Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

၂၀၁၂ ခုနှစ်၊ မေဒေးနေ့အတွက် ထုတ်ပြန်သော မြို့ပြလိင်လုပ်သားများစာတမ်း

ငွက္ကေလးMay 2, 20121min90015

http://www.facebook.com/notes/ko-phoe-phyu/%E1%81%82%E1%81%80%E1%81%81%E1%81%82-%E1%80%81%E1%80%AF%E1%82%8F%E1%80%BD%E1%80%85%E1%80%B9-%E1%80%B1%E1%80%99%E1%80%B1%E1%80%92%E1%80%B8%E1%80%B1%E1%80%94%E1%82%94%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9-%E1%80%91%E1%80%AF%E1%80%90%E1%80%B9%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC-%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%BB%E1%80%95%E1%80%9C%E1%80%AD%E1%80%84%E1%80%B9%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%9E%E1%80%AC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%85%E1%80%AC%E1%80%90%E1%80%99%E1%80%B9%E1%80%B8/349759431750981 မှကူးယူဖော်ပြခြင်းဖြစ်ပါသည်။

 

တိုင်ရီ ဖိနပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း

Tai Yi Shoes Factory

Basic Labour Organization

ရုံး – အမှတ်-၁၈၅၊ ၃-လွှာ၊ (ညာ) ဘက်၊ အတွင်းခန်း၊ အခန်း (၂)၊ ၃၈-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ဝ၁-၃၈၉၂၉၆

 

၂၀၁၂ ခုနှစ်၊ မေဒေးနေ့အတွက် ထုတ်ပြန်သော

မြို့ပြလိင်လုပ်သားများစာတမ်း      

အလုပ်ရှင်အလုပ်သမား ဆက်ဆံရေး

အနှိပ်သည် အလုပ်သမလေးတွေဟာ အနှိပ်ခန်းပိုင်ရှင်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိနေကြပါတယ်။ နေရေး၊ ထိုင်ရေး၊ စားသောက်ရေးကအစ အနှိပ်သည် အလုပ်သမလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာထိ အနှိပ်ခန်းပိုင်ရှင်တွေက လွှမ်းမိုးမှုရှိနေကြ ပါတယ်။ အနှိပ်သည်အလုပ်သမတွေဟာ အနှိပ်ခန်းပိုင်ရှင်ထံမှ အနိမ့်ဆုံးလစာကို ရကြပါတယ်။ အနည်းဆုံး ကျပ်ငွေ နှစ်သောင်းမှ သုံးသောင်းထိ လခရတတ်ကြပါတယ်။ ဧည်သည့်နှင့် နှိပ်ချိန်တစ်ချိန်ကို တစ်နာရီ (သို့မဟုတ်) ၄၅ မိနစ် သတ်မှတ်ထားပြီး နှိပ်ချိန်တစ်နာရီချင်းစီအပေါ်မှာ ကော်မရှင်ရတာ ဖြစ်ပါတယ်။ နှိပ်ချိန်တစ်ချိန်ကို ကျပ်ငွေသုံးထောင် သတ်မှတ်လေ့ရှိပြီး အဲဒီတစ်ချိန်အတွက် အနှိပ်သည်အလုပ်သမလေးက ကော်မရှင်ခ ကျပ်ငွေ ငါးရာ (သို့မဟုတ်) တစ်ထောင် ရတတ်ပါတယ်။ တစ်လလုံးမှာ လခနှင့် ကော်မရှင်ပေါင်းရင် ကျပ်ငွေ ခုနစ်သောင်း (သို့မဟုတ်) ရှစ်သောင်း ရလေ့ရှိပါတယ်။ ဧည့်သည်များတဲ့ အနှိပ်သည် အလုပ်သမအမျိုးသမီးတွေဆိုရင် ကျပ်ငွေ တစ်သိန်းကျော်ထိ ရတတ်ပါတယ်။ ဒီနေရာမှာ ထူးခြားတာက အနှိပ်သည် အလုပ်သမလေးတွေဟာ အခြေခံလစာကို ရရှိနေတယ်။ အကျိုးခံစားခွင့်အနေနဲ့ ကော်မရှင်ခကို ရနေတယ်။ အနှိပ်ခန်းလုပ်ငန်းခွင်စည်းကမ်းတွေကို လိုက်နာနေရတယ်။ ဒါကြောင့် အလုပ်ရှင် အလုပ်သမား ဆက်ဆံရေး ရှိနေ တယ်လို့ ရှုမြင်ရမှာဖြစ်ပါတယ်။ အနှိပ်ခန်းတွေဟာ မြန်မာပြည် တည်ဆဲဥပဒေ (ဥပမာ – ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၃ဝ (ဃ) အရ တရားမဝင်ပေမယ့် အဲဒီ တရားမဝင်တဲ့ အနှိပ်ခန်းတွေမှာ အလုပ်လုပ်နေရတဲ့ အလုပ်သမလေးတွေကတော့ အလုပ်သမား ဥပဒေအမြင်အရဆိုရင် အလုပ်ရှင်အလုပ်သမားဆက်ဆံရေး ဖြစ်ပေါ်နေလို့ ဒီကိစ္စကို လုပ်သားရေးရာကဏ္ဍထဲ ထည့်သွင်း စဉ်းစားရပါမယ်။

လိင်မှုဆိုင်ရာအဓမ္မ အလုပ်စေခိုင်းမှု

အနှိပ်သည်သီးသန့်အလုပ်ကိုလုပ်သူနှင့်­­ လိင်ဆက်ဆံဖြစ်လာအောင် ဖိအားပေးခြိမ်းခြောက်တာ၊ ဆူပူကြိမ်းမောင်းတာ၊ လူ့ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြုမူပြောဆိုတာ၊ ဧည့်သည်က ဆက်ဆံလိုကြောင်း တောင်းဆိုသောအခါ ငြင်းဆန်ရင် ငြင်းဆန်ခွင့်မရှိအောင် ဖိအားပေး စည်းကမ်းချက်ထုတ်တာမျိုး (ဥပမာ – ဧည့်သည်က လူလဲခိုင်းလျှင် ဒါမှမဟုတ် ဧည့်သည်က အချိန်မစေ့ဘဲ ပြန်ထွက်သွားလျှင် လိင်မဆက်ဆံတဲ့အတွက် လစာဖြတ်ခြင်း၊ ဒဏ်ကြေးချမှတ်ခြင်း၊ အနှိပ်ချိန်ခံစားခွင့်ကော်မရှင် ဖြတ်တောက်ခြင်း) တို့ဖြင့် ဖိအားပေးပါတယ်။ ဒါကလည်း အဓမ္မအလုပ်စေခိုင်းမှုတစ်မျိုး ဖြစ်ပါတယ်။

ဒုတိယတစ်မျိုးကတော့ အိပ်စက်နားနေချိန်ကို အတိအကျ သတ်မှတ်မပေးထားတာပဲဖြစ်ပါတယ်။ နေ့ဘက် ဧည့်သည် လာရင်လည်း အနှိပ်ခန်းရှိ လူကုန် ဧည့်သည်ရှေ့ထွက် မတ်တပ်ရပ်ပြရတယ်။ နေ့အချိန်မို့ ပြဿနာမရှိပေမယ့် ညဉ့်သန်းခေါင်ကျော် ဧည့်သည်လာရင်လည်း လူကုန်ထွက်ရပ်ရပြန်တယ်။ ဧည့်သည်က ရွေးရွေး၊ မရွေးရွေး ထွက်ပြီး မတ်တပ် ရပ်ပြရတယ်။ အိပ်ချိန်ကို ကိုယ်ပိုင်ရွေးချယ်ခွင့်မရှိဘူး။ ဧည့်သည်ဆက်တိုက်လာနေသရွေ့ တစ်ညလုံး ထွက်ထွက်ပြီး မတ်တပ် ရပ်ပြရတဲ့အတွက် အိပ်ချိန် နားချိန် မရှိဘူး ဖြစ်လာတယ်။ ဧည့်သည်ရဲ့ ရွေးချယ်မှုကိုလက်မခံဘဲ၊ ထွက်ပြီး မတ်တပ်မရပ်ဘဲ အိပ်နေမယ်ဆိုရင်လည်း အတင်းအဓမ္မနှိုးပြီး ထွက်ရပ်ခိုင်းတယ်။ ကိုယ်ပိုင်လွတ်လပ်စွာရွေးချယ်ခွင့်မရှိဘဲ စေခိုင်းခံရတဲ့အတွက် အဓမ္မအလုပ်စေခိုင်းမှု မြောက်တယ်။

အနှိပ်ခန်းလိင်လုပ်သားတွေရဲ့ ကွန်ဒုံးသုံးစွဲနိုင်မှု ရှိ/မရှိဆိုတဲ့ အခြေအနေဟာ လုပ်ငန်းခွင်အခြေအနေနဲ့လည်း တိုက်ရိုက်ပတ်သက်နေတယ်။ ဖိအားများတဲ့ အနှိပ်ခန်းလုပ်ငန်းခွင်အခြေအနေမျိုးမှာ လိင်လုပ်သားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်မှု မြင့်မားနေတယ်။ ယဉ်ကျေးမှုနဲ့လည်း ပတ်သက်နေတယ်။ မြန်မာ့လူနေမှုစရိုက်နှင့် ယဉ်ကျေးမှုအသိုင်းအဝိုင်းမှာ လိင်မှုလုပ်ငန်းကို ရှက်ဖွယ်လုပ်ငန်းလို့ သတ်မှတ်ထားကြတယ်။ ဒါကြောင့် အနှိပ်ခန်း လိင်လုပ်သားတွေဟာ သိမ်ငယ်စိတ် မြင့်မားနေကြတယ်။ အကျိုးဆက်အနေနဲ့ ဖောက်သည်ရဲ့ အကာအကွယ်မဲ့ဆက်ဆံရေးကို လိုက်လျောမိကြတာဖြစ်တယ်။ ပုဂ္ဂလိက တစ်ကိုယ်တော် လိင်မှုဝန်ဆောင်ပေးသူ အမျိုးသမီးတစ်ဦးချင်းစီ (ဥပမာ – ပန်းဆိုးတန်းကားမှတ်တိုင်၊ ဘူတာရုံ ဂုံးတံတားအောက်နှင့် တိုက်ခန်းများရှိ ဖုန်းဖြင့် အခေါ်လက်ခံအမျိုးသမီးများ) နှင့် အနှိပ်ခန်း လိင်လုပ်သားများ၏ စိတ်ခံစားမှု၊ မိမိကိုယ်ကိုမိမိ ယုံကြည်မှု ကွာခြားပါတယ်။ တစ်သီးပုဂ္ဂလလုပ်သူတွေက ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ ဖောက်သည်ကို ဆက်ဆံကြ ပေမယ့် အနှိပ်ခန်းလိင်လုပ်သားတွေကတော့ အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးအပြင် အဓမ္မအလုပ်စေခိုင်မှု ဆက်ဆံရေး တွေကြောင့် သိမ်ငယ်စိတ် ပိုမိုမြင့်မားနေတာ ဖြစ်ပါတယ်။

ထိုနည်းတူစွာပဲ အခြားဖြစ်နိုင်သော လိင်လုပ်သားများလည်း ရှိပါသေးတယ်။ ဆင်ခြေဖုံးရပ်ကွက်တွေမှာ၊ ဒါမှမဟုတ် တိုက်ခန်းတွေနဲ့ ပြည့်တန်ဆာများ သီးသန့်ထားရှိတဲ့အိမ်တွေလည်း ရှိပါသေးတယ်။ သူတို့ကို အကူအညီပေးဖို့ လိုအပ်ပါတယ်။  အလုပ်ရှင်ရဲ့ ကြီးကြပ်မှုနဲ့ ခန္ဓာအငှားလိုက်ရသူတွေ ဖြစ်ပါတယ်။ ဖောက်သည်ကြည်ဖြူဖို့ လုပ်ငန်းခွင်စည်းကမ်းတွေကို လိုက်နာရပါတယ်။ ခေါက်ကြေးနဲ့ ကော်မရှင်ရတာဆိုပေမယ့် လိင်လုပ်ငန်း လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေး မဟုတ်ပြန်ပါဘူး။ အဲဒီ ပြည့်တန်ဆာတွေနဲ့ အိမ်ရှင် ပြည့်တန်ဆာခေါင်းတွေဟာ အလုပ်ရှင်အလုပ်သမားဆက်ဆံရေးပဲ ဖြစ်ကြပါတယ်။ သူတို့ကို လိင်ပညာပေးဖို့ အကာအကွယ်သုံးစွဲဖို့ တိုက်တွန်းနိုင်ဖို့ အနည်းငယ် ခက်ခဲနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနှိပ်ခန်းပိုင်ရှင် အပါအဝင် ပြည့်တန်ဆာခေါင်းအိမ်တွေဟာ စားသုံးသူ ဖောက်သည်တွေကိုသာ ကြိုဆိုလက်ခံနိုင်မှာဖြစ်ပါတယ်။ ပညာပေးရေး၊ ကွန်ဒုံးသုံးစွဲရေး၊ အလုပ်ချိန်ကန့်သတ်ရေး၊ ကျန်းမာရေးလုံခြုံမှုရရှိရေးဆိုတဲ့ လူမှုလွတ်လပ်ခွင့်တွေအတွက် ဆွေးနွေးခွင့်၊ တွေ့ဆုံခွင့် ခွင့်ပြုကြမှာ မဟုတ်ပါဘူး။ အလုပ်ရှင်တွေက အဲဒီလောက် သဘောထားကြီး အမြင်ကျယ်မှာလည်း မဟုတ်ပါဘူး။ အဲဒီတော့ ဘယ်လိုချဉ်းကပ်ဆောင်ရွက်မလဲဆိုတာ နည်းလမ်းရှာဖွေသင့်ပါတယ်။

ပြဿနာကို ရှုမြင်ပုံ

အနှိပ်ခန်းတွေ၊ ဇိမ်ခန်းတွေရှိတာ အရှိတရားဖြစ်ပါတယ်။ ဒီအခန်းတွေကို မှီခိုအသက်မွေးနေရတဲ့ လိင်လုပ်သားတွေ ကလည်း အရှိတရားဖြစ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေက အလှပြင်ခန်း (Beauty Saloon) လိုင်စင် ထုတ်ပေးဖူးတယ်ဆိုတာလည်း အရှိတရားပါပဲ။ လတ်တလောမှာ ငြင်းဖျက်လို့မရတဲ့ အဖြစ်တရားတွေ ဖြစ်ပါတယ်။

စနစ်ကြောင့်ပါလို့ ယိုးစွပ်နေရုံနဲ့လည်း ဒီပြဿနာက ပြေလည်မသွားဘူး။ အစိုးရစနစ်ကို မီးမောင်းထိုးပြန်ရင် တစ်မြို့နယ် ဇိမ်ခန်းတစ်ခု နှစ်ခုလောက်ကို အရေးယူပြမယ်။ ဒါပေမယ့် လိုင်စင်ကတော့ ပုံနှိပ်နဲ့ ရိုက်ထုတ်သလို ထပ်ထွက် နေမှာပဲ။ အခြားနေရာမှာ နောက်တစ်ခု ထပ်ပေါ်လာတာပဲ အဖတ်တင်မယ်။ ဘာမှမထူးဘူး။ ဥပမာ – လိင်လုပ်သားကို အသိအမှတ်မပြုသေးဘူး။ လိင်လုပ်သားအများအပြားဖြစ်တည်မှု အရှိတရားကလည်း တန့်ရပ်မသွားဘူး။

အစိုးရကြောင့်ပါလို့ ဇွတ်အပြစ်ပုံချလေလေ ကျွန်တော်တို့လို အလုပ်သမားအရေး ဆောင်ရွက်သူတွေမှာလည်း တာဝန်မကင်းပြန်ဘူး။ ဥပဒေက လိင်လုပ်သားကို အသိအမှတ်မပြုတဲ့အတွက် အစိုးရက ဖမ်းဆီးထောင်ချတာကိုပဲ လုပ်နိုင်တယ်။ သူတို့ လူမှုတည်ငြိမ်ရေး ပျက်သွားတာပဲ အဖတ်တင်တယ်။ အလုပ်သမားအရေး ဆောင်ရွက်တဲ့ ကျွန်တော်တို့က သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်ကို ရှာမပေးနိုင်ဘူး။ ဒါကြောင့် အစိုးရရဲ့စနစ်ကြောင့်ပါလို့ ဇွတ်ထိုးနှက်မိ လေလေ ကျွန်တော်တို့ရဲ့ လိင်လုပ်သားတွေဘဝ ထမင်းလုပ်နဲ့ဝေးလေလေပဲ။ ဒါလည်း အစွန်းတစ်ပါးပါပဲ။

နောက် အစွန်းတစ်ပါးလည်း ရှိသေးတယ်။ အစိုးရစနစ်ကတောင် လိင်လုပ်သားကို အကာအကွယ်မပေးသေးတာ၊ ဥပဒေကတောင် အသိအမှတ်မပြုတာ ဘယ်လို တရားဝင်ကူညီနိုင်မှာလဲလို့ စဉ်းစားကြတယ်။ လိင်လုပ်သားအခွင့်အရေး ကာကွယ်တဲ့ဥပဒေ ဘယ်တော့ထွက်လာမယ်မှန်းတော့ မသိဘူး။ ရောဂါကူးစရာရှိတာကတော့ ဥပဒေကို စောင့်နေမှာ မဟုတ်ဘူး။ နာရီမလပ်၊ စက္ကန့်မလပ် ရောဂါကူးနေတော့မှာပဲ။ အစိုးရကပဲ အစစအရာရာ ဖြေရှင်းဖို့ တာဝန်ယူရမှာ ဖြစ်တယ်လို့ယူဆတဲ့ အစွန်းတစ်ပါးရယ်၊ အစိုးရက တာဝန်မယူလို့ ငါတို့လည်း မတတ်နိုင်ဘူးဆိုတဲ့ အစွန်းတစ်ပါးရယ်ကို ရှောင်ရပါလိမ့်မယ်။

ဘယ်လိုချဉ်းကပ်မလဲ

ကူးစက်ခံရမှ ကုသတာထက် ကြိုတင်ကာကွယ်တာ ပိုကောင်းပါတယ်။ ဘယ်လိုကာကွယ်ကြမလဲ မေးခွန်း ထုတ်စရာပါ။ ဟုတ်ပါတယ်။ အစွန်းနှစ်ပါးကိုရှောင်တဲ့နည်းလမ်း ရှိကိုရှိနိုင်ပါတယ်။ ပထမအချက်ကတော့ လိင်လုပ်သားနဲ့ ထိတွေ့နိုင်မယ့်အခွင့်အလမ်းကို ရှာဖွေရပါမယ်။ အနှိပ်ခန်း၊ ဇိမ်ခန်း၊ အလုပ်ရှင် ဒါမှမဟုတ် မန်နေဂျာထံမှာ ခွင့်တောင်းကြည့် ပါမယ်။ အခမဲ့ သွေးစစ်ပေးရေး ကူညီဖို့ကနေ စတင်မေတ္တာရပ်ခံရပါမယ်။ လုပ်ငန်းခွင်ကျန်အရေး ကူညီခွင့်ပေးဖို့ ပန်ကြားရပါမယ်။ လိင်လုပ်သားတွေနဲ့ တကယ် တွေ့ခွင့်ရတဲ့အခါ သွေးအခမဲ့စစ်နိုင်ခွင့်ကိစ္စ၊ လိုအပ်ရင် ဆက်သွယ်နိုင်ဖို့ကိစ္စ မိတ်ဆက်ရပါမယ်။ တဆက်တည်းမှာပဲ လုပ်ငန်းခွင် လိုအပ်ချက်အရ ကွန်ဒုံးလိုအပ်မယ်ဆိုရင် လှူဖို့လည်းပါကြောင်း၊ ယူလာကြောင်း စကားစပ်ကြည့်ပါမယ်။ သူတို့ရဲ့ တုံ့ပြန်မှုကို အကဲခတ်ကြည့်ပါမယ်။ မျက်လုံးတွေမှာ စိတ်ဝင်စားမှုမပြဘူးဆိုရင် စကားလမ်းကြောင်းလွှဲပြီး စော်ကားတာမဟုတ်ဘဲ လိုအပ်ရင် လှူဖို့သာဖြစ်ကြောင်းပါပြောပြီး HIV/AIDS ပညာပေး လက်ကမ်းစာစောင်တွေကို ဝေငှရပါမယ်။ ကိုယ့်အချင်းချင်း လည်း တရင်းတနှီး ပြောဆိုဆွေးနွေးဖလှယ်ဖို့ အားပေးစကား ပြောရပါမယ်။

ပိုင်ရှင်ကို၊ မန်နေဂျာကို ခွင့်တောင်းလို့ မရနိုင်ဘူးဆိုရင် အနှောင့်အယှက်ပေးတာမဟုတ်ကြောင်း၊ လိုအပ်ရင် အကူအညီတောင်းနိုင်ကြောင်း ဆက်သွယ်ရမယ့်လိပ်စာကို ပေးထားခဲ့ပါမယ်။ တသီးပုဂ္ဂလ ပရဟိတ ကူညီပေးလိုသူသာ ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့အစည်းကမှမဟုတ်ကြောင်း၊ စိတ်တူရာ ညီအစ်ကိုများ အတူတူအလုပ်လုပ်ခြင်းသာဖြစ်ကြောင်း တောင်းပန်ပြောဆိုပါမယ်။ ဒီလိုပြောရတာကလည်း ဒီလိုလုပ်ငန်းလိုင်စင်ရထားတဲ့ လုပ်ငန်းရှင်ဆိုတာ ဒေသဆိုင်ရာ အာဏာပိုင်ကို အိတ်ထဲထည့်ထားနိုင်ကြတာ၊ သူမကျေနပ်လို့ လက်တို့လိုက်ရင် ကူညီတဲ့လက်တွေ လက်ထိပ်နဲ့တွေ့သွား နိုင်ပါတယ်။ ဒါကိုလုပ်ဖို့ အဖွဲ့အစည်းမှတ်ပုံတင်ခွင့်လည်း မရနိုင်တော့ အသင်းအဖွဲ့ပုံစံ ရပ်တည်လှုပ်ရှားတာဟာ သိက္ခာဆည်မယ့် အစိုးရအတွက် ရုံးတင်ဖို့ အကွက်တွေ့သွားနိုင်ပါတယ်။ အဆင်မပြေရင် ဆိုင်ကိုမှတ်ထားပြီး ဖောက်သည်အဖြစ် ပြန်ဝင်ပါမယ်။ လိင်လုပ်သားတွေကို တစ်စုတစ်စည်းထဲ မတွေ့နိုင်ပေမယ့် တစ်ဦးချင်းတွေ့နိုင်မယ့် အခွင့်အလမ်းကို ရရှိနိုင်ပါတယ်။ လိင်လုပ်သားကို တွေ့ရဖို့ အာရုံစိုက်တာဟာ အကြောင်းရှိပါတယ်။

မြို့နေလိင်လုပ်သား

မြို့နေလိင်လုပ်သားနဲ့ နယ်ကတက်လာတဲ့ လိင်လုပ်သားဆိုပြီး နှစ်မျိုးရှိပါတယ်။ မြို့နေလိင်လုပ်သားတွေ အကာအကွယ်သုံးစွဲရကောင်းမှန်း သိပါတယ်။ ဒါပေမယ့် သူတို့လည်း ရေရှည်မှာ ထိတွေ့မှုပူတဲ့ဒဏ်ကို မခံနိုင်တဲ့အတွက် အကာအကွယ် မသုံးစွဲတတ်ကြပါဘူး။ လူမှုစိတ်ပညာအရ လေ့လာတဲ့အခါ ကိုယ့်ကိုယ်ကို မထူးတော့ဘူးလို့ ခံစားနေကြတယ်။ ပိုင်ရှင်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖိအားပေးမှု၊ လုပ်ငန်းခွင်ထဲမှာ ရေဝယ်သောက်ရတာနဲ့ အစားအသောက်ဝယ်စားရတာ၊ ဧည့်သည်မရလို့ ဈေးဦးမပေါက်တဲ့အခါ စိတ်ပူ စိတ်ဆင်းရဲရတာ၊ ဧည့်သည်ကျေနပ်ဖို့ ခြိမ်းခြောက်ခံထားတာလည်း ရှိတာကြောင့် လိင်လုပ်သား တွေမှာ စိတ်ကျရောဂါ ဖြစ်နေကြပါတယ်။ သူတို့ကို စိတ်ဓာတ်ရေးရာ အားပေးမှု လိုအပ်ပါတယ်။ သူတို့ကို အားပေးနိုင်စရာ အခွင့်အလမ်းကို ရှာကြည့်ရင် တွေ့နိုင်စရာရှိပါတယ်။ သူတို့ဟာ မြို့ပြနေ လိင်လုပ်သားတွေ ဖြစ်နေလို့ပါပဲ။ သူတို့ရဲ့ လူမှုနောက်ခံဟာ စက်ရုံ၊ အလုပ်ရုံ အလုပ်သမတွေ ဖြစ်နေလို့ပါပဲ။ အများအားဖြင့် စက်မှုဇုံတွေကနေ လာကြတာ များပါတယ်။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ဆန်းစစ်ကြည့်ရင် သိနိုင်ပါတယ်။ မိတ်ကပ်လိမ်း၊ နှုတ်ခမ်းနီဆိုးထားရပေမယ့် ဝတ်ကောင်းစားလှကို ဝတ်ထားရပေမယ့် အလွယ်ရတဲ့ပိုက်ဆံကို သူတို့ မမက်ပါဘူး။ သူတို့လုပ်အားနဲ့၊ ချွေးနဲ့ ကိုယ့်အားကိုယ်ကိုး ပိုက်ဆံရခဲ့တာ ဖြစ်လို့ သူတို့ သိပ်အလုပ်လုပ်ချင်နေရှာပါတယ်။ စက်ရုံတွေကပိတ်၊ အလုပ်ရုံတွေက အလုပ်မကောင်း၊ သူတို့က အလုပ်ပြုတ်၊ အလုပ်သစ်လည်း ရှာမရ၊ ဒီလိုနဲ့ ဝမ်းရေးအတွက် လိင်လုပ်သားဖြစ်သွားရတာပါ။ ဒါကြောင့် အလုပ်အကိုင်အကြောင်းသာ စကားစကြည့်ပါ။ သူတို့ ရွှင်ပြလာပါလိမ့်မယ်။ အလုပ်သိပ်ရချင်ရှာတာ။ သိသာလွန်းပါတယ်။ စက်ရုံအသစ်ဖွင့်ရင်၊ အလုပ်အကိုင်သစ်တွေ့ရင် ဆက်သွယ်မယ်လို့သာ လိပ်စာ တောင်းယူလိုက်ပါ။ သူတို့တွေဟာ တကယ့် ကျွမ်းကျင်လုပ်သားတွေ ဖြစ်နေတတ်ပါတယ်။ အလုပ်အကိုင်ရဖို့ မခဲယဉ်းနိုင်ပါဘူး။ ကျွန်တော်တို့ဘက်ကလည်း နည်းလမ်းရှာပေးရပါလိမ့်မယ်။

နည်းလမ်းရှာဖွေ မြို့နေလိင်လုပ်သားများ

ကျွမ်းကျင်လိင်လုပ်သားတွေကို ကျွန်တော်တို့ စာရင်းပြုစုထားသင့်ပါတယ်။ ယခင် လုပ်ကိုင်ဖူးတဲ့ သူတို့ရဲ့ ကျွမ်းကျင်မှု၊ နေရပ်လိပ်စာတို့နှင့်တကွ ကိုယ်ရေးအချက်အလက်တွေကို စနစ်တကျသိမ်းဆည်းထားသင့်ပါတယ်။ ကိုယ်ရေး ကိုယ်တာဖြစ်လို့ လျှို့ဝှက်ထားသင့်ပါတယ်။ သေချာ စာရင်းပြုစုထားရပါလိမ့်မယ်။

လိင်ကူးစက်ခံရမှု ကာကွယ်ရေး ပညာပေးတာ၊ အကာအကွယ်လှူတာ၊ လက်ကမ်းစာစောင်ဝေတာ၊ ဆေးစစ်ပေးတာ၊ နောက်ဆုံး ဆေးရအောင် ကူညီပေးတာအထိ လူသားချင်းစာနာထောက်ထားတဲ့ လူမှုလုပ်ငန်းအဆင့်ပဲ ရှိပါသေးတယ်။ လူမှုလွတ်လပ်ခွင့်အဆင့်ထိ ရောက်မလာသေးပါဘူး။ လူ့အခွင့်အရေးလှုပ်ရှားတယ်လို့ မဆိုနိုင်သေးပါဘူး။

လိင်လုပ်သားရဲ့ အလုပ်ချိန်၊ နားချိန်၊ ရွေးချယ်ခွင့်၊ အလုပ်အကိုင် သဘောတူစာချုပ် သဘောကတိထားရှိမှု ရရှိအောင် လုပ်မှသာ လူမှုအခွင့်အရေး ဦးဆောင်ဦးရွက်ပြုရာရောက်မှာ ဖြစ်ပါတယ်။ အဲဒါမှ လူ့အခွင့်အရေးလှုပ်ရှားတယ် မည်ပါလိမ့်မယ်။ အကြောင်းကတော့ လူ့အခွင့်အရေးကို အချုပ်အခြာအာဏာပိုင်က အသိအမှတ်ပြုမှ ကျင့်သုံးခွင့်ရတဲ့ပစ္စည်း ဖြစ်နေလို့ပါပဲ။ ဥပဒေပြဋ္ဌာန်းပြီး အသိအမှတ်ပြုကျင့်သုံးလာအောင် တွန်းအားပေးရတာမျိုး၊ တောင်းဆိုရတာမျိုးတို့ ဖြတ်သန်းရပါမယ်။ တစ်နည်းအားဖြင့် အစိုးရက အသိအမှတ်ပြုမှ ကျင့်သုံးခွင့်ရမယ့် လူအခွင့်အရေးကို ဘုရားကု ကုလို့မရပါဘူး။ ဆုတောင်းလို့ မရပါဘူး။ သနားကြင်နာပြလို့ မရဘူး။ လှူတန်းဝေငှလို့ မရပါဘူး။ ပညာပေးရေးလုပ်ရုံနဲ့ မပြီးဘူး။ သိခြင်းမှာ ဆုံးခန်းတိုင်လို့ မရဘူး။ လူ့အခွင့်အရေးလုပ်ငန်း၊ ဥပဒေအခွင့်အရေးလုပ်ငန်း၊ တရားမျှတရေးလုပ်ငန်းဆိုတာ အဲဒီအခွင့်အရေးတွေကို အသိအမှတ်မပြုတဲ့ အစိုးရကို ရင်ဆိုင်ရုန်းကန်ရေးလုပ်ငန်း ဖြစ်ပါတယ်။ ဒါကြောင့် လိင်မှုဆိုင်ရာ လုပ်သားအခွင့်အရေးကို အရေးဆို ပြဋ္ဌာန်း၊ ကျင့်သုံး၊ အာဏာသက်ဝင်စေခြင်းဖြင့်သာ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်မည်ဖြစ်ပါတယ်ဟု ဆန္ဒပြုအပ်ပါကြောင်း။

 

အချက်အလက်များစုဆောင်းသူ                       –       ကိုဖိုးဖြူ

                                                                                                            ( ဥပဒေအတိုင်ပင်ခံ )

 

တွဲဖက်ရေးသားပြုစုသူ                                –       ဒေါ်မိုးဝေ

                                                                                                            ( ဥက္ကဋ္ဌ )

တိုင်ရီဖိနပ်စက်ရုံ

အခြေခံအလုပ်သမားအဖွဲ့အစည်း

15 comments

  • pazflor

    May 2, 2012 at 9:06 pm

    ကောင်းတယ်ဗျို ့၊ ဆက်လုပ်ကြပါ။

  • windtalker

    May 2, 2012 at 9:20 pm

    ဖြစ်သင့်ဖြစ်ထိုက်သော အကြောင်းအရာများပါဘဲ ဗျား ။ အားပေးပါတယ် ခင်ဗျ။

  • Dr. ဖိုးပြုံးချို

    May 2, 2012 at 11:48 pm

    လိင်ကူးစက်ခံရမှု ကာကွယ်ရေး ပညာပေးတာ၊ အကာအကွယ်လှူတာ၊ လက်ကမ်းစာစောင်ဝေတာ၊ ဆေးစစ်ပေးတာ၊ နောက်ဆုံး ဆေးရအောင် ကူညီပေးတာအထိ လူသားချင်းစာနာထောက်ထားတဲ့ လူမှုလုပ်ငန်းအဆင့်ပဲ ရှိပါသေးတယ်။ လူမှုလွတ်လပ်ခွင့်အဆင့်ထိ ရောက်မလာသေးပါဘူး။ လူ့အခွင့်အရေးလှုပ်ရှားတယ်လို့ မဆိုနိုင်သေးပါဘူး။
    ____________________________________________________________________
    ကျွန်တော့်မှာသာ အခွင့်အရေးရှိမယ် ဆိုရင် volunteer တောင် လုပ်ချင်ပါတယ်ခင်ဗျ….။အစ်ကိုတို့က ဘယ်လိုအဖွဲ့အစည်းမျိုးဆိုတာ သေချာရှင်းပြပေးစေချင်ပါတယ်…….။

  • Dr. ဖိုးပြုံးချို

    May 2, 2012 at 11:49 pm

    ကျွန်တော့်မှာသာ အခွင့်အရေးရှိမယ် ဆိုရင် volunteer တောင် လုပ်ချင်ပါတယ်ခင်ဗျ….။အစ်ကိုတို့က ဘယ်လိုအဖွဲ့အစည်းမျိုးဆိုတာ သေချာရှင်းပြပေးစေချင်ပါတယ်…….။

  • mg mg

    May 3, 2012 at 9:00 am

    အလွန်ကောင်းတဲ့ ကိစ္စပါ၊
    အောင်မြင်အောင်ဆောင်ရွက်နိုင်ကြပါစေ။

  • koko

    May 3, 2012 at 10:07 am

    အားလုံးကအမှန်တွေပါပဲ။ဘယ်လို စပြင် မလဲနော်။

  • koko

    May 3, 2012 at 10:11 am

    အားလုံးကအမှန်တွေပါပဲ။ဘယ်လို စပြင် မလဲနော်။အမတ်မင်းများကို ဥပဒေ ကြမ်းတင် ခိုင်း ရမယ်။
    ဒါလဲမလွယ်သေးဘူးနော်။ နောက်အစိုးရလောက်ဆိုတော့

  • koko

    May 3, 2012 at 10:12 am

    အားလုံးကအမှန်တွေပါပဲ။ဘယ်လို စပြင် မလဲနော်။အမတ်မင်းများကို ဥပဒေ ကြမ်းတင် ခိုင်း ရမယ်။
    ဒါလဲမလွယ်သေးဘူးနော်။ နောက်အစိုးရလက်ထက်လောက်ဆိုရင်တော့ဖြစ်နိုင်ပါလိမ့်မယ်။

  • char too lan

    May 3, 2012 at 12:52 pm

    အမတ်မင်းများသွားအားမကိုးနဲ့ လွှတ်တော်မတက်ဘဲ
    ပန်းတနော်လိုက်လာတယ် အခုထိပင်ပန်းတယ်ဆိုပီး
    အလုပ်ထဲမှာခိုးအိပ်နေတယ် ဗျာ……. 😛

    • amatmin

      May 3, 2012 at 3:59 pm

      အော် ဗျ..
      အမတ်မင်းတွေ ဆိုတာပြည်သူကြားထဲဆင်းပြီး..အဲ့လို လျှောက်သွားနေရတာရယ်..
      အဲ့ဒါပေါ့ အမတ်မင်း ရွာလည်နေတယ် ဆိုတာ.. 😛

      ဒါနဲ့ စစ်တမ်းလေးထွက်ထားတယ် ဆိုတော့ ကာ…
      ဖြေရှင်းမဲ့ နည်းလမ်းတွေလဲ ဆက်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ…

  • cobra

    May 3, 2012 at 2:42 pm

    အပီးပေါက်တွေ….အပီးပေါက်တွေ
    အဲ့လိုအပီးပေါက်တွေကိုတော့ အကုန်ဖမ်းသင့်ပါတယ်။
    ရိုးရိုးအနှိပ်ခန်းကတော့လိုင်စင်နဲ့သေသေချာချာ
    လုပ်ပေးသင့်ပါတယ်။
    တခါတလေ အညောင်းပြေ အညာပြေ
    အနှိပ်ခံလို့ရတာပေါ့။ ရွာထဲမှလူကြီးများအတွက်တွေးတောပီး
    အကြံပေးခြင်းဖြစ်သည်။

  • cobra

    May 3, 2012 at 2:46 pm

    အပြီးပေါက်တွေ….အပြီးပေါက်တွေ……..
    အဲ့လိုအပြီးပေါက်တွေကိုတော့ အကုန်ဖမ်းသင့်ပါတယ်။
    ရိုးရိုးအနှိပ်ခန်းကတော့လိုင်စင်နဲ့သေသေချာချာ
    လုပ်ပေးသင့်ပါတယ်။
    တခါတလေ အညောင်းပြေ အညာပြေ
    အနှိပ်ခံလို့ရတာပေါ့။ ရွာထဲမှလူကြီးများအတွက်တွေးတောပြီး
    အကြံပေးခြင်းဖြစ်သည်။

  • cobra

    May 3, 2012 at 2:50 pm

    အပြီးပေါက်တွေ….အပြီးပေါက်တွေ……..
    အဲ့လိုအပြီးပေါက်တွေကိုတော့ အကုန်ဖမ်းသင့်ပါတယ်။
    ရိုးရိုးအနှိပ်ခန်းကတော့လိုင်စင်နဲ့သေသေချာချာ
    လုပ်ပေးသင့်ပါတယ်။
    တခါတလေ အညောင်းပြေ အညာပြေ
    အနှိပ်ခံလို့ရတာပေါ့။ ရွာထဲမှလူကြီးများအတွက်တွေးတောပြီးအကြံပေးခြင်းဖြစ်သည်။

  • ပေစိ

    May 10, 2012 at 4:05 pm

    ကြိုက်တယ် အနှိပ်ခန်းရော ပို့စ်ရေးတာရော အာဟိ

Leave a Reply