အောင်ပန်းသို့အဝင်…………………..
















“အောင်ပန်းမြို့သို့အဝင်”
ပထမတစ်ခေါက် တောင်ကြီးကနေ အောင်ပန်းကိုကူးတော့ လိုင်းကားနဲ့ဘဲလိုက်လာပါတယ်။
အဲတော့ သွားနေတဲ့လမ်းတစ်လျှောက်ဓါတ်ပုံရိုက်ချင်ပေမယ့်ရိုက်ခွင့် မသာခဲ့ပါဘူး။
ဒီတစ်ခေါက်က အောင်ပန်းကိုဆင်းဘို့ စီစဉ်ကြတဲ့အခါ သယ်စရာပစ္စည်းများတော့ လိုင်းကားနဲ့လိုက်ဘို့
အဆင်မပြေပါဘူး။
အဲဒါနဲ့ ဗင်ကားတစ်စီးငှားလိုက်ရပါတယ်။
အောင်ပန်းအရောက် သုံးသောင်းလို့ပြောပေမယ့် နှစ်သောင်းခွဲနဲ့တည့်သွားပါတယ်။
အဲဒါနဲ့နေ့လည်ဆယ့်တစ်နာရီ ကျော်ကျော်လောက်မှာဆင်းလာခဲ့ကြပါတယ်။
အစကတော့ သီးသန့်ကားငှားသွားရင်ပုံကောင်းကောင်းရိုက်လို့ရမယ်ထင်ခဲ့ပါတယ်။
လက်တွေ့မှာတော့ တစ်ခြားစီပါဘဲ။
ကားကအမြန်မောင်းတော့ ရိပ်ကနဲ ရိပ်ကနဲ။
ကြိုက်လို့ရိုက်လို်က်ပေမယ့် မိတဲ့ပုံမိ မမိတဲ့ပုံမမိပါဘဲ။
ဒါပေမယ့် ပုံအတော်များများတော့ရလိုက်ပါတယ်။
အရင်တစ်ခေါက်လာတုန်းက မိုးတွင်းဆိုတော့ စိမ်းစိမ်းစိုစို။
အခုတစ်ခေါက်ကတော့ စိုက်မလို့ ပြင်ဆင်တုန်းဆိုတော့ ခြောက်ခြောက်သွေ့သွေ့။
အပြင်မှာနေပူနေပေမယ့် ကားအရှိန်နဲ့ပြေးနေတော့ လေတိုက်လို့အေးနေပါတယ်။
လှမ်းကြည့်ပြီး မရိုက်ဖြစ်တဲ့ပုံကတော့ အောင်ပန်းမရောက်ခင်လမ်း နံဘေးမှာရှိနေတဲ့
အမိုးအကာမဲ့နေတဲ့ ဘုရားဆင်းတုတော်ကြီးပါဘဲ။
ဒီတစ်ခါအောင်ပန်းအသွားမှာ စိတ်တိုင်းကျတာကတော့ တိမ်ပန်းချီတွေပါဘဲ။
ကိုပေါက်လက်ဆောင်မြန်မာပြည်မှ အလှတရားများ
(19-5-2012)
12 comments
ဒရက်ကူလာ ဖရဲ
May 20, 2012 at 9:56 am
အန်တီ အန်တီ
နောက်တခါဆို တိမ်ပန်းချီတွေရိုက်မလာနဲ့နော်
လူပန်းချီတွေရိုက်ခဲ့နော်
ဖလပ် ဖလပ်
windtalker
May 20, 2012 at 10:40 am
အောင်ပန်းသို့အဝင်
မောင်လှမ်းလို့မြင်
ကြောင်သမ်းလို့ပင်
ယောင်ယမ်းတို့ချင်
အတိသဉ္ဖာ နာဂရချစ်သူ
May 20, 2012 at 1:11 pm
ကိုပေါက်ရေ နံပါတ်(၇)ပုံလေး မြင်တဲ့ ဆိုင်မောဝ်သီချင်း. ညောင်ညိုရိပ်ကိုသွားသတိရမိပါတယ်။
ကိုပေါက်လက်ဆောင်အတွက် ကျေးဇူးပါ
kotun winlatt
May 20, 2012 at 1:17 pm
လေးပေါက်ရေ..
ပြေးလျှောက်ပြီးးး
ရိုက်ထားတာလေးးတွေက..
လှမှလှပါလားးးးဗျာ….။
ကိုပေါက်(မန္တလေး)
May 20, 2012 at 1:21 pm
ညောင်ညိုရိပ်အောက်ချစ်စကားတွေရယ် ကျနော်လဲ သတိရတာပါဘဲဗျိုး
ဆူး
May 20, 2012 at 2:46 pm
လျှပ်တပြတ် ရိုက်ချက်တွေ လှစ်ကနဲ လှစ်ကနဲ ရိုက်ခဲ့ပုံရတယ်နော်။
ကိုပေါက်(မန္တလေး)
May 20, 2012 at 4:05 pm
အများကြီးရိုက်ထားတာ တောင်ပေါ်ကဈေးသည်ပုံတင်အုံးမှာ ဒီနေ့ကော်နက်ရှင်ပြုတ်နေလို့
manawphyulay
May 20, 2012 at 5:49 pm
အမယ်လေး ကော်နက်ရှင်ပြုတ်နေတာတောင် ဒီလောင်တင်နိုင်ရင် ကော်နက်ရှင်များ ဖလန်းဖလန်းထလို့ကတော့ ရိုက်လာသမျှ ဆာဗာကြီး ပြုတ်ကျမလားတောင် မသိဘူးနော်… သွားချင်လာအောင် ရိုက်လာခဲ့တယ်။
ကိုပေါက်(မန္တလေး)
May 20, 2012 at 9:15 pm
ကြည့်ကြပါစေလို့ မြင်သမျှ ပြန်မျှပေးတာပါကွဲ့။
ခရီးတစ်ခေါက်ထွက်ရင် ပုံတွေတော့ အများကြီးရိုက်လာတာ။.
အဲဒီကမှ ကောင်းတာ စိတ်တိုင်းကျတာလေးတွေရွေးတင်ပေးတာပါ။
ကိုပေါက်(မန္တလေး)
May 25, 2012 at 12:20 pm
အခုရက်ကော်နက်ရှင်က မကောင်းတော့ပြန်ပါဘူး။
အောင်ပန်း ကလော မြင်းမထိ ပင်းတယ အစဉ်အလိုက်တင်ပေးချင်တာလေ။
ဖြည်းဖြည်းချင်းတင်နေရတယ်.
Ma Ei
May 25, 2012 at 1:57 pm
လှမ်းကြည့်ပြီး မရိုက်ဖြစ်တဲ့ပုံကတော့ အောင်ပန်းမရောက်ခင်လမ်း နံဘေးမှာရှိနေတဲ့
အမိုးအကာမဲ့နေတဲ့ ဘုရားဆင်းတုတော်ကြီးပါဘဲ။…
ကိုပေါက်ရေ…
အဲ့ဒီ ဆင်းတုတော်ပုံတော်က ကမာကူရ ဘုရားပုံတည်တယ်ထင်တာဘဲ…
ဒါပေမဲ့ အန်းကုန်းကြီး ပုံပေါက်နေတယ်…ဘုရားပုံတော် ပုံမကျဘူး…
ငရဲကြီးမလားဘဲနော်…
ကိုပေါက်(မန္တလေး)
May 25, 2012 at 3:25 pm
ဟုတ်တယ်အရင်က တည်ခဲ့တဲ့ဆင်းတုတော်က အိန္ဒယဘက်နွယ်တယ်
အခုတည်တဲ့ဘုရားတွေက စိန့်မျိုးနွယ်ဘယ်နွယ်တယ်