“ထွက်ပေါက်တော့ ရှိမှာပါ”

yama nyaApril 21, 20121min2206

အခုတလော Internet မှာ တော်တော်လေးကို ပွဲဆူနေတဲ့ ကိစ္စကတော့ NLD လွှတ်တော် တက်ရေး ၊ မတက်ရေး ဆိုတဲ့ ကိစ္စပါပဲ ။ ဒါကို လူအတော်များများက မိမိတို ့ရဲ ့ ယုံကြည်ရာကို ယုံကြည်တဲ့အတိုင်း အမျိုးမျိုး ဆွေးနွေးတင်ပြနေကြတာကို တွေ ့ရပါတယ် ။ MG မှာလည်း ကျနော့်ရဲ ့အမြင်တွေကို နည်းနည်း လောက် ဆွေးနွေးခွင့်ပြုပါ ။ ဒါကတော့ အားလုံးသိပြီးသားဖြစ်မယ့် (၂၃.၄.၂၀၁၂) ရက်နေ ့လွှတ်တော် ပြန်စရင် ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD အမတ်တွေအနေနဲ လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်မှာ ကတိသစ္စာ ပြုတဲ့အခါ ”နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်” စာသားအစား ”နိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာ” ဆိုတဲ့ စကားရပ်နဲ ့ အစားထိုးပေးဖို ့ပဲ ဖြစ်ပါတယ် ။ အကယ် ၍ အချိန်မီ အစားမထိုးနိုင်ခဲ့ရင် သတ်မှတ်ရက်မှာ NLD အနေနဲ ့ လွှတ်တော်ကို တက်ရောက်နိုင်အုံးမှာ မဟုတ် ဘူး ဆိုရာကနေ စတင်ခဲ့တာပဲ ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက  ၂၃ ရက်နေ့ တက်ရ မယ့် လွှတ်တော် အစည်းအဝေးတွေကို NLD က လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ အခုအချိန် အထိ မသေချာသေးပါဘူး။ ကျွန်တော်တို့မနေ့က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို သွားပါတယ်။ ခုံရုံး ကဖိတ်လို့ပါ။ ဘာအတွက်လဲဆိုတော့ ဇယား (၄) ကိစ္စနှင့်ပတ်သက်ပြီးတော့ ခုံရုံးက သူ့ရဲ့ ဥပဒေအမြင်တွေ ရှင်းပြတယ်။ နိုင်ငံအသီးသီးမှာ ကျင့်သုံးနေတဲ့ ကိစ္စတွေနဲ့ ကျွန်တော်တို့ ဇယား (၄) နဲ့ ဆက်စပ်မှုတွေ။ ဆိုလို တာက ဇယား (၄)မှာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ်လို့ မြန်မာလို ပါပါတယ်။ ကျွန်တော်တို့ အင်္ဂ လိပ်ဘာသာပြန် အစိုရက ဒီဘက်မှာ uphold သုံးတယ်။ အဲ့ဒီ uphold ဆိုတဲ့စကားလုံးကို နိုင်ငံတကာ မှာလည်းသုံးကြောင်း ရှင်းပြတယ်။ မနေ့ကတွေ့ရတဲ့ အခြေအနေကိုခြုံပြီးတော့ပြောလို့ရှိရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ကျွန်တော်တို့ကို ကောင်းမွန်စွာ ဆက်ဆံတယ်။ ကြိုဆိုတယ်။ စိတ်ရှည်လက်ရှည် ရှင်းပြ တယ်။ ဒါကျွန်တော် လက်ခံတယ်။ သို့သော် ရှင်းပြတဲ့ အချက်အားလုံးကို ကျွန်တော်တို့ သဘော မတူတာတွေ ရှိပါတယ်။ သဘောမတူတာကို ကျွန်တော်တို့ဘာမှမပြောခဲ့ဘူး။ ဘာကြောင့် မပြောခဲ့ဘူးလဲဆိုတာ ကျွန်တော် ပြောမယ်။ ကျွန်တော်တို့ကို ခေါ်ယူ ရှင်းပြရန်လို့ ဖိတ်ခေါ်တာ။ အဲ့ဒီတော့ ရှင်းပြတာ နားထောင်ဖို့ သွားတာ။ နားထောင်ပြီး ပြန်လာတယ်။ သဘောမတူတဲ့ အချက်တွေ ရှိပါတယ်။ သဘောမတူတဲ့အချက်တွေကို ပြောပါ လားဆိုရင် ကျွန်တော်တို့က အမှုတစ်ခု ကြားနာနေတာ မဟုတ်ဘူး။ အမှုတစ်ခုဆိုရင်တော့ ကျွန်တော် ရှေ့နေပါ။ လျှောက်လဲချက်ကို ဆယ်ခါမက ပေးနိုင်တယ်။ ပေးတတ်တယ်။ ကျွန်တော်ဒီလို မပြောပါဘူး။ အဲ့ဒီ တော့ ကျွန်တော်တို့ ကောင်းမွန်မွန် ရှင်းပြတာကို နားထောင်တယ်။ ပြန်လာတယ်။ ဒီနေ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ လူကြီးတွေကို ဒီအခြေအနေရှင်းပြတယ်။ ရှင်းပြတဲ့အခါမှာ ကျွန်တော်စောစောတုန်းက ပြောသလို ကျွန်တော်သဘောမတူတဲ့အချက်တွေကို ဒေါ်အောင်ဆန်းစုကြည်လည်းသဘောမတူပါဘူး။ အဲ့ဒီတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ပြီးပြတ်အောင် ပြေလည်အောင် ကျွန်တော်တို့ ကြိုးစားပါမယ်။ ဘယ်လိုကြိုးစားမလဲဆို တော့ ကျွန်တော်အခု စာရေးနေတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကြီးတွေရဲ့ ညွှန်ကြားချက်အရ ဒီစာကို ရေးတယ်။ ဒီစာကို သက်ဆိုင်ရာတွေ ဆီကို ပို့ပါမယ်။ အဲ့ဒီတော့ ၂၃ ရက်နေ့ဆိုတာကတော့ ဒီနေ့ပဲ ၂ဝ ရက် နေ့ ဖြစ်နေပြီ။ စာတွေသွားတာ လာတာနဲ့တော့ ကျွန်တော့်အမြင်တော့ မီနိုင်လောက်တဲ့ အနေအထား မတွေ့ ဘူး။ ၂၃ ရက်နေ့ကို မတက်ဖြစ်တဲ့ ရာခိုင်နှုန်းက များပါတယ်။ ကျွန်တော် လောလောဆယ်အားဖြင့် ဒီလောက် ပဲ ပြောနိုင်ပါတယ်” (Eleven Media မှ)  ဧပြီလ ၂ဝ ရက်နေ ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ ပြောပြီးတဲ့နောက် Online မှာ တော်တော် ပွဲဆူခဲ့တယ် ။

ဒီနေရာမှာ ကျနော့်အနေနဲ ့ ဘယ်သူမှန်တယ် ၊ မှားတယ်ဆိုတာထက် ပြဿနာဖြစ်နေတဲ့ စကားလုံးကို အရင်ဆွေးနွေးချင်တယ် ။ ကာကွယ်စောင့်ရှောက်” နဲ ့“လေးစားလိုက်နာ” ဆိုတဲ့ စကားလုံးနှစ်လုံးရဲ  ့ အဓိပ္ပါယ် ဟာ အကြောင်းအရာပေါ်လိုက်ပြီး ခွဲခြား အသုံးပြုရမယ်လို ့ ထင်ပါတယ် ။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာကို ကာကွယ် စောင့်ရှောက်” လို ့ သုံးစွဲသင့်ပြီး အကောင်အထည်နဲ ့ ဖော်ပြလို ့မရတဲ့ အရာတွေကိုတော့ “လေးစားလိုက်နာ” လို ့ သုံးစွဲရမှာပါ ။ ဆိုပါစို ့။ တပ်မတော်သည် ပြည်သူတို ့၏ အသက် ၊ အိုးအိမ် ၊ စည်းစိမ်များကို ကာကွယ် စောင့်ရှောက်ရမည်လို ့ပဲ ရေးရမယ် ။ ပြောရမယ် ။ တပ်မတော်သည် ပြည်သူတို ့၏ အသက် ၊ အိုးအိမ် ၊ စည်း စိမ်များကို လေးစားလိုက်နာရမည်လို ့ ရေးလို ့ ၊ ပြောလို ့ မရဘူးထင်ပါတယ် ။ ဘာကြောင့်လဲဆိုရင် ြပည်သူတို ့ ၏ အသက် ၊ အိုးအိမ် ၊ စည်းစိမ် ဆိုတာ ရုပ်ဝတ္ထုတွေဖြစ်နေလို ့ပါပဲ ။ အလားတူပဲ တပ်မတော်သားတိုင်းသည် တပ်မတော်နှင့် ပတ်သက်၍ ထုတ်ပြန်ထားသော အမိန် ့ ၊ စည်းကမ်း ၊ ဥပဒေများကို လေးစားလိုက်နာရမည် လို ့ပဲ ရေးရမယ် ။ တပ်မတော်သားတိုင်းသည် တပ်မတော်နှင့် ပတ်သက်၍ ထုတ်ပြန်ထားသော အမိန် ့ ၊ စည်း ကမ်း ၊ ဥပဒေများကို ကာကွယ်စောင့်ရှောက်ရမည်လို ့မရေးသင့်ဘူးထင်တယ် ။ အမိန် ့၊ စည်း ကမ်း ၊ ဥပဒေများ

ဆိုတာ အကောင်အထည်နဲ ့ ဖော်ပြလို ့မရတဲ့ အရာတွေ ဖြစ်နေလို ့ပါပဲ ။ ကျနော်တို ့ ဝန်ထမ်းတွေ အနေနဲ ့ လည်း လုပ်ငန်းခွင်က နိုင်ငံပိုင်ပစ္စည်း တွေကို ကာကွယ်စောင့်ရှောက် ရမှာ ဖြစ်ပြီး ဝန်ထမ်းတွေအတွက် ထုတ် ပြန်ထားတဲ့ စည်းမျဉ်း ၊ စည်းကမ်း တွေကိုတော့ လေးစားလိုက်နာ ရမှာဖြစ်တယ် ။ ဒါကြောင့် ”နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ’’ ကို ကာကွယ်စောင့်ရှောက်” ရင်ကောင်းမလား “လေးစားလိုက်နာ” ရင်ကောင်းမလား ဆိုတာကို လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ် ။

ကျနော်အနေနဲ ့ နောက်ထပ်ဆွေးနွေးချင်တာကတော့ ဘာကြောင့် အခုမှ ဒီပြဿနာ ပေါ်လာတာလဲ ။ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေ ပြင်ကတည်းက NLD အနေနဲ ့သတိမပြုခဲမိတာလား ။ အဲဒီကတည်းကသာ ဒီကိစ္စပါ ဆောင်ရွက်ခဲ့ရင် ဒီပြဿနာ ပေါ်လာမှာ မဟုတ်ဘူး ။ ကျနော့ အနေနဲ ့တော့ (၂၃.၄.၂၀၁၂) ရက်နေ ့ လွှတ်တော်တက်ဖို ့ ဖိတ်ကြားခံရပြီးမှ လွှတ်တော်တက်မယ့်ကိစ္စ့ ဆွေးနွေးကြရင်း ဒီစာသားကို သတိပြုမိတယ် လို ့ပဲ ယူဆတယ် ။ ဒါကြောင့်လည်း ဗြိတိန်ဝန်ကြီးချုပ် မြန်မာနိုင်ငံမလာခင် ရက်ပိုင်းအလိုမှာ ဒါ်အောင်ဆန်း စုကြည် နဲ ့သမ္မတ  ဆွေးနွေးတဲ့အခါ ဒီကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို ့ သိခဲ့ရတယ် ။ သမ္မတအနေနဲ ့လည်း ဒီကိစ္စကို သက်ဆိုင်ရာနဲ ့ ညှိုနှိုင်းလိုက်ရင် ပြေလည်နိုင်မှာဆိုပြီး ပြောခဲ့လို ့သာ NLD အနေနဲ ့လည်း ဒီစာသား ပြင်မယ့် ကိစ္စဟာ ကျိန်းသေ ပြေလည်နိုင်မယ်လို ့ အစောပိုင်းမှာ ယူဆခဲ့တယ်လို ့ ကျနော်ထင်တယ် ။ ဒါဆို အခုအခြေအနေမျိုး ဘာကြောင့် ဖြစ်သွားတာလဲ ။ ကျနော့် အထင်တော့ အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပေါ် နည်းနည်း စိတ်ကွက်သွားတယ်ထင်တယ် ။ ဘာကြောင့်လဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ ့ ဗြိတိန် ဝန်ကြီးချုပ်တို ့ရဲ ့ သတင်းစာ ရှင်းလင်းပွဲမှာ ဗြိတိန် ဝန်ကြီးချုပ်က EU အနေနဲ ့ မြန်မာနိုင်ငံအနေပေါ် စီးပွားရေး ပိတ်ဆို ့မှုကို အပြီးသတ်ရုတ်သိမ်းပေးသာထက် အစိုးရရဲ ့ခြေလှမ်းတွေကို ထပ်မံစောင့်ကြည့်ဖို ့အတွက် ယာယီ အနေနဲ ့ပဲ ရုတ်သိမ်းပေးဖို ့ပြောတာကို ဒေါ်အောင်ဆန်းစုကြည်က လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့လို ့ပါပဲ ။ EU အနေနဲ ့ အရင်က မြန်မာနိုင်ငံကို လက်နက်ကလွဲပြီး ကျန်တဲ့ ပိတ်ဆို ့မှုအားလုံးကို ရုတ်သိမ်းပေးဖို ့ အစီအစဉ် ရှိနိုင်ပေမယ့်  ဗြိတိန်ဝန်ကြီးချုပ်နဲ ့ ဒေါ်အောင်ဆန်းစုကြည် တို ့ရဲ ့ သတင်းစာရှင်းလင်းပွဲပြီးတဲ့ နောက်ပိုင်းမှာ လေသံပြောင်းသွားသာ လုံးဝ သိသာတာပဲ ။ အခုဆိုရင် EU အနေနဲ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို ့မှုကို အပြီးသတ်ရုတ်သိမ်းပေးမယ်အစား ယာယီအနေနဲ ့ တစ်နှစ်ရပ်ဆိုင်းပေးဖို ့ပဲ ဆုံးဖြတ်မယ်ဆိုတာ သေချာ သလောက် ရှိနေပါပြီး ။ ဘာကြောင့် ဒီလို ဖြစ်သွားရတာလဲ ။ အစိုးရက ကောင်းကောင်း နားလည်မှာပါ ။ ယာယီရပ်ဆိုင်းတာနဲ ့ အပြီးသတ်ရပ်ဆိုင်းတာဟာ ဘယ်လိုမှ မတူနိုင်ဘူး ။ နိုင်ငံတကာကနေ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှပ်နှံမယ့် ခြေလှမ်းတွေကို နောက်ကြစေတော့မှာ အမှန်ပဲ ။

ဘာပဲဖြစ်ဖြစ်ပေါ့ ။ ပြည်သူတွေရဲ ့ မျက်နှာကို ကြည့်တယ်ဆိုရင် အစိုးရရောအတိုက်အခံပါ အားလုံး နားလည်မှု ၊ ယုံကြည်မှုရှိစွာနဲ ့ ရှေ ့ဆက်လက်တွဲ ဆောင်ရွက်ရမှာပဲ ။ ယုံကြည်မှုမရှိရင် ပူးပေါင်းလို ့ ဘယ်လိုမှ မရနိုင်ဘူး ။ အခုချိန်မှာ NLD အနေနဲ ့ စာသားမပြင်ပေးရင် လွှတ်တော်မတက်ဘူးလို ့ ယတိပြတ် ငြင်းဆန် ထားခြင်းမရှိသေးသလို အစိုးရအနေနဲ ့လည်း မပြင်ပေးနိုင်ဘူးလို ့ တင်းမာထားခြင်း မရှိသေးပါဘူး ။ ထွက်ပေါက်တော့ ရှိမှာပါ ။

6 comments

  • Gipsy

    April 21, 2012 at 9:01 pm

    အနှောင်အဖွဲ့ ကင်းရှင်းတဲ့ ထွက်ပေါက် ဖြစ်ပါစေ….။

  • htoosan

    April 21, 2012 at 10:08 pm

    ပွဲဆူရတဲ့ အကြောင်းရင်းကတော့ NLD ရှင်းရှင်းလင်းလင်း ထင်သာမြင်သာ မလုပ်လို့ လို့ မြင်ပါတယ်။ ဘာကြောင့် အခု မှ ပြောရတယ် ဆိုတဲ့ အကြောင်းရင်းကို ရှင်းပြသင့်ပါတယ်။
    မသိလိုက်လို့ သတိမထားမိလိုက်လို့ ဆိုရင်လည်း မသိလိုက်သတိမထားမိလိုက်လို့ဆိုတာ ပွင့်ပွင့်လင်းလင်း ရှင်းပြရင် ပွဲဆူစရာ အကြောင်းမရှိပါဘူး။ ပြည်သူက နားလည်မှာပါ ။
    စာသားပြင်သင့်တယ် ဆိုတာ ဘယ်သူမှ မငြင်းပါဘူး ။ ဘာလို့ ခုမှ ထပြောတာလည်း ဆိုတာက အငြင်းတွေပွား သွေးတွေ ကွဲ၊ ကြတာပါ ။ NLD အမှတ်ကျစရာ ဖြစ်သွားတာ။

    • Swal Taw Ywet

      April 22, 2012 at 7:03 am

      Yes, I would like to agree with Ko Htoo San-
      ” NLD အမှတ်ကျစရာ ဖြစ်သွားတာ။ ”
      And also noticed that words in post-
      ………. (၂၃.၄.၂၀၁၂) ရက်နေ ့ လွှတ်တော်တက်ဖို ့ ဖိတ်ကြားခံရပြီးမှ လွှတ်တော်တက်မယ့်ကိစ္စ့ ဆွေးနွေးကြရင်း ဒီစာသားကို သတိပြုမိတယ် လို ့ပဲ ယူဆတယ် ။ ဒါကြောင့်လည်း ဗြိတိန်ဝန်ကြီးချုပ် မြန်မာနိုင်ငံမလာခင် ရက်ပိုင်းအလိုမှာ ဒါ်အောင်ဆန်း စုကြည် နဲ ့သမ္မတ ဆွေးနွေးတဲ့အခါ ဒီကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို ့ သိခဲ့ရတယ် ။ သမ္မတအနေနဲ ့လည်း ဒီကိစ္စကို သက်ဆိုင်ရာနဲ ့ ညှိုနှိုင်းလိုက်ရင် ပြေလည်နိုင်မှာဆိုပြီး ပြောခဲ့လို ့သာ NLD အနေနဲ ့လည်း ဒီစာသား ပြင်မယ့် ကိစ္စဟာ ကျိန်းသေ ပြေလည်နိုင်မယ်လို ့ အစောပိုင်းမှာ ယူဆခဲ့တယ်လို ့ ကျနော်ထင်တယ် ။ ဒါဆို အခုအခြေအနေမျိုး ဘာကြောင့် ဖြစ်သွားတာလဲ ။ ??????
      I believed that the military Junta is still playing the game from behind.
      They knew that the power of people what they afraid of.
      So they well planned for last By-election ( NLD must WIN ) to get international’s release on sanction. ( Now they got it. Right? )
      Now they prepare for 2015 ( NLD must WEAK ).
      Don’t look down upon the enemy. ( Sorry, I must use this word – enemy ).
      Don’t dance with the enemy’s tune .
      ( Unity is strength and now essential. )

      Let’s try our best for our mother land.
      It is not for us, it is for your next generation- not to be a slave under military boots. ( Sorry if my words are hard to listen. ).

      With respect,
      Swal Taw Ywet.

  • နဂိုကပဲ သိထားပြီးသားလို ့ယူဆပါတယ်။
    မလိုက်လျောလို ့မရပါဘူး။မလုပ်တတ်မကိုင်တတ်
    ဖြစ်နေလို ့တိုင်းပြည်ကို ဝကွက်အပ်ရတော့မှာ။ကျနော်
    ယုံကြည်တာ တစ်ခုကတော့ လွှတ်တော်ထဲက လွန်ဆွဲပွဲ
    ရှေ ့လျှောက်ပိုလှတော့မှာပါ။နောက်ဆုံး အာဏာပြန်သိမ်း
    သွားနိုင်သေးတယ်။

  • ရဲစည်

    April 22, 2012 at 8:12 pm

    ပြည်သူလူထုရဲ့ ထောက်ခံမှုဆိုတဲ့ တံတိုင်းတစ်ခုတည်းနဲ့ ဂါးဗားမန့် အသော်ရတီတွေကို ချက်ချင်း ချိုးဖျက်လို့ မရပါဘူး…ကျွန်တော်တို့လုပ်တာ ပြည်သူ့အတွက်၊ပြည့်သူတွေရဲ့ ကိုယ်စား စတာတွေနဲ့ ကိုင်ပေါက်ပီး တဆက်ကြမ်းလုပ်လို့ မရသေးပါဘူး၊ အခုမှ ရန်သူ့ခြံစည်းရိုး ဖောက်နိူင်တုန်းပဲ ရှိပါသေးတယ် နည်းနည်း ငြင်ငြင်သာသာနဲ့ ဖြည်းဖြည်းခြင်း စမ့်ဝင်ရအုံးမှာပါ ဟိုဘက်ကလည်း သူတို့စနစ်တကျ ပြင်ဆင်ထား တွေကို ချက်ချင်းကြီး ပြောင်းပေးမယ်လို့ မထင်ပါဘူး၊ပိုဆိုးတာက စစ်တပ်ဖြစ်တဲ့အတွက် ခေါင်းမာပြီး တော်တော်နဲ့ မလျော့ပေးနိူင်လောက်ပါကြောင်း……ဒေါ်စုကြားခံနေလို့သာ ဒီအခြေအနေရောက်နေတာပါ ကိုယ့်လူတွေကို ကြာရင် မနိူင်ဖြစ်တော့ပါမယ်။

  • ကိုရဲစည်ပြောတာလေး“…ဒေါ်စုကြားခံနေလို့သာ ဒီအခြေအနေရောက်နေတာပါ ကိုယ့်လူတွေကို ကြာရင် မနိူင်ဖြစ်တော့ပါမယ်”
    ဆိုတာကို ထောက်ခံပါတယ်ခင်များ

Leave a Reply