ဒါ့ပုံ ….. ငမျောက်
ကျနော် ငမျောက် ရွာပြန်ရောက်တုန်း ကမျင်းထားတဲ့ ပုံလေးတွေပါ …
ဘာရယ် ဟုတ်ပါဘူး …
ရွာရောက်တုန်း လက်ကမျင်းကြောထခဲ့တာလေးတွေပါ လို့ ……………
ကျနော် ငမျောက် ရွာပြန်ရောက်တုန်း ကမျင်းထားတဲ့ ပုံလေးတွေပါ …
ဘာရယ် ဟုတ်ပါဘူး …
ရွာရောက်တုန်း လက်ကမျင်းကြောထခဲ့တာလေးတွေပါ လို့ ……………
42 comments
အမေရိကန်ငတုံး
April 21, 2012 at 12:28 pm
ကိုရင်ဒါ့ပုံတွေနှယ် သဘာဝကျလိုက်လေခြင်း ကူးသာွးဘီဗျို.။
ရောင်ခြည်ခ
April 21, 2012 at 1:02 pm
အဲ့ဒါ ဘယ်နားကရွာလဲ မျောက်ရေ၊ သဘာဝပုံလေးတွေ လှတယ်…
windtalker
April 21, 2012 at 1:06 pm
ငမျောက်ရေ ၊ နင့်ပုံတွေကို သဂျီး က တစ်ပုံ ဒေါ်လာသုံးထောင် ပေးဝယ်မလို ့တဲ့ ။ အဲဒါရရင် ရွာသားတွေ အတွက် ပွဲလုပ်ပေးဦးနော ။ 🙂
ကိုပေါက်(မန္တလေး)
April 21, 2012 at 1:32 pm
လှတယ် ဟိုအပင်လေးနာမယ်က နုစပ် မဟုတ်ဘူးကွဲ့။
ချယ်ရီနဲ့ ငုနဲ့စပ်ထား တဲ့ မျိုးစိတ်အသစ် (ငုစပ်)လို့အတိုကောက်ခေါ်တာရယ်။
Diamond Key
April 21, 2012 at 2:00 pm
အားပေးသွားပါတယ်ဗျို့။ ကြုံရင်ခေါ်ပါအုံး။ နော်တို့လည်း လိုက်မယ်လေ …. ရိုက်ဖို့
ဗိုက်ကလေး
April 21, 2012 at 2:04 pm
မျောက်ကြီးရေ
ဒီမှာတောင် ပူနေတာ အဲမှာလဲ ပူမယ်ထင်တယ်နော့
အူးပေတို ့ မိန်းမခိုးပြေတုန်းက အဲဒီတဲလေးမှာ မင်္ဂလာဦးည ကျင်းပသွားတယ်ကွဲ ့
အားပေးတွားပါတယ်
နေဝန်းနီ
March 31, 2013 at 11:19 am
ဟုတ်ပါ့ တဲခိုခန်းက ပေးမသွားဘူး ခုဒဏ်ကြေးနဲ့ပေါင်းပြီးတောင်းရမယ်
Thanlwinoo
April 21, 2012 at 2:16 pm
စာဥကို လွမ်းထှာ……ကိုငမျောက်ရယ်..။
ဆူး
April 21, 2012 at 2:45 pm
ငမျောက် သစ်ပင်ပေါ်တက်ပြီး မရိုက်ဘူးလား။
ရာသီဥတု အပူတွေ ပုံထဲမှာ တော်တော် သရုပ်ဖော်ပြတာပဲ.. အပူပိုင်းဒေသ အစစ်ပဲ။
amatmin
April 21, 2012 at 3:01 pm
ဘိုမျောက်ရေ..
ပုံတွေကတော့ လန်းသဟ…
ဒါပေမဲ့ ခင်ဗျားဂေဇတ်ရွာသားမပီသလိုက်ပုံများတော့..
အန်တီဝေတောင် ထန်းပင်ပုံရိုက်တာ.ထန်းရည်ပါပြီးသား.. 🙂
ခင်ဗျားကျမှ အပင်သက်သက်ရယ်..နောင်ဆို သတိထားပေတော့.ဒါဗြဲ 😛
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 21, 2012 at 3:04 pm
ကိုမျောက် ရေ ဘယ်ရွာတုန်းဗျ
ပုံတွေလှတယ်ဗျာ
Don Juan Ronald
April 21, 2012 at 4:24 pm
ဆ ရာ ငမျောက် တော့ လွယ် တဲ့ ငမျောက် မ ဟုတ် ဘူး ။
ဓါတ် ပုံ တွေ အ ရမ်း ကြည် တာ ဘဲ ။
လေး စား သွား ပါ သည် ။
အရင့်ရောင်
April 21, 2012 at 4:47 pm
အဲဒီနေရာလေးကို ရောက်ဖူးနေသလိုလိုပဲဗျာ
ဘယ်မှာရိုက်လာတာလဲဟင်
Thel Nu Aye
April 21, 2012 at 7:52 pm
လှုလိုက်တဲ့ကျေးလက်ရှု့ခင်းလေးတွေ။ ဘယ်နားကရွာလဲဟင်။ သိချင်လို့ပါ။ ပျော်စရာတော်တော်ကောင်းမယ့်ရွာလေးပဲနော်။
အိမ်လွမ်းသူ
April 21, 2012 at 8:00 pm
ပုံလေးတွေက သဘာဝ ကြလွန်းလို ကူးသွားပါသည်။
ငမျောက်
April 22, 2012 at 1:12 pm
ဟုတ်ကဲ့ပါ အရပ်ကတို့ရေ …
အပေါ်က ဒါ့ပုံတွေက ကျနော့်ရဲ့ ဇာတိရွာနဲ့ ရွာရဲ့ ပတ်ဝန်းကျင် ရွာတွေကို လျောက်သွားတုန်းက ကျနော် သဘောကျမိတဲ့ ရှုခင်းတွေ မြင်ကွင်းလေးတွေကို ရိုက်လာခဲ့တဲ့ ပုံတွေပါလို့ ….
ကျနော်ရဲ့ ရွာကတော့ ရေနံချောင်း မြို့နယ်ထဲမှာ ရှိပါတယ် ဆိုတဲ့အကြောင်း ……
ခုလို လာရောက် အားပေးတာ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း …
________________________________
ကိုပေကြီးရေ …
တစ်ပုံ ဒေါ်လှ သုံးထောင် ဆိုလို့ကတော့ ပွဲတင် ဘယ်ကမလဲဗျ ..
တော်ကြာ ဒါတွေမြင်ပြီး သဂျီး မူးလဲတွားပါအုံးမယ် … 🙂
______________
ဖေပေါက်ကြီးရေ …
ပြောပြပေးတာ ကျေးကျေးပါဗျို့ ………..
__________________
အားလုံးကို ခင်တဲ့ …
အံစာတုံး
Shwe Ei
June 5, 2012 at 8:36 pm
ဒီရှုခင်းတွေ ရင်းနှီးပါတယ်မှတ်တာ ရေနံချောင်းမြို့နယ်ဆိုလိုက်တော့မှ သဘောပေါက်သွားတယ်။ ကျမဖြင့် သကြန်မတိုင်ခင်က မကွေးပြန်တာ ဘာဒါ့ပုံမှ ကောင်းကောင်းမရိုက်နိုင်ခဲ့ဘူး။ ကင်မရာတလုံးတောင် လူလူသူသူမကိုင်နိုင်တဲ့ဘဝနဲ့ရွာသူဖြစ်ရတာ ရှက်စ်တယ် 😀
manawphyulay
April 22, 2012 at 6:11 pm
ပုံတွေထဲမှာ အကြိုက်ဆုံးက ပက်ကြားအက်တဲ့ပုံလေးနဲ့ လူသွားလမ်းနဲ့ထန်းတောလမ်းလေးပဲ သိလား… အရမ်းသဘောကျတယ်။ အင်းအညာမြေကတော့ အလည်သွားတိုင်းမမေ့နိုင်ပါဘူးလေ…
စော်ဘွားလေး မောင်မာန်ခ
April 22, 2012 at 10:27 pm
ဒေါ်ဂျီးအံဂျာဒုံးရေ……
ရွာကိုအပြန်အရင်နှစ်ကကားလက်မှတ်ဖြတ်တဲ့ချစ်ချစ်ကြီးနဲ့ဆုံသေးလားဗျို့….
သူပုံကိုမရိုက်လာဘူးလား…..
ဒါ့ပုံတွေမိုက်တယ်နော်……..တင်းချိုင်းကုန်းကပုံတွေကပိုမိုက်တယ်…….
ပက်ကြားအက်ပုံကိုစထရိတ်လိုင်းအတိုင်းရိုက်ရင်ပိုမိုက်မယ်နော်…ဒီပုံလေးလဲလှပါတယ်…..
အားပေးနေတယ်ဆက်လုပ်ရဲဘော်……..ဟိဟိ…ဘာရယ်မဟုတ်ဘူးဝင်ပွားကြည့်တာ….
ခင်တဲ့…မောင်ခ…ရှမ်းပြည်သား(တောင်ပိုင်း)
kyeemite
April 23, 2012 at 2:15 pm
ကမ်းပါးနီပေါ်ကထန်းပင်ပုံလေးနဲ့ မြေပက်ကြားအက်ပုံကြိုက်သဗျို့…
အံဇာမရေ..အညာကိုလွမ်းသွားသကွာ..နာက ရေနံချောင်းမှာလေးနှစ်လောက်နေခဲ့ဘူးသဟ..
အဲနားက နဂါး ဆိုတဲ့ရွာလည်းရောက်ဘူးတယ်..
ရှု့ခင်းတွေကတပုံစံထဲဘဲ..ကမ်းပါးပြတ်တွေ..ချောင်းတွေနဲ့..
လွမ်းလွမ်းနဲ့အားပေးသွားပါဂျောင်း..
မဟာရာဇာ အံစာတုံး
April 24, 2012 at 5:15 pm
တိုရီးကြီးမိုက်ရေ …
အနော်တို့ ရွာက အဲဒီ နဂါးရွာနဲ့ ရွာနှစ်ရွာကျော်မှာ ရှိတာပါ …
နာမည်က လေးတိုင်စင် လို့ ခေါ်ပါတယ် …
ပုံတွေထဲမျာ ပါတဲ့ ပက်ကြားအက်နဲ့ ရေထဲက သစ်ခြောက်ပင် ပုံတွေက
နဂါး ဆည်ကို ရောက်တုန်း ရိုက်ဖြစ်ခဲ့တာပါ ..
နဂါးရွာတော့ ရောက်ခဲ့ဘူးပေါ့ …
နဂါးရွာသစ်ကိုပဲ ရောက်ခဲ့တာ …..
နဂါး ကြောင်းပြောမှ
ငယ်ငယ်က လူကြီးတွေက ခြောက်ခဲ့တဲ့ စာသားလေးကို သွားပြီး သတိရမိသေးတယ် ..
“ရွာ တောင်ဘက် နဂါး ပေါ်လို့ .. တဲ့”
😀
metallic
May 6, 2012 at 7:22 pm
ဒီရှုခင်းတွေကိုတော့
သွေးထဲသားထဲ ကကိုချစ်တယ်
ခြောက်ကပ်ကပ်ကြီးနဲ့ပူတာကိုလည်းချစ်တယ်
သန့်ရှင်းတယ်လို့ကြံဖန်ပြီးဂုဏ်ယူလိုက်ချင်သေးတယ်
တို့အညာချောင်းတွေမြစ်တွေက ရွံ့တွေ မရှိဘူး သဲချည်းပဲ
အိမ်ခြံဝန်းတွေက ရေတွေဝပ်မနေဘူး
တလင်းလေးတွေက ပြောင်နေတာပဲ
(အမှန်က ရေကောင်းကောင်းမလောင်းနိုင်လို့ ဘာပင်မှမစိုက်တာ)
ကိုယ့်မွေးဒေသကို အတင်းကြီး ဘက်လိုက်ပြီး
အမွှန်းတင်ကြည့်လိုက်တာ
တကယ်ကတော့ မြန်မာပြည်ဘယ်ဒေသမဆို
တကယ်လှပြီး တကယ်ချစ်စရာကောင်းပါတယ်
မဟာရာဇာ အံစာတုံး
June 5, 2012 at 6:01 pm
ဒီဒါ့ပုံတွေ ပြန်ကြည့်မိတော့ ..
ရွာကို ပြန်လွမ်းမိရဲ့ …
ဒါပေမယ့်လို့လည်း .. ဒါပေမယ့်လို့လည်း ပေါ့လေ …
ခုများအချိန်မှာ
အလွမ်းတွေသာ ဝေကျ
ရည်မှန်းချက် ပြည့်မြောက်တဲ့နေ့မှ
အမေရဲ့ရွာမှာ ပြန်အခြေချ
မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့
နေတော့မယ် အမေရယ် …
ဒီနေ့ အမေနဲ့ရွာကို တအားလွမ်းတယ် ….. 🙁
5.6.2012 …
ဗိုက်ကလေး
June 5, 2012 at 6:10 pm
ဓါးငမြောက်ရေ
နင်သထေးကြီးဖြစ်တော့မှာပါ..
အဲကျရင် ထန်းရေလိုက်သောက်ဖို ့ ခေါ်ဦးနော..
မဟာရာဇာ အံစာတုံး
June 5, 2012 at 6:17 pm
အဲဒီအခါမှ ..
ပြောစရာတောင် မလိုပါဘူး ငဗိုက်ရယ် …
ကိုယ့်ဘော်ဘော်တွေပဲ ..
ထန်းရည်တင် မကဘူး ..
ကြက်ကြော်လေးပါ အပိုပါသေး ….
မှော်ဆရာ
June 5, 2012 at 10:01 pm
လမ်းဘေးနားက သစ်ပင်ကို ကြိုက်တယ် ။။
ရွှေ မင်း သား
June 6, 2012 at 12:06 am
ပက်ကြားအက် နေရာကြီးတော့ သဘောကျတယ်ဗျာ။
Myo Min Oo
June 16, 2012 at 5:12 pm
လမ်းကလေးတော့ ကြိုက်တယ်ဗျာ
စိန်ဗိုက်ဗိုက်
June 16, 2012 at 5:38 pm
အူးလေးငမျောက်
ဘယ်တွေပျောက်
ဘီအီးတွေသောက် ဘယ်မှာမှောက်..ဂေါက်
cum min
June 22, 2012 at 11:04 am
အေးဗျာ ..နယ်လေး..က
အေးချမ်းသာ…ယာမဲ့ပုံလေးပဲ..
နော်
အလည်ခေါ်ဗျာ..
မဟာရာဇာ အံစာတုံး
July 23, 2012 at 8:25 pm
ဇာတိရယ် ကိုယ့်ရပ်ရွာ
ခုလို မြင်မိပြန်တော့
အပြေးသာ ပြန်လိုက်ချင်ပေါ့ ….
သို့ပေမယ့် ဘယ်တော့ ?????
🙄 🙄 🙄
si tone
August 17, 2012 at 6:05 pm
ပက်ကြားအက်တဲ့ ပုံက တကယ်ကို မိုက်တယ်
မဟာရာဇာ အံစာတုံး
August 17, 2012 at 7:50 pm
မိုက်တယ်ဆိုတော့ လိမ္မာဘူးပေါ့နော် ..
အဟိ .. နောက်တာပါ .. 😀
ခုလို .. လာရောက်အားပေးသွားတဲ့အတွက်
ကျေးဇူးပါ …
မဟာရာဇာ အံစာတုံး
March 29, 2013 at 11:57 pm
အော်ရယ် …..
ဒီရှုခင်း ……၊ ဒီမြင်ကွင်းတွေ …..
ပြန်မြင်မိပြန်တော့လည်း ….
ရွာကို တအား ပြန်ချင်မိသွားတယ် ….
အဖေရယ်၊ အမေရယ်၊ ညီမလေးတွေရယ် .. ဆွေမျိုးညာတိတွေရယ် …..
ပျော်စရာတွေ ကောင်းလွန်းလှတယ် …
ဒါပေမယ့် .. ဒါပေမယ့် ……
ဒီသင်္ကြန်တော့ဖြင့် သည်းခံပါတော့ကွယ် ….
အဟင့် …. ပြန်ချင်ပေမယ့် … စိတ်သာ ရှိပါရဲ့ ………။
29 – 03 – 2013
(Fri)
Mr. MarGa
March 30, 2013 at 2:11 pm
အားတိုင်းယားတိုင်း ဒီပဲလာပြီး ရွာလွမ်းတာ လာလာရေးနေတယ်
မဟာရာဇာ အံစာတုံး
March 30, 2013 at 4:22 pm
မဟုတ်ရပါဘူး သဂျားရယ် …
ရင်ထဲက သရုပ်ကို
ဒီပို့စ်မှာ ထုတ်ဟပ်မှုရယ်ပါ …
တကယ်ပါ …
ဘယ်သူတွေ ဘာပဲပြောပြောပါ
လွမ်းမိတိုင်း ဒီမှာ
စာစီနေအုံးမှာပဲကွာ …
ဂန္ဓာရီ ဆြာအုပ်
August 22, 2013 at 12:26 pm
စိတ်ဝင်စားသွားပြီ ငမျောက်တို့ရွာကို
လိုက်မကွာ နောက်တခါသွားရင်ခေါ်
မဟာရာဇာ အံစာတုံး
August 23, 2013 at 11:11 am
လိုက်ခဲ့လေဂျာ …
လာမယ့် သဂျန် ကျရင် ကျုပ် ရွာပျံမှာ ..
အိုက်အခါ လိုက်ခဲ့လေ …
နေစရိတ် .. စားစရိတ် ပူစရာ လိုဝူးးး
အခန့်သင့်ရင် ထန်းရည် စစ်စစ်ပါ သောက်လို့ ရဒေး .. ဟေဟေ့ …
ဒါမယ့် .. လမ်းစရိတ်လေးဒေါ့ ကျုပ်အတွက်ပါ ပေး … ဟီးးဟီးးး
အလင်းဆက်
August 22, 2013 at 5:57 pm
အခုမှ ဝင်ကျိမိတယ်
နီ
့တို့ရွာကလေးက
နေချင်စရာလေးပါလား
သဘာဝ တောတောင်ရေမြေကို
ငါ ချစ်တယ် ဟ
မဟာရာဇာ အံစာတုံး
August 23, 2013 at 11:14 am
ဒါ့ပုံကျိပီး
နေဂျင်စရာလေးလို့ ပေါနေနဲ့
နင် နေပူဒါ ခံနိုင်လို့လား …
အညာဆိုဒေါ့ သိဒဲ့အတိုင်းဘဲ နင်းကန် ပူဒါ …
ဒါမယ့် သစ်ပင်ရိပ်လေးမှာ နှပ်လိုက်ရင်ဒေါ့ အေးဆေးဘာ …
cobra
August 23, 2013 at 6:08 pm
နောက်တစ်ခါသွားရင် အလည်ခေါ်နော်….
တိုကြီးးးးးးးးး
ခရီးသည်ကြီး
August 24, 2013 at 10:13 am
ပူတာတော့သိပ်ကြောက်တယ် ဗျ
ဒါပေသိ .. မန်ကျီးရိပ်မှာ အိပ်ခဲ့ဖူးတာလေးတော့ ကျုပ်လည်းလွမ်းမိသွားဘီ
လေးတိုင်စင်ရောက်ရင် ကိရင်အံဇာရဲ့မိတ်ဆွေပါလို့ပြောပီး
ထမင်းဝင်စားမယ် 🙂