ပျံသန်းခြင်းမဲ့
တိမ်တွေပေါ်လမ်းလျှောက်ရင်း
နေမင်းကို မျှော်ကာကြည့်မယ်။
အတောင်ပံတွေ ဖြန့်တန်းရင်း
စွန်ရဲတွေကို စိန်ခေါ်လိုက်မယ်။
နံရံကို မှီထားတဲ့ ငါ့ဦးခေါင်းထဲမှာ
ကမာ္ဘကြီးတစ်ခုလုံး ရှိတယ်။
ကမာ္ဘကြီးကို မကျေနပ်လို့
တိုင်နဲ့ခေါင်းနဲ့ ပြေးဆောင့်ဖို့
စဉ်းစားချင်လည်း စဉ်းစားမယ်။
အတွေးမုန်တိုင်းကကြီးလို့
မျက်ဝန်းထဲမှာ ပင်လယ်ရေတွေ
ဘောင်ဘင်ခတ်နေတယ်။
ကောင်းကင်ကြီးအောက်မှာ
လူတိုင်းကတော့ ခပ်သေးသေးပဲ
သေးတာနဲ့ ကွေးတာနဲ့က
ဘယ်လိုတွဲဖက်မိသွားသလဲတော့
ကျွန်တော် တကယ် မသိလိုက်ဘူး။
တစ်ခါတစ်လေ ခါးအောက်ကို ငုံ့ကြည့်ရင်
ဘွားခနဲ့ တွေ့လိုက်မိတယ်
ငါ့မှာ ခြေထောက်တွေ ရှိပါလားလို့ပေါ့
ဖိနပ်ကလည်း ပြတ်ခါနီးနေပြီလေ
ခြေဆီတွေထွက်ပြီး သားရေစော်လည်းနံလို့။
အိပ်လိုက်တိုင်း မျက်စိမှိတ်တာ အပြစ်လား
အိပ်မက်ထဲမှာ ချောက်ထဲပြုတ်ကျတိုင်း
ကုတင်ပေါ်က ပြုတ်ကျစရာလိုလို့လား
ကုတင်ပေါ်က ပြုတ်ကျတိုင်းရော
အား ခနဲ့ အော်မိကြရဲ့လား။
ငါဟာ ပျံသန်းခြင်းမဲ့ ငှက်တစ်ကောင်ဆို
အတောင်ပံကျိုးတော့လည်း
လမ်းလျှောက်ပြီးရှေ့ဆက်ရုံပေါ့
ဖိနပ်ကလည်း ပြတ်လုပြီ။
…ငှက်ငယ်… (ငှက်ကလေး)
3 comments
အလင်းဆက်
May 2, 2012 at 8:07 pm
ငှက်ကလေးရေ..
ကျွန်တော်..လည်း…ပျံသန်းခြင်းမဲ ့သွားဖူးပါတယ် ။
အဲဒီ အခါတိုင်းမှာ…ပျံသန်းလို ့မရနိုင်တော့တာကိုပဲ.တွေးပြီး ဝမ်းနည်းနေမိလို ့…လမ်းဆက်မလျှောက် ဖြစ်ခဲ့တာတွေ..ရှိတယ် ။
အခုတော့..ဒီကဗျာလေး…ထဲကလို …..မပျံနိုင်လည်း…လမ်းလျှောက်ပြီး.ရှေ ့ဆက်မယ်..။
အားအင်တွေ.ဝေးဝေ..လို ့…ကျေဇူးပါပဲ..ငှက်ကလေး..။
ငှက်ကလေး
May 2, 2012 at 8:16 pm
ပျံနိုင်တဲ့ တစ်နေ့တော့ ကောင်းကင်ကြီးကို ရင်ကော့ခေါင်းမော့ ပြီး အတောင်ပံတွေဖြန့်ကာ ပြန်လည် ရင်ဆိုင်မယ်…
shwe kyi
May 3, 2012 at 7:15 pm
စက်ဘီးမှာလေမရှိလည်း ခွေရှိသေးတယ်
ဖိနပ်ပြတ်လည်း ခြေရှိသေးတယ်
ဒီကမ္ဘာမှာ မြေရှိသေးသ၍
ငှက်ကလေးရေ ဆက်ရန်ရှိသေးသည်ဟေ့။
အားပေးလျှက် မတောက်တခေါက်ရေးသွားပါသည်။ 😛