ဥပ္ပါတသန္တိစေတီ (နေပြည်တော်) သို့ တစ်ခေါက်

- ပုံ-၂- ဖူးမျှော် ဦးတည် ဥပ္ပါတသိန္တိစေတီ
- ပုံ-၃- ရောင်စုံကုက္ကားတွေနဲ့ တံခွန်တိုင်

ပုံ-၅- ဘုရားလှိုဏ်ဂူအဝင်ဝက ကျောက်ဆစ်လက်ရာ
- ပုံ-၆- လှိုဏ်ဂူတော်အတွင်း မြင်ကွင်းကျယ်
-
ပုံ-၇- ဖူးမျှော်နိုင်အောင် ပြသထားတဲ့ ဓာတ်တော်များ ပုံ-၈- ရာဝင်အိုး ပေါ်က ရှင်လောင်းလှည့်လာပုံ မြန်မာမှု စဉ့်ထည်အနုပညာလက်ရာ ပုံ-၉- ဒီက စောင့်နေသူ.. (ပြန်အထွက်မှာ မိုးဖွဲကျ) ပုံ-၁၀- ဆင်ဖြူတော် ပုံ-၁၁- ဆင်ဖြူတော် နောက်တစ်ပုံ ပုံ-၁၂- လျှပ်စစ်ရောင်ဝင်း ညရှုခင်း - ပုံ-၁၃- ရွှေတောင်ကြီးနဲ့ အရိပ် (ဒီပုံလေးရိုက်တော့ ရေထဲကအရိပ်ကို ခရေဇီဖြစ်တဲ့ သူတစ်ဦးကို သတိရ)
နေပြည်တော်မှာ နေထိုင်ပေမယ့်လို့ နေပြည်တော်တခွင်က လည်ပတ်စရာနေရာတွေကို တစ်လနေလို့ တစ်ခါ မသွားနိုင်ခဲ့ပါဘူး။ ရုံးဖွင့်ရက်မှာလည်း မိုးလင်းကစ ညနေ ၅ နာရီကျော်မှ အိမ်ပြန်ရောက်တာမို့ မသွားဖြစ်။ စနေ၊ တနင်္ဂနွေကျတော့ တပတ်လုံးပုံထားတဲ့ အိမ်အလုပ်တွေ ရှင်းရတာနဲ့ လည်ဖို့မလွယ်ပြန်။ ဒီလိုနဲ့ နေပြည်တော်က ရေပန်းဥယျာဉ်၊ တိရိစာ္ဆန်ဥယျာဉ်တို့၊ တိုင်းရင်းသားကျေးရွာ (National Landmark) ဆိုတာတွေဟာ နီးလျက်နဲ့ ဝေးနေခဲ့ရပါတယ်။
ဒီတပတ်ထဲမှာ မတွေ့တာ ရ နှစ်လောက်ရှိပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက် တကူးတက လာလည်တာနဲ့ သူ့ကို လိုက်ပို့ပြသရင်း ဥပ္ပါတသနိ္တစေတီကိုရောက်ခဲ့ပါတယ်။ သူငယ်ချင်းက မိုးခေါ်လာတယ်ပြောရမလား .. သူ့လိုက်ပြတဲ့နေ့မှာ ရာသီဥတု မသာယာ..။ ဘုရားကို အသွားမှာကတည်းက လေကတဖြူးဖြူး၊ မိုးပြေးလေးကလည်း မြူးတော့မယ် တကဲကဲ..။ သူငယ်ချင်းက လာခဲတဲ့ ရောက်ခဲတဲ့ သူမို့ မဖြစ်မနေရောက်အောင် လိုက်ပို့တာ။ မှတ်တမ်းတင် ဓါတ်ပုံရိုက်ရတာလည်း ကင်မရာကို ထီးလေးနဲ့ တကာကာပေါ့။
ဘုရားကို ပတ်ဖူးနေချိန်မှာပဲ မိုးကလည်း ပိုကောင်းလာတယ်။ မိုးတိတ်အောင်စောင့်ကြရင်း ဘုရားလှိုဏ်ဂူအတွင်းနံရံက စကျင်ကျောက်ကို ထွင်းထားတဲ့ ကျောက်ဆစ် လက်ရာတွေ ဓါတ်ပုံလေး အချိန်ပေး ရိုက်ခွင့်ရခဲ့တာတော့ ဝမ်းသာတယ်..။ မိုးကျနေတာရယ်၊ မှောင်လာတော့ အလင်းပေးထားတဲ့ ဆလိုက်မီးတွေကြောင့်ရယ် စိတ်ကြိုက်တော့ မဖြစ်ခဲ့ဘူး။ connection အခြေအနေ အတော်ဆိုးနေလို့ အဲဒီပုံတွေတော့ နောက်ပို့စ်တွေမှာပဲ ထပ်တင်တော့မယ်..။ စောင့်မျှော်အားပေးကြပါဦး..။
23 comments
windtalker
May 19, 2012 at 11:02 pm
သာဓု သာဓု သာဓု ပါ ရွာစားရေ
နေပြည်တော်ရောက်ခဲ့ပေမယ့် အလုပ်ပူတွေကြောင့် မဖူးဖြစ်ခဲ့တာ အခုမှဖူးရတယ်ဗျား ။
ရွာစားကျော်
May 19, 2012 at 11:23 pm
ဟာ ဦးရေးဂျာ
ဘယ်ဒုံးက လာလိုက်တာလဲ
ဖုန်းတောင်မဆက်ဘဲ ပြန်သွားရင်သိမယ်ပြောထားတယ်လေ
သူဘဲ အမိုးကြီးဆိုင်ဆိုလား သွားချင်တယ်ပြောပီးဒေါ့.. ဟွန့်
Mလုလင်
May 19, 2012 at 11:03 pm
ပုံ ၁၃ အတွက် လေးစားသွားပါတယ် ဗျာ …
ရွာစားကျော်
May 19, 2012 at 11:35 pm
မိုးကြောင့် စိတ်ပျက်ခဲ့ရတာတွေ ကျေစေတဲ့ ပုံလေးပါဗျာ..
ဆင်ဖြူတော်တွေရိုက်ပြီး ပြန်မယ်ဆိုပီး အလှည့်မှာ တွေ့လိုက်တာ၊ ကြမ်းပြင် သမံတလင်းပေါ် မိုးရေကွက်ကျန်နေတာမှာ ထင်တဲ့အရိပ်လေး..
ပြိုင်ပွဲဝင်ဆရာသမား တယောက်က ချီးမြှောက်တာ အာဟိ.. ကျေးဇူးတင် ဝမ်းမြောက်ပါ၏..
အတိသဉ္ဖာ နာဂရချစ်သူ
May 19, 2012 at 11:13 pm
ဆင်းတွေ မီးရောင်အောက်မယ် ဆင်နီတော်တွေဖြစ်ကုန်ပါရောလားဗျာ
ရွာစားကျော်
May 19, 2012 at 11:40 pm
ဆင်ဖြူတွေ အရောင်ကကို ပန်းနုရောင်ပြေးနေတာဗျ
ညဘက် မီးရောင်ကြောင့်ရော ကင်မရာကြောင့်ပါ နည်းနည်း အနီရင့်သွားတာပါ..
ကိုပေါက်(မန္တလေး)
May 19, 2012 at 11:20 pm
ကျနော်သွားတုန်းက နေ့ချင်းပြန်ဆိုတော့ နေ့လည်သုံးနာရီလောက်ရောက်တာ ပူကျက်နေတာဘဲ
ညလာအုံးမယ်ရွာစားကျော် ရှောင်မနေနဲ့နော်
ရွာစားကျော်
May 19, 2012 at 11:28 pm
anytime ပါ လေးပေါက်ရေ.. ညဘက်ဆို ပိုအားတာပေါ့..
လာသာလာခဲ့ဗျို့ .. မိုးသာ ခေါ်မလာနဲ့ ရိုက်ချင်တာမရိုက်ရ ဖြစ်မှာစိုးလို့..
သူငယ်ချင်း လိုက်ပို့တဲ့နေ့ကလည်း အဲဒီမိုးကြောင့် အပြန် ရေပန်းဥယျာဉ်ဝင်မလို့ဟာ မဝင်လိုက်ရတော့ဘူး..
ရွာစားကျော်
May 20, 2012 at 12:01 pm
ခုတလော နေပြည်တော်တခွင်မှာ စိန်ပန်းတွေ ရဲနေအောင်ပွင့်တာ ဟိုနေရာဒီနေရာ တွေ့တိုင်း
လုလင်နဲ့ လေးပေါက်ကို သတိရမိတယ်..
ကိုရင်မောင်
May 19, 2012 at 11:29 pm
ကောင်းလိုက်တဲ့ဓါတ်ပုံတွေ
ဖူးမျော်သွားပါတယ်ရွာစားကျော်ရေ…
ကျေးဇူးတင်ပါတယ်ဗျာ….
ရွာစားကျော်
May 19, 2012 at 11:44 pm
ကျေးဇူးပါ ကိုရင်မောင်ရေ
ဒါတောင် မိုးအုံ့နေလို့ လိုက်တင် စိတ်ကြိုက်မရခဲ့သေးဘူး.. 😛
(လှပါတယ်ဆိုမှ ရေမချိုးရသေးဘူး..နဲ့ တွေ့သွားဘီ.. ဟီ)
ဦးဦးပါလေရာ
May 20, 2012 at 9:40 am
နေပြည်တော်က သွားစရာတွေဟာ တနေရာနဲ့တနေရာ ဝေးလွန်းလို့ ဘုရားတော့ ရောက်ဖူးပါရဲ့၊ သေပြေးရှင်ပြေးဖူးပြီးပြန်ခဲ့ရတယ်။
နောက်တခေါက်ရောက်မှ သေချာသွားဖူးရဦးမယ်။
ဒါထက် ရွာစားကျော်ရေ-
နေပြည်တော်မှာ ဆိုင်ကယ်ကလွဲပြီး တခြားtransport နည်းလမ်းမရှိဘူးလား…။
ရွာစားကျော်
May 20, 2012 at 11:59 am
ဆိုင်ကယ်ကတော့ လိုုရာခရီးကို ငွေကုန်ကြေးကျ အနည်းဆုံး မြန်မြန်ရောက်တဲ့နည်းပေါ့
နေပြည်တော်တက္ကစီ ကားအငှားလိုက်တဲ့ဆီမှာ အပြတ်ငှားသွားရင်လည်း ရပါတယ်..
ကျနော့်အသိထဲမှာကို ကိုယ်ပိုင်ကားနဲ့ အော်ဒါလိုက်နေသူရှိပါတယ်.
တော်ဝင်ဘတ်စ်၊ ရွှေမြို့တော်လိုင်း၊ သုံးဘီးတုတ်တုတ်တွေလည်း ရှိပေမယ့်.. အဲဒါတွေက သူ့လမ်းကြောင်းနဲ့ သူဆွဲတာ။
ကိုယ်သွားချင်တဲ့နေရာနဲ့ မကိုက်ရင် စီးလို့မဖြစ်ပါဘူး။
နေပြည်တော်မှာ ဆိုင်ကယ်နဲ့ သွားရတာ အကောင်းဆုံးပါဘဲဗျာ..
ဦးဦးနောက်တခေါက် နေပြည်တော်လာရင် ဆက်သွယ်လိုက်ပါ
ကျနော့်မှာ ကိုယ်ပိုင်ကားတော့ရှိဘူး.. ရှိတဲ့ဆိုင်ကယ်နဲ့ သွားချင်တဲ့နေရာလိုက်ပို့မယ်..
Ch@vez
May 20, 2012 at 9:48 am
ပုံ-၇
relic replica တဲ့..
ဘိရုမာ လိုရေးတော့ အစစ်ဆို…
ဘယ်သူနောက်တာလဲကွယ်..
ချာချာလည်သွားပါကြောင်း…
ရွာစားကျော်
May 20, 2012 at 11:47 am
ဓာတ်တော်ကြုတ်က တစ်ခုမကဘူးဗျ
ပုံထဲမှာမြင်ရတဲ့ အတိုင်းဆို စွယ်တော်ကြုတ်က သီရိလင်္ကာက လှူထားတဲ့ စွယ်တော်ပွားဖြစ်ပြီး
ကျန်တဲ့ ကြုတ်ထဲက ဓါတ်တော်တွေက အစစ်လို့ ဆိုလိုတာ ဖြစ်မယ်..
may flowers
May 20, 2012 at 10:23 am
ဖူးမျှော် ကြည်ညိုသွားပါတယ်နော်။
ရွာစားကျော်
May 21, 2012 at 9:34 am
ယခုလို ဖူးမျှော် ကြည်ညိုသွားတဲ့ ကုသိုလ်ကြောင့် နိဗ္ဗာန်မဂ်ဖို ရက်တိုတိုနဲ့ ရောက်ပါစေဗျား..
nozomi
May 21, 2012 at 9:41 am
ကိုရွာစားကျော်ရေ အားပေးသွားပါတယ်
ပရိုဆရာကတောင် ချီးကျူးရတာဆိုတော့ ကိုရွာစားလဲ အဆင့်မနိမ့်ဘူးနော
ဆက်ကြိုးစားထား
ရွာစားကျော်
May 21, 2012 at 11:19 am
ခုလိုဝင်ရောက်ကြည့်ရှု မြှောက်ပေးသွားတာ ကျေးဇူးကမာ္ဘပါ.. 😆
ကြောင်ကြီး
May 21, 2012 at 10:23 am
ဘုရားအောက်ခြေ ဘေးပတ်လည်မှာ သစ်ပင်တောအုပ် အုပ်အုပ်ဆိုင်းဆိုင်း ရှိထားရင် ဘုရားဖူးလာသူများအတွက် ပိုစိတ်ကြည်နူးဖွယ်ဖြစ်မယ်နော်…။ ကြည့်ရတာ လယ်ကွင်းတွေ အလယ်မှာ တည်ထားလားမသိဘူး။ ဆယ်နှစ်လောက် အချိန်ယူလုပ်လိုက်ရင် အရိပ်အာဝါသကောင်းတဲ့ ပတ်ဝန်းကျင် ဖြစ်သွားမယ်။ နယ်မြေအတွက် ဥတုသပ္ပါယ မျှတစေမယ်၊ မျက်စိပဒါသလည်းဖြစ်တယ်။ ဘုရားတည်တဲ့နည်းတူ ကုသိုလ်ရပါမယ်။ မဖြစ်သေးရင် ဝိုင်းဝန်းလှုံ့ဆော်ပေးဂျပါ…။ ဖြစ်ပြီးသားဆိုလည်း အရှည်တည်တံ့အောင် စည်းရုံးအားပေးဂျပါ။ အကျွန်ုပ်ကြောင်ကြီး အဝေးဂနေ မေတ္တာပို့နေမည် (သဂျီးနှင့် ပစ်စုတ်ပံ ဝါဒီများမပါ…။) 🙄
Ma Ei
May 21, 2012 at 12:34 pm
နေပြည်တော် မကြာခဏ ရောက်ဖြစ်ပေမဲ့
ရုံးကိစ္စတွေနဲ့မို့ မနက်ရောက်ညပြန်နဲ့ မြို့မဈေး ဘဲရောက်ဖူးတယ်…
ဘုရားမှာ လူရှင်းတယ်နော်…
ဓါတ်ပုံထဲမှာ လူသိပ်မတွေ့ရဘူး…
mamanoyar
June 25, 2012 at 11:07 am
အခုလိုတင်ပြပေးတာ
ကျေးဇူးတင်ပါတယ်ရှင်
ရွာစားကျော်
June 25, 2012 at 12:23 pm
ပြီးခဲ့တဲ့ တစ်လကျော်က တင်ထားတဲ့ပို့စ်လေး ပြန်တတ်လာလို့ ဝင်ကြည့်မိပါတယ်
အာရိုရို
ထမိန်ခြုံပြီး ပြသွားတဲ့ လက်သီးပုန်းတွေ… နီရဲလို့
ကျုပ်ကွန်မန့်တွေအများဆုံး ထုသွားတာ
အင်း ရွာထဲမှာ ကိုယ့်ကို ပုဂ္ဂိုလ်ရေးမုန်းတီးနေတဲ့ သူတွေရှိနေဘီဆိုတာ မြင်သာတယ် ❗ 😉
အဟတ် ပြေးကြည့်စရာမလို တွေးကြည့်ရုံနဲ့ သိတယ်
ငါမှားလား မင်းမှန်လား ပို့စ်ကို မကျေနပ်တဲ့
ဟို အေရိုးမျစ်တတုံးလေးတွေ လက်ချက်နေမှာပေါ့… ရီချင်တာ ဟေဟေ့