1 တက်သိမ်းအင်းမြောက်ဘက်ခြမ်းကိုလှမ်းအကြည့် (မဟာမြတ်မုနိဘုရားရှိတဲ့အရပ်ပါ)
2 အိ်ပ်တန်းထစ ငှက်ကလေးနဲ့ နိးထလာတဲ့ နေမင်း
3နေအလင်းရင့်လာတော့ အရောင်တွေကို ပိုစုံ ပိုစို ပိုလှလာတယ်ဗျာ။
4 နေမင်းအလင်းစက်ဖြန့်ကျဲလိုက်တော့ ရေပြင်ပေါ်မှာ ရဲမှည့်လို့ လှသွားပါတယ်
5 မိုးတိမ်တွေအောက်မှာရှိနေတဲ့ အလင်းပန်းချီနဲ့ဗေဒါတော
6 နံနက်အာရုဏ်တက်အလင်းမှာမြင်ရတဲ့ ပြည်ကြီးမွန်ဖောင်တော်
7 မိုးတိမ်ညို့ ညိုမှာအောက်ခံအပြာနုစွက် နေထွက်တော့ ပုစွန်ဆီသွေး အတော်လေးကို လှပါတယ်
8 ကျနော်လို့ဘဲ အလှတွေခံစားနေသူတစ်ယောက်ကို တွေ့လိုက်ရပါတယ်
9 တိမ်ညိုပြာအောက်က နေမင်းအလင်းက အတင်းကို တိုးထွက်နေတာ
10 တိမ်တွေလွင့်နေပုံက လွမ်းစရာ
11 မိုးမှောင်ကျခါနီးတိမ်မဲတွေကို ထိုးထွက်နေတဲ့နေမင်း
“မမြင်ရတာ ကြာပြီဖြစ်တဲ့နံနက်ခင်းလေး”
ကျနော် အရင်ကမနက်တိုင်းလမ်းလျှောက်ဖြစ်ပါတယ်.
ဒါပေမယ့် မတ်လထဲမှာ ဆိုင်ကယ်မှောက်ပြီးကတဲက မလျောက်ဖြစ်။
နောက်သင်္ကြန်ရက်ရောက်ပြန်တော့လဲ အပျင်းထူပြီးမလျှောက်ဖြစ်။
နှစ်ဆန်းတစ်ရက်နေ့တစ်ရက်တော့ လျှောက်ဖြစ်ပါတယ.်။
ဒါနဲ့ဘဲခရီးထွက်ဖြစ်တော့ ပြန်လျောက်ဖြစ်ပါတယ်။
မန်းလေးကို မေလ 7ရက်နေ့ပြန်ရောက်ပေမယ်လဲမလျျောက်ဖြစ်ပြန်ပါဘူး။
မေလ 13ရက်မှာတော့ ပြန်လျျောက်ဖြစ်ပါတယ်။
လျောက်ဖြစ်တော့လဲ့အခုလိုလှပတဲ့ပုံလေးတွေကို ပြန်မြင်ရပြန်တာပေါ့။
ကိုပေါက်လက်ဆောင်မြန်မာပြည်မှ အလှတရားများ
(18-5-2012)
12 ကျနော်အနှစ်သက်ဆုံးသောပုံကလေးပါ
Post Views: 1,131
17 comments
ကိုပေါက်(မန္တလေး)
May 19, 2012 at 8:48 am
ကျနော်နှစ်သက်တဲ့ပုံလေးကို မြင်မိတော့ ခိုင်ထူးရဲ့
“တိုးထွက်မယ့် မနက်နေရောင်ဖြာထွန်းရင်……………………” စစ်ကိုင်းလမ်းသီချင်းထဲက စာသားကို
သတိရလိုက်မိပါတယ်.။
windtalker
May 19, 2012 at 9:33 am
မမြင်တာကြာ
ခင်ကညာပါ
ဘဝင်မှာဟာ
နင်လာကွာ
ကြင်နာမှာ။
ညလေး
May 19, 2012 at 10:35 am
ပုံ၈..ကိုအခိုက်ဆုံးပဲ…..ဦးပေါက်ရာ..
အားပေးရင်းလက်မနှစ်ချောင်းထောင်သွားပါ၏…
water-melon
May 19, 2012 at 1:49 pm
ညလေးကြိုက်ရင်အကုန်ကြိုက်တယ်
ညလေး မနက်မရောက်သေးဘူးလား
အဟိ
Mလုလင်
May 19, 2012 at 10:56 am
၉ ကိုကြိုက်တယ် ပြောမလို့ ..အောက် မှာ တစ်ပုံ ထပ်ထွက် လာတော့ 12 ဖြစ်နေတယ် ….။ အကြိုက်တွေ တူနေပြီ နော့ ..။
snow white
May 19, 2012 at 2:10 pm
နံပတ်12ကိုကတယ်ကြိုုက်အကြိုက်တူတာ အကြိုက်တွေတူနေကျပါလား တကယ်လှတယ် နေ့ရဲ့ထိုးထွက်နေပုံကိုတွေ့ရသလိုဘဲ ပုံလေးကပန်းချီနဲတောင်တော်တော်လေး တူနေတယ် မရမ်းကြိုက်ပါတယ်
ကိုပေါက်(မန္တလေး)
May 19, 2012 at 2:39 pm
စနိုးရေ အရမ်းဘဲကြိုက်ပါကွယ်
မရမ်းတော့ မကြိုက်လိုက်ပါနဲ့။
အမှတ်12 က နေမင်းလေး တိမ်ထဲရောက်အောင် ထို်င်စောင့်ပြီးရိုက်လာတာလေ။
manawphyulay
May 19, 2012 at 2:43 pm
နေထွက်ချိန် နေဝင်ချိန်တွေဟာ လွမ်းဆွတ်မှုကို ဖြစ်စေတယ်… တိမ်လေးတွေလည်း သဘောကျတယ်….
ဆူး
May 19, 2012 at 4:30 pm
အချိန်တော်တော် ကြာအောင် စုစည်းထားတာပဲ..
လေးလေး ရဲ့ ဝါသနာ နဲ့ ပိုးကတော့ အံ့ရော အံ့ရော.. အဟိ.. 😛
kyeemite
May 19, 2012 at 5:11 pm
ပုံလေးတွေလှပါ၏။
ငယ်ငယ်က ဝက်စာအတွက် တက်သိမ်းအင်း(ကျုပ်တို့တုန်းကတော့ တက်သေးအင်းခေါ်သလားဘဲ)
မှာ ဗေဒါသွားသွားခူးရတာအမှတ်ရမိပါရဲ့…အဲတုံးက အင်းကညစ်ပတ်နေတော့ ဗေဒါဆင်းခူးရင်
ခြေထောက်တွေ ပေါင်တွေ ယားတတ်လွန်းလို့ ရေနံဆီ(ဒီခေတ်လူတွေကြားဖူးမည်မထင်)လူးပြီးမှ
ဆင်းခူးကြတာ…လိုသလောက်ရအောင် ရေထဲတစ်နာရီကျော်စိမ်ရတယ်..
သူတကာအလှအပခံစားနေတုံး ကိုယ်ကဘဝအတွက် အလုပ်လုပ်ခဲ့ပုံ
သွားသတိရမိတာ ခွင့်လွှတ်ပါကိုပေါက်ရေ..
ကိုပေါက်(မန္တလေး)
May 19, 2012 at 5:37 pm
ကိုမိုက်ရေ
ကျနော်ကင်မရာမကိုင်နိုင်သေးခင် 1995-96 ပါတ်ဝန်းကျင် တက်သိမ်းအင်းဘဝကနေ
ကန်တော်ကြီးဘဝကို မပြောင်းခင်က ကန်စွန်းရွက်ခူးနေကြတဲ့သူတွေ
လှေကလေးနဲ့ငါးဖမ်းနေသူ ငါးမျှားနေသူတွေကို တွေ့ရဖို့ လမ်းမရှိတဲ့လမ်းကလေးတွေကိုဖြတ်လို့သွားခဲ့ဘူးပါတယ်။
အလှအပကိုလဲခံစားချင်ပါတယ်.
သဘာဝကျကျ လှုပ်ယှားမူ့လေးတွေကိုလဲ ပြချင်ပါတယ.်။
နောက်ရက်အောင်ပန်းဈေးထဲက ဈေးသည်တွေရဲ့ လျှပ်တစ်ပြက်လက်ဆော့တွေတက်လာပါလိမ့်မယ်။
ကျနော်လဲကိုမိုက်တို့လိုသဘာဝဇာတ်ဆောင်ပါဘဲ ကိုမိုက်ရေ။
kotun winlatt
May 19, 2012 at 6:47 pm
နံနက်ခင်းဆိုပေမယ့်..ပုံလေးတွေကြည့်ရင်းးး
ဆရာတင်မိုးရဲ့ ကဗျာလေးသတိရမိသွားပါရဲ့ လေးပေါက်ရေ..
ဆေးလိပ်လည်းတို နေလည်းညိုပြီ
ငါ့ကိုပြန်ပို့ကြပါလေ…..။
ကိုပေါက်(မန္တလေး)
May 19, 2012 at 10:11 pm
ရောက်တောင်မရောက်သေးဘူး ဘယ်ပြန်ချင်တာလဲ ကို ဝင်းလတ်ရဲ့
အတိသဉ္ဖာ နာဂရချစ်သူ
May 20, 2012 at 1:15 pm
ကိုပေါက်ရေ. နေရောင်ဖြာနေတာ. လှတယ်ဗျ။နံနက်ခင်းအလှကို ခံစားသွားပါတယ်
ကိုပေါက်(မန္တလေး)
May 20, 2012 at 1:37 pm
ကျနော်အခုတလော ကံကောင်းနေတယ် ပြင်ဦးလွင် တောင်ကြီး မန်းလေး နေရောင်ဖြာနေတဲ့ပုံလေးတွေဘဲ
ရနေလို့။
Ma Ei
May 21, 2012 at 1:25 pm
ကိုပေါက်က ကံကောင်းလို့နေရောင်ဖြာနေတဲ့ပုံလေးတွေရိုက်ရတာ…
ဓါတ်ပုံကြည့်ရတဲ့ ကျမတို့လဲ ကံကောင်းတာပါဘဲနော်…
ကိုပေါက်(မန္တလေး)
May 21, 2012 at 1:43 pm
မအိရေ
ကိုယ်လိုချင်တဲ့ပုံလေးရအောင်စောင့်နေတဲ့အချိန်မှာမျှှော်လင့်ချက်အပြည့်(ပုံကောင်းလေးရမှ ရပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကလဲအပြည့်ပေါ့)
ဓါတ်ပုံလေးရိုက်ပြီး ကင်မရာထဲကပုံလေး ကို ပြန်ကြည့်မိတဲ့အခါ ကွန်ပြူတာထဲ ထည့်လိုက်ရင်လှမှလှပါ့မလားလို့ စိတ်ပူ။
အဲ ကွန်ပြူတာထဲပြောင်းပြီးလို့ လှတာလေးတွေ့ရင် ဒါမှမဟုတ်ကင်မရာသေးသေးလေးထဲမှာ
မပါတဲ့ အရောင်တွေများတွေ့ရင် အရမ်းကို ဝမ်းသာမိပါတယ်.
ဒါကတော့ သဘာဝအငြိမ်တွေကို ရိုက်သူတစ်ယောက်ရဲ့ ရုးိရှင်းသောခံစားမူ့ပါ။