စတားဘက်မှာ.. လက်ဖက်ရည်ကို.. ပျားရည်နဲ့သောက်ဖို့ :-)

သူကြီး က ခင်ခ ရဲ့ “ပျားရည် အသုံးဝင်ပုံ”မှာ
“မြန်မာပြည်ထဲ ရှိနေသလားတော့မသိ..
စတားဘတ်မှာ.. လက်ဖက်ရည်ကို.. ပျားရည်နဲ့သောက်တာ…
ကောင်းတယ်ခင်ဗျ..”
လို့ ပြောနေလို့
ဒါကြောင့် သောက်ချင်သူများ သွားသောက် နိုင်အောင် ကြော်ငြာ ဝင်ပါတယ်။
အသေအချာ ကြည့်၍ သောက်ကြ ပါကုန်လော့။
မပြောတော့ဘူး။ တော်ချက်ကတော့။ 😀

31 comments
Khin Latt
May 22, 2012 at 4:53 am
သူကြီးတို့များ
STARBUCKS လား STARBACKS လား တောင် မသိရှာ ဘဲ ပြောနေတယ်။
သနားစရာ။ 😆
Ch@vez
May 22, 2012 at 5:08 am
ခေါ်ဖီရွိုက် ခေါ်ဖီရွိုက်…အဟွတ် အဟွတ်…
htoosan
May 22, 2012 at 5:57 am
ဟိုက် .. ကျွန်တော်လည်း ကြော်ညာ ဆိုင်းဘုတ်ရှေ့က နေ့တိုင်းဖြတ်နေပြီး သေချာ မကြည့်မိဘဲ စတားဘတ် ကြော်ညာထားတာ တွေ့တယ် သူများတွေ သွား ပြောမိနေတာ… ဝူး …
kai
May 22, 2012 at 6:15 am
u နဲ့..a
“တ”နဲ့.. “က” ပဲကွာတာကိုး…
အမျှ..
တကယ်ကို..” သေပြီဆရာ” ပဲ..
စတားဘတ်က ရန်ကုန်ဝင်မလို့.. လုပ်နေတာ..
စတားဘက်နဲ့တွေ့လို့ကတော့….. 😕
Ch@vez
May 22, 2012 at 6:43 am
လက်ဖက်ရည်ဆိုလို့ …
စာသင်တုန်းက ကြားဖူးတာလေးပါ..
လစ်ပတင်န် ဘိရုမာ ဈေးကွက်မှာ ဂွမ်းတဲ့ကိစ္စလေး…
စကားအတင်းစပ်လို့…
ကွမ်းတဗြစ်ဗြစ် နဲ့ ..တနေကုန်ထိုင် ချဲတွက်မယ့်လူနဲ့…
ရေနွေးဂျမ်း ကို ယောက္ခမ အမွေ လို သဘောထားပြီး
တအိုးပီးတအိုး လှိမ့်သောက်မယ့် လူနဲ့ ….
တွေ့ကြရပါမယ် ..
အိုဘယ့် စတားဘတ်နဲ့…
😛
windtalker
May 22, 2012 at 9:30 am
star=ကြယ် back=နောက်
ကြယ်နောက်
တစ်ကယ်ရောက်
မယ်လျှောက်
ဝယ်ငမျောက်
တယ်သောက်
လည်မှောက်။
ဗိုက်ကလေး
May 22, 2012 at 1:22 pm
ကြယ်နောက်
ဂယ်နောက်.
မောင်ပေဂေါက်
ညှင်း..ညှင်း.ညှင်း..
Khin Kha
May 22, 2012 at 9:44 am
အဝလွန်သူတွေအတွက် နည်းတစ်ခုပြောရအုံးမယ်။
နေ့စဉ် နံနက်တိုင်းအဆာပြေမစားမီ နာရီဝက်အလိုတစ်ကြိမ်၊ညအိပ်ရာဝင်ခါနီးတစ်ကြိမ်
သစ်ကြပိုးခေါက်မှုန့်နှင့် ပျားရည်ပြုတ်ရည်ကို တစ်ခွက်သောက်ပါ။
ပုံမှန်သောက်သွားရင် ကိုယ်အလေးချိန်လျော့ကျစေပြီး ကယ်လိုရီအလွန်များသော
အစားအစာစားသော်လည်း ကိုယ်ခန္ဓာထဲမှာ အဆီများ စုပုံမလာနိုင်ဟု ဖတ်ဖူးတယ်။
အနည်းဆုံးစသောက်တဲ့အချိန်က ၃လကျော် လောက်တော့ပုံမှန်သောက်သွားဖို့လိုပါတယ်။
သစ်ကြပိုးခေါက်အမှုန့်ကို စီးတီးမတ်ဆိုင်တွေမှာ အလွယ်တကူအထုပ်အဖြစ်ဝယ်ရနိုင်ပြီး
ဈေးသိပ်မကြီးပါ။ Fame ကထုတ်တဲ့ပျားရည်တော့စစ်တာတွေ့ရပါတယ်။
ပျားရည်စစ်ရင် ရေအေးဖန်ခွက်ထဲ ထဲ့ကြည့်တဲ့အခါ မမွှေမချင်းပျော်ဝင်မှု့မရှိတာတွေ့ရမည်။
သကြားရည်ရောထားရင် သကြားကအရင်ပျော်ပြီး ရေနောက်လာတယ်လို့ သိရတယ်။
Thel Nu Aye
May 22, 2012 at 11:43 am
ကျေးဇူးပါ။ စမ်းကြည့်လိုက်ပါအုံးမယ်။
htoosan
May 22, 2012 at 12:36 pm
အမေးအမြန်းထူတာတော့ စိတ်မဆိုးပါနဲ့ ။ သစ်ကြပိုးခေါက်မှုန့် ဘယ်လောက်ထည့်ရပြီး ပျားရည် ကဘယ်လောက် ၊ ရေ ကဘယ်လောက်ထည့်ပြီး ဘယ်လိုပြုတ်ရမလဲပါ လမ်းညွှန်စေချင်ပါသည်။ နွေးယုံလား ဆူအောင် ပြုတ်ရမှာလား ။ သောက်ရင် သစ်ကြပိုးခေါက်မှုန့်တွေကော သောက်ပစ်ရမှာလား ။။ ပိန်ချင်လို့ပါ …. 😀
nozomi
May 22, 2012 at 9:48 am
အရီးလတ် ပို့စ် တွေ့လိုက်မှ
ဒီ ရက်ထဲ ရင်ထဲ ခုလုခုလု ဖြစ်နေတာလေး ပြောချင်တာနဲ့ အတော်ဖြစ်သွားတယ်
ပြီးခဲ့တဲ့ ၂ ပတ် လောက်က သတင်းစာထဲ တွေ့လိုက်တယ် တံဆိပ်မူပိုင်ခွင့်ကြေငြာတာ
လိုဂိုက ပန်းသီးလေး (ကိုက်မထားတာကလွဲလို့ အတူတူပဲ) ထုတ်မှာက အီလက်ထရောနစ်ပစ္စည်းတွေ
အမည်က apple ၊ မြန်မာပြည်မှာ ပန်းသီးထုတ်မယ် သူတို့သာ ပထမဆုံး ပေ့ါ
မသိတဲ့ သူ ၊ သတိမထားမိတဲ့သူ က တကဲ့ ကမာ္ဘကျော် ပန်းသီးတခြမ်းပဲ့လို့ ထင်မှာပဲ
နောက်ပိုင်း ငြင်းကျ ခုန်ကျ ဖြစ်ရင်တောင် သူတို့က အမှန်ဖြစ်ဦးမယ်
( တရုတ်မှာ အိုင်ပတ် နဲ့ ဖြစ်တဲ့ ပြသာနာမျိုးပေါ့)
သိပ်နားမလည်ပေမဲ့ ဥပဒေကြောင်းအရတော့ လုပ်လို့ ရမယ်ထင်တယ်
ဒါ ပေမဲ့ ကျင့်ဝတ်အရ လုပ်သင့်လား ၊ လုပ်ကောင်းလား
နောက် ချည်ချောပုဆိုးတွေထုတ်တဲ့ ဦးဂျမ်း ဒီရက်ထဲ ဆုံးသွားတယ်
မြန်မာပြည်မှာ UG ဆိုပြီး ချည်ချော ပုဆိုးတွေ စထုတ်တဲ့သူ ၊ လူလတ်ပိုင်း တစ်လျောက် ဦးဂျမ်းနဲ့ ကြီးခဲ့ရတာပဲ လူကြိုက်များတယ် အောင်မြင်တယ်ပြောရမယ်
တော်တော်ကြာတော့မှ UBG ဦးဘဂျမ်းဆိုပြီး ထွက်လာတယ်
ကြော်ငြာအားကောင်းပေမဲ့ သိပ်လဲ မအောင်မြင်ပါဘူး
စီးပွားရေး အရ အောင်မြင်တာ မအောင်မြင်တာ တပိုင်း ကျင့်ဝတ် အရတော့ ဒီလိုလူတွေကို လုံးဝ ကို အထင်မကြီးဘူး အားမပေးဘူး ၊ သူတစ်ပါး အခက်ခဲများစွားကို အချိန်တော်တော်ကြာဖြတ်သန်းရင်း ရယူလာရတဲ့ အောင်မြင်မှုကို အရိပ်လိုက်ခို လှေကြုံလိုက်စီးတာ
အဲဒီလူတွေ အိမ်ထောင်မပြုရသေးရင် အပျိုယူရင် ပင်ပန်းပါတယ်ကွာ ဆိုပြီး ကလေး သုံးယောက်အမေ မုဆိုးမ များ လိုက်ရှာယူကြမလား မသိဘူး ( မရှာ လဲ ၊ ရပါစေ ဆုတောင်းပေးလိုက်ဦးမယ် 😀 )
Ch@vez
May 22, 2012 at 10:19 am
ဟင်င်င်င်င်င်
ဒါချို…
အင်နိုဗေးတစ်ဗ် တွေ
အန်ထွာ ပရန်ညာ တွေကတော့ …
နုနုထွတ်ထွတ် ငယ်ငယ်ချောချော တောင့်တောင့်တင်းတင်း
ဝင်းဝင်းမှည့်မြည့် စွံ့စွံ့ကားကား ဖြိုးဖြိုးမောက်မောက်
လေးဒွေ ရသင့်တယ်ပေါ့နော်……
😀
nozomi
May 22, 2012 at 3:41 pm
စွန့်ဦးတီထွင်သမားတွေ နွယ်နွယ်ထွန်း လေး ရပါစေ ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးး
Thel Nu Aye
May 22, 2012 at 11:40 am
STARBUCKS နဲ့ STARBACKS ဘယ်သူဦးလဲ။ ကော်ပီရိုက်မှာဆို STARBACKS ဦးမယ်ထင်တယ်နော်။ ဂုမ်ဘနီအသစ်မှတ်တယ်။
Ch@vez
May 22, 2012 at 12:52 pm
တခေါက်ပြန်ဝင်လာကြည့်မိပါသည်….
အော်…ရယ်.. ဆိုင်ရဲင်န် လေးတောင် မိုနလီဇာ ဖြစ် ရရှာပါလားကွယ်…။
ဟောင်းဝပ်ရှုလ်ဇ် တော့ သေဘာဘီ..။
အပွဲပွဲနွှဲလာတဲ့ ဂျူး ..ဘိရုမာနဲ့တွေ့မှ ..ဂယ် တေရှာဘီ …
😛
အတိသဉ္ဖာ နာဂရချစ်သူ
May 22, 2012 at 1:04 pm
မှတ်ချက်။။ သူကြီးကိုခိုင် မြန်မာပြည်ရောက်မနေပါဘူးလို ့ဘယ်သူပြော
နိုင်မလဲ။
Ch@vez
May 22, 2012 at 1:09 pm
ပြောနိုင်တယ်ဗျ..
WP မှာက စာရေးသူဘက်မှာ ကွန်းမန့်တဲ့လူ အိုင်ပီ ပေါ်တာမို့..
ရေးသူကလည်း အရီးလတ် ဖြစ်တာမို့..
(ဒက်ကနဲ သိမယ့်လူမို့)
သဂျီး ရန်ကုန် ပြန်ရောက်နေရင် မန့်မှာ မဟုတ်ဘူး…

အကောင့် သူများ ခနပေးခဲ့ရင်တော့ မသိဘူး…
amatmin
May 22, 2012 at 1:40 pm
သဂျီးအကောင့် သူများခနပေးခဲ့ရင် ဆိုတာ ..ဖြစ်နိုင်တာပဲ.
ဆိုတော့ သဂျီးခိုင်.. အများကြီး ဖြစ်ကုန်ရင် ဒုတ်ခ.. 🙂 🙂
ဗိုက်ကလေး
May 22, 2012 at 2:42 pm
ဟုတ်ဒယ်..
ဒဂျီး
ရန်ဂုန်မှာ
ကျုပ်နဲ ့ ဘီအီးတောင် တူတူကစ်တွားတေးဒယ်ဂျ
kai
May 22, 2012 at 2:42 pm
ကျုပ်မှာကိုယ်ပိုင်ပရော့စ်စီဆာဗာရှိသလို.. တာမင်နယ်နဲ့ဝင်နေရတဲ့..ကွန်ပျူုတာတွေလည်းရှိပါတယ်..။
ဆိုတော့..
ပြီးခဲ့တဲ့.. သင်္ကြန်မတိုင်မှီလေးက.. ရောက်ချင်လည်းရောက်ခဲ့မှာပေါ့..
နောက်ပြီး.. အတည်မဟုတ်တာကို.. အတည်လိုလိုနဲ့.. နောက်ပြီးပြောတာမဟုတ်ပါဘူး..
MaMa
May 22, 2012 at 3:21 pm
နားမလည်တာတွေကို နားလည်အောင်ဖတ်ရင်းနဲ့ နားလည်သလိုလိုရှိလာပြီး နားလည်ပြီးသားတွေကိုပါ နားမလည်ဖြစ်၊ နားမလည်တာတွေကို နားလည်သလိုဖြစ်လာတယ်။ နားမလည်တာတွေနဲ့ နားလည်တာတွေနဲ့ ရောပြီး နားလည်တာတွေရော နားမလည်တာတွေရော နားလည်သလိုလို နားမလည်သလိုလို ဖြစ်သွားတယ်။

(သဂျီးစာကို ဖတ်ပြီး မူးသွားလို့။)
pooch
May 22, 2012 at 11:42 pm
သူကြီးက ပြန်လာပြီးတော့ ဈေးကွက် လာရှာတာလားဟင်င်…
အရီးပြောတဲ့ သစ်ကြံပိုးခေါက်နဲ့ ပျားရည်ရဲ့ အချိုးအစားလေးရော မသိရဘူးလားဟင်င်… 😀
Ch@vez
May 22, 2012 at 2:52 pm
ကန်တင်းမှာတုန်းက ကျနော် ပြောတာ မှတ်မိသေးလား
အရီးလတ် ရေ့…
မမှတ်မိတော့ရင်လည်း ဘာမှ မပြောခဲ့ဘူးပဲ မှတ်ပါဂျာ ….
😀
etone
May 22, 2012 at 3:41 pm
အဲ့ဒီ ဆိုင်ကို တာဝန်ယူ အကြံပေးလုပ်ပေးနေတာ.. ရွာထဲက … မန်ဘာတစ်ယောက်ပါ … ။
သူကပြောပါတယ် … ဂေဇက်က သဂျီးထုတ်ပေးထားတဲ့ စီဂျေကဒ်ပြပြီး ဝင်သောက်လျှင် အားလုံးကို ဖရီးပေးမယ်တဲ့ … ။
ဟိုတယ်ရွှေဂုံတိုင်မှာ ကေတီဗွီရှိတယ်နော် .. အရင်တော့ .. သဘောင်္သီးဘော်ဒါတွေနဲ့ ..မိုက်သွားခဲဖြစ်သေးတယ် … ။ အဲ့ဒီက စော်တွေ .. လန်းတယ်နော် … မီနီစကတ်တိုလေးတွေနဲ့ ဖိနပ်အမြင့်ကြီးတွေပဲ … ကော်ဖီဆိုင်ကတော့ အခုမှ ဖွင့်တာမကြာသေးဘူးမို့ မရောက်ဖူးသေးဘူး …. ။
Ch@vez
May 22, 2012 at 4:10 pm
He heee 🙂
Ha haa… 😛
Thel Nu Aye
May 22, 2012 at 4:38 pm
အဲဒီ စော်လေးတွေက အစစ်ဟုတ်ဘူးဆို။ ဟုတ်လား။ အဲမှာ ဂေးကလပ်ရှိတယ်ပြောတယ်။
ကြောင်ကြီး
May 23, 2012 at 8:56 am
ဓါးထက်တာ
ဇယားနတ်ကလျာ
သားသမက်ဟာ
အားပြတ်လာ၊
စတားဘတ်မှာ
သွားနှပ်ပါ
ခါးသက်စရာ
ဖလားတခွက်ပါ..။
Khin Kha
May 23, 2012 at 9:44 am
ပျားရည်အစစ်က ရေအေးမှာပျော်ဝင်နိုင်မှု့နည်းလို့ ပျားရည်ပြုတ်ရေလုပ်ရတာပါ။
ရေကော်ဖီခွက်တစ်ခွက်ကို ပျားရည်လ္ဘက်စားဇွန်းနှစ်ဇွန်း ထဲ့ပြီးပြုတ်ပါ။ ရေနဲ့ပျားရည်ပျော်ဝင်ရင်
သစ်ကြပိုးခေါက်မှုန့်လ္ဘက်စားတစ်ဇွန်၏ သုံးပုံတစ်ပုံခန့်ထဲ့ပြီး ပျားရည်ပြုတ်ရေ အေးသွားလျှင်သောက်လို့ ရပါပြီ။ သစ်ကြပိုးခေါက်ကလူကိုဘေးမဖြစ်ပါဘူး တစ်ချို့ဟင်းထဲထဲ့တဲ့ဟင်းခတ်အဖြစ်သုံးကြပါတယ်။
Khin Latt
May 23, 2012 at 8:57 pm
ဝင်ရောက်အားပေးသူ ကော်ဖီ ချစ်သူများ ဖြစ်သော
မောင်ဂီ၊ ကထူးဆန်း၊ သူကြီး၊ မောင်ပေ၊ မောင်ဗိုက်၊ ကိုခ၊ သဲနု၊ မောင်နို၊ မောင်ဇာ (အတိသဉ္ဖာ နာဂရချစ်သူ)၊ မောင်မတ်၊ မမ၊ ပုချ်၊ တုံတုံ၊ ကကြောင်ကြီး
တို့ နှင့် တစ်ကွ
ဝင်ရောက်ဖတ်ရှုသူ အားလုံးကို အထူး ကျေးဇူးဥပကာရ တင်ရှိပါကြောင်း။ 🙂
အမှန်က အမှတ်တရ အနေနဲ့သာ မှတ်တမ်းတင်ခဲ့တာ။
ဒီလို ဖွ ဖို့ အစီအစဉ် မရှိပါဘူး။
သူကြီး ရဲ့ “စတားဘတ်” မန့်ချက် ကို တွေ့လိုက်လို့ မအောင့်နိုင်ဘဲ တင် လိုက်ခြင်းပါ။
သူကြီး
ရန်ကုန် သင်္ကြန်တုန်းက ကဲခဲ့တဲ့ ပုံတွေကို တင်လိုက်ရမလား။ 😉
နောက်တာပါ လို့ အတည်ပြောတာ ကို နောက်တာလို့ ထင်ကြမှာ မဟုတ်လား? 😆
ကိုနိုရေ
အဲဒီ ဆင်တူရိုးမှား ကတော့ ပြောမဆုံးဆောင် တောသုံးတောင် မြန်မာ တစ်နိုင်ငံထဲ တော့ မဟုတ်ပါဘူး။
ပုချ်ရေ –
တိုက်တိုက်ဆိုင် “Khin Kha” နဲ့ “Khin Latt” ကို “STARBUCKS ” နဲ့ “STARBACKS” မှာ ရောသွား တယ် ထင်ရဲ့။
ပျားရည် အကြောင်း က “ကိုခင်ခ” တင် ပေး ထာပါ။
အရီး တင်တာ မဟုတ်ပါဘူး။
ကြုံတုန်း အသားခြောက်တာ ကို ပျားရည် နဲ့ ကုတဲ့ နည်းလေး သိရလို့ ကျေးဇူးပါ “ကိုခ” ရေ။ 🙂
မောင်ဂီ
မင်းမေးတဲ့ “ကန်တင်းမှာတုန်းက ကျနော် ပြောတာ မှတ်မိသေးလား” ဆိုတာ ကို ရီကော လုပ်ကြည့်တယ်။
ဆက်စပ်လို့ ရတာ ဆွဲ ကြည့်ရရင် “အဲ့ဒီ လူကြီး အကြောင်း” ကို ပြောတာ မဟုတ်လား။
သိချင်ကြလား အရပ်ကတို့ ရေ။ အဟိ
တုံတုံ နဲ့ သဲနု
အဲဒီ နေရာ က ဂေဇက် နဲ့ ပါတ်သက်နေနိုင်တယ်။
ဂေးကလပ် ဆိုတာ မောင်ဗိုက် နဲ့ ဘကြီးပု က ကန်ထရိုက် ယူထားသလား? 🙄
Ch@vez
May 23, 2012 at 10:20 pm
သဂျီးနဲ့ မပါတ်သတ်တဲ့
သည်ရက်ပိုင်း တခြား ပြောဖူးတာလေး တခုနဲ့ပါတ်သတ်ပြီး
မောင်ဂီ့ နည်းနည်း တူးဆွထားပါတယ်
အရီးလတ် ခည…
http://myanmargazette.net/124420/creative-writing/drama-essays-humor-
memoirs-novel-excerpts-short-stories
ခင်တဲ့
ဂီ
blackchaw
May 26, 2012 at 6:21 pm
ကန်တင်းမှာတုန်းကဆိုတော့ ကျွန်တော်လည်း ပါတာပေါ့နော့ အရီးလတ်ရေ…။

အတင်းကြီးကို လူရာဝင်ချင်လွန်းလို့ ခုန်ဝင်လိုက်ပါရစေ…။
မှတ်မိသလိုလိုနဲ့ မမှတ်မိတာကို မှတ်မိမနေတော့ပါဘူးဗျာ…။