Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒီကနေ့ ချက်မိသမျှ easy cook

weiweiMay 6, 20122min90247
ငါးပဲငါးပိ
ကြက်တောင်ပံအချိုချက်
ကိုက်လန်ကြော်
ပုဇွန်ကြော်
ကျောက်ဖရုံသီးနှင့် ဝက်နံရိုးဟင်းရည်
ပြောင်းဖူးစေ့ကြော်
ဖရုံသီးနှင့်ဝက်သားပေါင်း
အာလူးချောင်းချဉ်စပ်
နေ့လည်စာ ထမင်းဝိုင်း

ဒီကနေ့ ချက်ဖြစ်တာတွေကို ဓါတ်ပုံရိုက်ထားတာဖြစ်ပါတယ် …
ထူးခြားတဲ့ချက်နည်းတွေမဟုတ်ပေမယ့် တစ်ခါတစ်လေ ချက်ဖြစ်တုန်းလေး မှတ်တမ်းတင်ထားတာ …

47 comments

  • weiwei

    May 6, 2012 at 7:09 pm

    ဓါတ်ပုံတွေကို ရိုက်ထားတဲ့သူကတော့ … ကျွန်မ မဟုတ်ပါဘူး ..
    ရွာထဲက တက်သစ်စ ဓါတ်ပုံဆရာမတစ်ဦးဖြစ်ပါတယ် … 😛 😛

    • ဆူး

      May 7, 2012 at 2:08 pm

      အဟမ်း.. ဘယ်သူကို ပြောတာလဲ.. ဆူး ကို ပြောတာလားလို့.. အဟိ..
      အမှတ်တမဲ့ နဲ့ အမှတ်တရ မစားချင်လေး မှတ်တမ်း တင်ခဲ့တာပါ။

  • တညင်သား

    May 6, 2012 at 7:14 pm

    ဟင်းစားပဲ ပေးပြီး စားကျက်မပြတော့ဘူးလား .?
    ဖယုံသီး ပေါင်းတဲ့နည်းလေး လုပ်ပါအုံးဗျ….

    • weiwei

      May 6, 2012 at 7:41 pm

      အရမ်းလွယ်တယ် … ဖရုံသီးခပ်သေးသေးတစ်လုံးကို ထိပ်ကနေအပေါက်ဖေါက်ပြီး အထဲက အစေ့တွေထုတ်ပစ်ရမယ် … ဝက်သားကြိတ်ထားတာကို ဆား၊ သကြား၊ ပဲငံပြာရည်အနောက်၊ ကော်မှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်မိတ်၊ နှမ်းဆီ အဆင်ပြေသလိုထည့်နယ်ပြီး ဖရုံသီးထဲကို အစာသွတ်လိုက်မယ် .. ပြီးရင် ပေါင်းအိုးနဲ့ နာရီဝက်လောက်ပေါင်းလိုက်ရင် ကျက်ပါပြီ …

  • ရွာစားကျော်

    May 6, 2012 at 7:47 pm

    night duty ကျလို့ တယောက်တည်း ခြောက်ကပ်ကပ် ဂလုန်ဆန်အောင် စုံကန်မျိုချနေရပါတယ်ဆို မနာလိုဖြစ်တာ မဝေရာ..
    ထူးပါဝူး အမြင်နဲ့ အရသာခံ စားသွားဘီ ..
    ကျေးဇူး

  • ဗိုက်ကလေး

    May 6, 2012 at 7:48 pm

    အားယား..
    ဒီလိုမှန်းသိ အူးပေါက်နဲ ့ ကပ်ပြီး လိုက်ဆွဲပါဒယ်ကွား..
    တရေတောင် ကျလာဘီ
    ရှလွတ်

  • windtalker

    May 6, 2012 at 7:48 pm

    ဒီကနေ ့ကျုပ် ချက်ဖြစ်တာကတော့ ၊ အင်ဂလန် အင်တာနက်ဆိုင်က သဲသဲ ရယ် ၊ ဂျပန် ဇာဘော်လီဆိုင် က မဲမဲ ရယ် ၊ နိုက်ဂျီးရီးယားမီးသွေးဆိုင်က ဖြူဖြူ ရယ် ပါဘဲ ။ ဟီဟိ ( စတာပါ ခင်ဗျ )

    • ချစ်ရင်ထူးနှစ်

      May 7, 2012 at 7:22 am

      ကျွန်တော်လည်း ရွာသားတွေကို ထမင်းစားဖို့ ဖိတ်ချင်ပါတယ်
      ကိုရီးယား ဘဲဥ ဟင်းရည် ..
      ဂျပန် ငြုပ်သီး ဆီးသတ် ..
      အမေရိကန် ငံပိချက် ..
      ယိုးဒယား ချဉ်ဟင်း ..
      ွှအိန္ဒိယ ကစားဖိုမှုးကို ချက်ခိုင်းထားတာ
      တရုတ်ဟင်းချက်နည်းနဲ့လေ ..
      စားမှာကတော့ မြန်မာ ပါ . . .

  • ညလေး အိတုံ

    May 6, 2012 at 8:11 pm

    မမဝေ ဒီနေ့ချက်တဲ့ဟင်းတွေထဲမှာ ညလေး အကြိုက်တွေခြည်းပဲ ့ ့ ့ ့ ့ ့ပုံမှာကထမင်းဝိုင်းတဲ့ထမင်းလဲပါဝူး ့ ့ ့ ့ ့ ့ ့ဟင်းခြည်းပဲ စားတော့မယ်နော်

    • weiwei

      May 6, 2012 at 8:39 pm

      ထမင်းမချခင် ဓါတ်ပုံရိုက်လိုက်မိလို့ ထမင်းမပါဖြစ်သွားတယ် … ဟင်းပဲ များများစားလိုက်ပါ ….

  • aye.kk

    May 6, 2012 at 10:15 pm

    ဝေဝေရေ..
    အိမ်အရောက်လာပြီးတောင်စားချင်မိပါတယ်..
    အခုလိုဟင်းအမယ်လေးတွေကိုပုံနဲ ့တကွတင်ပေးတာ..
    ကျေးဇူးပါ၊တစ်ရက်တစ်ရက်ဈေးထဲရောက်ရင်..
    တလယ်လယ်နဲ ့ဘာချက်စားရမယ်မှန်းမသိဖြစ်နေတာမို ့ပါ..
    ကိုယ့်အနေနဲ ့ကဖရုံသီးနဲ ့ဝက်သားချက်ကဟင်းအမယ်သစ်လေးဖြစ်နေလို ့..
    ဝမ်းသာမိတယ်၊ဟင်းချက်နည်းသစ်တစ်မျိုးရရှိလိုက်လို ့ကျေးဇူးလည်းတင်မိတယ်။

  • Thel Nu Aye

    May 6, 2012 at 10:28 pm

    အမေရယ်ချက်ရမှာတွေကများတယ်။ ပျင်းလို့လက်တို့လိုက်ပြီးရောလာကူစားပါတယ်။ ( မကုန်မှာစိုးလို့ပါ ) ဟီဟိ။ မှတ်သွားတယ်နော်။ ချက်စားလိုက်အုံးမယ်။

  • ဦးဦးပါလေရာ

    May 6, 2012 at 10:47 pm

    အဲဒါ လူရှစ်ယောက်စာလောက် ရှိတာပေါ့နော်…
    ဘယ်နှစ်ယောက်နဲ့ ကုန်အောင်စားလိုက်ပါလိမ့်…. 😀

    • weiwei

      May 7, 2012 at 9:51 am

      ဧည့်သည် ၅ ယောက် ကုန်အောင်မစားသွားကြလို့ စိတ်ဆိုးတယ် …
      နောက်တစ်ခါဖိတ်လို့များ ကုန်အောင်မစားသွားကြရင် ကျန်တဲ့အတိုင်း ပြန်လျှော်ပေးရမယ်လို့ အရင်ကြေညာထားရမယ် … 🙂

      • ဆူး

        May 7, 2012 at 2:14 pm

        အများဆုံး စားခဲ့တာမို့.. ပါမစ်တော့ လိုင်စင် ကျန်အုန်းမယ် ထင်တယ်။ 😀

  • Khin Latt

    May 7, 2012 at 4:52 am

    ဝေရေ
    သွားရည်တစ်မြားမြား နဲ့ ကြည့် ပြီး စား သွားပါတယ်။
    ကြက်တောင်ပံ ကတော့ နောက်နေ့ မီးနူး ထဲ ပါပြီမှတ်။
    ချက်စားကြည့်ဦးမယ်။
    ကျေးဇူးဘဲနော်။ 🙂

    • weiwei

      May 7, 2012 at 9:47 am

      ကြက်တောင်ပံတွေကို ပဲငံပြာရည် အကြည်၊ အနောက်၊ သကြား၊ ဆား၊ ရှာလကာရည် (သို့မဟုတ်) အသားဟင်းထဲထည့်တဲ့ဝိုင်အရက် နဲ့ နယ်ပြီး တစ်ညအိပ်လောက် ရေခဲသေတ္တာထဲမှာ ထည့်နှပ်ထားလိုက်ပါတယ် …. မနက်ကျမှ ဆီနဲနဲနဲ့ ထည့်ကြော်ပြီး နူးအောင်ရေနဲနဲထည့်ပြီးခန်းအောင်ပြန်လုပ်တယ် …
      နူးအိပြီး အသားထဲအထိအရသာစွဲနေတဲ့ ကြက်တောင်ပံ အချိုချက်ဟင်းဖြစ်ပါတယ် …
      (ကျွန်မအနှစ်သက်ဆုံး ဟင်းတစ်ခွက်ဖြစ်ပါတယ်)

  • ကြောင်ကြီး

    May 7, 2012 at 7:48 am

    ငါးကင်၊ ကြက်တောင်ပံ အချိုချက်၊ ဝက်နံရိုး ကျောက်ဖရုံသီးဟင်းချို ချီးနှပ်လေး လုပ်ပါဗျို့..။

  • MaMa

    May 7, 2012 at 8:37 am

    ကြည့်ရတာ စားကောင်းမယ့်ပုံတွေပဲ။
    ဘယ်သူတွေ စားမှာမို့ ဒီလောက်များများ ချက်ထားတာပါလိမ့်။ 😛

  • amatmin

    May 7, 2012 at 9:57 am

    အန်တီဝေရယ်..
    အိမ်မှာ အလှူရှိရင်လည်း ကြိုပြောတာ ဟုတ်ဘူးရယ်ဗျာ..
    အခုတော့ မြင်သာမြင်ရ မကြင်ရမို့..ကော်ဖီသောက်ရင်းဂလုသွားရပေါ့ 🙁
    (၃) မျိုးတိတိက လုံးဝမစားဘူးသေးသော ဟင်းတွေချည်းပါပဲ..ဆိုတော့ ဘယ်တော့ များဂယ်စားရပါ့မလဲ ဟင်င်.. 😛
    (အာလူးချောင်းချဉ်စပ်၊ ဖရုံသီးနှင့်ဝက်သားပေါင်း ၊ ကျောက်ဖရုံသီးနှင့် ဝက်နံရိုးဟင်းရည်)

  • etone

    May 7, 2012 at 11:06 am

    ဝင် ဂလုသွားပါတယ် မဝေရေ… ။
    ဘာအထိမ်းမှတ် ထမင်းစားပွဲလေးပါလိမ့်နော် …. 😛

  • manawphyulay

    May 7, 2012 at 2:15 pm

    ဒီလောက်ချက်ပြီး စားတာတောင် မမဝေတို့ကတော့ ခေါ်တောင်မကျွေးဘူးနော်… ရပါတယ် ဒီမှာပဲ စားသွားလိုက်ပါမယ်။

  • မဟာရာဇာ အံစာတုံး

    May 7, 2012 at 7:41 pm

    ဂွီ .. ဂွီ .. ဂွီ ..
    ဗိုက်ထဲမှာ စစ်တိုက်နေပြီ … 😀
    ဂျီးဒေါ် ဟင်းပွဲတွေ ကြည့်ရင်း သရေတောင် ကျလာပြီဗျာ ..
    ဂယ်ပါပဲ ..
    အမုန်းဆွဲပစ်လိုက်ချင်တယ် ….

  • marblecommet

    May 9, 2012 at 1:47 am

    ဟမလေး အန်တီဝေရယ်…..
    အဲဒီဟင်းတွေဟာ အကုန်ချက်ရရင်
    သများတို့တော့ နေ့ဝက် ကျိုးလိမ့်ထင့်…..

  • marblecommet

    May 9, 2012 at 1:48 am

    အီးဇီးကုုတ်
    အီးဇီးကုတ်…

    • ဆူး

      May 9, 2012 at 9:34 am

      ဦးလေး မှားနေတယ်.. ဘီးဇီးကမ်း ဖြစ်ရမှာ..

  • သားငယ်

    May 9, 2012 at 2:27 am

    ကြည့်ရတာ..တော်တော်အရသာရှိမယ့် ပုံဘဲဗျာ..ငရုတ်သီး ပါတာ တစ်ခုဘဲ..လန့်တယ်..

  • MaMa

    May 9, 2012 at 7:28 am

    ဝေဝေရေ- အာလူးချောင်းချဉ်စပ် ချက်နည်းလေး လုပ်ပါဦး။ 🙂

    • weiwei

      May 9, 2012 at 9:46 am

      အာလူးချောင်းချဉ်စပ်က easy cook အနေနဲ့ တစ်ခါတင်ဖူးပါတယ် …
      အာလူးကို အချောင်းသေးသေးလေးတွေဖြစ်အောင် ဂျစ်နဲ့ခြစ်ပြီး ရေနွေးပူပူထဲကို တစ်ချက်ထည့်ပြုတ်ရပါတယ် (၁ဝ စက္ကန့်လောက်) .. ပြီးရင် ဇကာနဲ့စစ်ပြီး ရေအေးနဲ့ပြန်စိမ်ထားရပါမယ် … ဆီပူအိုးထဲကို ကြက်သွန်ဖြူနဲ့ အစပ်ကြိုက်ရင် ငရုတ်သီးအပွခြောက်နဲနဲထည့်ဆီသတ်ပြီး အာလူးချောင်းထည့်၊ ရှာလကာရည်ထည့်၊ ဆားနဲနဲထည့်ပြီး ခဏလောက်ကြော်လိုက်ရင် စားလို့ရပါပြီ … အာလူးမာမာနဲ့ ချဉ်စပ်အရသာက စားလို့ကောင်းပါတယ် … သတ်သတ်လွတ်မကြိုက်ရင်တော့ အသားစဉ်းကောလုပ်ထားတာ နဲနဲထည့်ကြော်လို့လဲ ရပါတယ် …

      • ဆူး

        May 9, 2012 at 10:10 am

        ဆူး က အာလူးဂျစ်ထိုးပြီး ရှလကာရည် စိမ်ပြီး မှ ချက် ထားတာ ထင်နေတာ..
        ရှလကာရည် ထိ လို့ မာမာကြွတ်ကြွတ် ဖြစ်သွားတယ် ထင်နေမိတာ။

  • weiwei

    May 9, 2012 at 9:51 am

    အသားစွပ်ပြုတ်ရဲ့ အခြေခံချက်နည်းလေးလဲ ပြောပြချင်သေးတယ် …
    ကြက်သားပဲဖြစ်ဖြစ်၊ ဝက်နံရိုးပဲဖြစ်ဖြစ်၊ ဝက်ခြေထောက်ပဲဖြစ်ဖြစ် အခြေခံသဘောတရားကအတူတူပါပဲ ..
    အသားတွေကို ရေစင်စင်ဆေးပြီး ဆား၊ သကြား၊ ဂျင်းအရည်၊ ကြက်သွန်ဖြူထောင်းထားပြီးသားအနဲငယ်၊ ပဲငံပြာရည်အကြည်၊ အနောက်၊ ရှာလကာရည်တို့နဲ့ သမအောင်အရင်နယ်ပြီး ခဏထားထားပါတယ်။ ရေနွေးအိုးတစ်အိုးကို ပွက်ပွက်ဆူအောင်တည်ထားတယ်။ တစ်ချိန်ထဲမှာ နယ်ထားတဲ့အသားတွေကို သီးသန့်အိုးတစ်အိုးထဲမှာထည့်ပြီး ခြောက်သွားသည်အထိ လှော်သလိုမျိုးလုပ်ပါတယ်။ အနံ့အရသာ ကောင်းသည်အထိ သေချာလှော်ပြီးမှ ဆူပွက်နေတဲ့အိုးထဲကို ထည့်ပြုတ်လိုက်ပါတယ်။ ကျက်တော့မှ ထည့်ချင်တဲ့ အသီးအရွက်တစ်ခုခုထည့်ပြီး ငရုတ်ကောင်းထည့်လိုက်ပါက စွပ်ပြုတ်ကောင်းကောင်းသောက်လို့ရပါပြီ။

  • Thit Sar Lin

    May 9, 2012 at 11:18 am

    မဝေရေ..ငါးပဲငပိကဆီတော်တော်များမဲ့ပုံပဲနော်..
    ငါးနဲ့ပတ်သတ်ရင် ငါးသံပုရာပေါင်းတော့တော်တော်ကြိုက်တယ်..
    သူကအဆီမပါဘူးလေ…ပြီးတော့ သူ့ဟင်းရည်လေးကလည်း ချိုချဉ်ပြုံးလေးဆိုတော့ ရှယ်ပဲ…
    အဲဒီအရည်သောက်မိတယ်ဆိုရင် ဖြင့်မကြိုက်တဲ့ သူကတော့တော်တော်ရှားတယ်….
    ပုဇွန်ကကော ဒီအတိုင်းပြုတ်တာလား..သူ့အချိုဓါတ်ပေါ်အောင်….
    (((ဧည့်သည် ၅ ယောက် ကုန်အောင်မစားသွားကြလို့ စိတ်ဆိုးတယ် …
    နောက်တစ်ခါဖိတ်လို့များ ကုန်အောင်မစားသွားကြရင် ကျန်တဲ့အတိုင်း ပြန်လျှော်ပေးရမယ်လို့ အရင်ကြေညာထားရမယ် …)))….
    ကြည့်ရင်တာစားချင်စရာ တကယ်တမ်းစားကြည့်တော့မကောင်းလို့များလား…
    ဟီးဟီး စတာနော်…စိတ်ဆိုးနဲ့ဦး…..

    • weiwei

      May 9, 2012 at 11:32 am

      စိတ်မဆိုးပါဘူး … ရင်းနှီးလို့ စနောက်တာမို့လို့ စိတ်ထဲမှာ ပိုပြီးတောင် ရင်းနှီးလာသလို ခံစားရပါတယ် ….
      ကျွန်မကို ဟင်းချက်နည်းအကြံပေးတာပဲဖြစ်ဖြစ် ဝေဖန်တာပဲဖြစ်ဖြစ် အရမ်းသဘောကျပါတယ် … အမြဲတမ်း ဆန်းသစ်တဲ့အရသာတွေကို ချက်ပြုတ်ချင်လို့ပါ …

      ငါးသံပုရာချက်ဖို့ စိတ်ကူးရခဲ့ပေမယ့် အငံနဲ့အစပ်ပါတဲ့ဟင်းတစ်ခုထည့်ချင်တာမို့ ငါးပဲငါးပိ လုပ်လိုက်တာ … ဟင်းမီနူးတွေကအများကြီးမို့လို့ နောက်တစ်ခါပေါ့ …

  • နွယ်ပင်

    May 9, 2012 at 11:53 am

    မဝေရေ ကြက်တောင်ပံ အချိုချက်လေးရယ် ပြောင်းဖူးစေ့ကြော်ရယ်
    အာလူးချောင်းချဉ်စပ်ရယ်ကို နည်းနည်းစီခပ်ပြီး ယူသွားပါတယ်နော် …. 😀

  • weiwei

    May 9, 2012 at 12:00 pm

    ဒီပို့စ်ကို တင်ဖြစ်တာက သာမန်ဟင်းချက်နည်းလေးတွေနဲ့ ဟင်းအမည်ရိုးရိုးလေးတွေ ပေးချင်လို့ ပို့စ်တောင်မခွဲပဲ တစ်ခုထဲနဲ့ တင်ဖြစ်သွားတယ် …
    အလှရိုက်ထားတဲ့ ဓါတ်ပုံကိုလဲ ပြချင်တဲ့ဆန္ဒပါပါတယ် …
    ဒါပေမယ့် အဲဒီလိုတင်ပေးတာ မကြိုက်ကြဘူးလို့ (လက်မ ၄ ချောင်းတောင် အောက်စိုက်ထားလို့) သိလိုက်ရလို့ အတော်စိတ်မကောင်းဖြစ်သွားတယ် …
    အကျိုးမရှိဘူးလို့ ထင်လို့များလား???
    ပေါက်ကရတွေ ချက်ထားတယ်လို့များ ထင်လို့လား ???
    ဘယ်လိုမှ မတွေးတတ်အောင်ဖြစ်မိလို့ … တကယ်လို့များ မကြိုက်ရင် ဘာ့ကြောင့်လဲဆိုတာ သိချင်ပါကြောင်း ….

    • Thel Nu Aye

      May 9, 2012 at 1:48 pm

      ဟင်းချက်နည်း မပါလို့ဖြစ်မှာပါအမရယ်။ အကျိုးရှိပါတယ်။ ကျွန်မတောင်အခုကျွေးပွဲတခုရှိလို့ အမပိုစ့်ကိုပြန်ဝင်ဖတ်ပြီးပုံတွေကူးသွားတယ်။ အဲနည်းတွေနဲ့ချက်မလို့လေ။ ချက်နည်းတွေ မရေးထား လိုု့ကွန်မင့်တွေပြန်ဖတ်ပြီး ကွန်မင့်ထဲကနည်းတွေလဲကူးသွားပါတယ်။ ကျေးဇူးအထူးပါ။ အသစ်အဆန်းလေးတွေချက်ချင်နေတာနဲ့ အမပိုစ့်တက်တာနဲ့အတော်ပဲဖြစ်သွားပါတယ်။ အမရေချက်စားမယ်နော်။ ဖရုံသီးက နုမှရမှာပေါ့နော်။ ရင့်ရင်တော့ အထဲကအသားထုပ် ရခက်မလားပဲ။ နောက် ပြောင်းဖူးကြော်က ငြုတ်သီးပါးပါးလှီးပါလားလို့။

      • weiwei

        May 9, 2012 at 3:57 pm

        ဖရုံသီး အစိမ်းကလေးတွေ လှည်းတန်းဈေးမှာ ရှိတယ် … အားလုံး နုနုလေးတွေချည်းပါပဲ …
        ပြောင်းဖူးကြော်အတွက် ပြောင်းဖူးအစေ့တွေကို အစိမ်းလိုက် လက်နဲ့ချွေပြီး ဆီထဲကို အရင်ဆုံးထည့်ကြော်ပါတယ် … ပြောင်းဖူးစေ့ကနုနေတော့ ချက်ခြင်းပဲ ဖောင်းတက်လာပြီး ကျက်သွားပါတယ် … ပြီးတော့မှ လှသွားအောင် အစိမ်းနဲ့ အနီရောင်ထပ်ထည့်လိုက်တာပါ … နှမ်းနက်စေ့ကတော့ အပိုအနေနဲ့ ထပ်ထည့်လိုက်တာပါ .. ဆားတစ်မျိုးထဲပဲ သုံးထားပါတယ် … ချိုပြီးသားမို့ ဘာမှ ထပ်မထည့်တော့ဘူး …

        • Thel Nu Aye

          May 9, 2012 at 8:19 pm

          ကျေးဇူးပါအမရေ။ ထပ်ကူးသွားပြီနော်။ ဒီဟင်းအားလုံးချက်ပြီးကျွေးမှာ။ အမနည်းတွေအတိုင်းပဲချက်မှာ။ တလက်စထဲ ငါးပဲငပိလေးကောချက်နည်းမသိရဘူးလား။ ဟီဟိ။ အမဟင်း အမြင်လေးပါပိုလှပြီးစားသောက်ဆိုင်ကြီးတွေကအတိုင်းပဲ။

        • weiwei

          May 9, 2012 at 8:31 pm

          ငါးက ကကထစ်ရရင် ပိုကောင်းတယ် .. အဲဒီနေ့က ကကတစ်ဝယ်မရတာနဲ့ မာလာငါးတစ်ကောင်ပဲ ဝယ်လိုက်တယ် … ငါးကို သေချာအကြေးခွံခွာဆေးကြောသန့်ရှင် အူတွေဘာတွေထုတ်ပြီး ဆားနဲနဲ (ပဲငါးပိထည့်မှာမို့ ဆားလျော့ထည့်ပါတယ်) ဆနွင်းမှုန့်နဲနဲနဲ့ အရင်နယ်ပါတယ် … ကိုယ်ထည်ကိုလဲ ဓါးနဲ့ အမြှောင်းဖြစ်အောင် မွှန်းထားလိုက်တယ် … ပြီးတော့ နဲနဲပွချင်လို့ ဂျုံမှုန့်နဲ့ငါးတစ်ကိုယ်လုံးကိုကပ်ပြီး ဆီများများနဲ့ ကြွပ်သလောက်နီးနီး ကြော်လိုက်ပါတယ် … ငါးကိုဆယ်ထားပြီး ပန်းကန်ထဲထည့်ထားလိုက်တယ် … ပဲငါးပိကိုတော့ တရုတ်တံဆိပ် ဖန်ပုလင်းနဲ့ သုံးလိုက်တယ် … ဆီထဲကို ကြက်သွန်ဖြူထောင်းထားတာထည့်ဆီသတ်ပြီး ခရမ်းချဉ်သီးနဲနဲ၊ ပန်းငရုတ်ပွနဲနဲ၊ ငရုတ်သီးအနီတောင့်နဲနဲ၊ ကြက်သွန်မိတ်နဲနဲနဲ့ ပဲငါးပိထည့်ပြီး ခဏလောက်ချက်ပြီး ငါးပေါ်လို့ လောင်းချလိုက်ပါတယ် …

        • Thel Nu Aye

          May 10, 2012 at 9:09 am

          အမရေ ကျေးဇူးပါ။ အကုန်ကူးသွားပြီ။ ဒီနေ့ တော့ အာလူးကနေစလုပ်ကြည့်နေပြီ။ ကောင်း တယ်။ ကိုယ့်ဟာကိုယ်လုပ်ပြီးချီးမွမ်းနေတာ။ ဟီဟိ ပွဲမဝင်ခင်အပြင်ကကျင်းပနေရတာလေ။ ဟဲဟဲ

  • koaung

    May 9, 2012 at 3:04 pm

    ဒါ့ပုံတွေကကလဲကောင်း အချက်အပြုတ်ကလဲကောင်း မစားရပေမဲ့အားပေးသွားပါကြောင်း

  • Ma Ei

    May 9, 2012 at 4:44 pm

    ဝေဝေရေ…
    ငါးပဲငပိ နဲ့ ကြက်တောင်ပံအချိုချက် လေးအကြိုက်တူပါပေါ့…

  • Uncle Lay

    May 9, 2012 at 5:40 pm

    မြင်သာမြင် မကြင်ရတဲ့ဘဝ ပါလား….နော်…..ဂလု။

  • Yin Nyine Nway

    May 9, 2012 at 7:39 pm

    စားချင်လိုက်တာ မဝေရယ်… ဂလု
    ဒီလိုအိမ်မှာချက်စားတာ မစားရတာကြာပြီ
    လွမ်းလိုက်တာ အိမ်က အမေ့လက်ရာလေးကို

  • weiwei

    May 9, 2012 at 8:35 pm

    တလက်စထဲ ကိုက်လန်ခရုဆီကြော်နည်းပါရေးပေးလိုက်မယ် …
    ကိုက်လန်အရိုးနုလေးတွေကို အရင်ဆုံး တုံးတစ် ရေဆေးပြီးနောက် ရေနွေးဆူဆူထဲကို စက္ကန့် ၃ဝ လောက်ထည့်ပြုတ်ပါတယ် .. ပြီးတာနဲ့ချက်ခြင်းစစ်ပြီး ရေအေးအေးလောင်းချပြီး ပြန်ဆေးရပါမယ် … (စိမ်းပြီး နူးနေအောင်ပေါ့) … ဆီပူအိုးထဲမှာ ကြက်သွန်ဖြူအပြားရိုက်ထည့်ဆီသတ်ပြီး ဆေးထားတဲ့ ကိုက်လန်ကိုထည့် .. ဆားလိုသလောက်ထည့် … ပြီးရင် ခရုဆီ (လောလောဆယ်တော့ မက်ဂီကသုံးလို့ အဆင်ပြေနေတယ်) နဲ့ ကော်မှုန့်ခပ်ကျဲကျဲဖျော်ထားတာလေး ထည့်အုပ်လိုက်ရင် ကိုက်လန်ခရုဆီ ရပါပြီ … ကျွန်မပုံထဲမှာက ခရုဆီနဲနဲလေးပဲထည့်ပြီး ရိုးရိုးကြော်သလိုကြော်ထားလို့ အရောင်ဖျော့နေခြင်းဖြစ်ပါတယ် …

  • Khin Latt

    May 10, 2012 at 5:25 am

    ဝေဝေ ရေ – ဝေဝေ ရဲ့ ဟင်းချက်နည်း က အများအကျိုးပြုပါ။
    အရီးတို့လို ဟင်းချက် မကောင်းသူတွေ အတွက် နည်းလမ်းကောင်းလေးတွေ အများကြီးရပါတယ်။
    တကယ် ကို အားပေးပါတယ်။
    ဆက်ပြီး ချက်ပြ၊ ရေးပြပါ လို့လဲ တောင်းဆိုပါတယ်။
    ချစ်တဲ့
    အရီးလတ် 🙂

Leave a Reply