Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

2000 Group ( B-11 ) သဝဏ်လွှာ (၄၁) by May Aye Oo

Swal Taw YwetApril 23, 20121min2503

သဝဏ်လွှာ (၄၁) by May Aye Oo on Monday, April 23, 2012 at 5:12am ·

 

“ငါတို့ကို တိုင်းပြည်နှင့်သာသနာက လေးစားတယ်ဆိုတာ အများအကျိုးပြုလုပ်ငန်းတွေကြောင့်ပဲ၊

ငါကတော့ သာသနာ့ကျေးကျွန်အဖြစ်ခံယူပါရစေလို့ .. ၊  ဒီလိုပဲ ခံယူထားပါတယ်၊

ငါတပည့်တွေကိုလည်း ကိုယ့်သာသနာ ကိုယ့်ဘာသာအတွက်

အနစ်နာခံတဲ့စိတ်၊ စွန့်လွှတ်တဲ့စိတ်နှင့် အလုပ်လုပ်စေချင်တယ်

သီတဂူဆရာတော် ကြီး

ယဉ်ကျေးလိမ္မာသင်တန်း ၄၅/၂၀၁၂

အခမဲ့ဆေးခန်း နှင့် အင်္ဂလိပ်စာသင်တန်း

၂ရ – ၃ဝ ဧပြီလ ၂၀၁၂

လယ်ဘဲ့ကျေးရွာ၊ ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီး။

 

လယ်ဘဲ့ကျေးရွာဟာ၊ ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီးမှာ ရှိပါတယ်..။ မြန်မာနိုင်ငံ အလယ်ပိုင်းကျတာမို့ မိုးရှားတဲ့ အရပ်ပါ..။ မိုးရှားလို့လဲ.. စိုက်ပျိုးရေးမှာ အခက်အခဲရှိကြတာမို့ “ငွေ” မပေါတဲ့ ရွာကလေးပါ..။ အဲဒီကြားထဲ ပြီးခဲ့တဲ့ ၂ လ လောက်က မီးလောင်သွားသေးတာမို့ ပိုပြီး အဆင်မပြေ ဖြစ်သွားကြတာပေါ့..။ လယ်ဘဲ့ရွာကို သွားရင် ရန်ကုန်-ပြည် ကားကိုစီး၊ ပြီးတော့ ပြည်ကနေ မြောက်နဝင်းဆည်ဖက်ကို ၃၅ မိုင်လောက် ဆက်မောင်းရပါတယ်..။

ဒီ ၂၀၁၂ နှစ်ဆန်းပိုင်းမှာကတည်းက ကျမကို ကျောက်ကွင်းရွာမှာ လာတွေ့ပြီး သူတို့ရွာက ကလေးတွေ အတွက် ယဉ်ကျေးလိမ္မာ သင်တန်းကလေး ဖွင့်ပေးဖို့ မေတ္တာရပ်လာပါတယ်..။ ကျမလဲ ဖြစ်နိုင်မဲ့ရက် ရှာပြီး ဧပြီ ၂၇-၃ဝ ကိုပေးထားပါတယ်..။ ကျမ မှာလဲ နွေခါ ဆိုရင် သင်တန်းတွေက ဆက်နေတော့ ရက်တွေလဲ ကြပ်၊ fund ကလဲ shortage ဖြစ်ရုံမကဘဲ minus ပြနေပြီလေ..။ ကျမက သူတို့ကို “ကလေးတွေ ကို နေ့လယ်စာ ကျွေးဖို့တော့ တာဝန်ယူပေးပါ..” လို့ ပြောခဲ့ပါတယ်..။  သူတို့ကလဲ ကျမဆီက “သင်တန်း လုပ်ပေးပါ့မယ်..” ဆိုတဲ့ စကားသာ ရရင်.. ဘာဘဲဖြစ်ဖြစ်၊ ဘာအခက်အခဲဘဲ ရှိရှိ၊ ရအောင်ကြိုးစားကြမယ်.. လို့ ဆုံးဖြတ်ကြ ပါသတဲ့..။

 

ဒါပေမဲ့.. ဒီကြားထဲမှာ ရွာ မှာ မီးလောင်လိုက်တော့ .. တော်တော် ကသီလင်တ ဖြစ်သွားကြပြီး.. အဆင်မပြေကြဘူးဆိုပါတော့..။ ဒါပေမဲ့ ကျမကို ဖုန်းဆက်ပြီးပြောကြပါတယ်..။ သင်တန်းကို ဖြစ်အောင်လုပ်ပါမယ်.. တဲ့..။ သူတို့ရွာက ကလေးတွေ အကျိုးအတွက်မို့ပါ..တဲ့..။ ဘာလို့လဲ ဆိုတော့ ကျမ က “ရက်” ပေးထားတုန်း ရအောင် လုပ်ချင်ကြတာပါ..။ ကျမ ကလဲ နွေရာသီ ဆိုရင် သင်တန်းတွေက ဆက်တိုက်လို ဖြစ်နေတော့တာ..။ သင်တန်း လုပ်ဖူးပြီးသား မြို့တွေ၊ ရွာတွေ ကလဲ အမြဲဘဲ ထပ်လာစေချင်..၊ သင်တန်း မလုပ်ဖူးသေးတဲ့ မြို့တွေ၊ ရွာတွေ ကလဲ လာစေချင်မို့ တစ်နှစ်ထက် တစ်နှစ် အလုပ်တွေက လျော့မသွားဘဲ တိုးတိုး လာ တာမို့ ခွင့်ရက်နဲ့ အမြဲ ချိန်ဆ နေရတာကို.. သူတို့ကလဲ သိကြတယ်..ကိုး..။

ပြီးခဲ့တဲ့ တစ်ပါတ်ကတော့ လယ်ဘဲ့ရွာကနေ ဖုန်းဆက်လာပါတယ်..။ ဆရာမရေ.. သင်တန်းလုပ်ဖြစ်ပါတယ်..နော်.. တဲ့..။ ဟုတ်ကဲ့ ကျမတို့ လာဖို့ စီစဉ်ထားပါတယ်..။ ကလေး ဘယ်နှစ်ယောက် လက်ခံ မှာလဲ.. ဆိုတော့..။ ကလေးက တစ်ကယ်လက်ခံချင်တာ ၁၅ဝ ပါ ဆရာမရေ..။ ဒါပေမဲ့ ထမင်းကျွေးဖို့ မတတ်နိုင်လို့ ၁၀ဝ ဘဲ လက်ခံရတော့ မှာ..။ ရွာမှာ မီးလောင်ထားတော့ စီးပွားရေးလဲ ခက်ခဲသွားတာပေါ့.. ဆရာမရေ..လို့ ပြောပါတယ်..။ ကျမလဲ ရင်ထဲ မကောင်းဘူး..။ ဒါနဲ့ ကလေး ၁၅ဝ တော့ လက်ခံလိုက်ပါ..။ ထမင်းကျွေးတာ အဆင်ပြေအောင် လုပ်ပေးပါ့မယ်..၊ နိဗ္ဗာန်ဈေးလဲ ကျမတို့ဘဲ လုပ်ပေးပါ့မယ်.. လို့ ပြန်ပြောလိုက်ပါတယ်..။

ကလေး ၁၅ဝ အတွက် ထမင်းကျွေးဘို့ နေ့လယ်စာ ၁ နပ်ကို ၇၅၀၀ဝ ကျပ်ပါ..။ ကလေးများအတွက် အာဟာရ၊ ပညာရေး၊ ကျန်းမာရေး၊ အသိပညာတိုးရေးသာမက၊ စိတ်ဓါတ်အင်အားတွေကိုပါ.. ရစေအောင်လို့ လှူချင်ကြပါတယ်.. ဆိုရင်..

 

နေ့လယ်စာ ၁ရက် ၇၅၀၀ဝကျပ် × ၃ ရက် = ၂၂၅၀၀ဝ ကျပ်

ဗလာစာအုပ် ၁ ဒါဇင် ၁၈၀ဝ × ၅ဝ = ၉၀၀၀ဝ ကျပ်

Pocket Dictionary ၁၂၀ဝ × ၁၅ဝ = ၂၇၀၀၀ဝ ကျပ်

အခမဲ့ဆေးခန်း ဆေးဝယ်ရန် = ၁၅၀၀၀ဝ ကျပ်

ကွန်ပါဘူး ၁၂၀ဝ × ၂ဝ = ၂၄၀၀ဝ ကျပ်

Color Pens ၁၂၀ဝ × ၂ဝ = ၂၄၀၀ဝ ကျပ်

ဘောပင် ၁၀ဝ × ၁၈ဝ = ၁၈၀၀ဝ ကျပ်

Flexiable Rulers ၃၅ဝ × ၂ဝ = ၇၀၀ဝ ကျပ်

Lollipop ၁ဗူး ၄၀၀ဝ × ၃ဗူး = ၁၂၀၀ဝ ကျပ်

Good Morning ပေါင်မုန့် ၂၀ဝ ×၁၁၅ = ၂၃၀၀ဝ ကျပ်

နိဗ္ဗာန်ဈေးတွင် အအေးတိုက်ရန် ၈၀၀ဝ ကျပ်

 

 

လဲနေသူ ထူပေးပါ၊

အားငယ်သူ အားပေးပါ..၊

ရေထဲကလူ ဆယ်ယူပါ၊

အကူအညီပေးပါ…။ ဆိုသလိုဘဲ ..

 

ကျမတို့ ဝိုင်းဝန်းလိုက်ကြပါစို့လား.. ရှင်..။

ပညာရေး.. ကူညီလိုသူများ..

အာဟာရ လှူချင်သူများ ..

ကျန်းမာရေး.. အလှူပေးချင်သူများ..

ဗုဒ္ဓသာသနာပြုချင်ကြသူ မိတ်ဆွေများ…

မြန်မာ နှစ်ဦးမှာ ဒါန ပြုချင်သူများ ..

စိတ်ဝင်စားကြသူ ..  လှူချင်ကြသူ..  ကူချင်ကြသူ .. အလှူရှင်များ  2000.donation.group@gmail.com   သို့ ဆက်သွယ်ပါရှင်..။

 

အလှူရှင် များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

အလှူခံ များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

လိုအပ်သူတိုင်းကို ပေးလှူနိုင်သောသူ ဖြစ်ရပါလို၏ …. …။

 

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com

 

GIVE THE WORLD THE BEST YOU HAVE !

P.S – ကျမရဲ့  notes  များကို..  Share  လိုပါက ခွင့်တောင်းရန် မလိုပါ..   Share   နိုင်ပါသည်.. ရှင်….။

 

Dear Readers and MG villagers,

One of our MG villagers is calling for support.

It is not for herself, it is only for the needy people.

Please try to support by share/ distribute this info to your surrounding as much as you can.

Unity is strength.

 

Let’s try our best for our mother land.

With respect,

Swal Taw Ywet.

3 comments

  • weiwei

    April 23, 2012 at 11:51 pm

    ဒီနေ့ပဲ ခရီးစဉ်တွေကို ကိုယ်တိုင်လိုက်ပြီး ပရဟိတဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဝင်တစ်ဦးနဲ့ တွေ့ဆုံခဲ့သေးတယ် … ရန်ပုံငွေနဲနေတယ်လို့ သိရလို့ တတ်နိုင်သလောက် လှူဒါန်းဖြစ်ခဲ့ပါသေးတယ် …

    • Swal Taw Ywet

      April 27, 2012 at 11:14 pm

      Dear Sister, Wei Wei,
      Thanks for your supporting for 2000 Group.
      They need our support URGENTLY.
      I also sent my donation for upcoming trip.
      Really thank you.
      Wishing for you to be in good health and good wealth.

      Let’s try our best for our mother land.
      With respect,
      Swal Taw Ywet.

  • ကြောင်ကြီး

    April 24, 2012 at 8:54 am

    မင်န်ဘာအသစ်များ လက်ခံနေပါပြီ..။ ပြည်ပနေသူများလည်း တနှစ်စာ ၂၄၀၀ဝ သို့မဟုတ် ခြောက်လစာ ၁၂၀၀ဝ ကို အကြောင်းအမျိုးမျိုးနဲ့ အိမ်ပြန်ငွေလွှဲတဲ့အခါ ပါဝင်လှူဒါန်းနိုင်ဂျပါဒယ်..။

Leave a Reply