“NLD ဘာဆက်လုပ်မလဲ”

yama nyaApril 23, 20121min25210

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကတိသစ္စာပြုချက်တွင် ပါဝင်သော စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိကြောင်း သတင်းထောက်များကို ပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကတိသစ္စာပြုချက်တွင် ပါဝင်သော စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိကြောင်း ယနေ့ ဧပြီလ ၂၃ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြောကြားခဲ့သည်ကို ကိုကားပြီး AFP သတင်းတွင် ဖေါ်ပြထားပါသည်။
လက်ရှိအချိန်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံသို့ (၅)ရက်ကြာ ချစ်ကြည်ရေးခရီး ရောက်ရှိ နေခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိမိအနေဖြင့် နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်အား လွှတ်တော်တွင် ကြိုဆိုချင်ပါကြောင်း သို့ရာတွင် လွှတ်တော်သို့ တက်ရောက်ခြင်း မတက်ရောက်ခြင်းမှာ သူမနှင့်သာ သက်ဆိုင် ပါကြောင်း သတင်းထောက်များအား တိုကျိုမြို့တွင် ပြောကြားခဲ့သည်ဟု အဆိုပါသတင်းတွင် ဖေါ်ပြထားပါ သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ တွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ထွန်းရေး အကောင်အထည် ဖေါ်မှုနှင့် ပတ်သက်၍ နောက်ကြောင်းပြန်လှည့် မည် မဟုတ်ကြောင်း၊ ပြည်သူများ၏ အကျိုးစီးပွားအတွက် တူညီသောလမ်းကို လျှောက်လှမ်းရန် ဒေါ်အောင် ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်လိုပါကြောင်းလည်း သတင်းထောက်များအား ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမ၏ ပါတီထက် ပြည်သူအတွက် အလုပ်လုပ်သင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်ကို ကိုးကားပြီ Jiji သတင်းတစ်ပုဒ်တွင် ဖေါ်ပြထားပါသည်။
(ELEVEN MEDIA မှ)

ဖွဲ ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကလည်း NLD တောင်းဆိုမှုကို ပြင်ပေးဖို ့ ငြင်းထားတယ် ။ အခု သမ္မတကလည်း ငြင်းလိုက်ပြီဆိုတော့ လွှတ်တော်ဘဲ ကျန်တော့တယ် ။ လွှတ်တော်မှာလည်း လွယ်မှာ မဟုတ် ဘူး ။ လွှတ်တော်မှာပါငြင်းလိုက်ရင် NLD ဘာဆက်လုပ်မှာလဲ ။ သမ္မတက ဂျပန်မှာ နိုင်ငံဖွံ ့ဖြိုးရေးအတွက် အကူညီများစွာရအောင် ဆောင်ရွက်နေချိန်မှာ NLD ရဲ ့ပြဿနာကို ငြင်းဆိုလိုက်တဲ့ အတွက် NLD ထောက်ခံ သူတွေအနေနဲ ့လည်း လမ်းပေါ်ထွက်လို ့ မဖြစ်နိုင်ဘူး ။ အခုမှ မင်းသားက လူကြမ်းဖြစ်ရမယ့် ကိန်းရောက်ပြီး ။ ဒါပေမယ့် ဒါဟာ အန်မတန် တန်ဖိုးရှိတဲ့ သင်ခန်းစာပဲ ။ လက်ရှိအစိုးရနဲ ့ ဆက်ဆံတဲ့ အခါ သူတို ့ဘက်က အသာစီးရချိန်မှာ စကားလုံး တစ်လုံးကအစ ပြင်ဖို ့ ခဲယဉ်းတယ်ဆိုတာ သဘောပေါက်သင့်ပြီ ။ ဒါကြောင့် အဖွဲ ့အစည်းအားလုံးဟာ နိုင်ငံကို အပြောင်းအလဲ လုပ်တဲ့အခါ ဘယ်အရာကိုမှာ လွယ်လွယ်မယုံဖို ့နဲ ့ စကား လုံး တစ်လုံးကအစ သတိပြုဆင်ခြင်ဖို ့ပြောပါရစေ ။ ဦးဉာဏ်ဝင်းပြောသလို ဒီလိုဖြစ်သွားတာ သူတို ့ရဲ ့ ကြို တင် မဖြေရှင်းခဲ့တဲ့ အားနည်းချက်ကြောင့်ပါပဲ ။ အစိုးရက အသာစီးရသွားတာပေါ့ ။ NLD အနေနဲ ့လည်း ပြည်သူတွေအတွက် အကောင်းဆုံးကို ဆုံးဖြတ်ပြီး ကြိုတင်မပြင်ဆင်ခဲ့မိလို ့ မိမိတို ့ရဲ ့ အားနည်းချက်လည်း မကင်းခဲ့တဲ့ ဒီဖြစ်စဉ်ကို သင်ခန်းစာယူပြီး နိုင်ငံအကျိုး ဒီထက် သယ်ပိုးနိုင် ပါစေ ။

10 comments

  • amatmin

    April 23, 2012 at 4:01 pm

    မပြင်ဆင်ပေးဘဲ လွှတ်တော်ထဲ ရောက်ရင်လဲ ဆက်ပြောရမှာတွေ အတွက် အခက်…
    ကိုကြောင်ကြီးပြောတဲ့ စစ်တပိုင်းအစိုးမရကလဲ သူ့ခွင်ထဲဝင်တော့ အပီထောက်ပီပေါ့..
    ပြုပြင်ပြောင်းလဲ ချင်ပါတယ်ဆိုတဲ့ ကိုယ့်ဆရာတွေ လုပ်နေပုံကတော့..
    ဂလိုနေရင်းနဲ့မိုးကြီးချုပ်တော့မယ်ထင်တယ်.. 🙁
    အော်လိုက် ဟစ်လိုက်ရတာ တိုင်းရင်းသားအရေးလေး ဘာလေးနဲ့ .
    နောက်ပြန်လှည့်ကြည့်တော့ ဒုံရင်းက.ဒုံရင်းပါလား ကိုယ့်ဆြာတို့ ရေ… 🙂

  • ကြောင်လေး

    April 23, 2012 at 5:22 pm

    သစ်ထူးလွင်မှာ ဒီသတင်းလေးထပ်တက်လာလို့ ကူးပေးလိုက်တယ်။

    ကတိသစ္စာပြုချက်တွင်ပါဝင်သော စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတင်းထောက်များသို့မပြောခဲ့ကြောင်း သမ္မတခရီးစဉ်နှင့်အတူလိုက်ပါသွားသော တာဝန်ရှိသူတစ်ဦးကပြောသည်။

    ဂျပန်နိုင်ငံသို့ ငါးရက်တာခရီးသွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုကျိုတွင်သတင်းထောက်များ၏ ဒေါ်အောင်ဆန်းစုကြည် မည်သည့်အချိန်တွင် လွှတ်တော် တက်နိုင်မည်လဲဟု မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာတွင် “ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲဝင်မလာတာ သူ့ရဲ့သဘောဆန္ဒပဲဖြစ်ပါတယ်။ လွှတ်တော်ကြီးကတော့ သူ့ကို ကြိုဆိုနေပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂျပန်စကားပြန်မှတစ်ဆင့် ဖြေကြားခဲ့သည်။ ထိုအဖြေမှာ အပြည့်အစုံဖြစ်ပြီး ကတိပြုချက်စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိဟု မဖြေခဲ့ကြောင်း၊ သတင်းဌာနများက မှားယွင်းဖော်ပြမှုသာဖြစ်ကြောင်းလည်း အဆိုပါတာဝန်ရှိသူက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

  • ကြောင်လေး

    April 23, 2012 at 5:33 pm

    ဒါလေး ထပ်တက်လာတယ်။

    သမ္မတ ဦးသိန်းစိန် ပြောဆိုချက်ပေါ် နားလည်မှုလွဲမှာခြင်းဖြစ်နိုင်ကြောင်း

    ဂျပန်နိုင်ငံတွင်ယနေ့ နေ့လည်ပိုင်းက သတင်းစာရှင်းလင်းပွဲတွင် သမ္မတ ဦးသိန်းစိန်က လွှတ်တော်တွင် ကျမ်းသစ္စာကျမ်းဆိုသည့်စာသားကို ပြင်ရန် သူ့တွင် အစီအစဉ်မရှိဟု ပြောခဲ့သည်မှာ မဟုတ်ကြောင်း ထိုသို့လုံးဝမဖြေခဲ့ကြောင်း၊ ထိုသတင်းစာရှင်းလင်းပွဲသို့ ကိုယ်တိုင်ကိုယ်ကျတက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။ ထိုသို့ရေးသားခဲ့သော နိုင်ငံတကာ သတင်းအချို့မှာ နားလည်မှုလွဲမှာခြင်းဖြစ်နိုင်ကြောင်း ယင်းကပြောသည်။

    ထိုရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက “ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲကိုဝင်ရောက်ဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ အချို့သောကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဝင်ရောက်လို့မရနိုင်ဘူးဆိုတဲ့ အခြေအနေမျိုးဖြစ်ပေါ်နေပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်တော့ သူ့အနေနဲ့လွှတ်တော်ထဲကိုဝင်လာနိုင်မှာလဲ၊ လွှတ်တော်အစည်းအဝေးကိုတက်ရောက်နိုင်မှာလဲ”ဟုမေးမြန်းခဲ့ရာ သမ္မတ ဦးသိန်းစိန်က “ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်ထဲကိုဝင်မလာတာ သူ့ရဲ့ သဘောဆန္ဒပဲဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကြီးကတော့ သူ့ကိုကြိုဆိုနေပါတယ်”ဟုသာပြန်ဖြေခဲ့ခြင်းဖြစ်သည်ဟု သူပေးပို့သော အသံဖိုင်အရ သိရသည်။ အမေးအဖြေများကို စကားပြန်မှတစ်ဆင့် ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

  • ကြောင်ကြီး

    April 23, 2012 at 6:09 pm

    စစ်အုစုပ်ချင်သူများဂလည်း အိန္ဒြေလေးနည်းနည်းတောင် မဆောင်နိုင်ဂျဘူး.. စုပ်ချင်လိုက်တာလည်း ပျာလို့…..။ ဒါမျိုးတွေနောက် အများဂျီးတွေ့ရအုံးမယ်…။ သတ္တိရှိဂျ၊ အချိန်အခါ သိဂျပါ… မိုးခြိမ်းတိုင်း ဖင်ဘူးတောင်းထောင် ဝပ်စရာ မလိုဘူး… 😆

  • ကြောင်လေး

    April 23, 2012 at 6:14 pm

    ဒါက တမျိုးထူးတဲ့သတင်း။

    ပြည်ခိုင်ဖြိုးပါတီက NLD ပြင်လိုသည့် အချက်အား ပြင်ဆင်မပေးနိုင်ဟုဆို

    USDP ပါတီအနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင်ပါဝင်သော အခြေခံဥပဒေ ဇယား(၄)ပါ ကတိသစ္စာပြုချက်(သို့) ကျမ်းသစ္စာ ဆိုချက် ပုံစံတွင်ပါရှိသည့် ရွေးချယ်ခံပြီး ကိုယ်စားလှယ်ဖြစ်ပါက ‘‘ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပြီး ’’ အစား ‘‘ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာမည်’’ ဆိုသော စကားရပ် ကို ပြင်ဆင်ပေးရန် အစီစဉ်မရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ၏ဗဟိုကော်မတီဝင် ဦးအောင်သောင်း က ရန်ကုန်မီဒီယာ ဂရုပ် သို့ပြောကြားသည်။

    ‘‘ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့တက်ရောက်နိုင်ရေး အတွက် ဒေါက်တာမြတ်ဉာဏစိုး နှင့် ဒေါက်တာအေးမောင်တို့က USDP ပါတီ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် အတွက် လုပ်ဆောင်ပေးစေလိုကြောင်း ပြောကြားခဲ့ သည့် အပေါ် ရန်ကုန်မီဒီယာဂရုပ် မှ ပြည်ခိုင်ဖြိုးပါတီ ၏ ဗဟိုကော်မတီဝင် ဦးအောင်သောင်းအား မေးမြန်းရာ အစီစဉ်မရှိပါကြောင်းကို အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။

    ‘‘ ကျွန်တော်တို့ အဲဒီစကားရပ်ကို ပြင်ဆင်ဖို့၊ တင်ပြဖို့ အစီအစဉ် မရှိပါဘူး၊ ဒီစကားရပ်က နိုင်ငံတိုင်း အသုံးပြုနေတဲ့ စကားရပ်ပါ၊ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရမယ်ဆိုတာ၊ နိုင်ငံသားတိုင်း ရဲ့တာဝန်ပါပဲ၊ ဒီဟာက ကြီးမားတဲ့ ပြဿနာတစ်ခု မဟုတ်ပါဘူး၊ ကျွန်တော်တို့ အနေနဲ့ နိုင်ငံတော် အကိုျးရှိစေမယ့် ၊ အမိုျးသားရေး အကိုျးရှိစေမယ့် ၊ ပြည်သူအကိုျးရှိစေမယ့် ၊ လွှတ်တော် အကိုျးရှိ စေမယ့် ဘယ်အကြောင်း အရာကို မဆိုထောက်ခံတင်ပြသွားဖို့ အဆင်သင့်ပါပဲ’’ ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းက ပြောကြားသည်။

    Yangon Media Group

  • yama nya

    April 23, 2012 at 6:38 pm

    တစ်ယောက်တစ်ပေါက်နဲ ့ စိတ်လေတယ် ။ ပြည်ခိုင်ဖြိုးပါတီက ဗဟိုကော်မတီဝင် ဦးအောင်သောင်းရဲ ့ အာဏာ ဘယ်လောက်ရှိလည်းတော့ မသိဘူး ။ သေချာတာက သူ ့နေရာမှာ အခြားတစ်ယောက်ဆိုရင် KIO/KIA နဲ ့ ငြိမ်းချမ်းရေးရတာ ကြာပြီး ။

  • ရွာစားကျော်

    April 23, 2012 at 9:55 pm

    နောက်ဆုံးရရှိတဲ့ သတင်းကတော့

    လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ အဖွဲ့ချုပ် လွှတ်တော်အမတ်များ ကျမ်းသစ္စာ ကျိန်ဆိုရန်အတွက် စာသားပြင်ဆင်ပေးရန် ကိစ္စအဆင်ပြေဖို့ များကြောင်းသိရှိရသည်…။ ယခု လတ်တလော ရက်သတ္တပတ် (၂)ပတ်ခန့်ကျင်းပမည့် လွှတ်တော်အစည်းအဝေး အတွင်း တက်ရောက်နိုင်ရန် အချိန်မှီကောင်း မှီနိုင်ကြောင်းလည်း သိရှိရပါသည်။

    ဒီမိုဝေယံဖေ့စ်ဘွတ်မှ

  • ကြောင်လေး

    April 24, 2012 at 6:44 am

    NLD လွှတ်တော် တက်ဖို့ ပြေလည်မှု မရသေး

    မြန်မာ သမ္မတ ဦးသိန်းစိန်
    ပြည်သူလူထု နဲ့ တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို လွှတ်တော်မှာ ဆွေးနွေး ဖို့ ဖြစ်နိုင်ခြေရှိပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ သတင်းထောက်တွေနဲ့ ဒီကနေ့ တွေ့ဆုံတဲ့အချိန် မြန်မာသမ္မတက အဲဒီလိုပြောခဲ့တာပါ။ အခုဖြစ်ပေါ်နေတဲ့ ကျမ်းသစ္စာကျိန်ဆိုတာမှာ စာသားပြောင်းလဲပေးဖို့ ကိစ္စဟာ အသစ်တခုမဟုတ်ဘဲ လုပ်ပေးဖို့အတွက် အခက်အခဲမရှိနိုင်ဘူးလို့ ယူဆတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တာဝန်ရှိသူတဦးကလည်း ပြောပါတယ်။
    ဂျပန်နိုင်ငံမှာရောက်နေတဲ့ သမ္မတဦးသိန်းစိန်က ဒီကနေ့ ဂျပန်မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ NLD ပါတီဘက် ကတင်ပြထားတဲ့ ကျမ်းသစ္စာ ကျိန်ဆိုတာမှာ စကားလုံး ပြင်ပေးဖို့ဆိုတာ နဲ့ပတ်သက်ပြီး သတင်းသမားတွေ မေးတာကို တိုက်ရိုက် မဖြေခဲ့ပါဘူး။ ဒါပေမဲ့လည်း လွှတ်တော်တက်ရေးကိစ္စဟာ NLD ပါတီကိုယ်တိုင်က ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပြီး အခြေခံဥပဒေပြင်ဆင်ရေးကတော့ လွှတ်တော်မှာ ဆွေးနွေးဖို့ ဖြစ်နိုင်ခြေ ရှိတယ်လို့ ဖြေဆိုခဲ့တာပါ။ ဒီသတင်းတွေကို စောင့်ကြည့်လေ့လာပြီး ဖတ်ရှုထားတဲ့ ဂျပန်နိုင်ငံသား ဝါရင့် သတင်းစာဆရာကြီး ဟိဆအို့ တနဘဲ့ (Hisao Tanabe) ခေါ် ဦးရွှေဘက ဗွီအိုအေကို အခုလိုပြောပါတယ်။
    “အဲဒီ ကိစ္စ အန်အယ်ဒီ ကိစ္စနဲ့ ပတ်သက် ပြီးတော့ အန်အယ်ဒီ အနေနဲ့ တောင်းဆိုနေတဲ့ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဖို့ ဘာညာ နဲ့ ပတ်သက်ပြီးတော့ သူက ဘာမှ မပြောဘူး။ မပြောပေမဲ့ ခုနက လွှတ်တော် ကို တက်မတက် ဆိုတာက ဒေါ်စု ကိုယ်တိုင် က ဆုံးဖြတ်ဖို့ ဖြစ်တယ် လို့ဘဲ ဖြေလိုက်တယ်။ နောက်ထပ် constitution အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီးတော့ generally speaking ဆိုတဲ့ သဘောနဲ့ သူပြောတာက ပြည်သူ ပြည်သားတွေ အကျိုးရှိစေဖို့၊ တိုင်းပြည်အတွက် အကျိုးရှိစေဖို့ ဆိုရင် အခြေခံ ဥပဒေကို ပြင်ဆင် ဖို့ဟာ ဖြစ်နိုင်ပါတယ်။ လွှတ်တော်မှာ ဆွေးနွေးမှာ ဖြစ်ပါကြောင်း ဖြေလိုက်တယ် တဲ့။”
    လွှတ်တော်ကိုယ်စားလှယ်အသစ်တွေ ကျမ်းသစ္စာကျိန်ဆိုတာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် ပါမည်ဆိုတဲ့ စာသားအစား လေးစား လိုက်နာပါမည်ဆိုတဲ့ စာသားနဲ့ ပြောင်းလဲ ပြင်ဆင်ပေးဖို့ NLD ပါတီဘက်က ကြိုးစားနေတာဖြစ်ပါတယ်။ ဒီကနေ့စပြီးကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေအမီ မပြီးပြတ် ခဲ့တဲ့အတွက်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီက ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော် မတက်ဖြစ်ခဲ့ကြပါဘူး။ ဘယ်တော့လောက် ပြေလည်မယ် ဆိုတာကို အတိအကျ မပြောနိုင်ပေမဲ့ ပြေလည်ဖို့အတွက်ကိုတော့ NLD တာဝန်ရှိသူတွေက ယုံကြည်နေဆဲပါ။
    “ဒီ ကိစ္စက ပြဿနာ အသစ်အဆန်း မဟုတ်ဘဲကိုး။ ကျနော်တို့ ပါတီ ရွေးကောက်ပွဲ ဝင်ဖို့ ကိစ္စ၊ ရွေးကောက်ပွဲ ဝင်ဖို့ ကိစ္စ ဖြစ်ပေါ်လာအောင် လိုအပ်သလို ပြုပြင်ပေးတဲ့ အတွက်ကြောင့် မို့လို့ အဲဒီလို ပြုပြင်ပေးတဲ့ ဟာမှာ ပေါ်မှာ မူတည်ပြီး မှတ်ပုံတင်တယ်။ ရွေးကောက်ပွဲ ဝင်တယ်။ ပြုပြင်ပြီးတဲ့ ကိစ္စ နောက်ပိုင်းမှာ ဆက်ပြုပြင်ဖို့ဆိုတာ သူတို့မှာ အခက်အခဲ ရှိစရာ အကြောင်း မရှိဘူးလို့ ယူဆပါတယ်။”
    NLD ပါတီရဲ့ ဗဟို ကော်မတီဝင်နဲ့ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ကနေ ရွေးကောက် တင်မြှောက်ခံ ထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဦးဝင်းထိန်ပါ။
    ဂျပန်မှာရှိနေဆဲ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးဟာ နောက်ကြောင်း ပြန်မလှည့်တော့ ပါဘူးဆိုပြီး ပြောတယ်လို့လည်း ဂျပန်သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
    ဒါပေမဲ့လည်း အခုပေါ်ပေါက်နေတဲ့ ကျမ်းသစ္စာ ကျိ်န်ဆိုရေး၊ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် NLD ကိုယ်စားလှယ် တွေ လွှတ်တော် တက်ရောက်နိုင်ရေးကိစ္စဟာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရမယ့် အခြေအနေထိ ဖြစ်နေတာကြောင့် သိပ်မကြာခင်မှာ ပြီးပြတ်မယ့်အခြေအနေမျိုး ခုချိန်ထိတော့ မတွေ့ရသေး ကြောင်းပါ။

    By ကျော်ကျော်သိန်း(ဗွီအိုအေ-မြန်မာပိုင်း)
    သစ်ထူးလွင် 4/24/2012 04:19:00 AM
    Labels: မြန်မာ့သတင်း

  • maungmoenyo

    April 24, 2012 at 10:07 am

    သေခြာတာတော့ ဒီကိစ္စက ဒေါ်စုကစတဲ့ကိစ္စ မဟုတ်ရေးချမဟုတ်ဆိုတာကို…။ စကားလုံး ရွေးချယ်ရာမှာဝါသနာထုံတဲ့ပုဂ္ဂိုလ်တချို့ရဲ့စေ့ဆော်ချက်လို့ကောက်ချက်ချရမှာပါဘဲ။ ၂၀၀၈ အခြေခံဥပဒေဟာ ပြစ်ချက်တွေ ရစရာမရှိအောင် ပြည့်နှက်နေတာ ကမ္ဘာသိဖြစ်နေတာပါ။ ဒီစကားလုံးလေး တလုံးနှစ်လုံး (“လေးစားလိုက်နာပါမည်” နဲ့ “ကာကွယ်စောင့်ရှောက်ပါမည်”) ဆိုတာတွေက လူထုသန်း(၆၀)ရဲ့ဘဝကိုနေ့ချင်းညချင်းပြောင်းလဲပေးမဲ့ကိစ္စတွေမဟုတ်ပါဘူး။ လွှတ်တော်မဝင်ခင်ကတည်းက စကားအသုံအနှုန်း၊ ကအစ NLD ပါတီရဲ့ မူဝါဒတွေပေါ်မှာအခြေခိုင်ခိုင်ရပ်တည်ဘို့ ဆိုတဲ့ အကြောင်းပြချက်မှာ၊ ဒီဝေါဟာရတွေရဲ့ ပြိုင်ဆိုင်အဓိပ္ပါယ်ဖွင့်ဆိုမှုတွေက၊ သိပ်အရေးကြီးတဲ့ နိုင်ငံရှေ့ရေးမှာ အနှောင့်အရှက်ကြီး၊ အတားအဆီးကြ့ိးဖြစ်မနေသင့်ပါဘူး။
    စိုးရိမ်မိတာက လွှတ်တော်၊ အစိုးရနဲ့ ဖွဲ့စည်ပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွေ က တုပ်တုပ်မလှုပ်ခဲ့ရင် ဆိုတဲ့ စိတ်က မောင်မိုးညိုရဲ့ရင်မှာ လွှမ်းမိုးနေပါတယ်။ နောက်တချက်က လူထုအကြားမှာ သပ်လျှိုစရာအဖြစ်မျိုးကိုမဖန်တီးမိဘို့သိပ်အရေးကြီးတဲ့အချိန်ရောက်နေပါတယ်။ (ခုတင်ဘဲ ပါတီထဲမှာ နှစ်ပိုင်းကွဲနေပါပြီ။) ပါတီပြောခွင့်ရ ဦးညဏ်ဝင်းကိုယ်တိုင် ဒီကိစ္စဟာ စစ်မျက်နှာဖွင့်တဲ့ကိစ္စမဟုတ်ကြောင်း ကာကွယ်ပြောရတဲ့အနေအထားရောက်နေပါတယ်။ အမျိုးသားရင်ကြားစေ့ရေးမှာ၊ အမဲကွက်မဖြစ်မိဘို့အရေးကြီးပါတယ်။ အတိုက်အခံတွေအပေါ် အစိုးရ နဲ့ ကြံ့/ဖွံ့ ပါတီရဲ့ အမြင်မကြည်မှုနဲ့တွေက လူထုဘက်ကိုကူးစက်မလာမိဘို့သိပ်အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။
    ကြားဘူးကြမယ်ထင်ပါတယ်။ အမေရိကလို ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံမှာရှိတဲ့ အမတ်တွေအပေါ်ပေးထားတဲ့နံမယ် – ဘာတဲ့ – filibuster တိုတာ…..။

  • ba gyi

    April 24, 2012 at 4:00 pm

    တစ်ချို့က သူ့သူငယ်ချင်းအမတ်ပူပူနွေးနွေးကလေးတစ်ယောက်ကိုနောက်ပြောင်တော့၊ အဲသည်အမတ်ကရယ်ပြီးပြန်ပြောတာ – အေးကွာခေါင်းပေါင်းလည်းဝယ်ထားပြီးနေပြီဆိုတော့၊လွှတ်တော်
    မတက်ရလည်း– ကွက်စိတ်ပဲဟောတော့မယ် ဆိုပဲ။
    တစ်ချို့က မှန်တယ်၊
    တစ်ချို့ကတော့ မဟာဗျူဟာ မှန်ပေမည့် နည်းဗျူဟာလွဲနေတယ်၊အချိန်လိုအပ်တယ်ပေါ့ အမျိုးမျိုးပါပဲ၊
    သည်အပေါ်မှာ တာဝန်အရှိဆုံး NLD မှ ပေါ်လစီမိတ်ကာတွေ မှာ- ရလျှင်ဘာလုပ်မယ်၊ မရလျှင်ဘာ လုပ်မယ်၊ပလမ် အေ၊ဘီ၊စီ စသဖြင့်ရှိပြီးသားဖြစ်ဘို့တော့လိုပါတယ်။
    အရေးကြီးတာ ပါတီအရေးထက် တစ်နိုင်ငံလုံးအရေးဖြစ်လို့၊ ဖွတ်မရ၊ဓါးမဆုံး မဖြစ်အောင်တော့ NLD ဆုံးဖြတ်ရပါမယ်။
    လက်ရှိအာဏာရ တွေရဲ့တိုင်းပြည်နှင့်ပြည်သူအပေါ်ဘယ်လောက်သဘောထားကြီးလည်း၊သေးလည်းဆိုတာကို မျက်ဝါးထင်ထင်ပြနိုင်ရုံနှင့်တော့ ၊သူတို့ဘက်ကခေါက်ရိုးကြိုးပြီးနေတဲ့၊နာက်ကွယ်မှ သူရို့ပေါ်လ စီ မိတ်ကာကြီးတွေရဲ့အရေးကပိုအားသာနေသေးတော့၊ အဖြေမှန်ထွက်ဘို့တော်တော်ခဲရင်းမှာပါပဲ။
    သူရို့ကတော့ Principle အတိုင်းမဟုတ်ပဲ Principal အလိုအတိုင်းသွါးမှာလို့ပဲသေချာနေပါတယ်၊ ဒါ့ကြောင့် ဆက်တိုက်ဘို့ရာ Principal ကိုနိုင်ဘို့ဟာ ဘာလည်းဆိုတဲ့ ကီး ကိုသိဘို့လိုပါတယ်၊ ဘယ်လို တိုက်တိုက်အနိုင်သေ ချာဘို့ လိုတယ်၊တရားတယ်။ဘာလို့လည်းဆိုတော့ မတရားမှုကိုတိုက်နေတာကိုး။

Leave a Reply