ဘုန်းငိုတောင်

phone_kyawMay 9, 20121min1886

၂၀၀၂-ခုနှစ်မှာ PDF က စစ်သင်တန်းလုပ်တယ်။ သင်တန်းဆရာ ကိုငြိမ်း၊ လက်ထောက်နည်းပြနှစ်ယောက်နဲ့ သင်တန်းသား အယောက်နှစ်ဆယ်လောက်ကို သင်တယ်။ လက်ထောက်နည်းပြနှစ်ယောက်ကတော့ ကိုမင်းထက်၊ ကိုကျော်ထွန်း (ပအို့တိုင်းရင်းသား) တို့ဖြစ်ပါတယ်။ သူတို့အားလုံးက နအဖတပ်က တစ်ကြပ်၊ တစ်ကြပ်ကြီးတာဝန်နဲ့ တော်လှန်ရေးသမား(တနည်း) သူပုန်တွေနဲ့လာပြီးပူးပေါင်းခဲ့တဲ့လူတွေပေါ့။ စစ်သင်တန်းကိုတက်ဖို့ လူဘောင်သစ်(တောင်ပိုင်း)က ကွန်မန်ဒိုတွေဖြစ်တဲ့ ကျနော်၊ ကျော်စွာဝင်း၊ ငယ်ထွေး၊ ကိုရန်ကျော်တို့တက်ကြတယ်။ သင်တန်းက သုံးလကြာတယ်။ PDF ကရဲဘော်တွေဆိုတာကလည်း၊ လူ့ဘောင်သစ်ကရဲဘော်တွေလို…အတူတူနေ၊ အတူစား၊ သောက်၊ ညီရင်း အစ်ကိုလိုနေကြတယ်။ ရန်ဖြစ်တာမရှိသလောက်ပဲ။

 

သင်တန်းပြီးတဲ့အချိန်မှာ ဘုရားသုံးဆူမြို ့က နအဖ တပ်ရင်းတွေနောက်တန်းပြန်၊ နောက်တန်းကတပ်ရင်းတွေက ဘုရားသုံးဆူမြို ့ကိုတက်ပေါ့။ ဘုရားသုံးဆူကတပ်ရင်း ဆင်းမယ်ဆိုတဲ့ သတင်းကို ABSDF တပ်ရင်း-၁ က ကြားဖြတ်ဖမ်းတဲ့ ကိုခြသေ့င်္က ရတယ်။ သူရတော့ KNU နဲ့အခြားမဟာမိတ်တွေကို ကြိုတင်သတင်းပေးတယ်။ ပြင်ဆင်ကြပေါ့။

 

ဘုရားသုံးဆူကဆင်းရင် ဒီကောင်တွေ တောတော့တိုးမှာမဟုတ်ဘူး။ လမ်းကြောင်းအတိုင်းဆင်းမယ်ဆိုတာကို သူပုန်တွေသိတယ်။ အဲဒိလမ်းကြောင်းပေါ်မှာ ရွာလေးရွာလောက်ရှိတယ်။ အဲဒိရွာလေးရွာနားမှာ ကျနော်တို့ အင်အားတွေဖြစ်တဲ့ လူ့ဘောင်သစ်(တောင်ပိုင်း)၊ ABSDF ရင်းတစ်၊ PDF၊ KNU၊ မွန်ပြည်သစ်ပါတီ၊ ရခိုင်တပ် တွေအခိုင်အမှာ ရှိတယ်။ ရန်သူက ဘုရားသုံးဆူကဆင်းပြီဆိုတော့ ကျနော်တို့အဖွဲ့တွေပြင်ကြပြီ။

 

လူ့ဘောင်သစ်(တောင်ပိုင်း)က PDF နဲ့တွဲတော့၊ PDF က တပ်မှုး ကိုမင်းထက်စီမံခန့်ခွဲတာကို လိုက်နာရတယ်။ အာလုံးပျောက်ကြားပစ်ဖို့အတွက် အဖွဲ့လေးဖွဲ့ခွဲတယ်။ လိုအပ်တဲ့ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်ကို ထုပ်ပိုးတယ်။ ပုခတ်၊ စောင်၊ မိုးကာကို ထည့်တယ်။ အဆင်သင့်ပြင်ပြီးဆိုတော့ ကိုယ်တာဝန်ကျရာ အဖွဲ့နဲ့လိုက်တယ်။

 

ပထမဦးဆုံးတပ်ဖွဲ့ကတော့ ဗိုလ်ရွှေ (KNU) နဲ့ နှစ်ယောက်က ထိပ်ဆုံးအဖွဲ့။ သူတို့အလုပ်က သေနတ်နဲ့မပစ်ပဲ…ရှေ ့ထွက်မိုင်းနဲ့ ခွဲရေး။ သူတို့ပြီးရင် ကျနော်တို့အဖွဲ့။ ကျနော်တို့အဖွဲ့ကို ဦးဆောင်တာက KNU က တပ်ကြပ်ကြီး။ တောင်ယာလုပ်နေတဲ့ တပ်ကြပ်ကြီးက ရန်သူသတင်းသံကြားမှ တဲအောက်က သေနတ်ကို ပွတ်တိုက်၊ စကားပြောစက်ကိုယူ၊ ပုဆိုးကိုစလွဲသိုင်းပြီး ကောက်ကာငင်ခါလိုက်တယ်။ သူက ကျနော်တို့အဖွဲ့ရဲ ့တပ်စိပ်မှုး။ PDF က ထားဝယ်သား အ,ထစ် တစ်ယောက်၊ ကျနော်၊ ရခိုင်အဖွဲ့က နှစ်ယောက်ပါတယ်။ ကျနော်က RPG-5 ကို ထမ်းတယ်။ ကျန်တဲ့လူက အေကေ ၄ရ နဲ့ M16 ပါတယ်။ ကျနော်တို့ လူ့ဘောင်သစ်သေနတ်တွေအားလုံးက PDF ကသေနတ်တွေချည်းပဲ။

 

ကျနော်တော့အဖွဲ့ပြီးတော့ ABSDF တပ်ရင်း-၁ က နောက်ရွာတခုမှာ စောင့်တယ်။ လာရင်တွယ်ဖို့အတွက် ပျောက်ကြားပစ်ရေးတာဝန်ကြတယ်။ တစ်ဖွဲ့မှာ လေးငါးယောက်ပါတယ်။ သူတို့အဖွဲ့ပြီးတော့ PDF က လေးယောက်ပါ ကိုမင်းထက်တို့အဖွဲ့ စောင့်တယ်။ အဲဒိအဖွဲ့မှာ ပါတီက ငယ်ထွေးကတာဝန်ကြတယ်။ ဆိုတော့ ရွာလေးရွာကြားမှာ သူပုန်ပျောက်ကြားအဖွဲ့ ဘယ်လောက်ရှိလဲဆိုတာ သိလောက်ပြီ။

 

မိုးကလည်းရွာ။ ခြင်ကလည်းကိုက်၊ နေ့မအိပ်၊ ညမအိပ်စောင့်ကြတယ်။ တစ်ယောက်တစ်လှည့်ပေါ့။ လမ်းကြောင်းတစ်ခုလုံးကလည်းခြောက်ကပ်နေပြီ၊ ရွာသားတွေလည်းမရှိတော့ဘူး။ ပုန်းနေကြပြီ။ ရန်သူက ပေါ်တာဆွဲမှာစိုးလို့။

 

နောက်နေ့မနက်မိုးလင်းတော့ KNU ကဗိုလ်ရွှေတို့အဖွဲ ့ ရှေ ့ထွက်မိုင်းနှစ်လုံးနဲ့ ချလိုက်တာ ရန်သူနှစ်ကောင်ကားကနဲ။ ဒဏ်ရာကတော့မပြောနဲ့။ ရှေ ့ထွက်မိုင်းပါဆိုနေမှ… ဗျောက်အိုးမှ မဟုတ်တာနော်။ ဒီမှာတင် သူတို့အနောက်က ၊ စောင့်နေတဲ့ကျနော်တို့အဖွဲ့တွေ အရမ်းပျော်ပြီ။ ဟေ့..ဗိုလ်ရွှေ..ခွေးဘယ်နှစ်ကောင်သေပြီလဲဟ…လို့ စက်နဲ့လှမ်းမေးကြတယ်။ ဗိုလ်ရွှေနဲ့အဖွဲ့ကို ဂုဏ်ပြုကြတယ်။ ဗိုလ်ရွှေတို့တာဝန်ကြေပြီ။ ကျနော်တို့အလှည့်။

 

ရှေ ့ထွက်မိုင်းထိတဲ့ငနဲတွေ.. ရွာထဲမှာ တစ်ရက်နဲ့တစ်ညလောက်နားကြတယ်။ မထွက်ရဲတော့ဘူး။ အဲဒိရွာကလည်း မွန်သစ်ပါတီကရွာ။ မွန်နဲ့က အပစ်ရပ်ဆိုတော့ ဒီကောင်တွေစိတ်အေးမဲ့ပုံပဲ။ ကျနော်တို့အဖွဲ့မှာကရင်ရွာသူကြီးတစ်ယောက်ပါတယ်။ သူကသူတောပစ်တဲ့ တစ်လုံးထိုးသေနတ်ကိုလွဲပြီး ပျောက်ကြားပစ်တာကိုကျနော်တို့နဲ့ အုတ်ပျော် လိုက်တယ်။ အခုတော့သူက ဒီကေဘီအေထဲမှာရောက်နေပြီ။

 

ဗိုလ်ရွှေတို့အဖွဲ့ကရှေ ့ထွက်မိုင်းနဲ့တီးလိုက်တဲ့ ငနဲတွေကို လမ်းဘေးမှာဘဲမြုပ်ခဲ့တယ်။ ရွာထဲကထွက်လာမဲ့ရန်သူကို ထိုင်စောင့်ရတာ အရမ်းရင်ခုန်တယ်၊ တခါမှ မတွေ့ဘူးဘူးဆိုတေ့ာ။ တောင်ကုန်းပေါ်မှ စောင့်နေတုန်းရှိ သေးတယ်…မွန်ပြည်သစ်ပါတီကရဲဘော်တစ်ယောက် ခရီးသွားရင်းတွေ့သွားတယ်။ဒီမှာတင်ကရင်တပ်စိတ်မှုးက…ဟေ့..ငါတို့တော့မလုံခြုံဘူးကွ…ဆိုပြီးနေရာပြောင်းတယ်။ နောက်နေ့နေ့မနက်မိုးလင်းခါနီးမှာ သေနတ်သံတွေ၊ လက်နက်ကြီးပစ်သံတွေ ကျနော်တို့နေရာဟောင်းဖြစ်တဲ့တောင်ကုန်းတစ်ဝိုက်မှာပေါက်ကွဲနေပြီ။ ဒီမှာတင်ကျနော်တို့ အားလုံးသဘောပေါက်ပြီ။ အဲဒိနေရာမှာ ဆက်နေလို့ကနေတော့ အော်စီမှာတောင် ဘာဘီကျူ စားနိုင်အုံးမှာမဟုတ်ဘူး။

 

နောက်နေ့မနက်မိုးလင်းတော့ နေရာတနေရာထပ်ပြောင်းတယ်။ ဘာရမလဲ ဒီဂွင်ကကျနော်တို့ဂွင်ဆိုတော့..ဘယ်နေရာမှာလမ်းရှိလဲ၊ ခြုံရှိလဲဆိုတာ သိတယ်။ တခြားနေရာမှာပြန်စောင့်ပေါ့။ ကံကောင်းတာလား၊ ကံဆိုးတာလားတော့မသိဘူး။ ၁၅ မိနစ်လောက်စောင့်တာနဲ့ ရန်သူအသံကြားနေရပြီ။ ဒီမှာတင် ရွာထဲကနေထွက်လာတဲ့ ရန်သူကို ကျနော်တို့အဖွဲ့တီးပါလေရာ။ ရှေ ့ဆုံးပွိုင့်က ရဲဘော်လေးကို ကျနော်တို့ရဲ ့တပ်စိတ်မှုး KNU တစ်ကြပ်ကြီး M16 နဲ့တစ်ချက်ပဲပစ်တယ်။ နှမစောင်း ကားကနဲပဲ။ လက်မောင်းကနေ နှလုံးကိုဖောက်ဝင်ပဲ။ တခါတည်းသေ။ ဒီကောင်လဲသွားတော့ အနောက်ကရဲဘော်တွေက ရဲမြင့်အောင်ထိသွားပြီ….ဆိုပြီအော်တယ်။ ဪ…သေတဲ့ကောင်နာမည်က ရဲမြင့်အောင်ကိုး။

 

ဒီမှာတင် ကျန်တဲ့လေးယောက်အတွဲလိုက်ပစ်တယ်။ PDF က အ,ထစ်(ထားဝယ်သား) က အပိုင်ဆော်တယ်။ သူကလည်း တိုက်ပွဲအတွေ့အကြုံရင့်နေပြီဆိုတော့။ ဟေ့…ကိုဘုန်းကျော် ကျနော့်အနောက်မှာနေ…ခင်ဗျား RPG နဲ့မပစ်နဲ့အုံးပေါ့။ လှမ်းပြီးသတိပေးတယ်။ ရန်သူဘက်ကလည်း ကြောက်စရာကောင်းအောင်ကို ပြန်ပစ်တယ်။ ဘယ်ကိုပြေးရမှန်းတောင်မသိဘူ။ KNU က တပ်ကြပ်ကြီးက ဟေ့ကောင်..မင်းဘာလို့မပစ်တာလဲကွလို့မေးတယ်။ ဒီမှာတင်ကျနော်ရဲ ့အလှည့်ရောက်ပြီ…။

 

တခါမှ RPG ပစ်တာမသင်ခဲ့ရဘူး။ ဘယ်လိုပစ်ရမလဲ။ ထိုင်ပစ်ရင်ကောင်းမလား။ မက်တပ်ရပ်ပစ်ရင်ကောင်းမလား။ မတ်တပ်ရပ် ပစ်ရင်လည်း မသာဘယ်ဈေး လဲဖြစ်အုံးမယ်။ မလန်းနိုင်ဘဲ၊ ကားသွားနိုင်တယ်။ ထိုင်ပစ်တော့လည်း အဆင်မပြေ။ ထိုင်ပစ်ရင်…ဟို…ခွေးမသားတွေကိုမမြင်ရဘူး။ ဒီတော့ထိုင်လည်း၊ မထိုင်၊ မတ်တပ်လည်းမရပ်ဘူး။ ဒူးထောက်ပြီးပစ်တယ်။ ကံဆိုးချင်တော့ RPG ရဲ ့ပို့ယမ်းက မိုးစိုနေတော့ မထွက်ဘူး။ နောက်တခါထပ်ပစ်တယ်။ မရဘူး။ ဟာ…သွားပြီ။ အားလုံးက ပြေးဖို့စတင်နေပြီ။ ဘာရမလဲ ကျနော်အသားကုန်ပြေးပြီ။ ကျနော်ပြေးတော့ KNU က တစ်ကြပ်ကြီးက ဟရောင်…မပြေးနဲ့..ငါ့ကိုပေး..ငါ့ကိုပေး…ဆိုပြီးလှမ်းပြောသေးတယ်။ကျနော်ကပြန်ပြောတယ်…မထွက်ဘူးဗျ…လို့။ နောက်ဆုံးကျနော်တို့ပျောက်ကြားအဖွဲ့ တောင်ပေါ်ကိုတက်ပေးကြတယ်။ အနောက်က ရန်သူက အသေးကော၊ အကြီးကော ထုလိုက်တာစောက်ရမ်းပဲ။ ကျည်ဆံပေါတာကိုး။

 

တောင်ပေါ်ရောက်တော့ ခဏနားတယ်။ ရန်သူကတော့ပစ်နေတုန်း။ ခဏနားပြီးပြန်ထွက်တဲ့အချိန်မှာ သေနတ်သံတစ်ချက်နီးနီးလေးကြားတယ်။ ဟာ…ဒုက္ခပဲ။ ရန်သူက ငါတို့နားမှာရောက်နေပြီဆိုပြီး တောင်ပေါ်ကနေ ဒရောသောပါးပြေးဆင်းကြပြန်ရော။ ဘယ်ဟုတ်မလဲ။ ကျနော်တို့နဲ့အုတ်ပျော် ပျောက်ကြားပစ်ဖို့လိုက်လာတဲ့ ရွာသူကြီးရဲ ့သေနတ်ကဖြစ်နေတာကိုး။ သူ့သေနတ်ရဲ ့ခလုတ်ကို သစ်ကိုင်းနဲ့ငြိသွားတာကို မသိလိုက်ဘူး။

 

တောင်ပေါ်ကဆင်းပြီး ABSDF တပ်ရင်း (၁) ရှိတဲ့ လျှိုထဲကိုအရောက်သွားတယ်။ ဗိုလ်ရွှေတို့အဖွဲ့လည်းရောက်နေတယ်။ ဒီမှာတင်ပဲ အမောဖြေနိုင်တယ်။ ဗိုလ်ရွှေကမေးတယ်။ မင်းတို့ RPG ကွဲသံလည်းမကြားပါလားတဲ့။ ဒီမှာတင် သူတို့မယုံလို့ ကျနော့် RPG-5 ကိုဖွင့်ကြည့်တော့..ကျည်ရိုက်ထားတဲ့အရာကိုတွေ့တယ်။ ဒါမှယုံသွားတော့တယ်။

 

ဒီစခန်းမှာ မလုံခြုံဘူး၊ ပြန်ထွက်မယ်လုပ်တော့ လူကပန်းနေပြီ။ လမ်းလည်းမလျှောက်နိုင်တော့ဘူး။ တောင်ကုန်းစတက်တာနဲ့ လူကမောနေပြီ။ RPG နဲ့အသီးတွေကိုထမ်းပြီးတောင်ပေါ်မှာပြေးရတာဘယ်လောက်ပင်ပန်းလဲဆိုတာ စဉ်စားကြည့်။ လမ်းမလျှောက်နိုင်တော့ ကျနော့်ကိုထားခဲ့ ပါဗျာလို့…နောက်မှလိုက်လာမယ်။ မလျှောက်နိုင် တော့ဘူးဆိုပြီးပြောတယ်။ ဒါပေမဲ့ သေဖော်သေဖတ်တွေဆိုတော့ လုံးဝမထားခဲ့ဘူး။ တစ်ယောက်တလှည့် RPG ကိုထမ်းတယ်။ ကျနော့်ကိုစောင့်ခေါ်တယ်။

 

ရန်သူက နောက်ရွာတခုမှ စီမံကိန်းချနေပြီ။ သူ့လူတွေကိုအသေမခံတော့ဘူး။ ဘုရားသုံးဆူက ဆင်းခါစပဲရှိသေးတယ်၊ သုံးလောင်းပေးလိုက်ရပြီ။ ဒဏ်ရာတော့ ဘယ်လောက်ရှိလဲမသိဘူး။ ရန်သူက ဗျူဟာအသစ်နဲ့ စီမံပြန်တယ်။ ရွာလည်မှာ ၈၂ ကိုထောင်ပြီး ရွာပတ်လည်ကိုထုပါလေရာ။ တွေ့ရာမြင်ရာကို G4 နဲ့ပြစ်တယ်။ ရွာသားတွေကို ရွာပြင်ကိုလုံးဝပေးမထွက်ဘူး။ သူတို့နဲ့အတူနေ။ အရာရှိတွေရဲ ့ပုခုံးပေါ်က အဆင့်တွေကိုဖြုတ်ပြီ။ ရဲဘော်ဆိုပြီးအယောင်ဆောင်လုပ်တယ်။ သေမှာတော့ကြောက်သား။ သုံးဆူက အပြန်မှာ အိတ်ဖောင်းလာခဲ့တဲ့လူတွေ၊ လမ်းမှာပဲ ဒုက္ခရောက်နေပြီ။

 

နောက်ဆုံးတော့….ရန်သူက…သေသွားတဲ့ ရဲဘော်လေးကို ရွာထိပ်လမ်းဘေးမှာ တွင်းတိမ်တိမ်လေးတူး၊ အမိန့်ပြန်တမ်းကို ဖြစ်သလိုရေးပြီး မြုပ်လိုက်တယ်။ သူ့ရဲ ့ကျောပိုးအိတ်တော့မတွေ့ဘူး။ ထားခဲ့ရမှာ နှမျှောလို့ထင်တယ်။ သူတို့ထွက်တော့ ရွာသားတွေကပြောတယ်။ ဒီလူသေကိုဖယ်ပေးပေါ့။ ကျနော်တို့ ပြန်တူးပြီး၊ လူသေကို ပြန်ရွှေ ့ပေးရသေးတယ်။ ဒီကောင်တွေ သေတဲ့အထိတောင် ကျနော်တို့ကို ဒုက္ခပေးတုန်း။

 

နောက်ဆုံးအဖွဲ့ဖြစ်တဲ့ ကိုမင်းထက်တို့အလှည့်ရောက်တော့ ရန်သူ, လည်သွားပြီ။ ရွာက ကောင်မလေးတွေကိုခေါ်၊ အရာရှိတွေဘေးကနေကာပြီး ခေါ်သွားကြတယ်။ ဒါကို….ကိုမင်းထက်နဲ့ရဲဘော်တွေတွေ့တော့ ဘယ်လို့မှပစ်မရဘူး။ သူတို့ကမှ ကံဆိုးတာ။ ရန်သူကိုမြင်နေရပြီ။ ရုပ်ရှင်ထဲကလိုပဲ။ ကောင်မလေးတွေကိုတွေ့တော့ ဒေါသမထွက်နိုင်တော့ဘူး။ ရန်ခုန်တာပြောင်းပြန်ဖြစ်သွားပုံရတယ်။

 

နောက်ဆုံး ကျနော်တို့ရဲ ့အောင်မြင်မှုကိုဂုဏ်ပြုတဲ့အနေနဲ့ ရွာတွေကဝက်တစ်ကောင်ပေးတယ်။ ဝက်သားပေါ်စားကြပေါ့။

 

ရန်သူ့သတင်းအေးတော့…ဒီတောင်ကိုထားဝယ်သား အ,ထစ်ကနာမည်ပေးတယ်။ ဘုန်းငိုတောင်တဲ့။

 

 

6 comments

  • မိုးတိမ်

    May 9, 2012 at 7:58 pm

    ကိုဖုန်းကျော်ရေ
    ဖတ်ရတာတော်တော်စိတ်မကောင်းလွန်းလို့ ဝင်မန့်ရတာပါဗျာ။
    ခင်ဗျားက အဲဒီအတွက် ဂုဏ်ယူနေတာလား။တကယ်ခံယူချက်ရှိရင်နိုင်ငံခြားမှာ ဘာဘီကျူ စားမနေသင့်ဘူး။
    ကိုယ့်အချင်းချင်း သတ်နေရတာကို ဂုဏ်ယူချင်တဲ့ခင်ဗျားရဲ ့စိတ်ကိုတော့ အံ့ဩမိတယ်။သေဆုံးခဲ့တဲ့ရဲဘော်တွေက ခင်ဗျားထက်တိုင်းပြည်ပိုချစ်တယ်လို့ ကျုပ်မြင်တယ်။ခင်ဗျားတောင်
    သေမှာကြောက်သေးတာ သူတို့မှာလဲ အသက်နဲ့ မိသားစုတွေနဲ့ဆိုတာတော့ ခင်ဗျားစဉ်းစားဖို့ကောင်းပါတယ်။တော်ပြီဗျာ ခင်ဗျားဟာဖတ်ရင်စိတ်ပိန်ရတာများတယ်။

  • မိုးတိမ်

    May 10, 2012 at 12:12 am

    မင်းတို့လူ့ဘောင်သစ်က လူသတ်ဓမြတိုက်ရုံပဲတတ်တာလားကွာ။တိုုင်းပြည်အတွက်ဘာတွေလုပ်ပေး
    ခဲ့လဲဆိုတာ ဒီမှာတင်ပေးကြည့်ပါ။ငါက မင်းတို့ပြောတဲ့စစ်ခွေး မဟုတ်ပေမယ့် စစ်ခွေးထက်မင်းတို့ကိုပို
    စက်ဆုတ်တယ်။မင်းကမှစစ်ခွေးကွ မင်းအဖေကဘာလဲ မင်းကိုတိုင်ကြေငြာထားတာပဲလေ။
    ကိုယ့်အချင်းချင်း(တိတိကျကျပြောရရင် မင်းအဖေအမျိုုးကို သတ်ရတာ မင်းဂုဏ်ယူတယ်ပေါ့)
    ကြောက်လို့ပုန်းပစ်၊ နိုင်ငံခြားမှာ စတေးရှောင်နေတဲ့ မင်းလိုကောင်တွေက ရိုဟင်ဂျာတွေအကြောင်းအော်နေတာငါဖြင့်ဖတ်ရတာ(မင်းမပါသေးဘူး)ချက်ခြင်းထသတ်ချင်စိတ်ပေါက်နေတယ်။ငါသာအာဏာရှိတဲ့ကောင်ဆိုရင်ရိုဟင်ဂျာဆိုတဲ့ကောင်တွေကိုအကုန်သတ်ခိုင်းမယ်။သေနတ်နဲ့ပစ်ရင်ကျည်ကုန်တယ်။ အလောင်းမင်းတရားကြီးလို ဝါးရင်းတုတ်နဲ့ရိုက်သတ်မယ်ကွ။

  • TTCG

    May 10, 2012 at 1:12 am

    တိုက်ပွဲတွေတိုက်ခဲ့တယ်ဆိုတော့ တစ်ဘက်ကရန်သူ ကိုဘုန်းကျော် လက်ချက်နဲ့ကျသွားအောင် ပစ်ခဲ့ဘူးလားခင်ဗျာ… အစ်ကိုကိုယ်တိုင် ပါဝင်တိုက်ခဲ့တဲ့ တိုက်ပွဲတွေမှာ နိုင်တာရောရှိခဲ့ဘူးလား? ဒီထဲမှာတော့ ပြေးတဲ့အကြောင်းကြီးပဲရေးထားလို့…

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 10, 2012 at 1:31 am

    ဟုတ်မှာ အဲ့သည်တုန်းကဖစ်မယ် သဒင်းမှာပါဒယ်
    တပ်မတော်သား နှစ်ယောက် တိုင်းပြည်တွက်အသက်ပေးလှူ
    တစ်ယောက် ဒဏ်ရာရရှိပျီး
    ဘုန်းကျော်တို့သဘုံတပ်ဖွဲ့ဒေ အကျအဆုံးများစွာနဲ့
    ခွေးပြေးဝက်ပြေးထွက်ပြေးသွားတာကို မိမိတို့တပ်မတော်မှလိုက်လံရှင်းလင်း
    ဆိုပြီးကြေညာဒယ်
    ( ပြောတာပါဘဲ မောင်ဖုန်းကျော်ရာ ဒေသခံတွေကတော့ ငချဉ်ဘဲ
    စစ်တပ်လာလဲ မျက်နှာမာနဲ့ နှိပ်စက်သွားတာဘဲ သဘုံလာလဲ မျက်နှာချိုနဲ့
    နှိပ်စက်သွားတာဘဲ သူ့ကိုငါအပြစ်ပြောငါ့ကိုသူအပြစ်ပြောနဲ့ ဘယ်ကောင်မှ
    စောက်ချိုးမပြေဘူး လီးတစ်ချောင်းသွားတစ်စုံဘဲရှိတဲ့ကောင်တွေကို
    သေနတ်နဲ့ချိန်ပြီး မင်းတို့ဘာကောင်တွေလဲဆိုပြီး စောက်ခွက်ပြောင်ပြီး
    လုပ်တဲ့ကောင်လည်းရှိသေးတယ်
    နို့ခင်ဗျားရော လုပ်ဘူးသေးလား ? 😀 )

  • မိုးတိမ်

    May 12, 2012 at 4:26 pm

    ဘုန်းကျော်သည် ဩစတျေးလျနိုင်ငံတွင်နေသည်။ ၁၉၇၉-ခုနှစ်တွင် အင်းစိန်မြို ့တွင်မွေးပြီး မင်္ဂလာဒုံမြို ့နယ်ရှိ စစ်တပ်ထဲတွင် ကြီးပြင်းလာခဲ့သည်။ အဖေဖြစ်သူသည် တကြပ်ကြီးတဦးဖြစ်သည်။ ၁၉၉၉-ခုနှစ်တွင် ဘုန်းကျော်တောခိုခဲ့သည်။ နယ်စပ်ကလူ ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတွင် ၁၉၉၉-၂ဝဝ၅ ထိ တာဝန်ထမ်းသည်။ လက်ရှိအလုပ်အကိုင်သည် ဩစတျေးလျနိုင်ငံရှိ ရွှေတူးဖော်ရေးမိုင်းတခုမှ ဝန်ထမ်းတစ်ဦးဖြစ်သည်။

    ကိုဖုန်းကျော်အဖြေကို စောင့်နေတာမဖြေသေးဘူးနော်။
    ခင်ဗျားမေ့မှာစိုးလို့ ခင်ဗျားအကြောင်း copy/paste လုပ်ထားတာပါ။
    ခင်ဗျား ဘယ်လောက်ခံယူချက်ရှိပြီး တိုင်းပြည်အတွက်ဘာတွေလုပ်ခဲ့ပါသလဲ။
    ကိုယ့်အမျိုးအချင်းချင်းသတ်ရတာ ဝမ်းသာနေတဲ့ ခင်ဗျားလို ကောင်ကို အံ့ဩတယ်။
    ကျုပ်သာတပ်ထဲက အာဏာရှိတဲ့ကောင်ဆို ခင်ဗျားပြန်လာတာနဲ့ ချက်ချင်းသတ်ခိုင်းမယ်။
    ခင်ဗျားဘာရည်ရွယ်ချက် ဘာအတွက်နဲ့ အချင်းချင်းသတ်ရတာလဲ ဆိုတာရှင်းပြပါ။
    ကျုပ်လဲ အာဏာရှင်ကိုမုန်းတဲ့ ပြည်သူတစ်ယောက်ပါ။
    ဒါပေမယ့် စစ်တပ်ထဲမှာ (ကျွန်တော့အသိ) ခင်ဗျားထက်စိတ်ဓါတ်ကောင်းတဲ့သူတွေ
    အမျိုးချစ်သူတွေ အများကြီးပါ။သူတို့ရင်ဖွင့်သံတွေကို နားထောင်ခဲ့ရပါတယ်။
    လက်အောက်က ငယ်သားတွေက သိပ်သနားစရာကောင်းပါတယ်ဗျာ။
    ထမင်းတောင်မစားရတဲ့ရက်တွေက သူတို့အတွက် ရိုးနေပြီတဲ့။ ခင်ဗျား ထမင်း ဘယ်နှရက်
    ငတ်ဖူးပါသလဲ။တောင်ကုန်းတစ်ခု တက်ပြီးမောနေတာ၊ RPG ထမ်းရတာပင်ပန်းတယ်ထင်နေရင်
    ဗမာတပ်မတော်က တပ်သားလေးတွေကိုမေးကြည့်ပါ။ခင်ဗျားလိုကောင်ကို အရူးလိုဝိုင်းကြည့်ပါ
    လိမ့်မယ်။မြန်မာ့စိတ်ပျောက်နေတဲ့ ခင်ဗျားလိုလူကို ပြောရတာလက်ညောင်းတယ်ကွ။

  • ဖတ်ရင်းနဲ ့မဆီမဆိုင်သေ သွားတဲ့ ကိုယ့်နိုင်ငံသားတွေနှမျောလိုက်တာဗျ။
    ဘယ်ဆီ ဘယ်ဝယ် ဘယ်သူတောင်းစားဆီကလာမှန်းမသိတဲ့ အမိန် ့ကိုနာခံ
    နေရတဲ့ သူတွေကို သနားမိပါတယ်ဗျာ

Leave a Reply