ကန်ဘောင်ဓါးထိုးမှု့
ဒီနေ့ည ၉ နာရီခွဲလောက်ကန်ဘောင်ကိုသွားဖြစ်တယ်။ ဝင်ကြေးလဲပေးပြီးကားလဲဝင်လိုက်ကော ရဲတွေကောလူတွေကော ပြေးကြလွားကြနဲ့။ လိုက်လိုက်အဲဒီ Taxi ဖြစ်မယ် ဆိုပြီးလိုက်ကြတယ်။ အထဲမှာလဲရဲတွေ လူတွေရုတ်ရုတ် ရုတ်ရုတ်နဲ့။ အဲဒါနဲ့ဘာဖြစ်တာလဲလို့ စပ်စုလိုက်တော့ ဓါးထိုးမှု့ဖြစ်လို့တဲ့။ ဆင်းပြီးစပ်စုချင်ပေမဲ့ သားကပါလာတော့ ကားကိုချက်ချင်းပြန်ထွက်ခဲ့ရတယ်။ ပေါက်မှာတော့ လူတွေအများကြီးပဲ။ လွတ်သွားတယ်လို့ပြောတယ်။ အသေးစိတ်ကိုတော့သိတဲ့သူများ ဆက်တင်ပေးပါ။ စီဂျေ ဒေါ်ကြီးမိုက်တော့ပိုသိမယ်ထင်တယ်။
10 comments
windtalker
May 4, 2012 at 10:40 pm
သဲလေးရာ သတင်းက တိုနန့်မစုံ ဘိလေခြင်း။ နောက်ဆက်တွဲကို ဆက်တင်ပေးဦးနော….
Thel Nu Aye
May 4, 2012 at 10:52 pm
ဟုတ်တယ်ကိုပေရဲ့။ ကျွန်မလဲသတင်းအကျဉ်းလေးပဲသိလို့တင်လိုက်တာ။ သိတဲ့သူတွေဆက်တင် ပေးပါလို့။ ကားပေါ်ကဆင်းမေးမလို့ပဲ။ ဖြစ်ခါစဖြစ်နေတာရယ်။ ကလေးပါနေတာရယ် မှောင်နေတာရယ်ကြောင့်မဆင်းခဲ့ရတာ။ ထပ်သိရင်တော့တင်ပါ့မယ်။
Davit
May 5, 2012 at 10:34 am
ဟုတ်လား…..ကျွန်တော်တို့သူငယ်ချင်းတစ်စု(6 ယောက်) ညက 10 နာရီခွဲလောက်ကန်ဘောင်သွားတာ မနက် 3 နာရီခွဲလောက်မှအိမ်ပြန်ရောက်တယ်။ ကျွန်တော်တို့ရှိတဲ့အချိန်တော့ အားလုံးအေးဆေးပဲဗျ။ ကျွန်တော်တို့ရောက်တဲ့အချိန်ကနေစပြီး ပြန်တဲ့အချိန်ထိတော့ အားလုံးအေးဆေးဖြစ်နေတယ်။
Thel Nu Aye
May 6, 2012 at 3:38 pm
သေလောက်အောင်တော့ဖြစ်ပုံမရပါဘူး။ ဘာလို့လဲဆိုတော့ရဲတွေကအေးဆေးပဲနေနေကြတယ်။ လိုက်တဲ့သူတွေကလဲလိုက်တော့လိုက်တာပေါ့။ ဆေးရုံကားဘာညာထိတော့မတွေ့ပါဘူး။ ဟိုကတော့ပြေးတာလွတ်သွားပုံရတယ်။ ကျွန်မတို့ရောက်တာက ည ၉ နာရီခွဲ။
ဗိုက်ကလေး
May 5, 2012 at 10:45 am
အိမ်း..
ဒီအမှုကို စုံထောက်အောင်တိုက်နဲ ့ ကြောင်ဝက်တုတ်ဂိုဏ်းကို အပ်ရင် အမှုပေါ်လောက်တယ်ဗျ
ခက်တာက စုံထောက်အဖွဲ ့နဲ ့ ဂိုဏ်းသားတွေ ဒီချိန် အရက်နာကျပြီး ထနိုင်သေးမယ် မထင်ဘူးဆိုဒါဘာဘဲ
Yin Nyine Nway
May 5, 2012 at 1:54 pm
အရက်နာကျတာတော့မပြောနဲ့တော့
အမှု အပ်ဖို့နေနေသာသာ
သူတို့ အရက်နာက ကျနေတာနဲ့ အမှုက ပြီးလောက်ပြီ
marblecommet
May 5, 2012 at 5:45 pm
အော်…ယာဂူဇာတွေ
မာဖီးယားတွေလည်း
ရှိကြတုန်းပါပဲလား
Onyx
May 6, 2012 at 3:25 pm
အင်း ကံဘောင်က အများပြည်သူ အနားနေအပန်းဖြေကြ တာကိုတောင် ရဲရဲ တင်းတင်း မသွားလာရဲအောင်လုပ်နေ ကြတာပဲ
snow white
May 7, 2012 at 4:50 pm
ဟုတ်တဲ့သတင်းဆို 30နာရီဝက်တွင်းသတင်းပျံ့တယ် မဟုတ်လို့ ခုထိဘာသတင်းမှမကြားရပါလားနော် တကယ်မဟုတ်လို့နဲ့တူတယ်
Thel Nu Aye
May 7, 2012 at 8:26 pm
ကိုယ်တိုင်တွေ့ခဲ့တာပါကွယ်။ မေးတောင်မေးခဲ့ပါသေးတယ်။ သိပ်မကြီးကျယ်လို့ဖြစ်မှာပါ။ ရဲတွေမှအများကြီး ၁ဝ ယောက်လောက်ရှိမယ်။ သတင်းကြားမဟုတ်ပါ။