သူတို့ဟာပေးရင် ကျွန်တော်တို့ဟာ ပြန်ရမလား

mgwaloneApril 21, 20126min34216

Buried Treasure: World War II Spitfires to Be Unearthed in Burma

Paging Indiana Jones: a British farmer’s 15-year quest to find a squadron of legendary fighter planes buried in a far-off land has finally paid off
Log In with Facebook

Sharing TIME stories with friends is easier than ever. Add TIME to your Timeline.

Learn More

Michael Dunning/Getty Images

Michael Dunning/Getty Images
Spitfire aircraft in flight

It’s like something out of an Indiana Jones film, if you take away the religious overtones and ophidiophobic adventurer. After 15 years, a British farmer’s quest to find a squadron of legendary fighter planes lost in Burma during World War II has finally paid off.

Lincolnshire farmer David Cundall, 62, has spent about $207,000, traveled to Burma a dozen times and negotiated with the cagey Burmese government, all in the hopes of finding a stash of iconic British Spitfires buried somewhere in the Southeast Asian country.

(PHOTOS: Burma’s Landmark Elections and Aung San Suu Kyi’s Path to Victory)

Buried planes? It sounds odd, but in fact this was fairly common toward the end of the war; as the conflict wound down and jet aircraft promised to make propeller-driven fighters obsolete, many aircraft were scrapped, buried or sunk by Allied Forces in order to prevent them from falling into enemy hands.

(PHOTOS: Europe Then and Now)

Cundall started his search after his friend heard from a group of U.S. veterans that they had stashed Spitfires in the region. “We’ve done some pretty silly things in our time, but the silliest was burying Spitfires,” the veterans said.

His interest piqued, Cundall began placing ads in magazines to try to find soldiers who might have been involved.

After a decade and a half of searching, he finally managed to locate the missing airplanes, which had never been flown and were indeed buried while still in their transport crates. “We sent a borehole down and used a camera to look at the crates. They seemed to be in good condition,” Cundall told the Telegraph.

The aircraft arrived at a Royal Air Force base in Burma in August 1945. But by that point in the war, just before the bombing of Hiroshima, the fighters weren’t needed. “In 1945, Spitfires were ten a penny,” said Cundall. “It was a typical British solution: ‘Let’s bury them lads.’”

Getting the planes out of the ground is one thing; getting them out of Burma — a secretive nation that until recently was ruled by a brutal military junta and remains under a variety of international sanctions — is another. But as the Telegraph reports, following the intervention of British Prime Minister David Cameron, who recently visited the country, the Spitfires could soon be on their way back to the U.K.

Cundall hopes that with the help of investors, the planes can finally take to the skies. “Spitfires are beautiful airplanes and should not be rotting away in a foreign land. They saved our neck in the Battle of Britain and they should be preserved.”

Read more: http://newsfeed.time.com/2012/04/17/buried-treasure-world-war-ii-spitfires-to-be-unearthed-in-burma/?xid=gonewsedit&google_editors_picks=true#ixzz1sejpanqA

Buried Treasure: World War II Spitfires to Be Unearthed in Burma

ဒီသတင်းကလေးကို အားလုံး ကြားပြီးကြပြီး ဖြစ်မှာပါ။ သတင်းဂျာနယ်တွေထဲမှာလည်း ပါနေပြီးသားပဲ။ ဒါလေးက ဘာများထူးဆန်းသလဲဆိုတော့ သိပ်တော့ မထူးဘူးလို့ ပြောလို့လဲ ရပါတယ်။ အပြောင်းအလဲတွေထဲက တစ်ခုလို့ ဆိုမယ်ဆိုလဲ ဆိုနိုင်ပါတယ်။

သို့သော် သူတို့က အထက်က သတင်းမှာ ရေးထားတဲ့ အတိုင်း ဒီလေယာဉ်တွေကို တန်းဘိုးထားပြီး လာပြန်ယူကြတာ။ ထားခဲ့တုန်းကလည်း သူတို့အခြေအနေအရ ထားခြင်လို့။ မထားမဖြစ်လို့ ထားခဲ့တာကို အခုကျမှ တန်ဘိုးထားပြီး ပြန်လာတောင်းကြတယ်။ သမိုင်းတန်ဖိုး ကြီးတာကို လက်ခံပါတယ်။ နားလည်ပါတယ်။

ဒါပေမဲ့ စဉ်းစားမိတာ တစ်ခုတော့ ရှိပါတယ်။ ကျွန်တော်တို့ဆီက သူတို့ ယူသွားတာတွေကိုကော ပြန်မပေးဘူးလား။ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး မတရား ယူဆောင်သွားတဲ့ နန်စဉ်ရတနာတွေ ဘယ်ရောက်ကုန်ပြီလဲ။ လွတ်လပ်ရေး ရပြီးတော့ ပြန်ရခဲ့တာတွေ ရှိပေမဲ့ အခုအချိန်အထိ သတင်းအစအန မပေါ်လာတာတွေ ရှိနေသေးတာ အသေအချာပါ။

ပတ္ကမြား ငမောက် ဘယ်နား ရောက်နေပါသလဲ။ သူတို့ ဘုရင်မကြီးရဲ ့ သရဖူမှာရှိတဲ့ ရတနာတွေထဲမှာ မြန်မာပြည်က ယူသွားတာတွေ ပါတယ်လို့ ကြားဖူးတယ်။ သီပေါမင်းရဲ ့ မြေတော် တော်ဘုရားကလေး (အောင်ဇေ) ရေးတဲ့ ဆောင်းပါးတွေထဲမှာ ဖတ်ရသလောက် တရားဝင် ပြန်လည်တောင်းဆိုတာတွေ လုပ်ခဲ့ပေမဲ့ ဘာမှ အကျိုးမထူးခဲ့ဘူးလို့ နားလည်မိပါတယ်။ အခုအချိန်မှာ သူတို့ ဘာပြောကြမလဲ။

သူတို့ဟာကို သူတို့လာယူတာပဲလို့ ပြောလို့ ရပေမဲ့ ကျွန်တော်တို့လည်း ကိုယ့်နိုင်ငံက ပိုင်ဆိုင်ခဲ့တာတွေကို ပြန်တောင်းသင့်တယ်ထင်ပါတယ်။

16 comments

  • sugar sugar

    April 21, 2012 at 2:05 pm

    ပြန်တောင်းကြပါဗျို့၊ကိုယ့်ပစ္စည်းပြန်ပေး ၊နင့်ပစ္စည်းလည်းပြန်ပေးမယ်။ငယ်ငယ်ကလိုပေါ့
    သူတို့ကလူလည်ကြီးတွေနော်

  • ဆူး

    April 21, 2012 at 2:49 pm

    သူတို့ဆီက တောင်းပြီး ဒို့ဆီက လူကြီးတွေကို ပေးလိုက်မယ်လေ။ အဲ.. ဟုတ်ပါဘူး..
    သူတို့ အလျှော် အနေနဲ့ တိုင်းပြည်မှာ တခုခု လာလုပ်ပေးရင် ပိုကောင်းမယ်။ အများနဲ့ သက်ဆိုင်တာ တခုခုပေါ့။
    ရတနာ ဆိုတာ ရောင်းလိုက်ရင် ပိုက်ဆံ ရတာပဲ.. သိမ်းထားတော့လည်း တန်ဖိုး တခု ရှိပြီး ဘာမှ အသုံးမှ မကျတာ..

  • laypai

    April 21, 2012 at 3:19 pm

    ကမ္ဘာစစ်ကြီးအတွင်း မြန်မာနိုင်ငံက ဗြိတိသျှစစ်တပ်တွေ ဆုတ်ခွာစဉ် မြန်မာနိုင်ငံ မှာ မြှုပ်ဝှက်ထားခဲ့တဲ့ ဗြိတိသျှ Spitfire တိုက်လေယဉ် အစင်း၂ဝ ကို မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး ပြန်လည် တူးဖေါ်ဖို့ သဘောတူ ခဲ့တယ်လို့ ဗြိတိသျှ အရာရှိတွေက ပြောပါတယ်။

    ဘယ်နေရာမှာ ဖြစ်နိုင်မလဲ။
    မဟာရာဇာ အံစာချွန် ရေ မြေသျှိုးပြီး ရှာ ပါအုံး ဟဲ့။ ငါတို့ အရင် သွားတူး ကြရ အောင်။

  • kai

    April 21, 2012 at 4:39 pm

    ကုန်းဘောင်မင်းဆက်အမျိုးတွေစုပြီး.. အင်္ဂလန်ဘုရင်မကို တရားစွဲရမယ်ထင်တယ်..။
    သူတို့တွေ ကိုလိုနီလုပ်ထားခဲ့တဲ့တိုင်းပြည်က ပစ္စည်းတွေနဲ့ ကြီးပွားနေကြတာလေ…

    တရားနိုင်ရင် ပြန်ရနိုင်ပါတယ်..။

    စကားအတင်းစပ်…
    မန္တလေးကို.. ချိုင်းနားကလူတွေလာအခြေချပြီး.. မြို့ကိုလှိုက်ယူလာလိုက်တာလို့ပြောကြတယ်..
    အဲဒီမန္တလေးကိုပိုင်ခဲ့တဲ့.. .. မြန်မာမင်းသွေးမင်းမျိုးတွေ.. အိနိ္ဒယကရွာကလေးတရွာမှာ.. ဆင်းရဲချို့တဲ့စွားနဲ့နေထိုင်နေရတယ် စာထဲဖတ်ဖူးတယ်..
    ဘယ်သူများ.. ယှဉ်တွေးစဉ်းစားဖူးကြသလဲ သိချင်လို့…။ 😆

  • mgwalone

    April 21, 2012 at 5:22 pm

    ယခင်ခေတ်က အင်္ဂလန် ဘုရင်မကြီးထံ တိုက်ရိုက် စာပို့ှုဘူးပါတယ် ၁၉၅၃ ခုနှစ်လောက်ကပါ။ အဲဒီမတိုင်ခင် အင်္ဂလိပ်တွေကိုယ်တိုင်း ၁၈၈၆ ခု၊ ဒီဇင်ဘာလာပိုင်းလောက်မှာ ပတ္ကမြား ငမောက်ကို ထိပ်န်း လျှို ့ဝှက်အဆင့် အနေနဲ့ ရှာခဲ့ကြသေးတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ၁၉၅၉ ခုနှစ်မှာ အင်္ဂန်လန် ဘုရင်မိသားစုဆီကို စာထပ်ရေးခဲ့ကြတယ်။ သံရုံးကတဆင့် မဖြစ်နိုင်ကြောင်း စာပြန်ခဲ့ပါသတဲ့။ ၁၉၈၆ ခုှနှစ်ကလည်း အဲဒီအချိန်က မ.ဆ.လ အစိုးရဆိကိုလည်း စာပို့ခဲ့ကြပါတယ်။ ဒီရတာတွေဟာ သူတို့ လေယာဉ်တွေကို ပြောသလို သမိုင်းတန်ဖိုးအရ အင်မတန် ကြီးမားလှတာ အသေအချာပါ။ ဒါပေမဲ့ ဒီပစ္စည်းတွေ ပြန်မရရင်တောင် ထိုက်သင့်တဲ့ လျော်ကြေးလို့မျိုး ရှိသင့်ပါတယ်။ တိုင်းပြည်အတွက် ။ ပြည်သူလူထုအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးချနိုင်ရင် အကောင်းဆုံးပါပဲ။
    မန္တလေးကို တရုတ်တွေ သိမ်းနေတာကတော့ ဒါလည်း ခေတ်သစ်ကိုလိုနီပုံစံတစ်မျိုးလို့ ဆိုရမှာပါပဲ။ ဇတ်လမ်းလေးတစ်ပုဒ် ပြောပြပါမယ်။ နယ်စပ်လမ်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ လ.၀.က က တရုတ်တစ်ယောက်ကို မှတ်ပုံတင်စစ်ပါသတဲ့။ မှတ်ပုံတင်ကို ကြည့်ပြီး တကော ဒါက အတုကြီး လို့ ပြောလိုက်တော့ တရုတ်က မပီကလာ ပီကလာနဲ့ မီဟုတ်ဘူး။ အဲဒါ အစစ်၊ ငါ လေးသောင်း တောင် ပေးရတယ်တဲ့။ ဒီဇတ်လမ်းလေးက ကြာခဲ့ပါပြီ။
    အထက်က သမိုင်းအချက်အလက်တွေက တောဘုရားကလေး (အောင်ဇေ) ရေးတဲ့ “မင်းသားက နုနု၊ တိုက်ပွဲက ကြမ်းကြမ်း” ဆိုတဲ့ စာအုပ်ထဲက ကိုးကားထားတာပါ။

    • က်ိုကိုအိုဗာ

      April 21, 2012 at 9:54 pm

      မြတ်စွာတရာတော်နဲ့အညီ..
      ပစ္စုပ္ပန် တည့်တည့်ရှု့ တဲ့..

      စူလို့ပစ္စည်းက..
      ရဲရဲကြီးနဲ့ပြဲပြဲ ကြီး..
      ဒို့ဟာလေးက..
      တေးတေးရေး ရေ…

  • moe moe

    April 21, 2012 at 6:17 pm

    သူတို့ကျန်ခဲ့တဲ့လေယာဉ်တော့ပြန်လိုချင်တယ်
    တို့ရတနာတွေ၊ဆေးကျမ်းစာတွေပြန်ပေးဖို့ဝန်လေးနေလို့တော့ ဘယ်ရမလဲ။
    အဲဒါတွေပြန်မပေးနိုင်တော့ရင်လည်း မြန်မာပြည်သူလူထုအတွက် အပေါ်က “ဆူး”ပြောသလို
    ပညာရေးဘက်မှာဖြစ်ဖြစ်၊ကျန်းမာရေးဘက်မှာဖြစ်ဖြစ် တစ်ခုခုတော့ပြန်လုပ်ပေးသင့်ပါတယ်။
    မြန်မာပြည်ပညာရေးက ဘွဲ့ရအလုပ်လက်မဲ့။ကျန်းမာရေးမှာ ကြည့်မယ်ဆိုရင်လည်း
    ပါပါလေးသံချပ်ထဲကလိ်ို ခြေတစ်ချောင်းမရင်(၁၀၀၀)ပေး၊ လက်တစ်ချောင်းမရင်(၁၀၀၀)ပေး
    အဲဒီလို ကျန်းမာရေးစောင့်ရှောက်မှု့တွေလား၊ အခုဆိုရင် ကျွန်တော်တို့ မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနမှာဆေးကုတာထက်၊ဗြဟ္မစိုရ် အခမဲ့ဆေးခန်းမှာဆေးကုတဲ့ လူနာကပိုများနေသေးတယ်။

  • windtalker

    April 21, 2012 at 7:47 pm

    သိပ်ကောင်းတဲ့ အိုင်ဒီယာဘဲဗျာ ။ လေးစားပါတယ် ကိုဝလုံး ။
    ကျုပ်ဖြင့် ဂျာနယ်ထဲမှာ သတင်းသာဖတ်လိုက်ရတယ် ။ ကိုဝလုံးလို မတွေးမိဘူး ။ လက်မတစ်ချောင်းထောင်ပေးခဲ့ပါတယ် ဗျို ့။

  • ပေစိ

    April 21, 2012 at 11:00 pm

    ကျနော်လည်းတွေးမိသေးတယ် သိပ်ကောင်းတဲ့အကြံပေါ့ လေယာဉ်တွေနဲ့ နန်းစဉ်ရတနာတွေလဲမယ်
    သူတို့က သူတို့ပစ္စည်းကို နှမျောပြီး ကျနော်တို့တိုင်းပြည်ထဲမှာ ဝှက်ထားခဲ့တယ် ကျနော်တို့နန်းစဉ်ရတနာ တွေကျမတရားဓါးပြတိုက် သိမ်းပိုက်သွားခဲ့ကြတယ်

  • အင်းဗျာ ကြားရတုန်းကတော့ စိတ်မကောင်းဖြစ်မိပါတယ်။
    သူတို ့ပစ္စည်းပြန်ယူသွားမှာ ဖြစ်ပေမယ့် ထိုက်သင့်တဲ့ ကူညီ
    မှုတွေ မပေးဘဲတော့ နေမယ်မထင်ပါဘူး။

  • Gipsy

    April 22, 2012 at 4:28 am

    ကြည့်ရတာ သူတို့ဆီက လဲ အခွင့်အလမ်းကောင်းတွေ ရယူမယ်ထင်ပါတယ် …
    မြန်မာ အစိုးရကလဲ အလွတ်ပေးမယ် မထင်ရေးချ မထင် …
    လူ လက်တဆုပ်စာ ကောင်းစားဖို့ အပေးအယူဖြစ်မှာပဲ စိုးရပါတယ်…
    အခုပဲ ကြည့်လေ ..

    ဂျပန်ကြွေးမြီလျှော်ပစ်ကြောင်း တရားဝင်ကြေညာ

    2012-04-21

    မြန်မာအစိုးရ အဆက်ဆက် ဂျပန်နိုင်ငံထံက ချေးယူထားခဲ့တဲ့ ကြွေးမြီ ဂျပန်ယန်းငွေ ဘီလီယန် ၃၀၀၊

    အမေရိကန် ဒေါ်လာနဲ့ဆိုရင် သန်းပေါင်း သုံးထောင့် ခုနှစ်ရာကို လျှော်ပစ်လိုက်ပြီလို့ ဂျပန်အစိုးရက

    ဒီကနေ့ ကြေညာလိုက်ပါတယ်။

    ဂျပန်နိုင်ငံကို သမ္မတ ဦးသိန်းစိန် ရောက်ရှိပြီး ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါ (Yoshihiko Noda)

    နဲ့ ဆွေးနွေးမှုတွေ လုပ်ပြီးတဲ့နောက် ပူးတွဲ သတင်းစာရှင်းပွဲမှာ အခုလို ကြေညာ လိုက်တာပါ။

    ဒီမိုကရေစီရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက် လုပ်ဆောင်သွားဖို့ လိုကြောင်းလည်း

    ဂျပန်ဝန်ကြီးချုပ် က ပြောသွားပါတယ်။

    အရင်က ရပ်ဆိုင်းထားတဲ့ ဂျပန်အစိုးရရဲ့ နိုင်ငံရပ်ခြားအကူအညီ အိုဒီအေ ပြန်ပေးနိုင်ဖို့

    အတွက် ပြင်ဆင်နေပြီလို့လည်း ပြောပါတယ်။

    နိုင်ငံအတွက် အခြေနေ အရပ်ရပ်တွေ ကောင်းလာပြီလို့ မျှော်လင့်မိပါတယ်….။

    • ဆူး

      April 22, 2012 at 10:39 am

      သတင်းကောင်းပဲ ဆိုတော့ ဒီထက် ပိုကောင်းလာ မျှော်လင့်လို့ ရပြီပေါ့။

  • mgwalone

    April 22, 2012 at 12:52 pm

    အာပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ အဓိကက ကျွန်တော်တို့ ဒီသတင်း၊ ဒီအခြေအနေပေါ်ကနေ နိုင်ငံနဲ့ လူမျိူးအတွက်၊ အများပြည်သူအတွက် အကျိုးရှိမဲ့ ရလာဒ်တစ်ခု ပေါ်ထွက်စေ ခြင်တာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
    ကျွန်တော့်အြ်မင်ပြောရရင် အခုအချိန်က အင်မတန် အရေးကြီးတဲ့ အချိန်မှာ လက်ရှိအစိုးရအနေနဲ့ အခြေအနေကို လိမ္မာပါးနပ်စွာ ကိုင်တွယ်ပြီး တိုင်းပြည်အတွက်၊ အများပြည်သူအတွက် အကျိုးအရှိဆုံး ဖြစ်အောင် ဆောင်ရွက် နိုင်ဖို့ မျှော်လင့်မိပါတယ်။

  • နေဝန်းနီ

    April 22, 2012 at 1:40 pm

    မောင်ဝလုံးရယ်…။ နင့်ဟာက ကလေးကျနေတာပဲ…။ ခုမှ အဲနှစ်ပေါင်းဘယ်လောက်ကြာပြီလဲ နှစ်ပေါင်း 70 လောက်ကြာခါမှ ဒီစကားပြောတာ ရိုးသားမှုတော့ မရှိဘူး…။ ဂျပန်လည်း သူကျန်ခဲ့တဲ့ ပစ္စည်း စောစောထဲက ရှာနေတာပဲ…။ အဲဒိအချိန်က ဘယ်နားအိပ်ပျော်နေလဲ စဉ်းစားစရာကောင်းတယ်…။

  • mgwalone

    April 22, 2012 at 10:56 pm

    ဂျပန်တွေ လာရှာတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်သိသလောက် ဂျပန်က မြန်မာနိုင်ငံကို စစ်ပြီးကတည်းက ဘာတွေလုပ်ပေးခဲ့သလဲ ပြန်လေ့လာကြည့်ရင် သိမှာပါ။ သူတို့ပြန်ယူသွားတာတွေကကော ဘာတွေလဲ။ သူတို့တွေ မြန်မာပြည်ကို စစ်ပြီးတဲ့အခါ ပြန်လာကြပြီး ဘာတွေ လုပ်ပေးထားသလဲ။ အင်္ဂလိပ်ကကော စစ်ပြီးသွားတော့ ကျွန်တော်တို့ကို ဘာတွေလုပ်ပေးခဲ့သလဲ။
    နောက်မေးခွန်းတစ်ခုက အင်္ဂလိပ်တွေကကော အခုမှ ဘာလို့ လာပြန်တောင်းနေတာလဲ ။
    အင်္ဂလပ်ရာ ဂျပန်ပါ မြန်မာနိုင်ကို သိမ်းပိုက်ခဲ့ကြတယ်။ ဒါပေမဲ့ သဘောက မတူပါဘူး။ အရိုးသားဆုံး ပြောရ ရင် ဘယ်သူမှ မကောင်းခဲ့ကြပါဘူူးလို့ပဲ ဆိုရာမှာပါ။ နိုင်ငံတကာမှာ စစ်အတွင်းက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ အခုအချိန်ထိ ဖြေရှင်းနေကြရတဲ့။ အမှတ်ရနေကြတဲ့။ သာဓကအဖြစ်အပျက်တွေ အများကြီးပါ။ သူတို့တောင်လာပြောသေးတာ ကျွန်တော်တို့ဘက်က ပြောတာ တရားတယ်လို့ ယုံကြည်မိပါတယ်။

  • ရဲစည်

    April 23, 2012 at 12:50 am

    “အိမ်း…ကျုပ်အတိအကျ ပြောရရင်ဖြင့် လေရင် အစီးနှစ်ဆယ်ထဲက ၁စီးမှာ ပတ်တတ်မြားငမေါက်ရယ် မတ်ခရာဒါး( တရုတ်ကဒီဓါးကို အနည်းဆုံး ဒေါ်လှ၄သန်းပေးနေတယ်နော် )နဲ့တခြားဟာတွေ ပါသေးတယ်၊ ဒါပေမဲ့ အဘိုးကြီးက သူ့မြို့အောက်မှာ ဖင်ခုထိုင်ထားတယ် ကျုပ်လည်း အဖိုးကြီးနားနေပီး နားချနေတာကြာပီ ဒင်းခေါင်းမာနေတယ်….ဟင်းဟင်း “:(

    သားပြောတာမဟုတ်ဘူးနော်….ဟိုဃေါပက၊ယတြာ အကြံပေး အူးအေါင်စူယှဉ်ကြီး အိပ်ငိုက်ရင်း ယောင်တာကို သားတံမြက်စီးလှည်းရင်းကြားလို့ ပြန်ပြောပြတာ သားကို မုန့်ဖိုးအနီလေးပေး.. သားပြေးပီ…ပကျိပကျိ… 🙂

Leave a Reply