မဖြစ်လောက်တာလေးမျာ;
* စာပို့မယ် ကြာပန်းစောင့်နတ်သမီးလေး ရဲ့နတ်ဘလော့တွေကိုကြည့်မယ်
သတို့သားနဲ့ သတို့သမီးတို့ မိဘတွေ၊ ဒေါပွ နေကြလေရဲ့။ အကြောင်းကြောင်းကြောင့်
ဝါမဝင်မီ ကပ်ပြီး ဖုတ်ပူမီးတိုက် မင်္ဂလာဆောင် ပေးကြရတာ။ ဒါပေမဲ့ လာရောက်
ချီးမြှင့်တဲ့ ပုဂ္ဂိုလ်တွေကို မြို့ရဲ့အထင်ကရ ဟော်တယ်မှာ ခမ်းနားစွာ
ဧည့်ခံရတယ်။ အဆင်ပြေတယ်။ ဒံပေါက်ကျွေးပြီး ရေခဲမုန့်ပါ ထပ်ဆင့် ကျွေးမွေးတယ်။
အဆင်ပြေတယ်။ ခြုံငုံ ပြောရရင် (စောင်၊ ပုဆိုး ခြုံပြီး ကွမ်းငုံသည်ကို
မဆိုလိုပါ။) အားလုံး အဆင်ပြေတယ်။ Butသို့သော် လည်း ကမ်းတဲ့ လက်ဆောင်ပစ္စည်းက
အဆင်မပြေဘူး။ စိန်ချယ်ပန်း ၃-၄ ပွင့်နှီးနဲ့ ချည်ပြီး စီးကရက် တစ်လိပ်ပဲ
ကမ်းရတာ။ အမှန်တကယ် ကမ်းဖို့ စီစဉ်ထားတာက ယပ်တောင် လှလှလေးတွေ။ အဲဒါတွေက
ခန်းမရဲ့ ထောင့်ထဲမှာပုံလို့။ လုပ်ပြီးမှ မကမ်းဖြစ်တာ။ သတို့သား သတို့သမီး
မိဘတွေက ဒါကို ဒေါပွ နေကြတာ။ ကမ်းမယ့် ယပ်တောင် အော်ဒါလက်ခံပေးတဲ့
ပုံနှိပ်တိုက်ပိုင်ရှင်လည်း မျက်နှာကို ပျက်လို့။ မင်္ဂလာဆောင်တွေကများ၊
အော်ဒါတွေက မပြတ်လက်ခံ နေရတာမို့ ဒီမင်္ဂလာဆောင် အတွက် ယပ်တောင်တွေတောင် မနေ့က
ညခင်းကမှ ရတာ။ ပြန်ပြင် လုပ်ပေးချိန်ကလည်း မရတော့ဘူး။ ပုံနှိပ်တိုက်
ပိုင်ရှင်ကြီးဟာ သူ့တိုက်ပြန်သွားပြီး အလုပ် သမားတွေကို ယမ်းပုံမီးကျ
ဆူပူကြိမ်း မောင်းတော့တာပေါ့။ “ဘယ့်နှယ်ကွာ အသုံး မကျတဲ့ ကောင်တွေ၊ စာစီတဲ့
ကောင်၊ ယပ် တောင်ကပ်တဲ့ ကောင်၊ ယပ်တောင်စည်းတဲ့ ထုပ်တဲ့ကောင်၊ ဘယ်မအေ ကောင်မှ
ဒီအမှားကို မမြင်ကြရအောင် မင်းတို့ သောက်လုံးတွေ အကုန်ကန်း နေကြသလား။ ဟင် မအေ၊
နှမ၊ ငါမသားတွေ” “ဆရာရယ် မင်္ဂလာယပ်က လှနေတာပဲ ဟိုဖက် ဒီဖက် ပန်းကနုတ်တွေ၊
ဒီဇိုင်း စာလုံး ပုံစံသစ်တွေနဲ့ ဘာများဖြစ်လို့လဲ” လို့ စာစီသူက မေးလိုက်တော့
“ဟဲ့ ဆဲမနာကောင်တွေ၊ ရော့ နင်တို့ ယပ်တောင်၊ နင်တို့ ပြန်ကြည့်၊ တစ်လုံးချင်း
ပြန်ဖတ်ကြည့်” ဆိုပြီး တိုက်ပုံခါးကြားထဲ ထိုး ထည်လာတဲ့ ယပ်တောင်ကို ကိုင်ပေါက်
ပြလိုက်တော့ ယပ်တောင်ကို ကောက်ပြီး ပြန်ဖတ်တဲ့ အခါ။ “သားနှင့် သမီးတို့၏ မင်္ဂလာ
ပွဲကို ကြွရောက် ချီးမြှင့် ကြပါသော မိတ်သင်္ဂဟအပေါင်းအား လှိုက်လှဲစွာ
ကျေးဇူးတင်ရှိပါသည်။ နှစ်ဖက်သေ မိဘများ”တဲ့ “အော် ဒါများ ဆရာရယ် နှစ်ဖက်သောမှာ
ရေးချ (-ာ) လေးလို သွားတာ၊ မဖြစ်လောက်ပါဘူး”တဲ့ ဗျာ။ ကောင်းရော။