ရွှေဝါပြည် အပိုင်း(၁)
ရွှေဝါပြည်တွင်ဆန်ပေါ၏
ထိုကြောင့်ရွှေဝါပြည်သားတို.ထမင်းဝနေကြ၏။ထမင်းဝသောကြောင့် ထုံးစံအတိုင်းပျင်းကြ၏။ပျင်းသောကြောင့် တဖြည်းဖြည်းဖျင်းလာကြ၏။
ဖျင်းသောကြောင့်ကြာသောအခါ ငတ်ကုန်၏။ထိုကြောင့်ရွှေဝါပြည်သူပြည်သားအားလုံးတို. ဘာမှမအောင့်နိုင်စိတ်အားညံဖျင်းလာကြ၏။
ဘာမှမလုပ်ဘဲ ဘယ်အရာမဆိုအချောင်လိုချင်လာကြ၏။
ဘယ်သူမဆိုမိမိဖို.ချည်းစဉ်းစားလာကြ၏။ဘာကိစ္စမဆို မိမိဘက်ကချည်းတွေးတောလာကြ၏။ထိုမျှနိမ့်ကျသောရွှေဝါပြည်သူပြည်သားတို.၏
စိတ်နေစိတ်ထားညံဖျင်းမှုသည် ဝမ်းရောဂါကူးစက်သကဲ့သို. မိမိ၏စစ်တပ်အတွင်းကူးစက်နေသည်ကို ဗိုလ်ချုပ်ကြီးသန်မာသည်ယခုမှသိသည်။
ဗိုလ်ချုပ်ကြီးသန်မာ၏မျက်လုံးထဲဍ်ရွှေဝါပြည်ကြီးသည်နေပူကျဲကျဲတွင်ကြည့်ရင်းကြည့်ရင်း အရည်ပျော်ကျနေသောရေခဲတုံးကြီးကဲ့သို.မြင်ယောင်လာသည်။
ဖြစ်နိုင်လျှင်ရွှေဝါပြည်ကြီးတစ်ခုလုံးကို အနုမြူဗုံးများဖြင့်ဖောက်ခွဲပစ်ချင်လာသည်။တွေးရင်းတွေးရင်း အလွန်စိတ်မချမ်းသာဖြစ်လာကာငေါက်ကနဲထထရပ်၏။
တပြိုင်တည်းပင်ပြင်းထန်သောသေနပ်သံများကို အလွန်နီးကပ်စာွကြားရ၏။ဆက်တိုက်ထွက်သော စက်သေနပ်ငယ်လေးများ၏အသံသည်အဆက်မပြတ်
ပေါ်လာ၏။ထိုအသံတို.ကြားမှအော်ဟစ်ဆဲဆိုနေသောအသံတို.သည် လူသံနှင့်မတူဘဲတိရိစ္ဆာန်တို.၏အော်ဟစ်သံနှင့်တူနေသည်။ဧည့်ခန်း၏အပြင်ဘက်ဍ်အကြိတ်
အနယ်တိုက်ပွဲဖြစ်နေဟန်တူသည်။ဧည့်ခန်းတွင် အရေးအကြောင်းရှိကထွက်နိုင်ရန်အရေးပေါ်ထွက်ပေါက်သုံးခုရှိသည်။ဗိုလ်ချုပ်ကြီးသန်မာ၏စားပွဲတွင်းဍု်အလိုရှိလျှင်အသင့်
အသုံးပြုရန်ထားသော ကျည်ဘူးအသင့်တပ်ပီးစက်သေနပ်အပေါစားတစ်လပ်လည်းရှိသည်။ဗိုလ်ချုပ်ကြီးသန်မာသည် အကြောင်းရှိကအလွယ်ထွက်နိုင်သောထွက်ပေါက်ကို
လှမ်းကြည့်သည်။ထိုနောက်စားပွဲအံဆွဲကိုဆွဲဖွင့်လျှက် စက်သေနပ်ငယ်ကိုလှမ်းကြည့်သည်။ထိုနောက်စားပွဲအံဆွဲကိုဆောင့်ပိတ်လျှက် လက်ချည်းသက်သက်တိုက်ပွဲဖြစ်ရာ
နေရာကိုအိန္ဒြေရစာွထွက်လာလေသည်။
တံခါးဖွင့်လိုက်သည်နှင့် ယမ်းနံများကနှာခေါင်းတွင်းသို.တိုးဝင်လာသည်။မှောင်နေသောယမ်းငွေ.အတွင်းဍ် အတုံးအရုံးကျဆုံးနေသောမိမိ၏ဗိုလ် အကြပ်တပ်သားတို.ကို
တွေ.ရလေသည်။ထိုနောက်ဘယ်တုံးကမှ မမျှော်လင့်သောမိမိအားရန်ပြုလာသူတို.အားတွေ.၏။ဗိုလ်ချုပ်ကြီးသန်မာသည်ပါးစပ်ဟသာွး၏။ထိုနောက်အသက်ရှုရမည်ကိုမေ့လျှောနေ၏။
ထိုနောက်ဟက်ဟက်ပတ်ပတ်ရယ်မောလေသည်။ဗိုလ်ချုပ်ကြီးသန်မာသည်၏ရယ်မောခြင်းကိုပစ်ခတ်တိုက်ခိုက်ကြသူတို.ကအံဩလျှက်အပစ်အခတ်ရပ်သာွးကြသည်။ရှေးဦးစာွသတိရသူ
ကားဗိုလ်မှူးကျောက်တိုင်ပင်ဖြစ်သည်။ဗိုလ်မှူးကျောက်တိုင်သည်ဗိုလ်ချုပ်ကြီးသန်မာ၏ရှေ.သို.ပြေးဝင်ကာ အကာအကွယ်ပေးလိုက်၏။ထိုအပြုအမူကြောင့်ပင်တစ်ဖက်လူတို.သည်
သတိရလာကြကာ သေနပ်သံတို.ပေါ်ထွက်လာသည်။ထိုသေနပ်သံနှင့်အတူဗိုလ်မှူးကျောက်တိုင်နှင့်တကွ ဗိုလ်ချုပ်ကြီးသန်မာသည်လည်း လဲကျသာွးလေသည်။
8 comments
windtalker
April 21, 2012 at 8:22 pm
ဒီဝတ္ထုကို မဖတ်ဖူးသေးဘူးဗျာ ။ ကိုဒစ်ကန်ကြီး (အမေဒစ်ကန် ကို တိုသုံးသည်) ခင်ဗျား ။ မြန်မြန် ဆက်တင်ပေးပါဗျို ့ ။
နေဝန်းနီ
April 21, 2012 at 8:55 pm
ရန်ကုန်ဗဆွေ ရေးတာလား …။ pdf တွေ့ဖူးတယ်…။
အမေရိကန်ငတုံး
April 21, 2012 at 9:35 pm
အရှည်ကြီးကပေရဲ့ လနဲ.ချီပီးရေးရမယ်နဲ.တူတယ်။ရှည်မိတာမှားဘီ။ကျွန်တော်ကနဂိုက
မှစာရိုက်တာအင်မတန်ပျင်းတဲ့ကောင် တွေ.ဘီ ကိုယ့်စမိတဲ့ဇာတ်ဆုံးအောင်တော့တာဝန်
ယူရမျာဘဲ။
ဟုတ်တယ်အဘနီရေတစ်ချို.ဆိုဒ်တွေမှာ pdf နဲ.တင်ထားတာတွေ.ဖူးပါတယ်။
ဖတ်ပီးသားဆိုရင်ဇာတ်လမ်းကျောကျရဝူးနော် 😆
ဗိုက်ကလေး
April 22, 2012 at 4:56 pm
ဗိုလ်ချုပ်ကြီးသန်မာ လဲကျပြီးနောက် မုဆိုးဘိုကြီးအူးပေ တက်လာလေ၏
ထို ့နောက် ဗိုလ်ချုပ်ကြီးသန်မာ၏ အင်္ကျ ီအိပ်ကပ်၊ဘောင်းဘီအိတ်တွေထဲ လိုက်နှိုက်ရာ အသပြာပွိုင့် ငါးသောင်းတွေ ့ရှိပြီး
အာရီးကို အောလိုက်၏..
ကံကောင်းချင်တော့ ပြားရှစ်ဆယ်နိုင်ပြီး.ဘီအီးတစ်ထိုင်တည်းသောက်လိုက်ရာ အမူးလွန်ပြီး မုဆိုးဘိုရီး အူးပေလည်း လဲကျသွားလေသည်။
ကြောင်ကြီး
April 22, 2012 at 7:14 pm
စစ်အာဏာရှင်ဟောင်း ဦးနေဝင်းကို ရေးဒါလို့ ကြားဖူးနားဝရှိဒယ်။ အခုမှပဲ ဖတ်ရတော့တယ်..။ အတော်ဒေါ့ နာမည်ကြီးတာပဲ…။ အကုန်တင်တာထက် ကောင်းနိုးရာရာ အခန်းလေးတွေပဲ ကောက်နှုတ်တင်တာ ပိုကောင်းမယ်ထင်တယ်။ အများသဘောတူရင်တော့ ဤကိုကျွဲဖတ်ကြတာပေါ့..။
Onyx
April 22, 2012 at 7:39 pm
ဆက်ဖတ်ဖို့ စောင့်နေမယ်နော်။သေချာ ဆက်ရေးပေးပါလို့ ။ကောင်းဒလယ် ကောင်းဒလယ်။
Wow
April 22, 2012 at 7:59 pm
ရွေဝါပြည်ဆိုလို့ ဥကြောင်ကိုရေးတာလားလို့ 😛
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 22, 2012 at 11:10 pm
ဆက်ပါအုံး ကိုဇေယျာဦးရေ—–
စာရေးရမှာ မပျင်းပါနဲ ့။စောင့်ဖတ်ပေါ့မယ်