ရိုမီယို2 ( အပိုင်း 1 )
မန်းလေး တက္ကသိုလ်ကြီး၏ ဆောင်းနံနက်ခင်းလေးတခု……လေပြေတို့ ကအေးမြလတ်ဆတ်လျက်…..
ညောင်ပင်ဝိုင်းအကွေ့……..လေလေးချွန်ရင်း….ဖွန်လေးကြောင်ရင်း……မနက်ခင်းက …သစ်လွင်နေခဲ့ပါသည်…
“‘ဝူး…..သောက်ပလုတ်တုတ် ” ဖြတ်ကွေ့လာသော ဆိုင်ကယ် အနက်လေးကြောင့်….ခုန်ရှောင်လိုက်သည်…
မညီညာသောမြေပြင်မို့……ခြေကျင်းဝတ်ကမျက်ကနဲ……..ဒေါသက အလိပ်လိုက်…အလိပ်လိုက်……
” ဟင်..မျောက်မူးသေမ ….လူမမြင်ဘူးလား……”
ပက်ကနဲပြောမိပြီးမှ ….လှည့်ကြည့်မိသည်….ရှည်လျားဖြောင့်စင်းနေသော …ဆံနွယ်လေး.ဘောင်ခတ်ထားသော…မျက်နှာချွန်ချွန်လေးက…လပြည့်ဝန်းလေးသဖွယ်…ဖြူဝင်းနေသောအသားရောင်နှင့် ..
.ကျွန်တော့်လမင်း…(ထိုအချိန်က မသက်ဆိုင်သေးပါ..အဟီး )
..” အလန်းဟ…” ဟု အသိအမှတ်ပြုမိသော်လည်း…ဒေါသကမပြေသေး…..ပြင်ဦးလွင်သားများ စိတ်ကြီးလျှင်လိုက်မမှီ…အဟီး
” အစ်ကို..ဆောရီးနော် ” ဆိုင်ကယ်ရပ်ရင်းကပြောသည်…..
”ဘယ်လိုလုပ်လိုက်တာလဲ….ကျိုးပဲ့သွားရင် ဘယ်လိုလုပ်မလဲ…..မိန်းမကရသေးတာမဟုတ်ဘူး…..တခုခုဆိုငါ့ကိုယူရမယ်….”
”အဲ့ချိန်ကျ အသကုန် ဂျီကျမယ်…ဟိုဟာမစားချင်ဘူး…ဒီဟာမစားချင်ဘူးလုပ်မယ် ”..ပြူးကျယ်နေသည့်သူ့မျက်လုံးလေးများက..
.ကက်စက်ဖွင့်လိုက်သလို..အကျွန်ုပ်ကဲ့သို့ခန့်ညားသားနားသော….ယောက်ျားတစ်ယောက်ထံမှ….ကတ်ကတ်လန်ရန်တွေ့သံကို…မျှော်လင့်ထားဟန်မတူ……
ရဲတက်သွားသော ..မျက်နှာလေးက ….ဝင်းမှည့်နေသော…ပန်းသီးလေးသဖွယ်…နမ်းသတ်ချင်စရာအတိ…အဟီး…
———————————————————————
” အင်…ဘာမှလဲမဖြစ်ပဲနဲ့ ” ခေါင်းငုံ့ရင်း ရှက်ရွံ့နေသည့် လေသံလေးက…အဟိအဟိ ပိကျိပိကျိ …ကျလိကျလိ ..ခွိခွိ…
” တောင်းပန်တယ်နော်…အဆောင်ပြန်ပို့ပေးမယ်လေ ” ဟူသောလေသံလေးက ..ထိတ်ကနဲဝမ်းသာလုံးဆို့သွားသော်လည်း…..
ယောက်ျားဖိန့် ကရှိသေးသည်မဟုတ်ပါလော…ယောက်ျားများအညှာလွယ် လွန်းရင်မကောင်းပါ…..အကျွန်ု့အဖြစ်ကိုသာကြည့်ပါ…ကျောင်းဒကာ….အဟီး.( ရွာထဲက သားသား ကြိတ်လေးစားရသော
.” မင်းပြန်မပို့ပေးလို့….ငါက ambulance နဲ့ပြန်ရမှာလား….ခြေထောက်ကအဲ့လောက်နာနေတာကို…”
”တာဝန်ယူတတ်တဲ့စိတ်လေးထား……အဲ့မှတိုးတက်မယ် ” ရုပ်တည်နှင့်ဘုပြောရင်းက ….ရင်ထဲမှာလမင်းဆယ်စင်း…ခွေးဆယ်ကောင်…..
လင်းလည်းလင်းသည်…ဆူလည်းဆူသည်…..အဟိ….
သူ့ဆိုင်ကယ်နောက်က လိုက်ရင်းက ..လေအဝှေ့တွင် …တိုးခွေ့လာသော …ရှန်ပူနှင့် ကိုယ်သင်းနံ့လေးက …သင်းကနဲ…….
ကံများကောင်းချင်လျှင်…လိုက်မမှီဆိုသည်မှာ…မှန်တန်ကောင်းပါသည်………
အဆောင်ရှေ့မှ ပြူးထွက်ဖောင်းကားနေသော……သကောင့်သား..သူငယ်ချင်းများ၏မျက်လုံးများက….ထိုမျှလှပကျော့ရှင်းသော ….ပဂေးလေးဆိုင်ကယ်နောက်မှ…..
မိန့်မိန့်ကြီးဆင်းလာသော…..ကျွန်တော့်ကို အံ့ဩနေပုံက …ဖုံးမရ ဖိမရ…..နေ့စေ့လစေ့များသဖွယ်……
ခြေထောက်သည် …ပကတိ အကောင်း……ဟိဟိ …
—————————————————————————-
လက်လေးချောင်းခန့်ရက်များအကြာ…..တောင်တမန်အင်းမှဆိုင်လေးထဲအဝင် ……..
…..” ဟဲ့…ပါခန့်ပါခန့် ……ဒီမှာလာထိုင် ”ငယ်သူငယ်ချင်း…စုမွန်အသံက စူးကနဲ ….
ဝင်အထိုင်တွင်….သူ့ဘေးမှာရှိနေသည်က …ကျွန်တော့်သေမင်းတမန်လေး…….
” ဟဲ့ …..ပါခန့်….မိတ်ဆက်ပေးမယ်….ဒါအိဖြူစင်တဲ့…မိုးကုတ်ကလေ….ဂျာမန်က …ငါနဲ့တခန်းထဲနေတာ ”
ပျော်ချက်က ….. ပျော့မတတ်…… စုမွန်ကိုအညော်ကပ်မည်ဟု ..စိတ်ကူးရင်းက ….အတွေးထဲမှာ…ကလေးနှစ်ယောက်နှင့်…
ကျွန်တော်က ဆေးလိပ်ကြီးခဲလျှက်က …မိန့်မိန့်ကြီး……..
” အော်…သိတယ်..သိတယ်…ပါခန့်စော်ကြည်ပါ…..စုမွန်နဲ့အတူတူပဲ…အီးဖိုင်နယ်က ” ခေါင်လေးငုံ့ရင်း က နှာခေါင်းရှုံ့ လိုက်ပုံက
ဟောက်စားလုပ် …သရုပ်ဆောင်ခဲ့သော ….နံနက်ခင်းကို မမေ့သေးသည့် ပုံ ……..
နိဒါန်းသည် ထိုသို့ထိုပုံ …စတင်ခဲ့ပါသည်………
9 comments
အတိသဉ္ဖာ နာဂရချစ်သူ
May 13, 2012 at 2:43 pm
အပိုင်း(၂)ဆက်ပါအုံးဗျို ့။အလှပဂေးလေးမို ့စိတ်ကူးနဲ ့ဝိုင်းရင်ခုန်ပေးမလို ့။ဟီးးးး
ဗိုက်ကလေး
May 13, 2012 at 2:46 pm
လေလေးချွန် ဖွန်လေးကြောင်…ဖင်လေးပြောင်.အဲလေ…ခြေမျက်စိ ယောင်သွားတယ်ထင်ပါ့..
မသတ်သာရင် ဆရာ ထက်ဝေးကို လွှတ်ပေးလိုက်မယ်ခင်ဗျ
ပွဲစားခကတော့ ဘီအီးအဝတိုက်
မဟာရာဇာ အံစာတုံး
May 13, 2012 at 4:14 pm
အော် .. နုချက်နယ် ..
ကမ်းကုန်ပါရောလားကွယ် …. 😀
နောက်ထှာနော့ ..
နိဒါန်းလေးကတော့ ကောင်းသွားပြီဗျို့ ..
စာကိုယ်လေးကို ဆက်ပါဦးလို့ …
windtalker
May 13, 2012 at 9:14 pm
ကိုယ့်လူရဲ ့လမင်း က မိုးကုတ်က လာတယ်ဆိုမှတော့ ၊ ချောမှာ လှမှာ အသေအချာဘဲပေါ့ ။ နောက်ဇါတ်ကို စောင့်နေပါတယ် ဗျို ့။
ညလေး
May 13, 2012 at 10:40 pm
အားပေးသွားပါတယ်……
…………
ဆက်ရန်ဖတ်ဖို.စောင့်မျှော်လျှက်
………..
Onyx
May 14, 2012 at 9:57 am
ကောင်းတယ်ဗျို့ ကို့လူ ဆက်ရေး အာပေးနေတယ် ။
ပဂေး လေးက အတော် လန်းပုံပဲပေါ့ ။
sorrow weaver
May 14, 2012 at 1:47 pm
အဟီး…အဲ့လိုလေးတွေအားပေးကြတော့လဲ….ပျော်တာ့…သူကလေးကတော့ဖြင့်…ခုတော့ယောက်ျားရတွားရှာပြီ….ခန့်ခန့်ချောချောနဲ့ ဖူးစာမပါတော့လဲ….အဟီး
ပုံ…ပါခန့်စော်ကြည်…
shwe kyi
May 15, 2012 at 12:07 pm
အခန်းဆက်ကို စောင့်မျှော်နေပါသည်…။
Khaing Khaing
May 15, 2012 at 1:20 pm
အံမယ် အံမယ် ဇာတ်လမ်းကိုကျော်ချသေးတယ် ကောင်မလေးက သူ့ကိုတိုက်မိမိချင်း သူအဆောင်မှာနေတာ ဘယ်လိုသိသွားလဲမသိဘူးနော် ……..