Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အာလူးချောင်း ပုဇွန်ကြော် နဲ့ ပုဇွန်ဆီပြန်ချက် ကလေး…

Ma EiMay 16, 20121min86240

အာလူးချောင်း ပုဇွန်ကြော် နဲ့ ပုဇွန်ဆီပြန်ချက် ကလေး…

 

MG ရွာသူ ရွာသားများအတွက် အာလူးချောင်း ပုဇွန်ကြော်လေး အရင်တင်ပေးပါမယ်…

ပါဝင်ပစ္စည်းတွေကတော့…

1.ပုဇွန်

2.အာလူးချောင်း

3.ရွှေလိပ်ပြာ အကြော်မှုန့်

4.ကြက်ဥ စသည်တို့ဖြစ်ပါတယ်…

1.ကြော်ဘို့ ပြင်ထားမယ်...

 

ကြော်ပုံ အဆင့်ဆင့်ကတော့ ဒီလိုပါ…

ပုဇွန်တွေကို အမြီး တစ်ဆစ်ချန်ပြီး အခွံခွာ၊ ကျောခွဲပြီး အစာကြောင်းထုတ် ဆား နနွင်း နယ်ထားပါ…

ကြက်ဥ အကာရည်ထဲကို ရွှေလိပ်ပြာ အကြော်မှုန့် အနည်းငယ်ထဲ့ ခေါက်ပြီး ပုဇွန်လေးတွေနှစ်လို့ ဆီပူပူမှာ ရွှေညိုရောင်သမ်းလာအောင်ကြော်ပေးပါ…

အာလူးကို အခွံခွာ မထူမပါးလှီးပြီး ဓားအတွန့်လေးနဲ့ အချောင်းတွန့်လေးတွေဖြစ်အောင်လှီးပါ…

သူ့ကိုလဲ ဆီပူပူမှာ ကြွပ်အောင်ကြော်လိုက်ပါတယ်…

အားလုံးပြီးရင် ဆီစစ်ထားပြီး ပန်းကန်လေးထဲ အလှဆင်လိုက်ရင် စားချင်စရာ အာလူးချောင်း ပုဇွန်ကြော်လေး ရပါပြီရှင်…

2.အာလူးချောင်း ပုဇွန်ကြော်

ဆိုင်တွေမှာတော့ ပုဇွန်ကို အကောင်ကြီးတယ်ထင်ရအောင် မုန့်နှစ်ထူထူကပ်ပြီးကြော်တတ်ကြပါတယ်…

ပဲကြာဇံ အခြောက်ကြော်ကိုခင်းပြီး ပုဇွန်ကြော်တင်လို့ အလှဆင်ကြပါတယ်…

ကျမတော့ အာလူးချောင်းလေးနဲ့ ပုဇွန်ကြော်ကိုပိုကြိုက်ပါတယ်…

 

ပုဇွန်ဆီပြန်ချက် ကလေး…

ပုဇွန်ဆိုတဲ့ အကောင်ဟာ စားကောင်းသလို စားကောင်းသလောက် ပြင်ဆင်ရတာ အလုပ်ရှပ်ပါတယ်…

ခေါင်းခွံခွာ လက်အမျှင်တွေဖယ် အစာအိမ်ထုတ် အခွံခွာ ကျောခွဲပြီး ချေးကြောင်းဖယ် စသည်ဖြင့် အဆင့်ဆင့် လုပ်ရပါတယ်…

အခွံ နဲ့ ချေးကြောင်း ပါရင် စားမကောင်းလို့ တစ်ကောင်ချင်းကို သေသေချာချာကိုင်ရပါတယ်…

ဆီပြန်ချက်ကလေးကတော့…

ကြက်သွန်ဖြူ နီ ဂျင်း ထောင်းပြီးဆီသတ်…

မွှေးလာရင် ပုဇွန်တွေနဲ့ ခရမ်းချဉ်သီးလေး ကြက်သွန်နီလေး ရောချက် အပေါ့ အငံမြည်းပြီး

အနေတော်ဆို နံနံပင် ငရုတ်စိမ်းလေးအုပ်လို့ စားသုံးရန် အဆင်သင့်ဖြစ်ပါပြီရှင်…

3.မချက်ခင် ဒီလိုလေး

 

4.ပုဇွန်ဆီပြန်ချက်

 

အဲ့ဒီနေ့အတွက် ကျမတို့ မိသားစု ထမင်းဝိုင်းကို…

ပုဇွန်ဆီပြန်ချက် ကလေး…

မန်ကျည်းရွက် သနပ်ရွက်နဲ့ ငါး ချဉ်ရည်ဟင်း…

ငရုတ်အကျက်မှုန့် ကြက်သွန်ဖြူ ဆား နဲ့ ထောင်းထားတဲ့ အညာထောင်းရယ်…

တို့စရာလေးတွေနဲ့ ပြင်လိုက်ပါတယ်…

 

အန်တီ မအိ ရဲ့

ကြော်မယ်ချက်မယ် အစီအစဉ် ဒီနေ့တော့ဒီလောက်ပါဘဲနော်…

နောက်ထပ်တင်ဆက်မယ့် အစီအစဉ်များကိုလဲ စောင့်မျှော် အားပေးကြပါဦးနော်…

 

ခင်တဲ့

မအိ

 

40 comments

  • ဗိုက်ကလေး

    May 16, 2012 at 4:18 pm

    အူးလေး
    အကြော်နဲ ့ တို ့စားဘို ့အချဉ်ရေကော ဘယ်မတုန်း 😀

    တော်သေးတယ်..
    ထမင်းစားချိန် မတင်တာပဲ ကျေးဇူးတင်ရမယ်

    • Ma Ei

      May 16, 2012 at 4:22 pm

      အချဉ်ပန်းကန်က ဘေးနားမှာ
      ဟိုဘက်နဲနဲတိုး ကြည့်လိုက်နော်…

  • Ma Ei

    May 16, 2012 at 4:20 pm

    စိန်ကောင်း ကျောက်ကောင်း ရောင်း ဝယ် နေသလို
    Post တွေကောင်းနေချိန်မှာ ကျမရဲ့ ပုဇွန်လေးမျက်နှာငယ်
    ဆေးရိုးသည် ကန့်လန့်ဖြစ်နေမှာ လဲစိုးမိပါတယ်…

  • Khaing Khaing

    May 16, 2012 at 4:22 pm

    မအိ ဒီနေ့အိမ်မှာ ချက်တာလား ညနေရုံးအပြန်ဝင်ခဲ့မယ်နော် …….. သနပ်ရွက်ဟင်းချိုလေးနဲ့စားချင်လို့ပါ ….. ပုစွန်ကျော်ကိုလည်း ပေးမြည်းနော် အကုန်လုံး ………..

    • Khaing Khaing

      May 16, 2012 at 4:25 pm

      အော် မေ့နေလို့ မေ့နေလို့ မအိပုစွန်ကျော်လေး ကျော်ပုံကျော်နည်းကို ကော်ဖီကူးသွားပါတယ် အိမ်မှာ အချစ်ကိုပြန်ချက်ကျွေးခိုင်းရမယ် …….. သူကဒါမျိုးဆိုသိပ်လက်ဖြစ်တာ …… ညီမကတော့ ဒိုင်ခံအားပေးသူပေ့ါ ………….အဟိ ကြော်ငြာဝင်သည် …….. စိတ်ဖောက်ပြန်သည် ……….

    • Ma Ei

      May 16, 2012 at 4:25 pm

      ရုံးပိတ်ရက်တုံးက ရိုက်ထားတာပါ…
      ဒီနေ့လည်း ပုဇွန်ချက်တယ်…

  • ဆူး

    May 16, 2012 at 4:24 pm

    ပုဇွန်ကြော်တာ.. ကြက်ဥ အကာ ပါမှန်း အခုမှ သိတော့တယ်။
    ဆူး အိမ်မှာတော့ အကြော်မှုန့် ကို ဆား သကြား ငရုတ်ကောင်း အချိုမှုန့် နည်းနည်းစီ ထည့်မွေပြီး ရေနဲ့ ဖျော်ပြီး ကြော်လိုက်ရင် တန်ပူရာ အမှုန့် အရသာ အတိုင်းပဲ.. နောက်တခါ ကြက်ဥ အကာ နဲ့ စမ်းကြည့်လိုက်မယ်နော်.. ဒါနဲ့ စကားမစပ် အနှစ် ကို ဘာလုပ်လိုက်လဲဟင်..

    • Ma Ei

      May 16, 2012 at 4:30 pm

      ဆူးရေ…
      အနှစ်ကိုလဲ ကြော်စားလိုက်ပါတယ်…
      ကြက်ဥ အကာလေးနဲ့ကြော်ရင် မုန့်နှစ်မမာတော့ဘဲ
      ရွရွလေးနဲ့ ပိုစားကောင်းပါတယ်…

      • ဆူး

        May 16, 2012 at 4:58 pm

        လျို့ဝှက်ချက် အန်တီ ပြောမှ သိတော့တယ်.. ကျေးဇူးပဲနော်။

  • etone

    May 16, 2012 at 4:36 pm

    အန်တီအိရေ … စားချင်စရာတွေချည်းပါပဲ… ။
    အိမ်ရှင်မတစ်ယောက်ရဲ့ အချက်ပြုတ်ဟာ အိမ်တွင်းရေး သာယာစေတဲ့ နေရာမှာ တစ်ထောင့်တစ်နေရာက … အရေးပါမှန်း သိလိုက်ရပါပြီ … ။ လိုက်လုပ်စားကြည့်ဦးမယ် အန်တီအိရေ … ။ ဟိုးတစ်လောက တင်တဲ့ sandwichတော့ လိုက်လုပ်စားပြီးပြီ … အဆင်ပြေတယ် ..ဟိဟိ … 😛
    လွယ်ကူမြန်ဆန်တဲ့ အစားသောက်ချက်ပြုတ်နည်းတွေအတွက် ကျေးဇူးပါ ။

    • Khaing Khaing

      May 16, 2012 at 4:45 pm

      မှတ်ထားမမတုံရေ တစ်ချိန်ကျ ကိုယ့်အတွက်အသုံးဝင်ပါလိမ့်မယ် …….. နောက်ဆိုလုပ်စားရင် မခိုင်ကိုလဲခေါ်ဦးနော် ………

    • Ma Ei

      May 16, 2012 at 4:47 pm

      အိတုန်လေးရေ…
      ကြက်သားနဲ့ sandwich လုပ်နည်းလေးတင်ပေးဦးမယ်…
      သူကပိုစားကောင်းတယ်…
      အဆင်ပြေတယ် ..ဟိဟိ … တဲ့
      ဝမ်းသာပါတယ်နော်…

      • etone

        May 17, 2012 at 9:12 am

        ဟုတ်ကဲ့အန်တီအိရေ … ကြက်သားနဲ့ လုပ်နည်းလေးတင်လျှင်လည်း လိုက်လုပ်စားဦးမယ် …. ။ ဒီတပတ်တော့ … ပုစွန်နဲ့ အားလူးချောင်းလေး လုပ်စားကြည့်မယ် … ဟိဟိ … ။ 😀

        မခိုင်နော် … တူညားက အပျိုဂျီး လုပ်မှာကို … ဘာတွေ ပြောနေတာလဲ မသိဘူး … ။ 😉

  • Mon Kit

    May 16, 2012 at 4:50 pm

    စားချင်ဖွယ်ရာ ပုဇွန်ကြော် / ချက်ကို အားပေး ကြည့်ရှုရင်း တံတွေးများ အထွေးလိုက် မျိုချလိုက်ရပါသည်..

    • Ma Ei

      May 16, 2012 at 4:58 pm

      အိမ်လာလည်ရင် ကြော်ကျွေးမယ်…
      နှစ်ယောက်နော်…

  • နွယ်ပင်

    May 16, 2012 at 4:58 pm

    အန်တီ အိ
    ကြည့်ရင်းနဲ့တောင် စားချင်လာပြီ
    ဗိုက်ဆာနေတဲ့ အချိန်နဲ့မှ တည့်တည့်လာတိုးနေတယ်
    ဘာပဲဖြစ်ဖြစ် ပုဗွန်ကြော်လေး တစ်ကောင်နှစ်ကောင်နဲ့
    အားလူးချောင်းကြော်လေး နည်းနည်းစားသွားပါတယ် ရှင့်

    • Ma Ei

      May 16, 2012 at 5:09 pm

      နွယ်ပင်လေးရေ…
      ပုဇွန်ကြော်တစ်ပွဲ နဲနေလို့
      နှစ်ယောက်စာ လောက်ပါ့မလား…
      မျှစားကြပါနော်…

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 16, 2012 at 5:02 pm

    အန်တီအိ …. ပိုစ့် ထဲမှာပဲ ကျွေးတာလား အပြင်မှာတကယ်စားချင်နေပြီ … ကိုယ့်ဟာကိုယ်လဲ လုပ်တတ်ဘူး .. လမ်းကြုံရင် ဝင်စားမယ်နော် … ဟဲဟဲ .. စတာ 😛

    • Ma Ei

      May 16, 2012 at 5:10 pm

      ထားဝယ်သား ရေ…
      ရန်ကုန်ရောက်နေရင်ပြောနော်…
      ပုန်းနေမလို့…

  • ညလေး

    May 16, 2012 at 5:06 pm

    အမ်း ့ ့ ့ ့ ့ရှလွတ် ့ ့ ့ ့ဂွတ်တယ် ့ ့ ့မမအိအကုန်ဝိုက်သွားပြီနော် ့ ့ ့ ့တနေကုန်ဘာမှမစားရသေးလို့ ့ ့ ့ ့ ့

    • Ma Ei

      May 16, 2012 at 5:14 pm

      တနေကုန်ဘာမှမစားရသေးလို့ ့ ့ ့ ့ ့

      အဲ့လိုမနေရဘူးနော်…
      အစာအိမ်ရောဂါ ဖြစ်တတ်တယ်…
      မုန့်တစ်ခုလောက်ဖြစ်ဖြစ် စားထားနော်…

  • ဦးဦးပါလေရာ

    May 16, 2012 at 5:10 pm

    ပုဇွန်ဆီပြန်လေးက တော်တော်စိတ်ဝင်စားစရာကောင်းတယ်
    စပ်စပ်လေးနဲ့ ထမင်းစားဝင်မယ့် ပုံပါပဲ…။
    ထမင်းဆိုင်တွေမှာတော့ ပုဇွန်ဆီပြန်ဆို အစပ်မပါပဲချက်တာပဲစားဖူးတယ်။ အစပ်မပါတော့ အီတယ်။ ထင်သလောက်လဲ စားမဝင်ဘူး။

    • Ma Ei

      May 16, 2012 at 5:19 pm

      ငရုတ်စိမ်းလေး၊ခရမ်းချဉ်သီးစိတ်လေးထည့်ချက်ထားတာ
      ပိုစားကောင်းပါတယ်…ဟင်းက မစပ်ပါဘူး…
      အစပ်စားချင်ရင် ငရုတ်သီးစိမ်းလေး ထည့်စားရုံပါဘဲ…

  • Khin Latt

    May 16, 2012 at 8:21 pm

    အားပေးသူတွေ များလို့ ကျန်တောင်ကျန် သေးရဲ့လားမသိဘူး။
    ဒါလဲ ချက်လို့လွယ်တယ်။
    ဒါပေမဲ့ ဒီမှာ စူပါမားကက်က အလွယ်ရနိုင်တဲ့ ပုဇွန်တွေက ဖရိုဇမ် လုပ်ထားတာမို့ မြန်မာပြည်ကလို အရသာ မရှိဘူး။
    ဈေးလဲကြီးတော့ တော်ရုံ ချက်မစားဖြစ်ဘူး။
    ရန်ကုန်တုန်းက မုန်းအောင်စားခဲ့တယ်။
    အခုတော့ မအိရဲ့ ထမင်းဝိုင်းလေးကို ကြည့်ပြီး ပြန်ပြီး အလွမ်းဖြေ နေရပါတယ်။
    ကြည့်ရတာ အတော်စားလို့မြိန်မှာဘဲ။
    ငမ်းသွားပါတယ်။
    မှန်တာပြောရရင် အစားအသောက် Post ကတော့ ထိပ်တန်းဖေးဘရိတ်ဘဲ။ 😉
    ဒါမျိုးလေးတွေ များများလေး။ 😆

  • မဟာရာဇာ အံစာတုံး

    May 16, 2012 at 9:15 pm

    စားလိုက်ရလို့ကတော့
    ချယ်ပဲဂွာ …
    ကြည့်ရင်း သရေတောင် ကျသလိုလို .. 😀
    လခထုတ်တဲ့နေ့ကျမှ အဲထဲကနည်းအတိုင်း ကြော်ချက်ပြီး ..
    (တစ်ယောက်တည်း) အမုန်းဆွဲပစ်လိုက်မယ် .. 😀

  • k k

    May 16, 2012 at 9:45 pm

    အန်တီအိရေ ပို့စ်ဖတ်နေရင်းကနေ ဗိုက်အရမ်းဆာသွားပါတယ်..နည်းနည်းစားသွားပါတယ်အန်တီရေ..

  • Thel Nu Aye

    May 16, 2012 at 10:08 pm

    မအိရေ အကုန်စားသွားတယ်နော်။

  • MaMa

    May 17, 2012 at 6:30 am

    ဒေါက် ဒေါက် ဒေါက် ဧည့်သည်လာတယ်။ 😀

    • Ma Ei

      May 17, 2012 at 3:59 pm

      မမရေ…
      တံခါးဖွင့်နောက်ကျတာ ခွင့်လွှတ်နော်…
      သိမ်းနေလို့..အဲ ဟုတ်ပေါင်…ကျော်ဖတ်မိသွားလို့ပါ…
      ခွင့်လွှတ်နော်…

  • ကြောင်ကြီး

    May 17, 2012 at 7:42 am

    ပုဇွန်ဦးခေါင်းထဲမှာ ချီးထုပ်ရှိဒါနဲ့ ကိုယ်ပေါ်မှာ ချေးလိုင်းရှိဒါ ဘယ်ဟာအမှန်လည်းဟင်..။

    • Ma Ei

      May 17, 2012 at 9:35 am

      ပုဇွန်အကောင်တိုင်းရဲ့ ဦးခေါင်းထဲမှာ အစာထုပ်(ချေးထုပ်)ရှိပါတယ်…
      ကျောက အစာကြာင်း(ချေးကြောင်း) ကတော့ နဲနဲကြီးတဲ့အကောင်တွေကနေစပြီး
      အကောင်ကြီးတွေမှာ ရှိပါတယ်…နှစ်မျိုးလုံးမှန်ပါတယ်…

    • ဆူး

      May 17, 2012 at 1:56 pm

      ပုဇွန် ဆိုတဲ့ သတ္တဝါ စားသမျှ တခါတည်း ခေါင်းထဲမှာတင် ကြေညက်အောင် ခြေဖျက်ပြီး ချီး အထုတ်လိုက်နဲ့ ထားပြီး စွန့်ခါနီးကျမှ တကိုယ်လုံးကို ဖြတ်ပြီး အမြီးကျမှ အီးအီးစွန့်တာ..
      ၂နေရာလုံးမှာ ရှိတယ်။ အကောင်ကြိးလေ ချီးချောင်းက မြင်သာလေပဲ.. အကောင်ကြီးလေ ချီးထုတ်ကြီးလေ… ခေါင်းခွံကို ခွာ သွား၂ချောင်းကို ဆွဲထုတ်လိုက်ရင် ချီးထုတ်က အလိုက်သင့်ပါလာလိမ့်မယ်.. ကျော ကိုတော့ ဓါးနဲ့ ခွဲ ထုတ်မှ အဲဒီ ချီးချောင်းက ထွက်တယ်။

  • Ma Ei

    May 17, 2012 at 9:49 am

    မလတ်ရေ…
    ပုဇွန်လေးတွေက လတ်မှပိုချိုတာပါ…
    မလတ်တို့ အားပေးတာနဲ့ တင်ပြီးရင်းတင်ချင် ဖြစ်နေပြီ…
    အားပေးတာ ကျေးဇူးနော်…

    အံဇာတုံး…
    (တစ်ယောက်တည်း) အမုန်းဆွဲပစ်လိုက်မယ် .. ဆိုတော့
    ကြော်ငြာဝင်တာနဲ့ တူရဲ့…

    ကေကေ…
    သဲနု…
    အလည်လာပြီး comment လေးတွေ ပေးတဲ့ အတွက် ဝမ်းသာပါတယ်…

    • Crystalline

      May 17, 2012 at 1:17 pm

      မမအိ အဲလိုအကြော်မှုန့်နဲ့ကြော်ထားပြီးရင် ဘယ်လောက်ကြာကြာကြျွပ်နေလဲဟင်။ Tempura မှုန့်နဲ့ကြော်တာ ချက်ချင်းစားပူပူနွေးနွေးလေးကတော့ကြွပ်နေတယ်။ နည်းနည်းလေးကြာရင်တော့ ပျော့သွားလို့ပါ။ နည်းလေးရှိရင်ပြောပေးပါ။ ဒါမှမဟုတ်သူ့သဘောကိုက ပူပူနွေးနွေးစားရတာလား?

      • Ma Ei

        May 17, 2012 at 3:56 pm

        ပူပူနွေးနွေးစားတာက ကြွပ်ကြွပ်ရွရွလေးဖြစ်ပါတယ်…
        ကြာသွားရင် ပျော့သွားတတ်ပါတယ်…
        အကြော်မှုန့်ချည်းဆိုရင်လဲကြာရင်နဲနဲမာသွားတတ်ပါတယ်…
        အန်တီမအိလို ကြော်လိုက် စားလိုက်နဲ့စားတာအကောင်းဆုံးပါကွယ်…

  • sugar sugar

    May 17, 2012 at 3:06 pm

    မအိ ရေ အခုမှရောက်တော့ ကုန်ပြီထင်တယ်နော်
    အားပေးသွားပါတယ် ခင်ဗျာ

    • Ma Ei

      May 18, 2012 at 2:19 pm

      အားပေးတဲ့အတွက် ကျေးဇူးနော်…

  • windtalker

    May 18, 2012 at 1:51 pm

    မအိရဲ ့ပုဇွန်ဆီပြန်ချက် ကို မန်ကျည်းရွက်ချက်နဲ ့ရောစားရင် တော်တော်မြိန်မယ့်ဖြစ်ချင်းဘဲ ။ ရှလွတ် ။

    • Ma Ei

      May 18, 2012 at 2:17 pm

      စားကောင်းတဲ့ ဟင်းစပ်လေး ချက်မိလို့ပါ ကိုပေရေ…

  • kyarphyu

    June 6, 2012 at 8:27 pm

    ဆရာမရယ်..။ ဟင်းချက်ကလည်း ကောင်းပါ့.. အရံဟင်းတွေကလည်း ကောင်းပါ့..။ ဒါပေမယ့် အခုထိ အလုပ်ကလည်း မဆင်းရသေးဝူး ဗိုက်ကဆာနေပီ..။ ဒါက ဗိုက်ဆာနေသူတွေအတွက် နှိပ်စက်နည်းတမျိုးများလား ဟင်းချက်ကောင်းတဲ့ ဆရာမရယ်……….။

Leave a Reply