Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

jokes

zaylayJune 14, 20101min1660

(၁)မင်းမှာ အချိန်အားလေးများရှိရင် ငါ့ဆီကို ဖုန်းခေါ်ပါလားကွာ။
ကိစ္စအထွေအထူးတော့ မရှိပါဘူး။ ဒါပေမယ့် ငါ့သူငယ်ချင်းတွေက မင်းအသံကို
နားထောင်ချင်ကြတယ်လေ…။
မျောက်တွေ စကားပြောတတ်တယ်ဆိုတာကို သူတို့က မယုံကြဘူးကွ။ ဒါကြောင့်ပါ။

(၂)
ကျွန်တော့်ကို မြန်မာပြည်မှာ ရုပ်အဆိုးဆုံးဆိုပြီး ရဲစခန်းတစ်ခုမှာ ဖမ်းထားကြပါတယ်။
မိတ်ဆွေအနေနဲ့ ရဲစခန်းကို လိုက်လာပြီး သူတို့တွေ မှားတယ်ဆိုတာ
သက်သေပြပေးပါလားဗျာ။

(၃)
မင်းကိုမြင်တွေ့ချင်လိုက်တာမှ တစ်ပိုင်းကိုသေနေတာပါပဲကွာ….
မင်းကိုလည်း စကားတွေအများကြီးပြောချင်တယ်…
.
ဒါပေမယ့် မင်းဆီကို ငါလာလို့ မရဘူးဖြစ်နေတယ်….
အကြောင်းကတော့…. ဂိတ်မှာစောင့်နေတဲ့ကောင်က တိရစ္ဆာန်ရုံထဲကို
လက်မှတ်မပါဘဲ ဝင်လို့မရဘူးလို့ တားနေလို့ပါ…..။

(၄)
ချစ်သူက ဖုန်းဆက်ရင်းပြောတယ်….။ လာမယ့် စနေနေ့ သူတို့အိမ်မှာ ဘယ်သူမှ
မရှိကြဘူးတဲ့……။
ကျွန်တော်သေသေချာချာ စဉ်းစားတယ်…..။ ပြီးတော့ ဆုံးဖြတ်လိုက်တယ်….။
စနေနေ့မှာ ကျွန်တော် ချစ်သူရဲ့ အိမ်ကို ရောက်အောင်သွားခဲ့ပါတယ်….။

ချစ်သူပြောခဲ့သလိုပါပဲ…. သူတို့အိမ်မှာ ဘယ်သူမှ မရှိကြဘူး…..
တံခါးပေါက်မှာ သော့အကြီးကြီးခတ်လို့ပေါ့….။

(၁)
အင်မတန်ချောမောပြီး ယောက်ျားပီသတဲ့ လူတစ်ယောက်ကိုတွေ့ရင်
မင်းဘာလုပ်မလဲလို့ သူငယ်ချင်းတစ်ယောက်ကမေးတယ်။

ခင်ဗျားကိုလည်း ကျွန်တော်က အဲဒီမေးခွန်းပြန်မေးချင်တယ်။
ကျွန်တော့်အဖြေလား။ ခင်ဗျားစိတ်ဝင်စားရင် ပြောပြမယ်။
အဲဒီလူကို ကျွန်တော်သေသေချာချာကို စိုက်ကြည့်မယ်။
ကျွန်တော့်မျက်လုံးတွေ ဘယ်ကိုမှ မရွှေ့ဘဲ အဲဒီလူကို စိုက်ကြည့်နေမယ်။

စိတ်ထဲမှာလည်း အတော်ကို ဥပဓိရုပ်ကောင်းတဲ့လူပါလားဆိုပြီး ချီးကျူးနေမယ်။
ဒီလူလောက်ချောမောပြီး ယောက်ျားပီသတဲ့လူ ဒီကမ္ဘာပေါ်မှာ
ရှိမှရှိပါ့မလားလို့လည်း တွေးနေမယ်။
ပြီးရင် ကျွန်တော်ပြုံးပြမယ်။
ထပ်ပြီးပြုံးဦးမယ်။
အဲ… အဲဒီလူကိုစိုက်ကြည့်နေရတာ အတော်လေးကို ကျွန်တော်ပင်ပန်းသွားပြီဆိုပါတော့ဗျာ။

ဘာလုပ်မလဲ… ဟုတ်လား။
ဘာလုပ်ရမလဲဗျ။ ကျွန်တော့်လက်ထဲမှာကိုင်ထားတဲ့ မှန်ကို
အောက်ချရတော့မှာပေါ့။ မှန်ကို ကျွန်တော်အကြာကြီး ကိုင်မထားနိုင်ဘူးလေဗျာ။

(၂)
သင့်ရဲ့ အောက်နှုတ်ခမ်းကို သင့်ရဲ့လျှာနဲ့ ထိလို့မရဘူးဆိုတာ သင်သိရဲ့လား။

……
………
………….
…………………….

(၃)
This cat is cat a cat good cat way cat to cat keep cat a cat idiot cat
busy cat for cat 20 cat seconds cat!

ဘာအဓိပ္ပါယ်မှ မရှိဘူးဟုတ်လား။ ခဏနေပါဦးဗျာ။
အခု… အဲဒီအပေါ်က အင်္ဂလိပ်စာကြောင်းကို cat ဆိုတာတွေ ဖြုတ်ပြီး
ပြန်ဖတ်ကြည့်ပါဦး။ တစ်ခုခုများအဓိပ္ပါယ်ရှိလာမလားလို့ပါ။ း)

(၄)
ချစ်သူရေ…

မင်းနာမည်ကို သဲသောင်ပြင်ပေါ်မှာ ငါရေးခဲ့တယ်။ ဒါပေမယ့် ရေတွေက
အဲဒီနာမည်ကို ဖျက်ဆီးပစ်ခဲ့တယ်။
မင်းနာမည်ကို လေထဲမှာ ငါရေးခဲ့တယ်။ ဒါပေမယ့် လေနဲ့အတူ အဝေးကို
လွင့်ပါပျောက်ကွယ်သွားခဲ့ရတယ်။
အဲဒါကြောင့်… မင်းနာမည်ကို ငါ့အသည်းနှလုံးမှာ ရေးထိုးလိုက်တယ်။

အခု ငါနှလုံးရောဂါရနေပြီလေ…..။

(၅)
ငါဗိုက်ဆာနေတာကို ဘုရားသခင်မြင်တယ်။ အဲဒီအတွက် ပီဆာတစ်ခု ဖန်ဆင်းပေးခဲ့တယ်။
ငါရေဆာနေတာကို ဘုရားသခင်မြင်တယ်။ အဲဒီအတွက် ပက်ပ်စီကို ဖန်ဆင်းပေးခဲ့တယ်။
ငါမှောင်မိုက်နေတာကို ဘုရားသခင်မြင်တယ်။ အဲဒီအတွက် အလင်းရောင်ကို ဖန်ဆင်းပေးခဲ့တယ်။

ငါအေးအေးချမ်းချမ်းနဲ့ အပူအပင်ကင်းနေတာကို ဘုရားသခင်မြင်တယ်။ အဲဒီအတွက်
မင်းဆိုတဲ့ ချစ်သူတစ်ယောက်ကို ဖန်ဆင်းပေးခဲ့တယ်။

Tags: jokes