သက်တန့်ကျောက်ကျော easy cook
ကျွန်မကတော့ အစားအသောက်ဆိုရင် မျက်စိနဲ့အရင်စားပြီးမှ ပါးစပ်နဲ့စားတတ်သူတစ်ဦးဖြစ်ပါတယ်။ လှလှလေးနဲ့ စားချင်စဖွယ်ပြင်ဆင်ထားမှလဲ သဘောကျတယ်။ ဒီကနေ့ ဧည့်သည်လာဖို့ရှိတာနဲ့ မုန့်လုပ်ဖို့စဉ်းစားတဲ့အခါ ကျောက်ကျောလှလှလေး လုပ်ကျွေးမယ်လို့ အကြံဖြစ်လာတာနဲ့ ရောင်စုံကျောက်ကျော လုပ်ဖြစ်ပါတယ်။ စိတ်ရှည်မှ လုပ်လို့ရမယ့် ခပ်လွယ်လွယ်အစားအစာတစ်ခုဖြစ်ပါတယ်။

ပါဝင်သောပစ္စည်းများ
Agar ကျောက်ကျော အပြာရောင် တစ်ထုပ်
သကြား ၂ဝ ကျပ်သား
အရောင်အတွက် အဆင်ပြေတဲ့အရောင် သုံးလို့ရပါတယ်။
ရေ တစ်လီတာခွဲ ကို နဲနဲလျော့ထည့်ပါတယ်။
ပြုလုပ်ပုံ
ရေနွေးဆူအောင်အရင်ကြိုပါတယ်။ ရေနွေးဆူတဲ့အခါ ကျောက်ကျောမှုန့်နဲ့သကြားထည့်ပြီး ၁ဝ မိနစ်ခန့်မွှေပေးရပါမယ်။ ပြီးရင် မီးဖိုပေါ်ကခဏချပြီး အိုးအသေးထဲကို ကျိုထားသည့်ကျောက်ကျော ငါးပုံတစ်ပုံခန့်ထည့်ပါတယ်။ အရောင်တစ်မျိုး ထည့်ရောတယ်။ ၂ မိနစ်လောက်တည်တယ်။ ပြီးရင် ခွက်ထဲကိုလောင်းထည့်ပါတယ်။ အဲဒါပြီးရင် နောက်ထပ်ကျောက်ကျောရည်ထဲ့တယ် အရောင်တစ်မျိုးထည့်တယ်။ ၂ မိနစ်လောက်တည်တယ်။ အပေါ်ရည်နဲနဲတင်းနေတဲ့ ပထမထည့်ထားတဲ့ကျောက်ကျောပေါ်ကို ညင်ညင်သာသာလေး လောင်းချပါတယ်။ နောက်ထပ် အဲဒီလိုပဲ ၅ ကြိမ်လုပ်လိုက်တဲ့အခါ အလွှာ ၅ လွှာ ကျောက်ကျောရရှိပါတယ်။
ကျွန်မထည့်လိုက်တဲ့ အရောင်တွေကတော့ blueberry, apple, pineapple, mango, milk
လုပ်နေကျမဟုတ်လို့ အချိုးအစားသိပ်တော့ အလှကြီးမဖြစ်ခဲ့ပါဘူး။ အလှူပွဲမှာ အဆင်ပြေတဲ့ မုန့်ဖြစ်တာမို့ လုပ်စားကြည့်ပါလို့ တိုက်တွန်းရင်း ….
19 comments
Thel Nu Aye
May 6, 2012 at 3:26 pm
အမရေကျေးဇူးပါ။ လုပ်စားကြည့်လိုက်အုံးမယ်။
ကိုပေါက်(မန္တလေး)
May 6, 2012 at 3:35 pm
အတည်ပြောမယ် တကယ်ကိုစားလို့ကောင်းသလို ကြည့်လို့လဲကောင်းပါတယ်ဗျုးိ
တညင်သား
May 6, 2012 at 4:00 pm
စားကောင်းမယ်ဆိုတာ မြင်ရုံနဲ့ခန့်မှန်းလို့ရတယ်…
လေးပေါက်……တကယ်ကြီးကောင်းတာလားဗျ 🙂
ညလေး အိတုံ
May 6, 2012 at 4:33 pm
ညလေး ့ ့ ့ ့အစာပြေဝင်စားသွားပြီနော် မမဝေ ့ ့ ့အမ်းကောင်းလိုက်ထာ:-D
water-melon
May 6, 2012 at 4:35 pm
ညလေး ရုပ်က ဘယ်လိုဖြစ်နေတာလဲကွယ်
ညလေးရယ် ကိုကိုဖရဲစိတ်မချမ်းသာလိုက်တာ
ကိုကိုညလေးကို တောင်းပန်ပါတယ်
စိတ်မဆိုးနဲ့နော်
အဟိ
မှတ်ချက်။ ။ကိုပေဆိုတဲ့ နဖူးပြောင်ပြောင်ဆိုတဲ့ သူကိုရှောင်နော် ညလေး
မဟာရာဇာ အံစာတုံး
May 6, 2012 at 5:28 pm
ညလေး … နဖူးပြောင်တဲ့ လူကိုလည်း ရှောင်
ဘီအီး ကြိုက်တဲ့ လူကိုလည်း ရှောင်
အသီးထဲမှာလည်း ဖရဲသီးကို ရှောင်
ကိုယ့်ကိုတော့ မောင်လို့ ခေါ်နော် … 😀
___________________________
အန်တီဝေ ရေ …
ကျောက်ကျော လေးတွေက ကောက်စားချင်စရာလေး ..
ဂလု .. ဂလု … 😀
ကျနော်လည်း ပြောထားတဲ့ နည်းလေးအတိုင်း ကျောက်ကျော လုပ်စားကြည့်လိုက်ဦးမယ် ..
water-melon
May 6, 2012 at 4:34 pm
ကျောက်ကျောလုပ်တဲ့ Agar နဲ့ ရွာထဲက အာဂနဲ့တူလား အန်တီဝေ
ဗိုက်ဆာပြေစားသွားပါတယ်ချင့်
မန်းလေးကို ပါဆယ်ပို့ပေးပါလား အန်တီဝေ
weiwei
May 6, 2012 at 4:49 pm
ကိုပေါက်ကတော့ ဓါတ်ပုံရိုက်ပြီး ပါဆယ်ယူသွားပါတယ် .. 😛
ဆူး
May 6, 2012 at 4:49 pm
အဲဒီ ကျောက်ကျော တကယ် ကောင်းတယ် ဆိုတဲ့ အကြောင်း ကိုယ်တိုင် စစ်ဆေးပြီးတဲ့ အတွက် ထောက်ခံချက် လက်မှတ်လာပေးတာပါ။ အဟိ…
water-melon
May 6, 2012 at 4:55 pm
မဆူးများ စားလာတာလား
ဒီမနက်ထမင်းစားဖိတ်တယ်ဆိုတာ အန်တီဝေတို့အိမ်လားဟင်
အဟိ ရုန်းတုတ်တာ
တညင်သား
May 6, 2012 at 5:05 pm
အစုကြီးကျေးရွာက ပါဆယ်ဆွဲလာတဲ့ ငါးဆင့်စတီးချိုင့်နဲ့ ထည့်ပြီးပို့ပေးပါ…:(
ဗိုက်ကလေး
May 6, 2012 at 6:50 pm
နှစ်ကျပ်ဘိုးကော ရောင်းပါတလားခင်ည
weiwei
May 6, 2012 at 7:52 pm
နှစ်ကျပ်ဖိုးတော့ မရောင်းနိုင်ဘူးချင့် …
အနဲဆုံး တစ်ထောင်ဖိုးလောက်ဝယ်မှ ရောင်းနိုင်မယ်ချင့် …
အရောင် ၅ ခု ရဖို့ ငါးမျိုးဝယ်လိုက်ရတာနဲ့တင် အရင်းတော်တော်များသွားလို့ပါချင့် … 🙂
windtalker
May 6, 2012 at 7:57 pm
အန်တီဝေရေ ….ကျုပ် ရန်ကုန် ရောက်မှဘဲ ၊ ညလေး အိတုံ နဲ ့အတူတူ အဲဒီ့မုန် ့လုပ်စားတော့မယ်ဗျာ ။ ကျုပ်တို ့စားပြီးကျန်တာလေးတွေ ကိုတော့ ၊ အပေါ်က သရဲ ဆိုတဲ့ ကောင် နဲ ့မဟာလဘာဂျာ တို ့ကို ကျွေးလိုက်မယ်နော ၊ သနားပါတယ်နော … ဟီဟိ
ကိုပေါက်(မန္တလေး)
May 7, 2012 at 9:15 am
စားချင်တဲ့လူတန်းစီပါ တစ်တုံးစီကျွေးမယ်
ကြောင်ကြီး
May 7, 2012 at 9:28 am
ကျောက်ကျော
သောက်ပေါ
မျောက်တော
လျောက်ရော..။
amatmin
May 7, 2012 at 2:46 pm
အန်တီဝေရေ..
ကျောက်ကျော ထဲမှာ ထဲ့ဖို့ အရောင်တွေကို ဘယ်မှာ ဘယ်လို ဝယ်ရသလဲ သိချင်ပါ၏..
အခုတော့ ဝင်ရှလွတ် သွားပါ၏.. 🙂
weiwei
May 7, 2012 at 4:04 pm
ကျွန်မကတော့ အိမ်မှာရှိတဲ့ အအေးပုလင်းတွေထဲကနေ အရောင်စုံအောင် ထည့်လိုက်ပါတယ် … အနံ့နဲ့ အရသာလဲ ပါအောင်ပေါ့ …
marblecommet
May 9, 2012 at 1:49 am
သက်တန့်ကျောက်ကျောတဲ့
မစားဘဲ
ဒိုင်ယာရီကြားထဲ ထည့်သိမ်းထားဖို့ပဲကောင်း
ကဗျာဆန်တာကိုးဗျ…..