ဩစတေးလျက အိမ်ပြောင်းတဲ့အတွေ ့အကြုံ
လေယျာဉ်စီးရတာ အရမ်း ခေါင်းကိုက်တယ်။ အထူးသဖြင့် အဆင်း၊ အတက် မှာ ဆိုရင် နားတွေအူလာတယ်။ ဒီလိုအူလာရင် နှာခေါင်းကို ပိတ်ပြီး မှုတ်ထုတ်လိုက်မှ သက်သာတယ်။ လေယျာဉ်ပေါ်က ဆင်းပြန်တော့လည်း ခေါင်းကမှုးလာတယ်။ ဒီဒဏ်ကို လုံးဝ မခံစားနိုင်ဘူး။ စီးရတဲ့လေယျာဉ်ကလည်း တစ်လမှာ လေးငါးခေါက်လောက်ဆိုတော့ ကြာလာရင် ငါ့ခေါင်းတွေကွဲသွားနိုင်တယ်ဆိုပြီးတောင် တွေးမိတယ်။
ဒါက အလုပ်သွားတဲ့နေ ့နဲ ့အိမ်ပြန်တဲ့နေ ့တွေမှာ ဖြစ်တဲ့ ခံစားချက်ပါ။
အရင်တုန်းက လေယျာဉ်နဲ ့အလုပ်သွား အလုပ်ပြန်ကို သဘောကြလို ့မိုင်းမှာ လုပ်တဲ့အလုပ်ကို ရွေးပြီးလုပ်ခဲ့တယ်။ ကြာလာတော့ ရိုးအီသွားပြီ။ လေယျာဉ်စီးရတာ လန် ့လာပြီ။ နားအူလာလို ့။
မိန်းမနဲ ့ခလေးတွေက မိုင်းပေါင်း ၁၀၀ဝ ကျော်နေရာမှာ နေတယ်။ ကျနော်က သူတို ့နဲ ့ဝေးပြီး အလုပ်လုပ်တယ်။ တပတ်တခါမှ အိမ်ပြန်ဖြစ်တယ်။ ကိုယ်က အိမ်ပြန်ရောက်ရင် ခလေးတွေက ကြီးလာသလိုခံစားရပြန်တယ်။ ဒါနဲ ့တခုခုတော့ ဆုံးဖြတ်ချက် ချမှ ရမယ်ဆိုပြီး မိုင်းကို တအိမ်လုံးပြောင်းဖို ့စဉ်းစားရတော့တယ်။
ဩစတျေးလျက မိုင်းဆိုတာက တောထဲမှာ။ လူတွေနဲ ့အရမ်းဝေးတယ်။ တောမြို ့ထဲမှာ နေတဲ့ အိမ်ခြေက လေးငါးဆယ်လောက်ပဲရှိတယ်။ အများစုက အလုပ်သမားတွေ။
ကျနော်လုပ်တဲ့ အလုပ်ရဲ့ မြို ့က အတော်သေးတယ်။ မြို ့တော့မဟုတ်ဘူး။ တော ရွာလေးပေါ့။ ရွာထဲမှာ အရက်ဆိုင်တစ်ဆိုင်။ ဈေးဆိုင်တစ်ခု။ စာတိုက်တစ်ခု။ အကုန်လုံးက တစ်ခုစီပဲရှိတယ်။မြို ့ကြီးတွေမှာ အစုံရှိပေမဲ့ ကျနော့်ရွာမှာ ဘာမှမရှိဘူး။
တစ်ရွာလုံးမှာ ဗမာဆိုလို ့ကျနော်ပဲရှိပါတယ်။ ရွာသားတွေအကုန်လုံးက အရမ်းကို ဖော်ရွေတယ်။ လမ်းမှာ ကားမောင်းသွားရင် တွေ ့တဲ့ လူတိုင်း လက်ထောင်ပြတယ်။ ဒါက သူတို ့ဓလေ့အရ နုတ်ဆက်တာ။ ဖော်ရွေပြတာ။ အရေးအကြောင်းဖြစ်ရင် အကုန်လုံးလာပြီး ကူညီပေးတယ်။ တခါတုန်းက အိမ်ကို မီးလောင်တော့ ရွာသားတွေအကုန်လုံး မီးလာငြိမ်းပေးတဲ့ အထိကောင်းတဲ့ ရွာသားတွေ။ အရမ်းညီညွတ်တယ်။
ဒီရွာကို ကျနော်တို ့မိသားစု ထပ်ပြောင်းရပြန်ပြီ။ အလုပ်က မန်နေဂျာကို ကျနော်ပြောင်းတော့မယ်ဆိုပြီး အီးမေးနဲ ့လှမ်းပြီး ရေးလိုက်တယ်။ သူက ချက်ချင်း HR ဌာနကို ဆက်သွယ်တယ်။ သူတို ့ကနေတဆင့် အချိန်မှီပြောင်းလို ့ရအောင်စီမံပေးတယ်။ နေရမဲ့အိမ်။ အိမ်ပြောင်းဖို ့ကား။ လေယျာဉ်လက်မှတ်တွေကို ဘွတ်ကင်လုပ်ပေးတယ်။ အကုန်လုံးက အခမဲ့။ Company က ပေးတယ်။
ကျနော်က ဗမာဆိုတော့ အိမ်ရွေးတဲ့ အခါမှာ ကျနော်တို ့ထုံးစံအတိုင်း အားနာတယ်။ ကြိုက်တဲ့အိမ်ကိုပေးပါ။ အခန်းသုံးခန်းပါရင် ရတယ်။ ခလေးတွေနဲ ့အတူအိပ်တာဆိုတော့ အခန်းအများကြီးမလိုဘူး။ ဒီလို ရည်ရွယ်ချက်နဲ ့သုံးခန်းပါတဲ့ အိမ်ကို တောင်းတယ်။ ဒါပေမဲ့ သူတို ့ထုံးစံအရ ခလေးသုံးယောက်ဆိုရင် လေးခန်းပါတဲ့ အိမ်မှာနေရမယ်။ လင်မယားတစ်ခန်းနေရမယ်။ ဒီလိုမျိူး။ ရတယ်။ ပိုတောင်ကောင်းသေးတာပေါ့။ ဒါနဲ ့သူတို ့ပြောတဲ့အတိုင်းလိုက်နာတာ ပိုကောင်းတယ်။
အိမ်ပြောင်းဖို ့အတွက်ကို ကားကအစ၊ အစစအရာရာ စီမံတဲ့အခါမှာ အလိုအပ်ဆုံးက တယ်လီဖုန်းနဲ ့အင်တာနက်ရှိရင် အားလုံးအဆင်ပြေတယ်။ ဖုန်းဆက်တယ်။ အီးမေးပို ့တယ်။ လူကိုယ်တိုင်းသွားစရာမလိုဘူး။ ပြောင်းစရိတ် ဒေါ်လာ ငါးထောင်ကို Company က အင်တာနက်ကနေလွှဲပေးလိုက်တယ်။ ဒါပဲ။ ရှည်ရှည်ဝေးဝေးမရှိဘူး။
ပြောင်းတဲ့နေ ့ရောက်ရင် အိမ်ရှေ ့မှာ ထရပ်ကားထိုးတယ်။ ပစ္စည်းတင်တယ်။ နောက်တစ်စီးက ကျနော်စီးတဲ့ကားကို လာပြီးသယ်တယ်။
ကျနော်နဲ ့ကျနော့်မိသားစုက အဆင်သင့်စီစဉ်ထားတဲ့လေယာဉ်နဲ ့ကိုယ်နေမဲ့အိမ်မှာ သွားစောင့်ယုံပဲ။ တစ်နာရီပဲစီးရတယ်။ သေးတစ်ချက်ပေါက်တာနဲ ့အိမ်ကို ရောက်လေသတည်း။ ဒါမျိူး။ ဒါက ဩစတျေးမှာ လုပ်တဲ့မိုင်းအလုပ်သမားတွေရဲ ့အိမ်ပြောင်းတဲ့ပုံစံ။ ဘယ်လောက်ကောင်းလိုက်လဲ။
ကျနော်ပြောင်းတဲ့ ရွာမှာ ကိုယ်က အကြာကြီးနေစရာမလိုပါဘူး။ ပျင်းလာရင် အလည်သွားဖို ့ လေယျာဉ်ရှိတယ်။ တစ်လကို တစ်ခေါက်၊ မြို ့ထဲကို သွားလည်ဖို ့အတွက် အလုပ်က စီစဉ်ပေးတယ်။ စနေနေ ့ညတိုင်း ရွာထဲမှာ DJ နဲ ့ အရက်သောက်တယ်။ က တယ်။ ခုန်တယ်။ ပွားတယ်။ နေ ့ကြီးရက်ကြီးမှာ ပျော်ပွဲရွှင်ပွဲကိုလုပ်ပေးတယ်။ အကုန်လုံးအခမဲ့။ ဘီယာနဲ စားစရာတောင်ပါသေးတယ်။
ရွာက အိမ်တွေကို ဘယ်သူပိုင်တာလဲလို ့မေးရင် အလုပ်က ပိုင်တယ်လို ့ပြောချင်တယ်။ ကုမ္မဏီက ပိုင်တယ်။ ရွာတစ်ခုလုံးမှာ ရှိတဲ့ အိမ်တွေ၊ ဆိုင်တွေကို ကုမ္မဏီက ဆောက်ထားပေးတယ်။ အစိုးရနဲ ့လုံးဝမဆိုင်ဘူး။ အစိုးရရဲ ့အလုပ်က Law ပဲ။ ဒီလောကို ကုမ္မဏီတိုင်းက လိုက်နာ။ မလိုက်နာနိုင်ရင် “လာ” ထားပဲ။ ငွေကို သန်းနဲ ့ချီပြီးလျှော်။ ဒီလိုမျိူးဆိုတော့ ဘယ်သူမှ စည်းကမ်းကို ပေါက်ကရမလုပ်ရဲဘူး။ လုပ်တဲ့လူ လျှော်ထားပဲဆိုတော့။
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လား။ ကျန်းမာရေးကို ထိခိုက်လား။ ထိတာနဲ ့ သန်းနဲ ့ချီပြီလျှော်။ ဆိုတော့ ဘယ်ကုမ္မဏီမှ မလုပ်ရဲဘူး။
ဘယ်လောက်ထိ စည်းကမ်းကြီးလဲဆိုတာကို ပြောပြချင်တယ်။ မိုင်းမှာ ဩစတျေးလျတွေရဲ ့စည်းကမ်းနဲ ့ပက်သက်ပြီးပြောတာပါ။ သူတို ့က ဌာနေတိုင်းရင်းသားတွေရဲ ့အမွေအနှစ်တွေကို တန်ဖိုးထားတယ်။ စောင့်ရှောက်တယ်။ သူတို ့ယဉ်ကျေးမှုက ကျနော်တို ့ဗမာတွေလို ဘုရားတွေတည်တာ မဟုတ်ဘူး။ အဆောက်အဦးတွေမဟုတ်ဘူး။ သူတို ့အမွေအနှစ်တွေက ကျောက်တုံးတွေ။ ကျောက်တွေနဲ ့လုပ်ထားတဲ့ အမဲလိုက်တဲ့လက်နက်တွေ။ ဒီဟာတွေက ဩစီအနှံ ့အပြားမှာ နေရာတကာရှိတယ်။ ဌာနေတိုင်းရင်းသားတွေက နေရာတကာ အိမ်မရှိပဲ လှည့်နေတာဆိုတော့။
ကျနော့်မိုင်းနားမှာ ကျောက်တုံးကြီးတစ်ခုရှိတယ်။ ဒီအတုံးကြီးက သူတို ့ရဲ ့အမွေအနှစ်။ အဲဒိတုံးကြီးမှာ ပန်းချီတွေရေးထားတယ်။ ဒါကို သူတို ့က အရမ်းတန်ဖိုးထားတယ်။ အလုပ်ထဲမှာ အလုပ်သမားတိုင်းကို မလုပ်ခင်မှာ Induction လုပ်ပေးရတယ်။ ဘာကို လုပ်သင့်တယ်။ ဘာကိုမလုပ်သင့်ဘူးဆိုတဲ့ မိတ်ဆက်ပေါ့။ ဒါက အစိုးရရဲ ့ဥပဒေ။ ဒါမှ မသိတဲ့ သိမယ်။
အလုပ်သမားတစ်ယောက်က မိုင်းကိုရောက်လာတယ်။ သူက အင်္ဂလိပ်၊ ဩစီအစစ်။ သူက ငပြောင်။ ဘယ်ဟာကိုမှ တန်ဖိုးမထားဘူး။ ဌာနေတိုင်းရင်းသားတွေ ဘာတွေ နားမလည်ဘူး။ ဒါနဲ ့ကျောက်တုံးကြီးကို သွားပြီး သူ ့လက်ဝါးနဲ ့ကပ်တယ်။ ပြီးတော့ လက်ဝါးကို သင်္ဘောဆေးဖြန်းတယ်။ ဒီလိုလုပ်ရင် လက်ဝါးရာက ကျောက်တုံးကြီးမှာ ကပ်နေတာပေါ့။ သူ ့အထင်က ဒီလိုလုပ်ရင် ဘာမှမဖြစ်ဘူးလို ့ထင်တယ်။
Induction မှာ ဥပဒေအရ ဒီလိုလုပ်ရင် အပြစ်ရှိတယ်လို ့ဆိုပြီး ပြဌာန်းထားတယ်။ ဒါကိုလည်း သူသိတယ်။ သို ့သော် လုံးဝကို သူက ဂရုမစိုက်ဘူး။ လူငယ်ဆိုတော့။
တနေ ့တော ဌာနေတိုင်းရင်းသားအဖွဲ ့က လာတယ်။ သူ ့ကျောက်တုံးကြီးမှာ ဘယ်ကဘယ်လို လက်ဝါးကြီးရောက်နေလဲဆိုပြီး ကုမ္မဏီကို မေးတယ်။ ဒီမှာ အလုပ်က လူကြီးတွေက အင်စပတ်ရှင်လုပ်တယ်။ အင်ဗက်စတီကေးရှင်းလုပ်တယ်။ လုပ်တဲ့ကောင်ကို နာရီမဆိုင်းပဲ သိသွားတယ်။ ဒါနဲ ့ဌာနေတိုင်းရင်းသားအဖွဲ ့က အလုပ်ကို တရားစွဲတယ်။
လက်ဝါးရာလေးတစ်ခုပဲနော်။
နောက်ဆုံး Company က ဒေါ်လာ တစ်သိန်းခွဲလျှော်ရတယ်။ လုပ်တဲ့ကောင်က ထောင်ရှစ်လကျတယ်။ ဒါ့အပြင် နောက်တစ်ခါ ဘယ်တော့မှ မိုင်းမှာ အလုပ်မရတော့ဘူး။
ဒီအကြောင်းကို ပြောပြနေတဲ့ ကျနော်မန်နေဂျာကို ကားထဲမှာ ကျနော်က မေးတယ်။
“ဘာလို ့ဒီလိုလုပ်တာလဲ။ လက်ဝါးရာကို ပြန်ဖျက်လို ့ရတာပဲ”
သူက-
“ဒီလိုလုပ်မှ နောက်ဆိုရင် ဘယ်သူမှ မလုပ်ရဲမှာ။ သင်ခန်းစာပေးတဲ့အနေနဲ ့ပေါ့”
ဒါက ဩစီတွေရဲ ့စည်းကမ်း။
အလုုပ်သမားတိုင်းရဲ ့ရပိုင်ခွင့်လည်း အပြည့်အဝပေးသလို။ စည်းကမ်းကိုလည်း မထိနဲ ့။ သဘာဝပတ်ဝန်းကျင်နဲ ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်ကိုလည်း မထိနဲ ့။ ထိတာနဲ ့ဘယ်သူမှ ခွင့်မလွှတ်ဘူး။
ဒီဥပမာနဲ ့ဗမာပြည်က မိုင်းတွေ၊ စီမံကိန်းတွေနဲ ့ယှဉ်မိတယ်။ ဒါနဲ ့ပက်သက်ပြီး စာဖတ်သူများ ပြောတဲ့ ကွန် ့မန် ့ကိုပဲ စောင်မျှော်ပါတော့မယ်။ ကျနော်ပြောရင် မကောင်းမြင်တဲ့စိတ်များနေတယ်ဆိုပြီး ပြောမှာစိုးလို ့ပါ။
အခု ဒီစာကို ကျနော့်ရဲ ့ရွာကနေ ရေးနေခြင်းဖြစ်ပါတယ်။
9 comments
mg mg
May 6, 2012 at 5:27 pm
အဲလိုလုပ်ပါ ကိုဘုန်းကျော်ရယ်၊
ဗဟုသုတလေးတွေတိုးပွါးရလို့ ကျေးဇူးတင်ပါတယ်။
aye.kk
May 6, 2012 at 9:52 pm
မြင်နေရ..
ကြားနေရ..
တွေ ့နေရတဲ့အတွေ ့အကြုံလေးတွေ..
အပေါ်စေတနာသက်ရောက်ပြီးမျှဝေပေးလို ့
ကျေးဇူးတင်မိပါတယ်။
အခုရေးတဲ့postလိုမျိုးစာကောင်းလေးတွေ
များများရေးပါလို ့တောင်းဆိုလိုက်ပါတယ်။
ကျမခဲအိုနဲ ့ကနံမည်တူစစ်သားသ္မီးဖြစ်တာပါတူနေတဲ့ကိုဘုန်းကျော်ရေ။
ကိုရင်မောင်
May 6, 2012 at 11:25 pm
ဟုတ်ပ…ကိုဘုန်းကျော်ရ ကိုမောင်မောင် နဲ့အေကေကေတို့ပြောသလို
ဒီလို ဗဟုသုတ ရမဲ့ပို့စ်မျိုးလေးတွေရေးစမ်းပါ အားပေးပါတယ်
အော်ဒါ့ထက် ခင်းဗျားပြောတဲ့ကျောက်တုံကြီးရဲ့ဓါတ်ပုံလေးများရှိယင်
ဗဟုသုတအဖြစ်တင်ပေးစမ်းပါအုံး…….
captainamerica
May 7, 2012 at 12:23 am
ကိုယ့်လူ အပြစ်ပြောတာမဟုတ်ဖူးနော် ခင်ဗျားဗမာသိပ်မဆန်တော့ဝူးအဲ.ဒါပြောတာ
စာလုံးပေါင်းတောင်ပြန်မစစ်တော့ဝူး သဂျိုင်ကီးသေချာပြောထားရဲ.သားနဲ.ကို
လေယာဉ်ဗျ လေယာဉ် (လေယျာဉ်) ဟုတ်ဖူး
ပုံ
ညန်မာစာပါမောက္ခ ကပ်(တ်)ပတင် အမဲ့ရိက
nigimi77
May 7, 2012 at 12:28 am
ကျုပ်တို ့ စီမံကိန်း မှာလား
အရာရာ ဖွတ်ကလိ ဒင်္ဂါး က ကြီးစိုးတယ်
ဋ္ဌာနဆိုင်ရာတွေ လူပါးဝတယ်
ဋ္ဌာနဆိုင်ရာ ဝန်ထမ်းတွေ လူပါးဝတယ်
နိုင်ငံခြားသားတွေ လူပါးဝတယ်
အလုပ်ရှင်တွေ လူပါးဝတယ်
ဗမာတွေ လူပါးဝတယ်
ရခိုင်တွေ လူပါးဝတယ်
အရက်ဆိုင်တွေ လူပါးဝတယ်
နိဂိမိ လူပါးဝတယ်
ရွာထဲက အစိကေ တွေ လူပါးဝတယ်
အလုပ်သမား ဥပဒေ မကြီးစိုးဘူး
အသပြာက ကြီးစိုးတယ်
လူ ့ကျင့်ဝတ်က မကြီးစိုးဘူး
ဘယ်သူ နဲ ့ ပိုင်သလဲ ဆိုတာက ကြီးစိုးတယ်
ဘယ်ကလာတဲ့ ဘာကောင်ဖြစ်မှုက မကြီးစိုးဘူး
ဘယ်နိုင်သား ဖြစ်မှုက ကြီးစိုးတယ်
သိချင်ရင် သပ်သပ်မေး ပိုက်ဆံပေးပြီး ဖြေပေးဦးမယ်
Khin Latt
May 7, 2012 at 4:39 am
တကယ်တော့ ဖွံ့ဖြိုးပြီး နိုင်ငံတွေ ကတော့ လူကိုလူလို ကြည့်ကြတာ များပါတယ်။
ဥပဒေ ဆိုတာ ကို လေးစားလိုက်နာ တတ်တာ လဲ အရိုးစွဲ နေကြသူတွေ များပါတယ်။
ကိုဘုန်းကျော် တို့ မိသားစု အတွက် အဆင်ပြေပြေ လေးဖြစ်နေတာ ကြားရတာ တကယ်ဘဲ ဝမ်းသာ ပါတယ်။
အဓိက ကတော့ ကလေးတွေ ရှေ့ရေး လေးတွေ အတွက် စား၊ ဝတ်၊ နေမှု လုံခြုံနေတာကို သိရလို့ပါ။
သူတို့ ရဲ့ စိတ်ဓာတ် လေးတွေ လုံခြုံ ဖို့ အတွက်ကတော့ သူများ ထက် အဖေဖြစ်တဲ့ ကိုဘုန်းကျော်မှာ တာဝန် အရှိဆုံးနော်။ မမေ့နဲ့။
“အင်တာနက် ပေါ်မှာ စာတွေ ရေးနေတဲ့ ငါတို့ အဖေကြီး ဆီ က ကောင်းတဲ့ဗဟုသုတ တွေ ကို လူအများကြီးက သဘောကျ ကြတယ် ဟေ့” လို့ သူတို့ ဝင့်ကြွားနိုင်ပါစေ ကိုဘုန်းကျော်ရယ်။
ဪဇီ အဝင် စည်းကမ်းတင်းကြပ် တာတွေကို ရိုက်ထားတဲ့ “nothing to declare” ဆိုတဲ့ တီဗီပရိုဂရမ် ကို ကြည့်ဘူးတယ်။
မဟုတ်တဲ့ စည်းကမ်းဖောက် အစားအစာတွေ မိလိုက်မှဖြင့် အာရှ ကလူတွေချည်းဘဲ။
တစ်ချို့ အဖွားကြီး တွေ ဆို သူတို့ အစာတွေ ထားခဲ့ရမှာ နှမြောလို့ဆိုပြီး အတင်းပြန်လု ပြီး အဲဒီမှာ ထိုင်စား နေတာတောင် ရှိတယ်။ 😀
ရွာစားကျော်
May 7, 2012 at 9:05 am
ကလေးတွေ ကျောင်းထားဖို့ရော အဆင်ပြေရဲ့လားဗျ ကဘုန်းကျော်ရ
laypai
May 7, 2012 at 11:33 am
ရွာစားကျော် အတော် စေ့စပ်ပေ ကိုး။
သူ့ မိုင်းတွင်းရွာမှာ အစား အသောက် အကြောင်း အတော် လေး စေ့စေ့ စပ်စပ် ရေး ပြီး ခလေး ပညာရေး မပါတာ ကို ထောက် ပေး နိုင်တယ်။
phone_kyaw
May 7, 2012 at 2:01 pm
ကျောင်းက မှုလတန်းအထိပဲ ရွာမှာရှိတယ်။ ရ-တန်းထိ။ သို ့သော် ၁၂-တန်းအထိ တက်လို ့ရတယ်။ အဝေးသင်ပုံစံနဲ ့ခလေးတွေကို ကွန်ပြူတာကနေတဆင့် အင်တာနက်နဲ ့ချိတ်ပြီးမြို ့ထဲက ဆရာမတွေ လှမ်းပြီးပို ့ချပေးတယ်။ ဒီကျောင်းကိုလည်း Company ကပိုင်တယ်။ BHP လို ့ခေါ်တယ်။ ဆရာ ဆရာမတွေကို Company က လစာပေးပြီး ငှားပေးတယ်။ Private ကျောင်းပေါ့။ ရွာနာမည်က Leinster လို ့ခေါ်တယ်။
ကျောင်းအပ်ချင်ရင် ကြိုက်တဲ့အချိန်မှာ ခလေးကို လက်ဆွဲပြီးကျောင်းရှေ ့ကိုသာလာခဲ့။ တစ်ခါတည်း ဝင်ခွင့်ရတယ်။ ဒီကကျောင်းတွေက ခလေးကျောင်းအပ်ရတာ အင်မတန်လွယ်ကူပါတယ်။
စားစရာတွေကတော့ အာရှ အစားအစာမရှိကလွဲရင် ကျန်တာ အကုန်ရတယ်။ ဈေးအရမ်းကြီးတယ်။ မြို ့ထဲမှာ တစ်ဒေါ်လာတန်ဆိုရင် မိုင်းမှာ တစ်ဒေါ်လာခွဲအနည်းဆုံးပေါက်တယ်။ ဒီတော့ မြို ့ထဲကလာမဲ့သူငယ်ချင်းတွေကို လှမ်ပြီး မှာထားရတယ်။ ဒါမှ ဗီယမ်နမ်က လာတဲ့ငပိရည်နဲ ့ အင်ဒိုနီးရှားလာတဲ့ ဓညင်းသီး စားလို ့ရတယ်။ မြန်မာနိုင်ငံကလာတာ ဆိုလို ့ လွှတ်တော်အမတ်ပဲ လာတယ်။