Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အမေစု ပြောပြတဲ့ အစ္စလာမ်ဘာသာဝင်တစ်ယောက်အကြောင်း

 

ဆရာကြီးဦးရာဇာတ်ရဲ့အခမ်းနားပွဲကို ကျွန်မမတက်ရောက်နိုင်တဲ့ အတွက်ဝမ်းနည်းပါတယ်။ ဆရာကြီး ဦးရာဇာတ် ဆိုတာ ကျွန်မ ငယ်ငယ်ကလေးတည်းက မှတ်မီနိုင်တဲ့အချိန်ကတည်း့ သိနေတဲ့ နာမည်တစ်ခုပါ။ ဖေဖေနဲ့ အတူတူကျဆုးံသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေထဲက တစ်ယောက်ဆိုတာလည်း သိရတဲ့ အပြင်မှာ ဆရာကြီးရဲ့ မိသားစုဝင်တွေကိုလည်း ကျွန်မတို့ခင်မင်ခဲ့ပါတယ်။ မေမေနဲ့ဆိုရင် ဆရာကြီးကတော် ဆရာကြီး သားသမီးတွေနဲ့လည်း ကျွန်မတို့ ခင်မင်ခဲ့ပါတယ်။ အခုဆိုရင် ဆရာကြီးရဲ့ မြေးကိုတောင်မှ တွေ့ဖူးပြီးသိပြီးပါပြီ။မြေးကလည်း ဆရာကြီးရဲ့စိတ်ဓာတ်အတိုင်းဘဲ ဆက်ပြီးတော့ အများကောင်းကြိုးအတွက်လုပ်နေဆိုတာတွေရတဲ့ အခါကျတော့ အင်မတန်မှ အားတက်မီပါတယ်။

ဆရာကြီးဦးရာဇတ်ဟာအမျိုးသားရေးစိတ် အင်မတန်မှ ဖြုစင်ပြီးတော့ ကျွန်မတို့လွတ်လပ်ရေး လှုပ်ရှားမှုအတွက် တက်နိုင်သမျှ ကူညီစောင်မပေးသွားတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ပါ။ လူမျိုးဘာသာမရွေးဘဲနဲ ဘာသာခွဲ ရယ်လို့ စိတ်ထဲမှာ မထားဘဲနဲ့ အားလုးံဟာ ကိုယ့်နိုင်ငံအတွက် စုပေါင်းပြီးတော့ လုပ်ချင်တဲ့ဆန္ဒရှိလိုရင် ဘယ့်လောက်ထိအောင်မြင်နိုင်သလဲဆိုတာ ဆရာကြီးဦးရာဇတ်က ကိုယ်တိုင်နေထိုင်ပြီးတော့ ပြသွားခဲ့ပါတယ်။ ဆရာကြီးကကျောင်းဆရာကြီးပါ။ ကျောင်းဆရာကြီးဆိုတာလည်း အမျိုးသားကျောင်းအုပ်ဆရာကြီးပါ။ ဒီလို အမျိုးသားကျောင်းဆရာကြီးမို့လို့ ကျွန်မတို့နိုင်ငံက လွတ်လပ်ရေးခေတ်က လူငယ်တော်တော်များများဟာ အင်မတန် လေးစားအားကိုးရပါတယ်။ ကျွန်မတို့လည်းနောက်ဆက်ပြီးတော့ ဆရာကြီးဦးရာဇတ်လို ဆရာကောင်းတွေ မှန်ကန်တဲ့ အမျိုးသားရေးစိတ်ကို မွေးမြူနိုင်တဲ့ ပုဂ္ဂိုလ်ကြီးတွေ၊ အာဇာနည်ကြီးတွေ ပြုစုပျိုးထောင်နိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။

အခုချိန်မှာ ဆိုရင် ကျွန်မတို့ နိုင်ငံဟာ အပြောင်းလဲ လုပ်နိုင်တဲ့ အခွင့်ရေးလေးတစ်ခုကိုမြင်နေရပါပြီ။ဒီအခွင့် ရေးလေးကို တကယ့်ကို မှန်မှန်ကန်ကန်သုးံပြီးတော့ ကျွန်မတို့ ပြည်ထောင်စု နိုင်ငံသူနိုင်ငံသား အားလုးံ လှုံလှုံခြုံခြုံ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နဲ့နေနိုင်မယ့် နိုင်ငံတစ်ခုတည်ထောင်ဘို့ရာ ကြိုးစားရမယ့် အချိန်ဖြစ်ပါတယ်။ ဒါကြောင့်ဆရာကြီးဦးရာဇတ်ကိုလေးစားတဲ့လူအားလုးံ အာဇာနည်စိတ်ဓာတ်ကို ချစ်ခင်မြတ်နိုးတဲ့အားလုးံဟာ ဒီနေ့လို အခါမျိုးမှာ ကိုယ်တက်နိုင်သေ့ရွှ ကိုယ်နိုင်ငံရဲ့ကောင်းကျိုးအတွက် ဖြုစင်တဲ့ နုလုးံသားနဲ့ လုပ်သွားကြမယ်လို့ ဆန္ဒပြုကြပါစို့ ကျွန်မအနေနဲ့ပြောချင်ပါတယ်။

မှတ်ချက်။           ။Jan,20, 2012 Mandalay Oriental Houseမှ ပြောကြားသော မိန့်ခွန်းကို ပြန်လှန်ရေးသားထားချင်းဖြစ်ပါသည်။

                          Youtube မှ  khtway တင်ထားသော file မှ ရယူပါသည်။

ဒီပို ့စ်ကို အားလုံးဖတ်သင့်တယ်ထင်ပါတယ်။သူငယ်ချင်း Facebook စာမျက်နှာကနေကူးတင်တင်မို ့ သူကြီးရေ ပွိုင့်မပေး
ပါနဲ ့ဗျ။အရင်တုန်းက ဘဲ ကုလား-ဗမာ-တရုတ် အစွဲတွေကွဲ သွေးခွဲ စစ်ထိုးနေတဲ့ အာဏာရှင် လှည့်ကွက်တွေပေါ်မှာ စဉ်း
စား တွေးတော ဆင်ခြင်နိုင်ကြပါစေ။
ရည်ရွယ်ချက်။။ဘာသာပေါင်းစုံ ချစ်ကြည်ရေး
http://www.facebook.com/notes/la-yaung/ဒေါ်အောင်ဆန်းစုကြည်-ပြောသော-ဆရာကြီး-ဦးရာဇတ်/158360154277322

29 comments

  • FattyCat

    April 21, 2012 at 8:16 am

    ဦးရာဇာတ်ဟာ မန္တလေးတက္ကသိုလ်ရဲ့ဖောင်ဒါထဲက
    တစ်ယောက်လို့ ရွာထဲက အစ်ကိုကြီးတစ်ယောက်ပြောဖူးတယ်
    နိုင်ငံအတွက်လုပ်တာ လူမျိုးရေးခွဲခြားမနေပါနဲ့

  • blackchaw

    April 21, 2012 at 8:39 am

    မောင်သန်းထွဋ်ဦးရေ။
    ဘယ်လိုပဲဖြစ်ဖြစ် ဒီပို့စ်လေးဖတ်ခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
    ဦးရာဇတ်က မန်းတက္ကသိုလ် သမိုင်းမှာ အထင်ကရ ပုဂ္ဂိုလ်ကြီး တစ်ယောက်ပါ။
    ကျောင်းထဲမှာ တောင် ရာဇတ်ခန်းမ ဆိုတာ အခုအချိန်ထိ ရှိနေပါသေးတယ်။
    ကျွန်တော် ကတော့ ဆရာကြီးဦးရာဇတ် ဓါတ်ပုံလေးကို မြင်ရုံနဲ့တင်
    လေးစားချစ်ခင်စိတ်ဖြစ်မိပါတယ်။

    • tunlinaung

      April 21, 2012 at 7:18 pm

      အစ္စလာမ်ဘာသာဝင်တွေ သိပ်ကိုအတုယူသင့်တဲ့အစ္စလာမ်ဘာသာဝင်တစ်ယောက်
      မို.လေးစားမိပါတယ်။ မိမိနေထိုင်ရာမြေကိုချစ်တက်တဲ့အစ္စလာမ် ဘာသာဝင်တွေ ပေါ်ပေါက်ရန်
      ဆရာကြီးကဆန္ဒရှိခဲ့တယ်လို. စာတွေထဲမှာဖတ်ရတယ်ဗျာ။ ဆရာကြီးရဲ.ဆန္ဒ၊ နာမည်၊ ဂုဏ်တွေ ကို ယခုလက်ရှိ အစ္စလာမ်ဘာသာဝင်တွေ မဖျက်မိပါစေနဲ.လို. တောင်ဆိုရမှာပါပဲ။

  • ကြောင်ကြီး

    April 21, 2012 at 8:56 am

    ပန်းသေးမတွေကဒေါ့ အတော်ချောသဗျ…နှာတံပေါ်ပေါ် မျက်တောင်စင်းစင်း ကိုယ်လုံးကိုယ်ပေါက် ဂလုဇရာကြီးဗျို့..။ ဆရာမင်းသိင်္ခဆိုလည်း မဂိုမအတော်ကြိုက်ပုံရဒယ်.. သူ့ဝတ္ထုတွေထဲ မဂိုမလေးအကြောင်း ခဏခဏပါဒယ်။

    • က်ိုကိုအိုဗာ

      April 21, 2012 at 11:42 am

      ဝုတ်တယ်. ဝုတ်တယ်
      ရေလည်ထောက်ခံဒယ်
      ဒါပေသည့်
      ဂလု ဒယ် ချိုဒါကဒေါ့
      ဆြာချက် ဆိုဒ်က စကားလုံးပါ။

  • amatmin

    April 21, 2012 at 9:05 am

    ဆရာကြီး ဦးရာဇတ်အမျိုးတွေကို ချီးကျူးမိတာတခုက..
    နှစ်တိုင်းနီးပါး ဦးရာဇတ်အမည်နဲ့ လမ်းဆိုင်းဘုတ်တွေတိုင်းကို ငွေကုန်ကြေးကျခံပြီးလိုက်လံပြုပြင်တတ်တာလေး….

  • kyeemite

    April 21, 2012 at 9:09 am

    ကျေးဇူးတင်စွာနဲ့အားပေးဖတ်ရှု့သွားပါဂျောင်း ကိုအတိသဉ္ဖာ နာဂရချစ်သူခင်ဗျား..

  • htet way

    April 21, 2012 at 9:25 am

    အစ္စလာမ်ဆိုတာက ငြိမ်းချမ်းရေးလို့ အဓိပါယ်ရတယ်
    ငြိမ်းချမ်းရေးဘာသာဝင်တွေဟာ အခုအများစုက နားလည်မူလွဲနေပါတယ်
    ဘာကြောင့်လဲဆိုရင် ဘာသာကပြတာကို သေချာမလေ့လာလို့ပဲ
    ဘာသာက လွတ်လပ်မူနဲ့ တရ ားမျှတမူဆီကို တွယ်ရာမဲ့ လူသားတွေကို ဆွဲခေါ်တဲ့ တာဝန်ကို
    ကျင့်စဉ်တစ်ရပ်အဖြစ်လုပ်ဆောင်ခိုင်းထားပါတယ်။
    ဆရာကြီး ဦးရာဇာတ်ဟာ ဘာသာရဲ့ ပြဋ္ဌာန်းချက်ကို လိုက်နာခဲ့သူ အများတွက်
    ကိုယ်ကျိုးစွန့်သူဖြစ်ပါတယ်။ဒီလို ဘာသာဝင်တွေ ပုဂံခေတ်ကစပြီး ခုထိ ရှိနေဆဲပါပဲ။
    ဥပမာ သက်ရှိထင်ရှားရှိတဲ့ ဝမ်းအိုဝမ်းကျော်ဝင်းမောင် (..ဂျပန်တော်လှန်ရေး)။
    ခုဆို အစ္စလာမ်လာသာဝင်တွေအများစုဟာ ဝတ်စားဆင်ယင်မူတွေက အစ ဘာသာကပြသလိုလို
    နဲ့ အယူသီးမူတွေမြင်နေရပါတယ်။
    ဦးနုရဲ့ ဘင်္ဂလာသွားတောလား နဲ့ စာတမ်းတင်မယ်ဆိုပြီး လူထုဒေါ်အမာဆီသွားတွေ့တဲ့
    မောင်သန်းဝင်း(ရန်ကုန် တက္ကသိုလ်) ယခုတွဲဘက်ပါမေက္ခ (မြန်မာစာဋ္ဌာန)ကိုဆရာမကြီးပြောတဲ့ စကားလေးမှတ်မိပြန်ပါတယ်။
    “ ဆရာကိုသန်းဝင်း မွတ်စလင်တွေဟာ လူမျိုးအနေနဲ့ ခြားနားတာမဟုတ် ကိုယ်ကွယ်ရာ ဘာသာတာခြားနားတယ်ဆိုတာ ပေါ်လွင်အောင်ဖေါ်ထုတ်ပါ…တဲ့
    ကျွန်တော်က အစ္စလာမ်ဘာသာဝင်တွေကို ဦးရာဇာတ်လို စိတ် လူတိုင်းမွေးစေချင်တာပါ။

    • @ကိုဖက်ရေ——-နိုင်ငံအတွက် အလုက်လုက်နေကြတဲ့ နေရာမှာ သံတွဲနယ်ဖက်မှာတော့ ကုလားများတယ်၊
      ဗမာနည်းတယ် ပြဿနာရှာနေပြန်ပီ။
      @ကိုဘလက်ချောရေ——ကျနော်တို ့လိုလူငယ်တွေအတွက်ရော အတုယူလေးစားစရာပါ။
      @ကိုကြောင်ကြီး. ကတော့ဗျာ——-ပန်းသေးမလေးတွေချောတာတော့ အမှန်ပါ။ဆရာ ကပန်းသေးတော့
      မဟုတ်ပါဘူး။
      @ဆရာထက်ရေ—–အစ္စလာမ်ဆိုတာက ငြိမ်းချမ်းရေးလို့ အဓိပါယ်ရတယ်
      ငြိမ်းချမ်းရေးဘာသာဝင်တွေဟာ အခုအများစုက နားလည်မူလွဲနေပါတယ်
      ဘာကြောင့်လဲဆိုရင် ဘာသာကပြတာကို သေချာမလေ့လာလို့ပဲ
      ဘာသာက လွတ်လပ်မူနဲ့ တရ ားမျှတမူဆီကို တွယ်ရာမဲ့ လူသားတွေကို ဆွဲခေါ်တဲ့ တာဝန်ကို
      ကျင့်စဉ်တစ်ရပ်အဖြစ်လုပ်ဆောင်ခိုင်းထားပါတယ်။
      ဆရာကြီး ဦးရာဇာတ်ဟာ ဘာသာရဲ့ ပြဋ္ဌာန်းချက်ကို လိုက်နာခဲ့သူ အများတွက်
      ကိုယ်ကျိုးစွန့်သူဖြစ်ပါတယ်။ဒီလို ဘာသာဝင်တွေ ပုဂံခေတ်ကစပြီး ခုထိ ရှိနေဆဲပါပဲ။
      ဥပမာ သက်ရှိထင်ရှားရှိတဲ့ ဝမ်းအိုဝမ်းကျော်ဝင်းမောင် (..ဂျပန်တော်လှန်ရေး)။
      ခုဆို အစ္စလာမ်လာသာဝင်တွေအများစုဟာ ဝတ်စားဆင်ယင်မူတွေက အစ ဘာသာကပြသလိုလို
      နဲ့ အယူသီးမူတွေမြင်နေရပါတယ်။
      ဦးနုရဲ့ ဘင်္ဂလာသွားတောလား နဲ့ စာတမ်းတင်မယ်ဆိုပြီး လူထုဒေါ်အမာဆီသွားတွေ့တဲ့
      မောင်သန်းဝင်း(ရန်ကုန် တက္ကသိုလ်) ယခုတွဲဘက်ပါမေက္ခ (မြန်မာစာဋ္ဌာန)ကိုဆရာမကြီးပြောတဲ့ စကားလေးမှတ်မိပြန်ပါတယ်။
      “ ဆရာကိုသန်းဝင်း မွတ်စလင်တွေဟာ လူမျိုးအနေနဲ့ ခြားနားတာမဟုတ် ကိုယ်ကွယ်ရာ ဘာသာတာခြားနားတယ်ဆိုတာ ပေါ်လွင်အောင်ဖေါ်ထုတ်ပါ…တဲ့
      ကျွန်တော်က အစ္စလာမ်ဘာသာဝင်တွေကို ဦးရာဇာတ်လို စိတ် လူတိုင်းမွေးစေချင်တာပါ။
      ဆရာထက်ရဲ ့ထိမိတဲ့ ကွန်မန် ့လေးအတွက် ကျေးဇူးပါနော်။ဒါမျိုးလေးကို သူတို ့သိစေချင်တယ်ဗျာ။
      @အမတ်မင်းနဲ ့ကိုကြီးမိုက်တို ့ကိုလဲ ကျေးဇူးပါဗျာ။
      @ကိုဗိုက်ပြောသလို ဖတ်မိကြပါစေဗျား။ဖတ်ကိုဖတ်ဖြစ်ပါစေ။
      @မမဆူး ဆုတောင်းသလို ဆရာကြီးဦးရာဇတ်လို လူတွေပေါ်လာဖို ့မျှော်လင့်ပါတယ်။

  • ဗိုက်ကလေး

    April 21, 2012 at 10:19 am

    ရွာထဲက တစ်ချို ့ရက်ကွက်မှာ ဘယ်လူမျိုး..ညာလူမျိုး..ဘာဖြစ်တယ်..ညာဖြစ်တယ် အော်နေသံ ကြားမိသလိုပဲ..
    အဲသလူတွေ ဖတ်မိပါစေဗျား….

  • ဆူး

    April 21, 2012 at 10:20 am

    ဦးရာဇတ် မှ မဟုတ်ပါဘူး မည်သည့် ဘာသာဝင်မဆို မည်သူမဆို ကိုယ်ကျိုး မဖက် အများ အတွက် စွမ်းဆောင်ပေးတဲ့ လူတိုင်းကို လေးစားပါတယ်။

    ဦးရာဇတ် လို စိတ်ဓါတ်ရှိတဲ့ လူမျိုးတွေလည်း များများ ပေါ်ထွန်းပါစေ။

  • တကယ်တော့ ယနေ ့ခေတ်မှာ မှတ်ပုံပြန်တင်ပြီး ပါတီထူထောင်ခွင့်ရထားပြီဖြစ်တဲ့၊
    အနယ်နယ်အရပ်ရပ်မှာ ရုံးသစ်တွေရော၊အဟောင်းတွေပါ အသီးသီးပြန်ဖွင့်နေကြပီ
    ဖြစ်တဲ့ NLD ပါတီဟာ ၁၉၉ဝပြည့် ရွေးကောက်ပွဲရဲ ့အောင်နိုင်သူဆိုတာ သမိုင်းက
    သက်သေပါ။ဘယ်သူမှငြင်းလို ့မရပါဘူး။
    ပြီးခဲ့တာတွေလဲ ပြီးသွားပြီမို ့ထပ်မပြောတော့ဘူးဗျာ။ဒါပေမယ့် ခုနောက်ပိုင်းမှာ
    ဒေါ်အောင်ဆန်းစုကြည်နဲ ့၈၈ မျိုးဆက်ကျောင်းသားတွေ တိုင်းပြည်အတွက် ဘယ်ပုံစံ
    အပေးအယူအချိတ်အဆက်မိမိချီတက်နိုင်မလဲဆိုတာ အများပြည်သူရဲ ့စိတ်ဓာတ်၊
    ခံယူချက်နဲ ့ကိုယ်ရည်ကိုယ်သွေးအပေါ်အများကြီးမှီခိုသွားပါပီ။တိုင်းပြည်တစ်ပြည်
    တည်ထောင်မယ့်နေရာ မှာ ခေါင်းဆောင်ကောင်းရှိဖို ့လိုသလို နောက်လိုက်လဲကောင်းဖို ့
    လိုပါတယ်။ဒေါ်စုပြောဖူးတဲ့ စကားတစ်ခွန်းမှာ“ခေါင်းဆောင်ရှိလို ့
    ဒီမိုကရေစီလှုပ်ရှားမှုရှိတာမဟုတ်ဘူး၊ဒီမိုကရေစီလှုပ်ရှားမှုရှိလို ့ ခေါင်းဆောင်ဆိုတာဖြစ်
    လာတာ”ပါတဲ့ဗျာ။
    ကျနော်ကပြောချင်တာကို ဝေ့လည်နေသလို ဖြစ်နေသလားလို ့ဗျာ။ဒီလိုပါ“ခုနောက်ပိုင်းမှာ
    ဒေါ်အောင်ဆန်းစုကြည်နဲ ့၈၈ မျိုးဆက်ကျောင်းသားတွေ တိုင်းပြည်အတွက် ဘယ်ပုံစံအပေး
    အယူအချိတ်အဆက်မိမိချီတက်နိုင်မလဲဆိုတာ အများပြည်သူရဲ ့စိတ်ဓာတ်၊ခံယူချက်နဲ ့
    ကိုယ်ရည်ကိုယ်သွေးအပေါ်အများကြီးမှီခိုသွားပါပီ”ဆိုတဲ့ အချက်ကိုထောက်ပြဝေဖန်ပေးပါမယ်။ဒါပေမယ့်ခုပေးမယ့်ဝေဖန်မှုဟာတစ်ခြားနေရာဒေသကလူအများအတွက်မဟုတ်ပါဘဲ
    သံတွဲဒေသကဒေသခံအများအတွက်သာဖြစ်ပါ တယ်။
    စိတ်ဓာတ်မရှိ၊ညီညွတ်မှုမရှိသူများ၊ခံယူချက်မရှိသူများ၊သူတပါးအပေါ်မနာလိုမရှုစိမ့်သူများ
    ၊အနိုင့်အထက်လုစားသူများ အင်မတန်ပေါတဲ့မြို ့ဆိုလဲ မမှားပါဘူး။အဲဒီလို ညီညွတ်သွေးစည်းမှု
    အနည်းဆုံးဖြစ်တဲ့ မြို ့က လူတွေဧည့်ခံလိုက်တာ ဒေါ်အောင်ဆန်းစုကြည်နဲ ့ဦးတင်ဦးတို ့ကို
    ဝတ္တရားပျက်ကွက်သွားပါလေရောဗျ။ဒါဟာ ဘယ်သူ ့လက်ချက်လို ့ထင်ပါသလဲ။ခင်များတို ့သိထားတဲ့
    ကုလားတွေ၊ခရစ်ယန်တွေလက်ချက်မဟုတ်ဘူး။ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး(ရက္ခိတနွယ်ဝင်)
    ဆိုတဲ့ အမျိုးသီလကိုစောင့်ထိန်း
    သူတွေ လက်ချက်ပါဘဲ။
    ၁၉၉၆ ခုနှစ်မှာ ရခိုင်ပြည်နယ်ကို ဒေါ်အောင်ဆန်းစုကြည်၊ဦးတင်ဦးနဲ ့NLD ရဲ ့EC တွေသံတွဲကို
    စည်းရုံးရေးဆင်းပါတယ်။ရခိုင်ပြည်နယ် သံတွဲမြို ့ရဲ ့NLD ရုံးခန်းဟာ မြို ့လယ်ခေါင်မှာတော့
    မဟုတ်ပါဘူး။ချောင်ကျကျထောင့်လေးတစ်နေရာမှာ တော်တော်လေးကို ပါတီအပေါ်မှာ
    သံယောဇဉ်ကြီးတဲ့ ဦးထွန်းကြိုင်က အိမ်မှာလုပ်ပြီးဖွင့်ထားလို ့သာမြင်ရတာပါ။နို ့မဟုတ်ရင်
    ရုံးခန်းတောင် အစအနရှာတွေ ့ပေါ့မလား တွေးမိပါတယ်။ဒါက နေရာထိုင်ခင်းတည်ရှိပုံကို ပြောပြ
    တာပါ။လိုရင်းကို ပြောပါမယ်။
    ဒီလို နဲ ့ဒေါ်စုရယ်ဦးတင်ဦးရယ် ညအိပ်အနားယူဖို ့ကိုလဲ အာဏာပိုင်တွေက ဟို
    တယ်တွေအားလုံးကို လက်မခံဖို ့အမိန် ့ထုတ်ထားလေတော့ သံတွဲNLDကလူကြီးတို ့မှာစဉ်းစား
    ရခက်နေတယ်ပေါ့ဗျာ။ဒီအချိန်မှာ သူတို ့စဉ်းစားမိတာက ဒေါ်စုဟာ ညအိပ်ရာဝင်ရင်ဘဲဖြစ်ဖြစ်
    ၊မနက်စောစောဘဲဖြစ်ဖြစ် ဘုရားဝတ်တက်၊ဝတ်ပြုချင်မှာ
    ဘဲပေါ့။ဒါပေမယ့် ပါတီရုံးစိုက်ရာ အိမ်ဟာ အစ္စလာမ်အိမ်ဖြစ်နေလေတော့ ဘယ်မှာ
    ဘုရားကျောင်းဆောင်ရှိပေါ့မလဲ။
    အဲဒီတော့ တစ်မြို ့လုံးက ဗုဒ္ဓဘာသာဝင်အိမ်တွေ အိမ်စုံစေ့သွားပါတယ်။ဘယ်အိမ်မှ
    လက်မခံရဲပါဘူး။အဲဒီတော့ ပါတီရုံးမှာဘဲ ဘုရားပုံတော်တစ်ချပ်ဝယ်၊ချက်ချင်းကျောင်းဆောင်တစ်ခုဖန်တီး
    ပြီးဧည့်ဝတ်ပြုရပါတော့တယ်။ဒါဟာ အစ္စလာမ်
    အိမ်ဆိုတာကိုတွေးလို ့မရတော့ဘူး။ဒေါ်စုနဲ ့ဦးတင်ဦးတို ့အတွက် ကို သစ္စာခံသက်
    သေပြုသွားတာပါ။အမှန်က သံတွဲမှာရှိနေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ သူတို ့ဘယ်
    လောက်သေးသိမ်ညံ့ဖျင်းသလဲ မတွေးမိကြတော့ဘူးထင်တယ်ဗျာ။သမိုင်းမှာလဲ ပြောစမှတ်ဖြစ်သွားတာပေါ့
    ။နောက်ပြီး ကူညီမှုလဲမရှိ၊နှောင့်ယှက်မယ်ဆိုရင် သိပ်အား
    နေကြသလိုပါဘဲ။
    ဒီနေရာမှာ တောင်ကုတ်မြို ့နဲ ့ဂွမြို ့နယ်ဖက်က ဗုဒ္ဓဘာသာဝင်တွေ စည်းလုံးကြတာကို အင်မတန်ချီးကျူးမိပါတယ်။
    သံတွဲက ဗုဒ္ဓဘာသာဝင်တွေဧည့်ခံလိုက်ကြပုံများဗျာ။တကယ်တော့ သူတို ့လက်
    ညှိုးထိုးနေတဲ ့ကုလားပါတီက ကုလားတွေဧည့်ဝတ်ကျေတယ်ဆိုတာ တွေ ့နေတာ
    ကိုတောင် ငါတို ့သူတော်ကောင်းပါထအော်နေသေးတယ်ဗျာ။

    မှတ်ချက်။ ။ဤနေရာတွင် ဒေသခံမွတ်စလင်များအပေါ် ကုလားဟုခေါ်ဝေါ်မိသည်ကို 
    များစွာစိတ်မကောင်းဖြစ်ရပါကြောင်းနှင့် ယခုလိုခေါ်ဝေါ်သုံးစွဲနေသူများမှာ အချိန်ကောင်း
    အခါကောင်းပြီဟု ယူဆကာ မွတ်စလင်အများစု နှင့်ခွဲထွက်ကာ တစ်စင်ထောင်ရန် ကြိုးစား
    နေကြလေပီ။နှစ်ပေါင်းများစွာ အနစ်နာခံ ပါတီရုံးလေး တည်မြဲရေး ကြိုးစားပေးခဲ့ သူတို ့ကို
    ကျေးစွပ်ရန်ကြိုးစားနေကြလေပြီ။။

    အော် သံတွဲသားတွေ……………………..အော်သံတွဲသားတွေ…….

    http://myanmargazette.net/97548/creative-writing

  • sugar sugar

    April 21, 2012 at 10:42 am

    ရွာသူ ရွာသားအပေါင်း စည်းလုံးကြစေ သော်

  • Patriotic Burma

    April 21, 2012 at 10:51 am

    i really appreciate that post.Though U YAR ZAT is not Burmese he had done many great things for our people.I wish other villagers in Gazette should idealize U YAR ZAT and also should stop saying about racism.

    • The Angry Man Thantwe

      April 21, 2012 at 1:30 pm

      I’m solemnly wish the request of Patriotic Burma”I wish other villagers in Gazette should idealize U YAR ZAT and also should stop saying about racism.”
      Is it okay to all?

  • ဆူး

    April 21, 2012 at 11:04 am

    ကိုနာဂ ရေ ဦးရာဇတ် လို လူမျိုးများများ ပေါ်ထွန်းဖို့ တနည်းအားဖြင့် ပညာတတ် ပြီး စိတ်ကောင်း ရှိသူတွေ ပေါ်ထွန်းဖို့ အများကြီး လိုအပ်ပါတယ်။

  • မမဆူးရေ. အမှန်ပါဘဲ စိတ်ထားကောင်းဖို ့အရေးကြီးတာပါဗျ။
    @sugar sugar စည်းလုံးကြရမှာပေါ့
    @Patriotic Burma ရေ ဗိုလ်လို ကွန်မန် ့လေးအတွက် ကျေးဇူးပါနော်

  • htet way

    April 21, 2012 at 12:02 pm

    ဝမ်းအိုဝမ်းကျော်ဝင်းမောင်ရေးတဲ့ စံပယ်ကြူလျှင်ပန်ချင်သူကောက်စမြဲစာအုပ်
    ဟာ ဦးရာဇတ်အကြောင်းရေးထားတာပါ။
    အမေထူထုဒေါ်အမာရဲ့ အမှာစာပါတယ်။
    အမေလူထုဒေါ်အမာလည်းရေးပါတယ်။
    ဦးရာဇာတ်ဟာ ဘာသာလူမျိုးမခွဲခြားခဲ့ပါဘူး။စံပယ်ကြူလျှင်စာအုပ်မှာ
    ဒေလီကတိုးဆိုပြီ မွတ်စလင်တွေ
    စစ်ရေးလေ့ကျင့်နေတာကို ဝမ်းအိုဝမ်းက သွားကြည့်တယ်ပြီးတော့ မေးတယ် လေဒီဟာမင်းတို့နေရာလား
    မြန်မာပြည်ဟာ မင်းတို့ပြည်လားခွဲခွဲခြားခြားမြင်ကြည့်ပြီး ဘယ်ပြည်ကို ကာကွယ်ရမလဲသိရမယ်။
    ဘာသာကပြတာက ကိုယ်နေတဲ့ပြည်ကို ကာကွယ်ရမယ်လို့ပဲပါတယ်လို့ပြောခဲ့တယ်။
    ကိုနာဂရရေ…..
    ဒီအကြောင်းက ဆောင်းပါးရေးမှ ပြည့်စုံမယ်လေ။ကျွှန်တော်ပြောချင်တာကတော့
    ဝန်ကြီးပဒေသရာဇာတို့ခေတ်မှာ ကုလားစစ်သည်ပျိုများတျာချင်းဆိုတာရှိတယ်
    နောက် ဘုရင့်အမြောက်တပ်မှာ ရွေးလက်ယာတပ်ဗျာ အဲ့ဒီမှာမွတ်စလင်ချည်းပဲ
    ခုမွတ်စလင်တွေ အားလုံး သိဖို့တော့လိုတယ်။
    အစ္စလာမ်ကလည်း တည်ငြိမ်စိတ်ကိုကျင့်ခိုင်းတာပဲ။စိတ်ဖြူမှ ခရီးရောက်မယ်ဆိုတာပဲ
    ဒီတော့ကား ဦးရာဇတ်မှသည်..ဆရာချယ်..ဝမ်းအိုဝမ်းထိ
    တိုင်းပြည်တာဝန်ကို ထမ်းသလို မျိုးဖြစ်စေချင်တာပါ ဆရာ။

  • kai

    April 21, 2012 at 12:16 pm

    ဦးရာဇတ်ရဲ့..မြေးတယောက်.. ယူအက်စ်မှာ.. ဆရာဝန်လုပ်နေတယ်တော့သိတယ်..။
    အမျိုးရင်းတွေတော်တော်များများ ယူအက်စ်မှာရှိပုံပါပဲ..

    ဒီရက်ပိုင်း..လပိုင်း… လူမျိုးရေးရေးသားတာမှာ.. စည်းကမ်းကိုနည်းနည်လျှော့လိုက်တယ်..
    မကြာခင်..မြန်မာပြည်.. လူမျိုးရေးပဋိပက္ခနဲ့.. ထိပ်တိုင်ရင်ဆိုင်ရနိုင်ခြေရှိတယ်တွက်လို့ပါ…

    မြုံထားတာထက်စာရင် ..ဖောက်ထုတ်လိုက်ရင်.. ကုရပိုမလွယ်ဘူးလား..
    အဲဒီအတွက်ပါပဲ..
    မီဒီယာက.. င်္မြုထားတာတွေဖောက်ထုတ်ဖြစ်သွားဖို့.. တာဝန်ယူရပါတယ်..။
    မီဒီယာအားကောင်းလာရင်.. မြန်မာပြည်လူမျိုးရေးပဋိပက္ခတွေက.. ထွက်ပေါက်ရသွားမယ်ဖြစ်ပါတယ်..။

    အပြုသဘော.. တိုင်းပြည်ကောင်းလာဖို့အတွက်..စေတနာထားပြီး ရည်ရွယ်ရေးတာအကုန်.. ကြိုဆိုပါတယ်..။ 😆

    • ရွာစားကျော်

      April 21, 2012 at 3:06 pm

      အဲဒီ မြုံထားတာလေးတွေ ဖြည်းဖြည်းချင်းလေး စိမ့်ထုတ်နိုင်ပါစေဗျာ
      အမုန်းတွေ အနေနဲ့ ပေါက်ထွက်လာကုန်မှာ စိုးမိတာဗျ
      ရွာထဲမှာလည်း လူမျိုးရေးရော၊ ဘာသာရေးရော၊ ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာတွေ အကြောင်းရော .. အသံ တော်တော် မြည်နေပါတယ်.. တကယ်လုပ်နိုင်မယ့်သူတွေ ကြားပါစေပေါ့ဗျာ..

      ဒါနဲ့ .. ကျုပ်တို့ လူအမျိုး ပညာရှင်တွေလည်း အပြင်မှာ မနည်းဘူးနော်..
      တရုတ်ကြီး ဒီနေ့ပါဝါအနေအထားရောက်လာတာ ပြည်တော်ပြန် brain တွေရဲ့ ကဏ္ဍက အရေးပါတယ်နော်.. ကျုပ်တို့ လူအမျိုး အုပ်ချုပ်သူတွေရော ပြည်ပရောက် အသိ/အတက် ပညာရှင်တွေရော မြုံထားတာတွေ ထုတ်ပြောရတော့မယ့်အချိန်၊ အချိန်အခါသင့် ထရပ်ကြရမယ့် အနေအထားရောက်ပါပြီ။ မဟုတ်ရင် ဒီမျိုးဆက်လည်း အမှိုက်ဖြစ်သွားပါမယ်..

      ..ကျွန်တော့် အနေနဲ့ ခင်ဗျားကို ငွေတွေ၊ ရာထူးတွေ၊ ကျော်ကြားမှုတွေတော့ မပေးနိုင်ဘူးဗျာ။ ခင်ဗျားမှာ လောလောဆယ် ငွေရှိတယ်၊ ရာထူးရှိတယ်၊ ကျော်ကြားမှုကလည်း အစပြုနေပြီ၊ ကျွန်တော်ကတော့ ခင်ဗျားကို အဲဒါတွေ စွန့်ခဲ့ပါလို့သာ ပြောနိုင်ပါတယ်။ အဲဒါတွေအစား ခင်ဗျားကို ကျွန်တော်ပေးနိုင်မှာက အလုပ်ပဲ၊ အင်မတန် နိမ့်ကျနေ၊ ဆင်းရဲမွဲတေနေ၊ အချည်းအနှီး တန်ဖိုးမဲ့ဖြစ်နေတဲ့ လူမျိုးတစ်မျိုးရဲ့ ဘဝကို မြှင့်တင်ပေးရမယ့် အင်မတန် ခက်ခဲပင်ပန်းမယ့် အလုပ်တစ်ခုပဲ……
      … …
      http://myanmargazette.net/114338/creative-writing

      မြန်မာပြည်မှာ နယ်လ်ဆင် မင်ဒဲလား၊ မာတင် လူသာကင်း၊ ဘွတ်ကာ တီ ဝါရှင်တန် နဲ့ ဂျော့ချ်ဝါရှင်တန်ကာဗာ တို့လို ပုဂ္ဂိုလ်မျိုးတွေ ဘယ်တော့များမှ ပေါ်လာမလဲနော်..
      ဪ.. awareness .. awareness

  • ရခိုင့်သွီးချေ

    April 21, 2012 at 12:21 pm

    မောင်ရင့် စေတနာ ပြုုပြင်လို စိတ်ကိုလေးစားမိပါတယ်.
    ဆက်ရေးပါ..အားပေးလျှက်ပါကွာ

  • kai

    April 21, 2012 at 12:22 pm

    မွတ်စလင်တွေထဲ.. ခုခေတ်မှာ.. (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးရဲ့သမီး ဝေနှင်းပွင့်သုန်တော့.. နိုင်ငံရေးတော်တော်လုပ်နိုင်တယ်…
    အင်္ဂလန်မှာလေ..

    ရိုဟင်ဂျာတွေနဲ့ပါတ်သက်ပြီး.. သူ့တို့ကိုတော်တော်.. အမြင်မကြည်တော့တာတွေဖြစ်ကုန်တာတွေ့ရတယ်..။
    အင်း..

  • MTY

    April 21, 2012 at 2:04 pm

    @Patriotic Burma ရဲ့”should stop saying about racism”
    မှန်ကန်ပါတယ်ဗျာ။

  • Don Juan Ronald

    April 21, 2012 at 4:11 pm

    “သွေး စစ်စစ် ” “ အမျိုး စစ်စစ် ” ဆို တဲ့ စကား ဟာ တယူသန် သမား တွေ က ပြော လေ့ ရှိ သော စကား ဖြစ် ပါ သည် ၊ ဥပမာ ဆိုရှယ်လစ် သမား များ ၊ ကွန်မြူနစ် သမား များ သည် သူ တို့ ၏ အာဏာ တည်မြဲ ဖို့ အတွက် အ သုံး ပြု သော မုသား စကား ။

    “သွေး စစ်စစ် ” “ အမျိုး စစ်စစ် ” ကို ဘယ် လို ခွဲခြား ပြီး ဘယ် လို သိ နိုင် မှာ သ လည်း ? ဘယ် သူ က သတ်မှတ် ပြီး ဘယ် လို သတ်မှတ် ရ မှာ လည်း ?

    ကျောင်း တုံး က ဆရာမ ပြော ခဲ့ ဘူး တယ် ၊ ဗမာပြည် ပြည်မ မှာ original နေ ထိုင် တဲ့ လူ မျိုး ဟာ ၊ ယခု မြိတ် ၊ ထားဝယ် ဒေသ ဖက် မှာ ပင်လယ် ကျောက်ကမ်းပါး ပေါ် ငှက်သိုက် လိုက် ရှာ နေ တဲ့ “ စလုံ ” လူ မျိုး တွေ ဖြစ် တယ် ။ မွန်ဂို ၊ တိဗက် ၊ တရုတ် ၊ ကုလား နှင့် ရှမ်း များ ရောက် လာ လို့ စလုံ တွေ အောက် ပြည် ရောက် သွား တာ တဲ့ ၊ ဟုတ် လား တော့ မ သိ ဘူး ။

    နောက် ပြီး ဗမာ အ စ တကောင်း က ၊ တကောင်း အ စ ကုလား က လည်း ဆို ရိုး ရှိ ခဲ့ တယ် မ ဟုတ် လား ။

    ***အ ရေး အ ကြီး ဆုံး က တော ့“ လူမျိုးရေး ” ကို နိုင်ငံရေး သမား များ သော် ၎င်း ၊ အာဏာပိုင် များ သော် ၎င်း ခုတုံး အဖြစ် အသုံး ပြု လာ ရင် ၊ တိုင်းပြည် နဲ့ လူ မျိုး နာ ပြီ တာ မှတ် ပေ တော့ ။ သမိုင်း သင်ခန်း စာ များများ ရှိ ခဲ့ ဘူး သည် ။

  • @tunlinaungခင်များ. အကိုလို ့ထင်ပါတယ်။အကိုချီးမြှင့်တဲ့ ကွန်မန် ့လေးဖြစ်တဲ့

    “အစ္စလာမ်ဘာသာဝင်တွေ သိပ်ကိုအတုယူသင့်တဲ့အစ္စလာမ်ဘာသာဝင်တစ်ယောက်
    မို.လေးစားမိပါတယ်။ မိမိနေထိုင်ရာမြေကိုချစ်တက်တဲ့အစ္စလာမ် ဘာသာဝင်တွေ ပေါ်ပေါက်ရန်
    ဆရာကြီးကဆန္ဒရှိခဲ့တယ်လို. စာတွေထဲမှာဖတ်ရတယ်ဗျာ။ ဆရာကြီးရဲ.ဆန္ဒ၊ နာမည်၊ ဂုဏ်တွေ ကို
    ယခုလက်ရှိ အစ္စလာမ်ဘာသာဝင်တွေ မဖျက်မိပါစေနဲ.လို. တောင်ဆိုရမှာပါပဲ။”
    အတွက်ကျေးဇူးအထူးပါဗျ။

    @Don Juan Ronaldရေ—–
    ခုလိုအတွေးမျိုးဖြစ်တဲ့“**အ ရေး အ ကြီး ဆုံး က တော ့“ လူမျိုးရေး ” ကို နိုင်ငံရေး သမား များ သော် ၎င်း ၊
    အာဏာပိုင် များ သော် ၎င်း ခုတုံး အဖြစ် အသုံး ပြု လာ ရင် ၊ တိုင်းပြည် နဲ့ လူ မျိုး နာ ပြီ တာ မှတ် ပေ တော့ ။
    သမိုင်း သင်ခန်း စာ များများ ရှိ ခဲ့ ဘူး သည် ။”
    အတွေးမျိုးသားရှိကြရင် သိပ်ကောင်းမှာဘဲဗျာ။

  • Gipsy

    April 21, 2012 at 8:54 pm

    ကိုယ့်ဝမ်းစာ ကိုယ်ရှာစားကြရတဲ့ လောကီဘုံဘဝမှ အားလုံးတိုင်တိုင်ပင်ပင်နဲ့
    ညီညီညွတ်ညွတ်နေနိုုင်ကြဖို့ အရေးကြီးပါတယ်…
    သွေးခွဲ တဲ့ စကားတွေ အကြောင်းအရာတွေရှိလာခဲ့ရင်လဲ သေချာ ချင့်ချိန်နိုင်ကြပါစေ …
    လူ ဆိုတာ တမျိုးထဲ ရှိပါတယ်…
    လ နှစ်ချောင်းကိုင်လူ …တဲ့…။
    (ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီ လူ့ဘောင်သစ်ကြီးဆီသို့ ချီတက်ကြစို့ )

  • mozillamedia

    April 21, 2012 at 10:30 pm

    World Trade Center ကိစ္စ တစ်ခုနဲ့တင် မွတ်စလင် ကို အမြင် မကြည်ဘူး….
    သူများ အိမ်ရောက်ရင် မစားချင်သလို မသောက်ချင်သလို ဘာလိုလို နဲ့ ခွဲခြားတတ်တာကိုလည်း မကြိုက်ဘူး…

  • @Gipsy ခင်များ—အကိုဆုတောင်းပေးသလိုပေါ့ဗျာ။
    (ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီ လူ့ဘောင်သစ်ကြီးဆီသို့ ချီတက်ကြစို့ )အင်မတန်ကောင်းပါတယ်။
    သံတွဲမှာ ခုလိုဘာသာရေးခုတုံးလုပ်ပြီး သွေးကွဲအောင် ကြံ့ခိုင်ရေးက လုပ်နေတာလို ့အသံထွက်လာ
    နေပီ။ဖွတ်ကတော့ ဖွတ်ကြံ ကြံတော့မယ်။
    @mozillamedia လိုပါဘဲ ကျနော်လဲ
    အဲဒီ(၂)ချက်ဖြစ်တဲ့ မကြိုက်ဘူး၊မကြည်ဘူးကို ထောက်ခံပါတယ်။

  • Mr admin

    September 10, 2012 at 7:51 pm

    ” သံတွဲမှာရှိနေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ သူတို ့ဘယ်
    လောက်သေးသိမ်ညံ့ဖျင်းသလဲ မတွေးမိကြတော့ဘူးထင်တယ်ဗျာ”
    သန်းထွဋ်ဦးရေ မင်းစကားတွေကိုမှတ်ထားနော် …….အမှန်တွေဘဲ

Leave a Reply