ကိုကြီးမိုက်နဲ့စွယ်တော်ရွက်တို့ရဲ့ငယ်ဘဝက လမ်းကလေး
“ကိုကြီးမိုက်နဲ့စွယ်တော်ရွက်တို့ရဲ့ငယ်ဘဝက လမ်းကလေး”
မန်းလေးမြိုတောင်ဘက် တံခွန်တိုင်ဈေးမရောက်ခင် မှာ တမာလမ်းလို့အမည်တွင်တဲ့လမ်းကလေးတစ်ခုရှိပါတယ်။.
အဲဒီလမ်းလေးရဲံ့ဘေးတစ်ဖက်တစ်ချက်မှာ တမာပင်တွေတန်းစီလို့နေပါတယ်။
ဒီအပင်တွေက လမ်းကို အုပ်မိုးလို့ထားပါတယ်။
စိမ်းရောင်စိုလွင်လို့ လှပသောလမ်းကလေးတစ်ခုလဲဖြစ်ပါတယ်။
ကျနာ်တို့ရွာသားကြီး ကိုကြီးမိုက်နဲ့စွယ်တော်ရွက်တို့ ငယ်ဘဝက နေ့စဉ်ဖြတ်သန်းရာလမ်းကလေးလဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်က ကျနော် ကျွဲဆည်ကန်ဘက်ကိုသွားရင်း အဲဒီတမာတန်းကို ဖြတ်သွားပါတယ်။
အဲဒါနဲ့ကိုကြီးမိုက်တို့ နှစ်ယောက်ငယ်ဘဝလေးသတိရအောင် ဓါတ်ပုံရိုက်ပြီးတင်ပေးလိုက်ပါတယ်။
မန်းလေးရတနာပုံတက္ကသိုလ်ကို သွားတဲ့ကျောင်းသူားများလဲဖြတ်သန်းသွားရာလမ်းလေးဖြစ်ပါတယ်။
စိန်းလန်းသော
ငြိမ်းချမ်းသောလမ်းကလေးပါဘဲ။
ဖြတ်ဘူးသူတိုင်းအမှတ်ရနိုင်ပါစေ.
ကိုပေါက်လက်ဆောင် မြန်မာပြည်မှအလှတရားများ
(16-5-2012)
32 comments
kyeemite
May 17, 2012 at 8:56 am
ကိုပေါက်ရေ…လွမ်းတာတော့အရမ်းကိုပါဘဲ…
အဲဒီမှာနေခဲ့တုံးက တမာတန်းကိုနေ့စဉ်လိုလိုဖြတ်လျှောက်ခဲ့ရတာပါ..
ကိုပေါက် ပုံတွေထဲမှာ လမ်းဝင်လျှောက်နေမိတယ်ဗျာ..
ကိုထီးသီချင်းတစ်ပိုင်းတစသတိရသွားတယ်…
“ အတိတ်က အရိပ်တွေ တရေးရေးပေါ်လာဆဲဝယ်…မြင်ပြန်သလို
တစ်ခါခါ မပီပြင်မှုန်ဝါးတယ်………………နွမ်းလျှလှပါတယ်..”
ခုတော့ဒီလောက်ပါဘဲကိုပေါက်ရေ….
တစ်ကူးတက သွားရိုက်ပီးတင်ပေးတာ အရမ်းကျေးဇူးတင်ပါတယ်ဗျာ..
kyeemite
May 17, 2012 at 8:59 am
ကွန်မကောင်းလို့…နောက်မှဆက်မန့်ပါအုံးမည်..
ဟိန်း ဝင်း (ထားဝယ်သား)
May 17, 2012 at 9:03 am
တော်လိုက်တဲ့ လေးပေါက်နဲ့ ကောင်းလိုက်တဲ့ ရိုက်ချက် …
MaMa
May 17, 2012 at 9:19 am
ကမာ္ဘမြေကြီးကို ကမ္ဘာမြေပေါ်ရောက်စ နေမင်းကြီးကလည်း လှ…….
စိန်ပန်း နီလွင် မြက်ခင်းစိမ်းစိုရွှင်ကလည်း လှ…….
တမာပင်တန်းလေးလည်း လှ………
လှ…..လှ…….လှ………
Shwe Tike Soe
May 17, 2012 at 9:24 am
အင်းလှလိုက်တာ လွမ်းလဲလွမ်း တယ် တက္ကသိုလ်ကျောင်းသား ဘဝ ကို ပြန်သတိရအောင်လုပ်တယ် လေးပေါက်ကြီး။
အဲဒီလမ်း ကနေ ဖြတ်ပြီး ကျောင်းတက်ကျောင်းဆင်းလုပ်လာတာ…. မန်းလေးက အမှတ်တရတွေ ကတော့ ပြောမဆုံးပေါင် တောသုံးတောင် ပါပဲဗျာ…
ဒီလကုန်ပြန်အုံးမယ်…. လေးပေါက်ရေ စောင့်နေနော်… 😀
ဆူး
May 17, 2012 at 9:28 am
ရာသီဥတု ပူပူမှာ ရေမြင်တော့ စိတ်ချမ်းသာတယ်။ ဟိဟိ..
mocho
May 17, 2012 at 9:34 am
နောက်ဆုံးပုံလေးတော့ ကူး သွားလိုက်ပြီလေးပေါက်ရေ။
၁၂နဲ့ ၁၃မှာ တမာတန်းက လမ်းမ အလည်မှာ ပါ ရှိတယ် ဆိုတော့ အသွားလမ်းနဲ့ အပြန်လမ်းကို လမ်းလည်ကျွန်း ထားသလို ခွဲ ထားတာလား။ ကြည့် ရတာ မျက်စိအေးလိုက်တာ။
ဗိုက်ကလေး
May 17, 2012 at 10:03 am
အူးလေးပုံတွေကြည့်ပြီး ရွာကိုတောင် ပြန်သတိရတယ်ဗျား..
အင်း..
ဒီချိန်ဆို ကျုပ်ငယ်ချစ် စာဥ လဲ ခလေးတစ်ဒါဇင်လောက်တောင် ထွက်နေလောက်ပါဘီလေ..
ရှိစေတော့..ရှိစေတော့
Khaing Khaing
May 17, 2012 at 10:18 am
တမာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရေ မောင်ရေ ….. အညာမြေကိုမေ့လို့လား အညာသူလေးကို မေ့လို့လား စဉ်းစဉ်းစားစားပြောပါမောင်ရေ …… နံပါတ် 17 ကပုံလေးကို အရမ်းကိုသဘောကျမိပါဂျောင်း သတင်းကောင်းပါအပ်ပါတယ် လေးပေါက်ရေ ………..
water-melon
May 17, 2012 at 10:20 am
တမာလမ်းက ရတနာပုံသွားတဲ့လမ်းလေ
သတိရလိုက်တာ ချစ်သူရေ
windtalker
May 17, 2012 at 8:38 pm
နင့် ချစ်သူ မမလေး က အခု ကျုံးဘေး ဆီဒိုးနား ရှေ ့မှာ
ညတိုင်း နင်အလာ ကို မျှော်နေတယ်တဲ့
ဖရဲလေး ရေ
သတင်းကောင်းနော်
Ma Ei
May 17, 2012 at 10:45 am
တမာလမ်းကလေး လျှောက်ချင်လိုက်တာ…
အရိပ်ကလဲအေး…
ပန်းရနံ့လေးတွေလဲမွှေးနေမှာဘဲ…
အမှတ်တရတွေ ရှိခဲ့သူတွေကို လွမ်းပေရော့လို့ ပြောနေသလိုဘဲနော်…
etone
May 17, 2012 at 11:04 am
လွမ်းမောစရာကောင်းတဲ့ ရေပြင်ကြီးမှာ ကူးခတ်နေတာကိုကြည့်ရင်း …. ဘဝရပ်တည်မှုအတွက် လှော်နိုင်(ကြိုးစား) မှ အချိန်မှီမယ့်ဆိုတဲ့ အတွေးလေး … ပြန်သတိရမိပါတယ် ။
စိမ်းစို အုပ်မှိုင်းနေတဲ့ တမာပင်ကြီးတွေကို ကြ့ည်ရင်း …. ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခိုင်တွန်းလှန်နိုင်တဲ့ စိတ်ခွန်အားမျိုးကို အားကျမိပါတယ် ။ ဓါတ်ပုံတွေအတွက်ကျေးဇူးပါလေးပေါက်ရေ … ။
Rose Minn
May 17, 2012 at 11:18 am
လေးလေးရေ နောက်ခါလာ ရင် နံပါတ် 12 နဲ့ 13 ရှေ့မှာ ဓါတ်ပုံရိုက်အုံးမယ်။ အေးအေးလူလူထိုင်ပြီး ယပ်လေးခတ်နေချင်မိတယ်။ အဲနေရာလေး က ဘယ်လိုနေရာမျိုးပါလိမ့်။
water-melon
May 17, 2012 at 6:45 pm
နံပါတ် 12 နဲ့ 13 က အမရပူရ စစ်တပ်ရှေ့က
ညည်းလာမှ ညည်းချစ်ချစ်နဲ့လာထိုင်ကြ
နာချောင်းမယ်နော်
ahnyartamar
May 17, 2012 at 1:26 pm
တမာတန်းနဲ့ အညာလမ်း၊ ကိုကြီးမိုက်ရဲ့ ငယ်စခန်း၊
ပြန်တွေးကြည့်တော့၊ တကယ်လန်း……..ဖလန်း ဖလန်း ဖလန်း………..
jujuma
May 17, 2012 at 1:58 pm
ရှုခင်းလေးတွေနဲ့ပုံလေးတွေ အရမ်းလှတယ်ဗျာ..
စိတ်ကြိုက်ပုံလေးတွေ ကူးယူခွင့်ပြုပါ … 😛
R Ga
May 17, 2012 at 3:53 pm
တမာ စိန်ပန်း
…………..
စိန်ပန်း တမာ ရောယှက်ဖြာ
တမာ စိန်ပန်း ရောယှက်သန်း
ဪ…..
စိန်ပန်း တမာ ပါ တကား
မောင်စိန်ပန်း(တမာမြေ)
kyeemite
May 17, 2012 at 4:01 pm
လေးစားပါတယ် ကိုပေါက်ခင်ဗျာ…
ကိုပေါက်ရေ..ဓါတ်ပုံလေးတွေ ကြည့်ပီး ကျွန်တော့အတွေးတွေ
အတိတ်ကိုပြန်ရောက်ကုန်လို့ ..မန်းလေးမှာနေခဲ့တဲ့ ဘဝအစိတ်
အပိုင်းလေးကို ပြန်ပုံဖေါ်ကြည်နေမိပြီးဗျာ..မနေနိုင်တော့လို့
လက်ပါကုန်ပြီ..အားလုံးဖတ်ရအောင်တင်ပေးလိုက်မယ်..
အညာတမာပြောသလို “တမာတန်းနဲ့ အညာလမ်း၊ ကိုကြီးမိုက်ရဲ့ ငယ်စခန်း၊
ပြန်တွေးကြည့်တော့၊ တကယ်လန်း……..ဖလန်း ဖလန်း ဖလန်း………..”
ဆိုတာဟုတ်မဟုတ် စောင်ပြီးအားပေးပါအုံး…
Mလုလင်
May 17, 2012 at 4:37 pm
နံပါတ် 17 နဲ့ ကော်ဖီ တစ်ခွက် နဲ့ တင် အခုရွာနေတဲ့ မိုးကို အံတု ဖို့ လုံလောက် ပါဖြစ်ဖြစ်ကြောင်း ….
pooch
May 17, 2012 at 5:31 pm
တမာတန်းကို အခုမှပဲ လှမှန်းသိတယ်။ ကိုယ်ဖြတ်သွားလည်း ဖာသိဖာသာနဲ့ သိပ်တောင် သတိမထားမိဘူး။
လေးပေါက်တို့များ မြင်တတ်လိုက်တာ။
snow white
May 17, 2012 at 5:53 pm
တမာပင်ကတကယ်ကိုစိမ်းစိုနေတာဘဲနော်
Thel Nu Aye
May 17, 2012 at 6:05 pm
တမာတောမှာပျော်တယ်ဆိုတဲ့ လေးပေါက်လေးပေါက်လေးပေါက်ရေ။ ဟီဟိ
နံပါတ် ၂ ပုံကတော့မနက်ခင်းမှန်းသိသွားပြီ။
ကိုရင်စည်သူ
May 17, 2012 at 7:03 pm
ဦးကြီးမိုက်က တမာတန်းမှာ အထာနဲ့ လန်းခဲ့သေးတားကိုဗျ…
အခုအချိန်ထိ ဖလန်းဖလန်းနဲ့ လန်းနေတဲ့ ဦးကြီးကို အားကျမိတယ်ဗျ…
အနော်တို့ဆို အဲ့အသက်အရွယ်ထိ လန်းနိုင်ပါ့ဦးမလားတောင် မသိဘူး… 🙁 🙁
ရိုက်ပြပေးတဲ့ မန်းလေးသားကြီး ဦးပေါက်ကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျ…
ဒီအချိန်ဆို ညောင်တုန်းအဝင်က တမာကုန်းအဝင်မှာ အူးဗိုက်ကို မျှော်နေတဲ့
စာဥလေးမျက်နှာကိုတောင် ပြေးမြင်ယောင်မိသေး… ဟိ.. 😀 😀 😀
နေဝန်းနီ
May 17, 2012 at 7:34 pm
လွမ်းအောင်ဖန်နေပြန်ပြီ…။ လုပ်ထားဦးပေါ့ ဟင်းးး ဒီကိုပေါက်ကြီးတော့ မန်လေးရောက်မှ သိမယ်…။ ဟင်းးဟင်းး 😛
မဟာရာဇာ အံစာတုံး
May 17, 2012 at 10:08 pm
အော်ရယ် ..
တမာပင်လေးတွေက စိမ်းစိုနေလိုက်တာကွယ် ..
ကိုကြီးမိုက်နဲ့ ကိုစွယ်တော်ရွက်တို့ ငယ်ငယ်ကဆို
အဲဒီ တမာပင်တွေအောက် ဟိုဟာလေး တန်းလန်းနဲ့
ဆော့ခဲ့ကြမယ် ထင်တယ်ဂျ .. 😀
နောက်တာပါ ..
ဖေဂျီးရေ ..
နံပါတ် ၅ ပုံလေးကို အကြိုက်ဆုံးပဲဗျာ ..
ဘဝဆန်ဆန် ပုံလေးလို့ ပြောရင် ရမလားပဲ …
ကိုပေါက်(မန္တလေး)
May 17, 2012 at 10:28 pm
ဒီလမ်းကလေးက မန်းလေးနေဘူးသူတော်တော်များများဖြတ်သန်းခဲ့ဘူးတဲ့ကဗျာဆန်လှတဲ့လမ်းကလေးဖြစ်ပါတယ်။
ရွက်သစ်ပြောင်းချိန်ဆိုရင် စိမ်းစိုနုဖတ်ပြီး တကယ်လှပါတယ်။
ဒီအတိုင်းအလွတ်တင်ပေးတာထက် ရွာသားကြီးနှစ်ယောက်အတွက် အမှတ်တရတင်ဖြစ်လို့လဲ ဝမ်းသာပါတယ်။
အတိသဉ္ဖာ နာဂရချစ်သူ
May 17, 2012 at 11:27 pm
ကိုပေါက်ရေ. တော်တော်လေးကို လှပါတယ်ဗျ။စိမ်းစိုပြီး လွမ်းစရာတောင်ကောင်းသား။
padonmar
May 18, 2012 at 2:32 am
ကိုပေါက် မန်းတက္ကသိုလ်နားမှာ အရင်က တက္ကသိုလ်လေံကျင့်ရေးတပ်ရှိတယ်။
အဲဒီထဲမှာ ရေကန်နဲ့ တမာတန်းလေးရှိတယ်။
နွေညတွေမှာ တမာနံ့မွှေးမွှေးလေးရှူရှိုက်ရင်း ကစားခဲ့ဖူးပါတယ်။
အခုတော့ ရှိတော့မယ်မထင်။
ရွှေရောင်လေးတွေ လှလိုက်တာ။
လုလင်ပြောမှ ၁ရ ကိုပြန်ကြည့်တော့ တကယ့် ပြက္ခဒိန်ထုတ်လောက်တဲ့ အလှပဲ။
Khin Latt
May 18, 2012 at 2:44 am
အစ်မပဒုမ္မာ – မတွေ့ရတာကြာပြီလားလို့။
သတိတရအမြဲရှိတယ်။ သံယောဇဉ်များခက်သားနော်။
Khin Latt
May 18, 2012 at 2:46 am
ကိုပေါက်
အားလုံးတော့ လှတာပါဘဲ။
၈၊ ၁၄ နဲ့ ၁ရ ကိုကြိုက်တယ်။
အဲဒီနေရာလေးတွေမှာ ထိုင်နေချင်တယ်။ 😀
ကိုပေါက်(မန္တလေး)
May 19, 2012 at 2:43 pm
ကိုလတ်ရေ မန်းလေးရောက်အောင်လာခဲ့ လိုက်ပို့ပေးမယ်နော်။