ပီနန်ကျွန်းခရီးစဉ် အင်တာဗျူး အပိုင်း ၇
အင်တာဗျူးလေး ဆက်ရအောင်။ ဒါနဲ့ မလေးရှားမှာ ပီနန်ကျွန်းကို ရောက်ခဲ့တော့ ဘယ်လိုတွေ့ကြုံရလဲဆိုတာလေး ပြောပြပါလား။
ကျွန်တော်တို့ရဲ့ ပီနန်ခရီးစဉ်လေးက ဒီလိုပါဗျာ။ တရုတ်နှစ်သစ်ကုူးပိတ်ရက် ၁ဝရက်ရတာမို့ သူငယ်ချင်းတွေ ပီနန်ကျွန်းကို ခရီးထွက်ဘို့ အကြောင်းဖန်လာတယ်လို့ပြောရမှာပေါ့နော်။ သူငယ်ချင်း ၆ယောက် ကွာလာလမ်ပူမှ ပီနန်သို့ ဘတ်စ်ကားလက်မှတ်ဝယ်ပြီးလာခဲ့ကြပါတယ်။ ပီနန်ကျွန်းဆိုတာ ဟိုးအရင် မြန်မာ ရှင်ဘုရင်တွေခေတ်က စီးပွားရေး ကုန်သွယ်မုှတွေပြုခဲ့တဲ့ ကျွန်းဆိုတာကိုတော့ ကျွန်တော်တို့ သင်ကြားခဲ့ဘူးတဲ့ မြန်မာ့ သမိုင်းကြောင်းမှာ ရှိခဲ့ပေမဲ့ ယခုမှလက်တွေ့ရောက်ရတော့မှာပေါ့ဗျာ။ဒီလိုနဲ့ ၄နာရီကျော်ကျော်လောက်စီးလာလိုက်တာပီနန်ကျွန်း တစ်ဖက်ကမ်း ဘာတာဝပ်ဆိုတဲ့ ကားဂိတ်ကိုရောက်လာခဲ့ပါတယ်ခင်ဗျာ။ ကားပေါ် မှ ဆင်းပြီး မိမိတို့ သွားလိုတဲ့ ပီနန်ကျွန်းကို ရောက်ဘို့ ဖယ်ရီခေါ်(ကုတို့ ဇက်သင်္ဘော)စီးဘို့ လက်မှတ် ဖြတ်ခဲ့ကြပါတယ်။သူတို့က အသွားအပြန် တစ်ခါတည်း လက်မှတ်ဘိုး ယူလိုက်တယ်လေ။ ဟိုဘက်က ပြန်လာရင် မလိုဘူးဆိုတဲ့ အဓိပ္ပါယ်ပေါ့နော်။နားလှဲ့ ပါးရိုက်နည်း တစ်ခုပေါ့ဗျာ။ ကိုယ်က ပီနန်ကျွန်းကနေ တိုက်ရိုက် ဘတ်စ်ကားစီးရင် အပြန် စရိတ်က ပေးပြီးသားမို့ ပြန်မရတော့ဘူးလေ။အသင် ပြန်ချင်သလိုပြန်လေ သူတို့က ယူထားပြီးပြီလေ ဇက်သင်္ဘောခဘိုးကိုပေါ့။ လည်တယ်နော် မလေးစီးပွားရေးသမားတွေလည်း။မြန်မာလူမျိုးနည်းနည်းပေါ့နော်။ အရှေ့တောင် အာရှသားတွေကို တူမှာပေ့ါ့ဗျာ။ကားခတွေ ဇက်သင်္ဘောခတွေ မရေးတော့တာက ခေတ်နဲ့ အညီ အမြဲ ပြောင်းနေတတ်တာကြောင့် မရေးတာကို နားလည်ပေးစေချင်ပါတယ်ခင်ဗျာ။ဒီလိုနဲ့ပဲ ပီနန်မြို့ရဲ့ မြန်မာ ဘုန်းတော်ကြီး ကျောင်းမှာ အလူှငွေ ထည့်ရင်း တည်းခိုခန်းစရိတ်အစား မိမိတို့ ဘာသာကျောင်းကို အလှူငွေထည့်ပြီး တည်းခိုခဲ့ပါတယ်ခင်ဗျာ။ဘုန်းတော်ကြီးက လည်း မြန်မာလူမျိုးတွေအပေါ် ဖော်ရွေပြီး နေရာထိုင်ခင်းများပေးပါတယ်ခင်ဗျာ။မြန်မာပြည်ရဲ့ ကုလသမ္မဂအတွင်းရေးမူှး ဦးသန့်က မလေးရှားနိုင်ငံ လွတ်လပ်ရေး ရအောင် လုပ်ပေးခဲ့လို့ ဦးသန့်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဂျလန်ဦးသန့်(ဦးသန့်လမ်း)။ကွာလာလမ်ပူ မြန်မာသံရုံးနားမှာ ဦးသန့်လမ်း ယခုထက်တိုင်ရှိပါတယ်ခင်ဗျာ။Burma Lane(မြန်မာလမ်း)ယခု မိမိတို့ တည်းခိုတဲ့ ဘုန်းကြီးကျောင်းလမ်းကို ခေါ်ပါတယ်ခင်ဗျာ။ဦးသန့်ကူညီလို့ လွတ်လပ်ရေး ကို မိမိတို့ထက် ၁ဝနှစ်နောက်ကျပြီးမှ ရခဲ့တဲ့ မလေးရှားနိုင်ငံဟာ မိမိတို့ မြန်မာနိုင်ငံထက် အဆများစွာ တိုးတက်လာပြီး မိမိတို့ မြန်မာနိုင်ငံသားတွေပါ လာပြီး အလုပ်လုပ်နေရတော့ မိမိတို့ နိုင်ငံကိုယ်စား ရှက်မိပါတယ်ခင်ဗျာ။ ဒါတွေဟာလည်း မည်သူမပြု မိမိမုှ မဟုတ်ဘူးလား ခင်ဗျာ။နိုင်ငံတော်ရဲ့ ခေါင်းဆောင်တွေရဲ့ မိမ်ိတို့ နိုင်ငံအပေါ် ထားတဲ့ စေတနာတွေကြောင့်ပေါ့နော်။သီးလေးသီး ပြောသလိုပေါ့နော် အားလုံးပဲ လာထားလာထား စားမယ် ဝါးမယ်တဲ့ (ကိုဇီးသီးပြောတာနော် သားသားပြောတာဟုတ်ဘူး တော်ကြာ ထမင်း အလကားစားနေရမယ် ဟားးးးးးးးးးးးးးးးးးးးးးးး)အင်းစိန်ထမင်း။မြန်မာဘုန်းကြီးကျောင်းရှေ့မှာတော့ ထိုင်းနိုင်ငံက ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းရှိပြီး အထဲမှာ ရွှေသာလျောင်းကိုယ်တော် တည်ထား ကိုးကွယ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့လည်း ခေတ္တခဏနားပြီးတဲ့ နောက်မှာတော့ အငှားယာဉ်တွေနဲ့ ကမ်းခြေရှိတဲ့ဖက်တွေကို ခြေဦးလှည့်ခဲ့ပါတယ် ခင်ဗျာ။
ပီနန်ကျွန်းမှာ လာပြီး အခြေချနေတဲ့ မြန်မာပြည်ဖွား တရုတ်လူမျိုးများကတော့ ယခုထက်တိုင် အခြေချနေထိုင်ပြီး စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နေဆဲပါခင်ဗျာ။ ကမ်းနားမှာ ဝင်းဦး ကုမ္ပဏီ ကိုတည်ထောင်ထားတဲ့ တရုတ်လူမျိုး ကိုဝင်းဦးနဲ့ ပီနန်မှ ခင်ခဲ့ရလို့ သိရတာပါခင်ဗျာ။အဲဒီခေတ်က ကိုဝင်းဦး အသည်းစွဲမို့ တစ်ချို့က မိမ်ိကိုယ်ကို ဝင်းဦးဆိုပြီး နာမည် တတ်ခဲ့ကြတာကိုးဗျ။ တိမ်လွှာ မို့မို့လွင်ပေါ့နော် ။ကြီးတဲ့သူတွေတော့ မှတ်မိကြပါလိမ့်မယ်နော်။တစ်ခေတ်တစ်ခါက ကျော်ကြားခဲ့သူကြီးပေါ့ဗျာ။ပီနန်မြို့မှာ လည်စရာဆိုလို့ ပီနန်တောင်ပေါ်။ ပီနန်ကမ်းခြေနဲ့ ပီနန်မှာရှိတဲ့ တရုတ်ဘုံကျောင်းတွေပဲပေါ့။ပီနန်တောင်ပေါ်ကိုတော့ ရထားကို စတီးကြိုးနဲ့ ဆွဲပြီး အတက်အဆင်းလုပ်တာပေါ့နော်။ဓါတ်ပုံတွေ ပြချင်ပေမဲ့ မြန်မာပြည်မှာ ထားခဲ့တာမို့ သည်းခံကြပါနော်။ပီနန်တောင်ပေါ်ကနေကြည့်ရင် ပင်လယ်ရှုမျှော်ခင်းကို ငေး မဆုံးပေါ့ဗျာ။လန်ဂါဝီကျွန်းလောက်တော့ ပစ္စည်း စားစရာ ဈေး မချိုဘူးပေါ့နော်။ လန်ဂါဝီကျွန်းက အခွန်မဲ့ ပစ္စည်း(Duty free)တွေရောင်းတာမို့ သွားတဲ့ သူတွေပေါတာပေါ့။ကျွန်တော်က တော့ နောက်ပိုင်းမှာ စက်ရုံက တစ်နှစ်တစ်ခါ ကျွန်းတွေ ကမ်းခြေတွေ ပို့ပေးတဲ့ အတွက် မလေးရှားနိုင်ငံ တစ်ခုအတွင်းမှာ ရှိကြကုန်သော နေရာ အတော်များများကို ရောက်ဖူးခဲ့ပါတယ်ခင်ဗျာ။ကျွန်တော်တို့ရဲ့ ပီနန် ခရီး စဉ်လေးကို ပျော်ရွှင်စွာ ဖြတ်သန်းရင်းနဲ့ပဲ တရုတ်နှစ်သစ်ကူး ပိတ်ရက် ကုန်တော့မှာမို့ ကွာလာလမ်ပူမြို့ကို ပြန်လည်ထွက်ခွာရင်း မိမိတို့ရဲ့ လုပ်ငန်းခွင်ကို ဝင်ဘို့ အပမ်းဖြေခရီးစဉ်ကိုအဆုံးသတ်လိုက်ရပါတော့တယ်ခင်ဗျာ။ကျေးဇူးတင်လျက်ပါ။နောက်ထပ် ထိုင်း နိုင်ငံမှ မလေးရှားနိုင်ငံသို့ အောက်လမ်းမှ ဝင်ပုံများနဲ့ မလေးရှားမှာ ဖြစ်ပျက်နေကြတဲ့ ဗဟုသုတရစရာလေးများကို ဆက်လက်တင်ပြပါအုန်းမယ်လို့ပြောကြားရင်း အဆုံးသတ်ခွင့်ပြုပါခင်ဗျာ။
3 comments
အတိသဉ္ဖာ နာဂရချစ်သူ
May 13, 2012 at 2:59 pm
ဆက်စောင့်ဖတ်ပါမယ်ဗျာ။
htet way
May 13, 2012 at 6:41 pm
အားပေးပါတယ် မနောဖြူလေးရေ
ဆက်လက်ပြီး မှတ်သားဖွယ်ရာတွေ တင်ဆက်ပါအုံးလို့
moethidasoe
May 14, 2012 at 11:04 am
မနောဖြူရေ ပီနန်ကျွန်းကို ရောက်တုန်း ဇာလိဖ္ဖိုလ်သီး အရည်များ ဝယ်ခဲ့သေးလား .. အဲဒီကျွန်းမှာ အဲဒီအပင်တွေ တအား များတယ် .. ကလေးတွေအတွက် တန်ဖိုးရှိတယ် ..
နောက်ပြီး ပီနန်ကျွန်းက မြေပုံမှာ ဘာနဲ့ တူလဲ ဆိုတော့ ဖားကလေး အတိုင်းပဲ တဲ့ ..
(မှတ်ထားတာ မှားချင် မှားမယ် .. တနင်္သာရီလမ်း ..ဆိုလား မြန်မာနာမည်နဲ့ လမ်း တစ်လမ်း ရှိသေးတယ်)
မှတ်မိထားတာက တရုတ်တန်း ဆိုတာလဲ ရှိသေးတယ် .. မလေးလူမျိုးတွေ ဖြတ်မလျှောက်ဘူး .. ဘာလို့ ဆို အဲဒီလမ်းထဲက ဆိုင် မှာ ဝက် ကို အကောင် အခြမ်းလိုက် ချိတ်ထားတာ တွေ့ခဲ့ဖူးတယ် ..
တရုတ်ဆိုင်မှာ ဝက်ခြေထောက် ဆွပ်ပြုတ် စားရင်လဲ ကြက်ခြေထောက် ထည့်ပေးဖူးတာ ကြုံရတယ် .. ဘာလို့လဲ ဆိုတော့ သွားစားတဲ့ လူက အသား ညိုတာကိုး .. ဝက်ရှောင်ရမယ့်လူတွေ လာစားတာ ထင်လို့ ရောင်းတော့ ရောင်းတယ် .. လယ်တဲ့လူက ဝက်ကို အကုန်စားပြီး ကြက်ခြေထောက် ကျန်နေရင် .. ဘာသာရေးပတ်တရောင်လှည့်တဲ့အခါ ဖမ်းမမိမှာတဲ့