်သာ ရှိပါတော့တယ်။

ကျွန်တော်က မန္တလေးကလာရတာကတစ်ကြောင်း၊ သင်္ကြန်ရုံးပိတ်ရက်မှ ခရီးစထွက်နိုင်တော့ သင်္ကြန်မှာ ကားလက်မှတ် ဝယ်ရတာ ခက်တဲ့ ထုံးစံအတိုင်း တစ်ပတ်လောက် ကြိုဝယ်တော့လည်း လမ်းဟောင်းက သွားမဲ့ကား မသေချာသေးဘူး ဆိုပြီး မရောင်း၊ ပိတ်ရက်နီးလာတော့ ကုန်ပြီဆိုပြီ လုပ်တာနဲ့ မီးရထားနဲ့ပဲ သွားဖြစ်ခဲ့ပါတယ်။

ညောင်လေးပင်ကို သွားမယ့် မီးရထားစီး ခရီးသည်အတွက်က 3 Up ရန်ကုန်-မန္တလေး ရထားနဲ့ 4 Down မန္တလေး – ရန်ကုန်ရယ်၊ 11 up နဲ့ 12 Dowm ရယ် ရထားနှစ်စီးသာ ညောင်လေးပင်ဘူတာမှာ ရပ်တာဖြစ်ပြီး 4 Down က ရထားဆင်းချိန် ရောက်ချိန် အဆင်ပြေတာမို့ ဒီရထားကိုပဲ လက်မှတ်ဝယ်ရပါတယ်။ ညနေ ၅ နာရီမှာ မန္တလေးဘူတာကြီးကနေ ရထား စထွက်ပါတယ်။ တစ်ညလုံး မောင်းလာတဲ့ ရထားကြီးက မနက်အာရုံတက်တော့ ညောင်လေးပင်နား နီးနေပါပြီ။

ရထားလမ်းတစ်လျှောက် ရေလိုက်ပက်တာရယ်၊ မီးရောင်မှိန်မှိန်နဲ့ ရထားမှာ ဘာမှလုပ်စရာ မရှိတာနဲ့ တစ်ညလုံး အိပ်လိုက်လာတဲ့ ကျွန်တော်မှာ မနက်ခင်းလေးလင်းမှ သတ္တလောကကြီးဆီကို ကောင်းမှုတွေအတွက် အလင်းရောင်ပေးမယ့် နေမင်းကြီး ထွက်လာတာကို လက်ဆော့ခွင့်ရပါတော့တယ်။ ခရီးသွားတွေကို တစ်ခါတစ်ရံ လှေစီးလှိုုင်းစီးရသလို၊ တစ်ခါတစ်ရံမှာတော့ မြင်းကြီးကို ဒုန်းစိုင်းစီးရသလို အရသာခံစားမှု အမျိုးမျိုးကို ရထားစီးနေချိန်မှာ အထူးခံစားခွင့်ရစေတဲ့ မြန်မာ့မီးရထားကြီးပေါ်ကနေ မနက်ခင်းအလှလေးတွေကို အမိအရ ကြိုးစားပြီး ရိုက်လိုက်ပါသေးတယ်။

မနက်ချိန်ခါ ရောင်နီကြီး ထွက်လို့လာပြီ။

မနက်ချိန်ခါ ရောင်နီကြီး ထွက်လို့လာပြီ။

မိုးလင်းတော့မယ်… ထတော့ ကလေးရယ်……………။

မိုးလင်းတော့မယ်… ထတော့ ကလေးရယ်……………။

သိပ်လှတဲ့ လောကအလှတွေကို ကြည့်စို့ကွယ်……………..။

သိပ်လှတဲ့ လောကအလှတွေကို ကြည့်စို့ကွယ်……………..။

ရထားပေါ်ကနေ တွေ့နေရတဲ့ လင်းအာရုံဦး

ရထားပေါ်ကနေ တွေ့နေရတဲ့ လင်းအာရုံဦး

စိန်သော့

 

 

 

 

 

7 comments

  • ရောင်ခြည်ခ

    April 20, 2012 at 9:04 am

    မနက်ချိန်ခါ ရောင်နီကြီး ထွက်လို့လာပြီ ဆိုတဲ့ ပုံလေးကိုကြိုက်တယ်ဗျာ၊ ကူးသွားခွင့်ပြုပါနော်…

    • Diamond Key

      April 20, 2012 at 9:11 am

      ရပါတယ်ဗျာ ……………….. 😀

  • htoosan

    April 20, 2012 at 10:23 am

    လွမ်းအောင် လုပ်သကိုး ….. 😀

  • blackchaw

    April 20, 2012 at 10:25 am

    အားပါးပါး။
    ကျွန်တော်ဖတ်ခဲ့ဘူးတဲ့ ကဗျာလိုလို စာလိုလို စာကြောင်းလေးတစ်ကြောင်းနဲ့
    မန့်ပါရစေ ကိုသော့ရေ။
    ခံစားသူရဲ့ နှလုံးသားကို
    မခံမရပ်နိုင်အောင် လှပလွန်းနေတယ် 😀
    ရောင်ခြည်ခပြောတဲ့ ပုံလေး ကျွန်တော်လည်း ကြိုက်တယ်ဗျာ။

  • aye.kk

    April 20, 2012 at 11:20 am

    ထွင်းဖောက်အောင်ရှူ ့မြင်တတ်တဲ့..
    စိတ်ပြတင်းပေါက်လေးရေ..။
    လောကရဲ ့အလှတရား..
    ရှာရှာဖွေသွားခါကြည့်လို ့..
    ရိုက်ချက်လက်ရာလှလှလေးတွေကလည်းအံ့မခန်းပါဘဲနော်။။

  • TTNU

    April 20, 2012 at 2:00 pm

    ကိုသော့ရေ…
    ပုံအားလုံးကူးလိုက်တယ်။
    အားလုံးကြိုက်လို့။
    ကျေးဇူးနော်။
    နေဝင်ချိန်ထက်နေထွက်ချိန်ကိုပိုကြိုက်တာ။

    • Diamond Key

      April 21, 2012 at 9:45 am

      ဟုတ်ကဲ့ .. တီချယ်ကြီး…….. နော်လည်း Tချယ်လိုပဲ နေထွက်ချိန်ကိုပိုကြိုက်တာဗျ :mrgreen:
      ဟိုလူကြီးတွေ (ကိုပေါက်၊ ကိုချော … Etc;) နဲ့တော့ တူဘူး 😆
      တစ်ယောက်က တူ့ပစ္စည်းတွေ ရောင်းရအောင် နေဝင်ချိန်ပိုကြိုက်တယ်။ နောက်တစ်ယောက်က
      နေဝင်ချိန် မှ လေချဉ်တွေလာလို့ နေဝင်ချိန်ပိုကြိုက်တယ်ဆိုသဗျ :mrgreen:

Leave a Reply