ငုဝါပန်းတွေကမြိုင်……………………………















“ငုဝါပန်းတွေကမြိုင်”
ငုနဲ့ပိတောက်က တစ်ချိန်တည်းလိုလိုပွင့်ပေမယ့် ရနံ့မသင်းတော့ ပန်းပိတောက်အောက်မှာအလိုလိုရောက်
နေရှာတဲ့ပန်းကလေးက တော့ ငုပန်းလေးတွေပါ။.
ကျနော် ငုပန်းပင်ကို တစ်ခါမှမရိုက်ဘူးသေးပါဘူး။
မန်းလေးမှာ ငုပန်းပင်ရှိပေမယ့် အခုတော့ အတော်နည်းသွားပါတယ်။
ဒီတစ်ခါ ရန်ကုန်အရောက်သွားလေရာရာမှာ အဝါလွင်လွင်အလှဆင်တဲ့ငုပန်းပင်တွေကိုတွေ့ပါတယ်။
ကားပေါ်ကဆိုတော့ လှမ်းရိုက်လို့လဲမရ ဆင်းနေလို့လဲမဖြစ် အဲတော့ စိတ်ထဲမှာ မချင့်မရဲနဲ့။
ဒီလောက် ငုဝါချင်တဲ့သူဆိုပြီး လုလင်က ကန်တော်ကြီးထဲလိုက်ပို့ပါတယ်။.
စိတ်တိုင်းကျနှက်လိုက်ရသပေါ့။.
နောက်ရက် စွယ်တော်ဘုရားဘက်လမ်းလျှောက်ထွက်တော့ လှချက်က ရက်စက်တဲ့ငုဝါဝါတွေကိုမြင်ရတော့
ဘာပြောကောင်းမလဲပေ့ါ။
ကဲ………………………….
ကိုပေါက်လက်ဆောင် မြန်မာပြည်က အလှတရားများ
(8-5-2012)
16 comments
ကိုပေါက်(မန္တလေး)
May 9, 2012 at 9:37 am
ကျနော်နဲ့လုလင် (30-4-2012)နေ့ နေပူပူနေ့လည်ခင်းအမှတ်တရပုံရိပ်များပါ။
ဆူး
May 9, 2012 at 10:02 am
ငုပန်းပင်အောက်မှာ ငေးနေတာ.. ဟောဟိုကြားက အတွဲ ကို ကြည့်နေတာ ဖြစ်မယ်။
Mလုလင်
May 9, 2012 at 10:42 am
နံပါတ် ၁ က ခန့်တယ်၊ နံပါတ် ၂ ရဲ့ composition လေး ကြိုက်မိတယ် ဗျာ .. ဟိဟိ.. model က လဲ ပိန်လိုက်တာ။ ပုံ ၁၃ ကလဲ ဝါထိန် နေတာပဲ .. Wallpaper လုပ်လို့ ရလောက်တယ်။
ကိုပေါက်(မန္တလေး)
May 9, 2012 at 12:05 pm
2012 မှာ မရိုက်ဘူးတာတွေရိုက်ဖြစ်တယ်။
အခုတင်ထားတဲ့ငုဝါပန်းအပါအဝင်ပေါ့.
ရန်ကုန်မှာ နေရာတကာ ငုဝါ ပင်ရှိပေမယ့် မန်းလေးမှာတော့ရှားပါးပါ၏။
ဗိုက်ကလေး
May 9, 2012 at 12:17 pm
ငုဝါတွေခမျာ အဆင်းလှပြီး အနံ ့မမွှေးတော့လဲ ပန်ချင်တဲ့လူရှားသဗျာ.. အူးလေးရာ..
ဟိန်း ဝင်း (ထားဝယ်သား)
May 9, 2012 at 12:47 pm
လှတယ်ဗျာ … ကျွန်တော်လဲ ရန်ကုန်မှာနေပြီး ကိုပေါက်တို့လောက်တောင် မရောက်ဖူးဘူး … ကိုပေါက်ရိုက်ပြတော့မှပဲ … အင်း … တော်တော်လှတာပဲ …. ကျေးဇူးကိုပေါက်ရေ … အားပေးနေမယ်
windtalker
May 9, 2012 at 12:55 pm
ပုံ၂ ကို ရိုက်တုန်းက ဘိုဘိုဟန် ့ သီချင်းကို ဆိုပြခဲ့ပုံမှတ်တယ် ။ ဘာတဲ့..
“ နင့်ကိုငါချစ်တယ်… ငါ့ကိုနင်ချစ်မလား ” ဆိုတဲ့ဟာလေ
Thel Nu Aye
May 9, 2012 at 12:58 pm
လှလိုက်တာလေးပေါက်ရယ်။ ကျေးဇူးပါ။ ကူးသွားတယ်။ ပြန်ရှယ်မလို့။ ခွင့်ပြုပါ။
TTNU
May 9, 2012 at 12:59 pm
ကိုပေါက်ရေ…
(၁၃) (၁၄) ကြိုက်လွန်းလို့
ငိုတောင်ငိုချင်တယ်။ 😛
အရင့်ရောင်
May 9, 2012 at 1:06 pm
ငုဝါ ရဲ့အလှထက် လှတာ
ကျွန်တော်မှာ ရှိပါ၏ ။
နောက်တော့မှ တင်ပေးပါမည်။။။။။။
မှတ်ချက် ( မတင်မချင်းမျှော်………)
sugar sugar
May 9, 2012 at 1:09 pm
ငုအလှကို တင်ပေးတဲ့ ဦးပေါက် ကျေးဇူးပါဗျာ၊အရမ်းကြိုက်ပါတယ်
ကိုပေါက်(မန္တလေး)
May 9, 2012 at 1:15 pm
ကျနော်ရိုက်ချင်တယ်လို့ ပူဆာသမျှ ကိုလိုက်ပို့ပေးတယ် လုလင်ကိုလဲ ကျေးဇူးတင်ပါတယ်.။
သူ့ကြောင့် နေရာတကာရောက်တာပါဗျာ။
သားငယ်
May 9, 2012 at 1:52 pm
အနီးကတ် ရိုက်ချက်တွေက ပိုမိုက်တယ်..ဗျာ.ဒီထက့် နီးနီးကတ်ရိုက် ရင်ပိုလှမယ်ထင်တယ်နော့်..
ကိုပေါက်(မန္တလေး)
May 9, 2012 at 2:02 pm
နီးလွန်းရင်ပြူးတူးပြဲတဲကြီးဖြစ်သွားတတ်ပါတယ်၏
Ma Ei
May 9, 2012 at 5:16 pm
ကိုပေါက်ရေ…
ရန်ကုန်ကငုဝါ မန္တလေးကလူ ရိုက်မှ ဒီလောက်လှမှန်း သိရတော့တယ်…
ကိုပေါက်(မန္တလေး)
May 9, 2012 at 10:57 pm
မအိရေ အင်းလျားကန်နံဘေးက ငုဝါ ပိုတောင်လှသေးတယ်။
ဘတ်စကားပေါ်က ဆိုတော့ရိုက်လို့ခက်တယ်။