Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆာယာ

captainamericaApril 20, 20121min58116

၉ နာရီထိုးပီး တစ်စက္ကန်းမှာလာတဲ့သူတွေကိုမကြိုက်ဖူး
၃နာရီ ၁၅ပြည့်ဖို. တစ်စက္ကန်.အလိုမှာပြန်သာွးတဲ့သူတွေကိုမကြိုက်ဖူး
စာသင်ခန်းထဲနောက်ကျမှဝင်ပီးစောစောဝင်တဲ့သူတွေကိုမကြိုက်ဖူး
ကလေးတွေကိုစာရေးခိုင်းပီးကိုယ်လုပ်ချင်ရာလုပ်နေတဲ့သူတွေကိုမကြိုက်ဖူး
စာကောင်းကောင်းမသင်ပဲထွေရာလေးပါးထိုင်ပြောနေတဲ့သူတွေကိုမကြိုက်ဖူး
ဆရာအချင်းချင်းတစ်ယောာက်မကောင်းကြောင်းတစ်ယောက်ပြောနေတဲ.သူတွေကိုမကြိုက်ဖူး
စာသင်တာတစ်ခုတည်းလုပ်နေတဲ့သူတွေကိုမကြိုက်ဖူး
ဝါသနာပါတဲ့အလုပ်ကိုဦးစားပေးပြီးလက်ရှိဆရာအလုပ်ကိုဒုတိယနေရာထားတဲ့သူတွေကိုမကြိုက်ဖူး
ကျောင်းသားကျောင်းသူတွေကို ကိုယ်ရေးကိုယ်တာကိစ္စတွေခိုင်းနေတဲ့သူတွေကိုမကြိုက်ဖူး
ဆရာကျင့်ဝတ်သိက္ခာနဲ.အညီပြောဆိုနေထိုင်ခြင်းမရှိတဲ့သူတွေကိုမကြိုက်ဖူး
ကလေးတွေဆူရင်ကျောင်းခန်းအပြင်ထွက်ခိုင်းလိုက်တဲ့သူတွေမကြိုက်ဖူး
ကိုယ့်အမေလင်အိပ်ထဲကပိုက်ဆံနှိုက်သလိုခွင့်တွေခဏခဏယူတဲ့သူကိုမကြိုက်ဖူး
အစားထိုးဝင်သင်ခိုင်းမှစိတ်မပါတပါနဲ.အစားထိုးဝင်သင်သူတွေကိုမကြိုက်ဖူး
ဒီနယ်မြေဟာ
စွန်.လွှတ်စွန်.စားအနစ်နာခံသူတွေရဲ့အဖြူရောင်နယ်မြေဖြစ်တယ်
အတ္တမြေပေါ်မှာပရဟိတအလံစိုက်ထူဝံ့သူတွေရဲ.အပြာရောင်နယ်မြေဖြစ်တယ်
ယုံကြည်ချက်ကိုအောက်ဆီဂျင်လိုရှူပီးအသက်ရှင်နေသူတွေရဲ့အနီရောင်နယ်မြေဖြစ်တယ်
ဒီနယ်မြေမှာ
ပိုက်ဆံလာရှာတဲ့ငတေမာတွေမလိုချင်ဝူး
ကိုယ့်ပန်းတိုင်မို.ခဏတာလာခိုတဲ့သူတွေမလိုချင်ဝူး
ရေသာခို အချောင်လိုက် နိမ့်ကျတဲ့စရိုက်ရှိသူတွေမလိုချင်ဝူး
ပြည်တန်ဆာလို တာဝန်ကျေပီးရောစိတ်ထားမျိုးရှသူတွေ မလိုချင်ဝူး
ကလေးတွေမှာမိဘမရှိကြဝူး
ကလေးတွေမှာအိုးအိမ်မရှိကြဝူး
ကလေးတွေမှာပိုက်ဆံမရှိကြဝူး
ကလေးတွေမှာအာမခံချက်မရှိကြဝူး
ကလေးတွေမှာတိုင်းပြည်တောင်မရှိရှာကြဝူးလေ
မရှိခြင်းသာအပြည့်ရှိနေတဲ့သူတိုကို.
အနာဂတ်မှာရှိသင့်တာတွေရှိလာဖို.
ဆရာတွေစာမီးအိမ်ဖြစ်တယ်
မီးမလင်းတဲ့မီးအိမ်တွေကို
ဘယ်စာသင်ခန်းမျိုးကမှမလွမ်းဝူး
စာသင်ခန်းတွေမှောင်နေရင်
အဲဒါဆရာတွေမှောင်နေလို.ဖြစ်မယ်
ကျောင်းသားတွေကဘယ်တော့မှမမှောင်ဝူး
ပညာရေးဆိုတာ
ကျောင်းဆရာတွေက”ဆရာလုပ်”သင်ကြားပေးရတာမဟုတ်ဖူး
“ပန်းပုရုပ်ဟုနဂိုတည်းကသစ်သားရုပ်ထဲမှာရှိပီးသား
ပန်းပုဆရာကမလိုတဲ့အပိုင်းတွေကိုသာဖယ်ထုတ်ပေးရတာဖြစ်တယ်”ဆိုသလိုပဲ
နှလုံးသားနဲ.ဖွင့်ပေးရသူသာဖြစ်တယ်
ကမ္ဘာပေါ်မှာရှိသမျှအလုပ်တွေထဲ
ကျောင်းဆရာအလုပ်လောက်ကြီးကျယ်မြင့်မြတ်တာမရှိဝူး
ဂုဏ်သိက္ခာချင်းနှိုင်းယှဉ်စရာအလုပ်မရှိဝူး
အိုဘားမားဟာ ဦးဖိုးကျားလောက်ခေါင်းတစ်လုံးပိုမမြင့်ဝူးလေ
တိုင်းပြည်နဲ.လူမျိုးကိုအာမခံချက်ပေးရတဲ့အလုပ်
လပေါ်သရေ အရှုပ်ထုပ်တွေနဲ.မထိုက်တန်တာအသေအချာ။

“မောက္ခမဂ္ဂဇင်းမှ ရေးသားကူးယူဖော်ပြသည်”

16 comments

  • အမေရိကန်ငတုံး

    April 21, 2012 at 8:54 am

    မေ့ကျန်ခဲ့လို.ပါ ကဗျာရေးသူကိုငြိမ်းအေးဖြစ်ပါတယ်။ ရင်ထဲထိအောင်ကြိုက်မိလို.တင်မိတာပါ။

  • kyeemite

    April 21, 2012 at 9:15 am

    ကိုဇေယျာဦးတင်ပေးတော့လည်းဖတ်ရတာပေါ့..
    အမှန်တွေချည်းပါဗျာ..ဒါလေးကိုတော့ အကြိုက်ဆုံးဖြစ်ပါကြောင်း…
    “ပညာရေးဆိုတာ
    ကျောင်းဆရာတွေက”ဆရာလုပ်”သင်ကြားပေးရတာမဟုတ်ဖူး”

  • kyeemite

    April 21, 2012 at 9:34 am

    အော်..အော် ပြောဘို့မေ့လို့..လက်မတစ်ချောင်းထောင်သွားသဗျို့..

    • ဗိုက်ကလေး

      April 21, 2012 at 10:50 am

      ကျနော်လဲ လက်မတစ်ချောင်း ထောင်ပါရစေဗျို ့
      😆

  • ဗိုက်ကလေး

    April 21, 2012 at 10:49 am

    ပွိုင့် မတိုးပေးတဲ့ သဂျီးကို မကြိုက်ဘူး
    ရာထူး မတိုးပေးတဲ့ သဂျီးကို မကြိုက်ဘူး
    လဂါးနောက်ဒါဘာ…
    အဲသလိုလုပ်ခိုင်းနေတဲ့လူတွေကို ကျနော်လဲ မကြိုက်ဘူးဗျို ့.မကြိုက်ဘူး

  • အမေရိကန်ငတုံး

    April 21, 2012 at 10:56 am

    ခုလိုအားပေးတဲ့ကိုဗိုက်တို.ကိုကြီးမိုက်တို.သများတို.အဖွဲ.ကိုကျေးဇူးတင်ပါတယ်။ 😆

  • ငမျောက်

    April 21, 2012 at 10:59 am

    ဘွားဂျီး ဆိုရင်လည်း ကြိုက်ဘူး ..
    ဘွားလေး လည်း ကြိုက်ဘူး ..
    ဂျီးဒေါ်လည်း ကြိုက်ဘူး ..
    တူမချောလေး ဆိုရင်တော့ တစ်ငြိုးပေါ့ … အဟိ .. 🙂

    အနော်လည်း ထောင်လို့ရတဲ့ တစ်ချောင်းကို ထောင်သွားဒယ် (လက်မ) ..
    🙂

  • TTNU

    April 21, 2012 at 11:28 am

    American ရေ..
    “စာသင်ခန်းတွေမှောင်နေရင်
    အဲဒါဆရာတွေမှောင်နေလို.ဖြစ်မယ်
    ကျောင်းသားတွေကဘယ်တော့မှမမှောင်ဝူး” တဲ့လားကွယ်။

    တီချာ့စာသင်ခန်း တစ်ခါတစ်လေ မှောင်တယ်တော့။
    မီးမလာ။ မီးစက်ထဲမှာ ဆီကုန်။ မီးစက်နှိုးပေးနိုင်တဲ့ ကျောင်းသားကမလာ။
    အဲဒီအခါမျိုးတွေပေါ့။

    ကျောင်းသားတွေလည်းမမှောင်ဘူး၊ ဟုတ်ပါ့။
    ဘယ်တော့မှ မမှောင်ဘူး။ That’s right!
    ဖယောင်းတိုင်ထွန်းထားလို့ပါ။

    အဲဒါဆရာတွေမှောင်နေလို.ဖြစ်မယ်?????
    တီချာများမှောင်နေပြီလားမသိ။ 😛

  • amatmin

    April 21, 2012 at 11:51 am

    ဆရာမှန်ရင် အနစ်နာခံသူသက်သက်ဖြစ်ရမယ်လို့..
    တထစ်ချသတ်မှတ်ထားတာတွေကို မကြိုက်ဘူး…

    ဆရာတိုင်းဟာ စာသင်တာကလွဲပြီး ကျန်တဲ့အလုပ်စိတ်ဝင်စားလို့မရဘူးလို့..
    ဝိုင်းပြောချင်တတ်ကြတာကို မကြိုက်ဘူး..

    ဆရာတွေကို ရသလောက်နဲ့တင်းတိမ်နေတတ်သင့်တယ်လို့..
    ဝိုင်းပုံဖော်တတ်ကြတာကို မကြိုက်ဘူး..

    ဆရာတွေကို..အနန္တ ပါးပါးနေရာ ဇွတ်ပို့ထားပြီး..
    ပြီးမှ စွတ်အပုပ်ချတတ်ကြတာတွေကို..မကြိုက်ဘူး…

    မကြိုက်ဘူး…
    မကြိုက်ဘူးးးးးးးးး 🙂 🙂

  • အမေရိကန်ငတုံး

    April 21, 2012 at 11:55 am

    တီချာတို.ကိုစော်ကားတာမဟုတ်ရပါဝူးရယ်။ကျွန်တော်ရင်ဘတ်နဲ.ခံစားလို.ရလို.တင်
    လိုက်တာပါတီချာာကီးခင်ဗျား။ဒါပေမဲ့တီချာရယ် အရေအတွက်မနည်းမနောတဲ့အနန္တောအနန္တ
    ဂိုဏ်းဝင်ဆရာအများစုဟာ အဲလိုဖြစ်နေကြတာပါ။ကျွန်တော်ကိုယ်တိုင်အဲလိုဘဝကိုဖြတ်သန်း
    လာခဲ့ရလို.ပါ။ဆရာများကိုစော်ကားလိုစိတ်အလျှင်းမရှိရပါ။ခေတ်ကိုအခြေအနေကိုသရုပ်ဖော်
    ပေးတဲ့ကဗျာတစ်ပုဒ်လို.သာခံစားပေးပါတီချာကြီးခင်ဗျား 🙄

  • ရောင်ခြည်ခ

    April 21, 2012 at 12:20 pm

    ကျောင်းဆရာတွေက”ဆရာလုပ်”သင်ကြားပေးရတာမဟုတ်ဖူး
    “ပန်းပုရုပ်ဟုနဂိုတည်းကသစ်သားရုပ်ထဲမှာရှိပီးသား
    ပန်းပုဆရာကမလိုတဲ့အပိုင်းတွေကိုသာဖယ်ထုတ်ပေးရတာဖြစ်တယ်”ဆိုသလိုပဲ
    နှလုံးသားနဲ.ဖွင့်ပေးရသူသာဖြစ်တယ် ..
    ပန်းပုဆရာကတော့ သက်မဲ့သစ်သားကိုထွင်းတာမို့လို့ မလိုတဲ့အပိုင်းတွေကို ဖယ်ထုတ်ပေးလို့ရပေမယ့်…….

  • အမေရိကန်ငတုံး

    April 21, 2012 at 12:25 pm

    ကျွန်တော်အမေဟာလည်း အထက်တန်းပြကျောင်းဆရာမတစ်ဦးဖြစ်ပါတယ်။
    သူဖြစ်သန်းလာခဲ့ရတဲ့ကျောင်းဆရာမဘဝကိုလူမှန်းသိတတ်စအရွယ်ကတည်း
    ကထိတွေ.လာခဲ့ရသူမို.ပါ……

  • windtalker

    April 21, 2012 at 12:47 pm

    ကိုကန်ကြီးရေ ၊ ကဗျာလေး ကို ဖတ်အပြီး ကြိုက်လွန်းလို ့ကျုပ် လဲ တုပ ရေးချင်မိလို ့ကွန်မင့်ခဲ့ပါတယ်ဗျာ ။
    “““
    ငပေါက်ဖော် လို အီးပန်းအောင် သောက်တာ မကြိုက်ဖူး …
    ကိုအောင်ပု လို ဂျော်အားပေးရေး လုပ်တာ မကြိုက်ဖူး …
    ကိုကြောင်ကြီး လို ဟာသကဗျာလေးတွေရေးချင်ပေမယ့် မရေးတတ်ဝူး …
    မပုတို ့အပျိုကြီးဖြစ်တာ လူပျိုကြီးများ တာဝန်မကျေလို ့ဖြစ်တယ် …
    မောင်ပေ ဂေဇက်မှာ လာပျော်တာ ဂေဇက်ဟာ ရသစုံလို ့ပါ ခင်ဂျ …
    ”””

  • sugar sugar

    April 21, 2012 at 2:41 pm

    ကြိုက်တယ်ဗျို့၊မကြိုက်ဘူးတွေအများကြီး ပါတဲ့ ဒီကဗျာ ကြိုက်တယ်ဗျို့

Leave a Reply