ဟိုနားဒီနား ခရီးသွား (သမိုင်းမှတ်တမ်းမရှိသေးတဲ့ ထင်ရှားလူသိများတဲ့ ဘုရားကြီး တစ်ဆူဆီသို့)

Diamond KeyApril 21, 20125min35623

                       သင်္ကြန်တွင်း ညောင်လေးပင်ဆီ သွားတဲ့ ခရီးမှာ ညောင်လေးပင်မြို့ရဲ့ အရှေ့ဖက် ၁၂ မိုင်လောက်က မဒေါက် ရွှေကျင်မြို့လေးနဲ့ လူသိများထင်ရှားတဲ့ ရွှေကျင်ဘုရားကြီးဆီကို ဘုရားဖူးရောက်ခဲ့ပါတယ်။

ရွှေကျင်မီးမျောပွဲလို့ တစ်နိုင်ငံလုံးမှာ လူသိများတဲ့ပွဲက ရွှေကျင်ဘုရားကြီးရှဲ့ဗုဒ္ဓပူဇာပွဲ ဖြစ်ပြီး နှစ်စဉ် သတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့မှာ ကျင်းပပြုလုပ်ကာ အနယ်နယ် အရပ်ရပ်က ဘုရားဖူးလာတဲ့သူတွေ တကူးတက လာရောက်ကြတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

ရွာထဲမှာ ဘူရားသမိုင်းကို ပြောပြနိုင်အောင်လို့ ဘုရားကြီးပေါ်မှာ သမိုင်းမှတ်တမ်း ကျောက်စာရှာတာ မတွေ့တာနဲ့ ဘုရားဂေါပကကို သမိုင်းမှတ်တမ်းမေးကြည့်တော့ ဒီဘုရားကြီးမှာ အခုထိ သမိုင်းမှတ်တမ်း ပြုစုထားတာ မရှိသေးကြောင်း၊ အရပ်စကားများသာ သမိုင်းအဖြစ် ပြောဆိုနေတာပဲရှိပြီး သမိုင်းကို တင်ပြနိုင်ဖို့ မှတ်တမ်းပြုရန် ကြိုးစားနေကြကြောင်း၊ လောလောဆယ်မှာတော့ သမို်င်းမှတ်တမ်း ထိမ်းသိမ်းထားတဲ့ အထောက်အထားတွေ မတွေ့ရသေးကြောင်း ပြောပြပါတယ်။

ညောင်လေးပင်ကနေ ရွှေကျင်ကို ကားလမ်းကနေပဲ ဖြစ်ဖြစ်၊ ညောင်လေးပင် – မဒေါက် ရထားနဲ့ပဲဖြစ်ဖြစ် သွားလို့ရပါတယ်။

ညောင်လေးပင် မဒေါက် မမ အမြန်

 

မဒေါက်ကိုရောက်ပြီ

ညောင်လေးပင်ကနေ ကျွန်တော်တို့ ဆိုင်ကယ်နဲ့ မနက် ၈နာရီလောက်က ထွက်လာခဲ့ပါတယ်။ ညောင်လေးပင် – ရွှေကျင်လမ်းကတော့ အသွားအလာ အလွန်များတဲ့ လမ်းပါပဲ။ လမ်းက ရွာကလေးတွေ ကိုဖြတ်ပြီးတော့ မဒေါက်ကို ရောက်ပါတယ်။ မဒေါက်မြို့ထိပ်က စစ်တောင်းမြစ်ကူးတံတားကြီးကို ကျော်လိုက်ပြီး မကြာခင်ပဲ ရွှေကျင်မြို့ဝင် မုဒ်ဦးကြီးဆီကို ရောက်လာပါတယ်။

ရွှေကျင်မြို့ဝင်

ရွှေကျင်မြို့ကတော့ စည်ပါတယ်။ ရွှေကျင်ဘုရားကြီး ကုန်းပေါ်ရောက်တော့ ၉ နာရီ ရှိပါပြီ။

ဘုရားကြီးကို ရဲ့ပတ်ဝန်းကျင်က အလွန်သာယာ လှပပါတယ်။ အဝေးက တောင်တန်းပြာတွေရယ်၊ ဘုရားကြီးကုန်းတော်ကို ဦးခိုက်ဝေ့ဝိုက် စီးဆင်းနေတဲ့ ရွှေကျင်ချောင်းလေးက ပနံရ လှပနေပါတယ်။ ဒီချောင်းလေးကို ကူးသန်းသွားလာနိုင်ဖို့ ဒေသခံတွေက ဝါးတံတားလေး လုပ်ထားတာကလည်း ရွှေကျင်ချောင်းလေးနဲ့ ကဗျာတစ်ပုဒ်ရယ်ပါ။

ရွှေကျင်ချောင်းလေးအတွင်းက ခရီးသွားတွေ

ဘုန်းဘုန်းတို ကြွပြီ။

လှပ လွမ်းမောဘွယ် ဘုရားရှုခင်းတွေ

ဘုရားကုန်းတော်၊ ရွှေကျင်ချောင်းလေးနဲ့ ပနံရလှတဲ့ ဝါးတံတားလေး

ဒီတံတားလေးက ဒေသခံတွေအတွက် တော်တော်လေး အသုံးဝင်လှပါတယ်။

ဆပ်ကပ်က ဆိုင်ကယ်စီးပြသူတွေတောင် လက်ဖျားခါရမဲ့ လှုတ်လီလှုတ်လဲ တံတားလေးပေါ်က အရှိန်လုံးဝ မလျှော့တဲ့ ဆိုင်ကယ်စီးသူတွေ။

အောက်ကပုံလေးကတော့ Download ဆွဲကြည့်မှ ပိုကောင်းပါမယ်။ Panorama မို့ပါ။

ဘုရားတဝိုက်မှာ စိတ်ကြိုက် ဓါတ်ပုံတွေ ရိုက်ကြပြီတော့မှ ပြန်ခဲ့ကြပါတယ်။ ဒီနှစ် ရွှေကျင်မီးမျှောပွဲ ကိုတော့ ရောက်အောင်သွားအုံးမယ်လို့ တွေးနေမိပါတော့တယ်။

စိန်သော့

( ရွှေကျင်မီးမျှောပွဲ ကိုလာဖို့ ဖိတ်နေတဲ့ GuRu သို့၊ မီးမမျှော ခင်ရောက်ခဲ့တဲ့ ပုံလေးတွေပဲ တင်လိုက်ပါတယ်။)

23 comments

  • ရောင်ခြည်ခ

    April 21, 2012 at 1:07 pm

    တစ်ခါမှ မရောက်ဘူးတဲ့နေရာပါ၊ သာယာလိုက်တာနော်၊ ရောက်ဖူးချင်တယ်၊ အခုလိုမျှဝေပေးလို့ ကျေးဇူးပါ..

  • ဗိုက်ကလေး

    April 21, 2012 at 2:08 pm

    တံတားပေါ်မှာ ဆိုင်ကယ်စီး…
    တိုင်နဲ ့စောင့်မိပြီး ရေကူးနေရဦးမယ်..နော့..အူးသော့ရဲ့

    • Diamond Key

      April 21, 2012 at 2:23 pm

      ဟုတ်ပ ကိုဗိုက်ရာ။ ကျွန်တော်မှ လမ်းလျှောက်တာတောင် တံတားကဝါးချောင်းလေးတွေက တရိပ်ရိပ်၊ ရေတွေက တဝေါဝေါနဲ့ လှုတ်စိလှုတ်ရမ်း မနဲလျှောက်နေတာ သူတို့က ကိုယ်ဘေးက ဝေါဝေါနဲ့ဗျာ 😆

  • ဆူး

    April 21, 2012 at 2:28 pm

    ဦးလေးရိုက်ထားတဲ့ ပုံတွေ ကြည့်ရတာ လူတောင် အဲဒီ ကို ရောက်သွားသလိုလို ပြူတင်းပေါက်က မြင်ရသလိုကို စိတ်ထဲ ထင်လာမိတယ်။

    ဓါတ်ပုံပညာနဲ့ တခြားတော့ မကြည့်တတ်ဘူး မျက်ထဲထဲမှာတော့ အရောင် အနေအထား အလင်းအမှောင် က တော်တော် လှပြီး သဘာဝ ကျတယ် ထင်တယ်။

  • sugar sugar

    April 21, 2012 at 2:28 pm

    ဆိုင်ကယ်သမားများ လေးစားဖို့ကောင်းလေစွ ၊မရောက် ဘူးလေတော့ရောက်ချင်သေးတယ်ဗျာ

  • cobra

    April 21, 2012 at 2:36 pm

    အောင်မငီး……….
    တံတားကကြောက်စရာကြီးပါလား
    ဝါးလုံးလေးတွေနဲ ့ လှုပ်စိလှုပ်စိနဲ ့
    မသွားရဲဘူး………။

  • ဗိုက်ကလေး

    April 21, 2012 at 2:37 pm

    ဒါနဲ ့
    ပြောရဦးမယ်ဗျ
    ဘုရားတည်ပြီး ဘုရားမှတ်တမ်းမရှိဆိုတော့ အတော်ဆန်းသကိုးဗျ
    အံ့ဩမိပါရဲ့..ဒဂါတော်တို ့ရယ်

    • Diamond Key

      April 21, 2012 at 2:49 pm

      အခြေအနေ အရပ်ရပ်ကြောင့် ဘုရားမှတ်တမ်းတွေ ပျောက်ဆုံးကုန်တာ ဖြစ်မယ် ကိုဗိုက်ရဲ့။ ဂေါပကအဘတစ်ယောက်က ပြောပြတာတော့ ရှေးလူကြီးတွေဆီမှာလည်း မှတ်တမ်း မှတ်ရာ မကျန်ရစ်တော့ သမိုင်းလွဲမှာ စိုးလို့ တရားဝင် မှတ်တမ်းမထုတ်ဝေနို်င်သေးဘူးလို့ ပြောပါတယ်။ အခုတော့ ဆက်စပ်မှတ်တမ်းတွေရှာပြီး ဘုရားသမိုင်းမှတ်တမ်းပေါ်ထွက်နိုင်ရေး ကြိုးစားနေကြပါတယ်လို့ ပြောပြပါတယ်။

  • TTNU

    April 21, 2012 at 7:57 pm

    ကိုသော့ရေ…
    ဒီလူတွေ တကယ်ကိုပဲ ဒီတံတားလေးပေါ်မှာဆိုင်ကယ်စီးသတဲ့လား။
    ကြောက်စရာကြီးနော်။

  • weiwei

    April 21, 2012 at 9:24 pm

    ဆြာသော့ဓါတ်ပုံတွေကြည့်ရင်း ပညာယူရပါတယ် …
    မလွတ်တမ်းအားပေးရင်း … ကျေးဇူးလဲတင်ပါကြောင်း ….

    • Diamond Key

      April 22, 2012 at 9:53 am

      ကျွန်တော်ကလည်း မဝေခရီးတွေသွား၊ ဓါတ်ပုံတွေ ရိုက်နိုင်တာ အားကြနေတာဗျ။ 😛

  • yanaung

    April 21, 2012 at 9:56 pm

    ကျေးဇူးပါအစ်ကို ရေ

  • GuRu

    April 21, 2012 at 10:57 pm

    ကိုသော.ရေ ….။
    ရွှေကျင်မြို.ကတော်တော်ပြောင်းလဲသွားပြီဘဲ ။
    ကျွန်တော်ကအေးအေးဆေးဆေးမှ မီးမျှောပွဲအကြောင်းရေးမလို.ဗျ။
    ခုတော.ကိုယ်.ဆရာပုံတွေတင်လိုက်တော. မီးမျှောပွဲအကြောင်းလေး ကြိုပြီး နဲနဲလောက်ရေးဦးမယ်။
    ရွှေကျင်မြို.ရဲ. လူမှုဘဝအလှအပနဲ. ဆရာ.ပုံလေးတွေ တွဲမိသွားအောင်လို. ။

  • Diamond Key

    April 22, 2012 at 9:52 am

    လုပ်စမ်းပါဗျာ၊ မလာခင်မှာ မီးမျောပွဲအကြောင်းကြိုသိထားရတော့ ကောင်းတာပေါ့။ မျှော်နေပါ့မယ်။ 😀

  • Moe Z

    April 22, 2012 at 10:24 am

    ကိုစိန်သော့ရေ
    ဖိုးသူတော်နာမည်က Diamond Key တဲ့လား :mrgreen:
    နောက်တာနော် အားပေးသွားပါတယ်
    တံတားပေါ်မှာ ဆိုင်ကယ်စီးနေတဲ့သူတွေကို
    ရုပ်ရှင်ထဲမှာ စတန့်မန်းတွေလိုရင်ခေါ်လို့ရတယ်နော့ …

  • Diamond Key

    April 22, 2012 at 11:56 am

    ဖိုးသူတော်နာမည်က Diamond Key မဟုတ်ပါဘူး ဖိုးဒိုင်းမွန်းပါ မိုးZ ရယ် :mrgreen:

  • blackchaw

    April 25, 2012 at 8:45 am

    တံတားအောက်ထဲဝင်ပြီး
    လှေပေါ်ကရိုက်ထားတယ်လို့ ထင်မိပါတယ် ကိုသော့ရေ။
    လေ့လာသင်ယူသွားပါတယ် ဗျာ။
    ကွန်းမန့်ပေးတာ နောက်ကျသွားပါတယ်။
    ခွင့်လွှတ်ပါ။
    :mrgreen:

  • Ma Ei

    April 25, 2012 at 9:47 am

    ချောင်းကလေး၊ စေတီတော်နဲ့တံတားလေး
    အတော်ကို သာယာလှပတဲ့ နေရာလေးပါ…
    မရောက်ဖူးတဲ့ နေရာရဲ့ အလှအပတွေကို
    မြင်ခွင့်ရတဲ့အတွက် ကျေးဇူးပါနော်…
    တစ်ချို့ပုံလေးတွေ ကူးထားမယ်နော်..

    • Diamond Key

      April 28, 2012 at 5:24 pm

      ကူးပါဗျာ …………. ကူးပါ 😀

  • Phaung Phaung

    April 25, 2012 at 3:20 pm

    ဦးစိန်သော့ရေ.. ချောင်းလေးနဲ့တံတားလေးက ကဗျာဆန်လိုက်တာ …. ။ ဘုရားကလည်းဖူးချင်စရာ။
    ချောင်းထဲမှာ ရေကူးချင်လိုက်တာ… ဘောလေးစီးပြီး 🙂

  • Diamond Key

    April 28, 2012 at 5:23 pm

    ရေစီးတော့ နဲနဲသန်တယ် Phaung Phaung ရေ။ 😆

  • MaMa

    April 28, 2012 at 8:00 pm

    ဒါ့ပုံဆြာလို့ကို မပြောရဘူး အမြင်စူးရှလှပါပေတယ်။
    အဲဒီဆြာတွေနဲ့ အပြိုင် ရှု့ခင်းတခုတည်းကို ဘာပုံတွေထွက်မလဲ ရိုက်ကြည့်ချင်မိတယ်။ :mrgreen:

Leave a Reply