ပြည်ရွှေဘုံသာမုနိစေတီတော်












ရွှေဘုံသာမုနိကို ၃ ကြိမ် ရောက်ဖူးပါတယ်။ ပထမဆုံးအကြိမ်တုန်းက ဆယ်နှစ်ကျော်ပြီထင်ပါတယ် ပြုပြင်ဆဲကာလမှာ စေတီပတ်ဝန်းကျင် အရမ်းသာယာပါတယ်။ ဧရာဝတီမြစ်ရေတက်ချိန်မှာ ဘုရားနားရောက်တဲ့အထိ ရေတက်တာနဲ့ကြုံခဲ့ဖူးတယ်။ ဘုရားမှာပဲ ချက်ပြုတ်စားသောက်ခဲ့ကြတာကို ပြန်သတိရမိတယ်။ အခုအချိန်မှာ ပြုပြင်တည်ဆောက်မှု အားလုံးပြီးဆုံးသွားပြီး သန့်ရှင်းသပ်ရပ်နေပါပြီ။ သရက်သီးပေါ်ချိန်မို့လို့ မြကျောက်သရက်သီးဆိုင်တွေအများကြီးတွေ့ခဲ့ရတယ်။ အနောက်ဘက်မှ ဇရပ်အကြီးကြီးတွေရှိပြီး အေးအေးဆေးဆေး နားနေနိုင်ပါတယ်။ ကျွန်မတို့က နေ့လည် ၁၂ နာရီလောက်ကြီးရောက်သွားတာမို့လို့ ဇရပ်ပေါ်မှာ တစ်နာရီလောက်ထိုင်ပြီး နားနေခဲ့ကြသေးတယ်။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်နဲ့ တောင်တောင်သဘာဝပတ်ဝန်းကျင်များကြောင့် ဘုရားဖူးသွားရတာ ပျော်စရာကောင်းတယ်။ နွေနေပူပူနေ့လည်ခင်းဖြစ်နေလို့ ရင်ပြင်တော်ပေါ်မှာ ခြေချရ အင်မတန်ခက်နေချိန်ပေါ့ … တစ်နေရာနဲ့တစ်နေရာကို တစ် နှစ် သုံး ရေတွက်ပြီး အမြန်ဆုံးပြေးကြရတာ အမှတ်တရပါပဲ … မန်ကျီးပင်ကြီးအရိပ်အောက်မှာနားနေပြီး မန်ကျီးပန်းတွေကို တအံ့တဩဖြစ်ခဲ့ပါသေးတယ်။
8 comments
Ma Ei
May 22, 2012 at 2:24 pm
ထောင့်ပြောင်းပြီး ဖူးရတဲ့ အရံစေတီလေးတွေ အဆင့်ဆင့်နဲ့
ပုံတော်က အမြင်ဆန်းတယ်နော်…
တစ်ခြား မုနိပုံတော်တွေရိုက်ခဲ့ရင် တင်ပေးဦးနော်…
weiwei
May 22, 2012 at 2:34 pm
မနက်ဖြန် ကော်နက်ရှင်ကောင်းရင် ရွှေတော်ဘက်က ဘုရားတွေ တင်အုန်းမယ် ..
ဗိုက်ကလေး
May 22, 2012 at 2:57 pm
ငှက်ကလေးက အိုင်းရှဲဒိုးတွေဘာတွေနဲ ့
ဧကန္တ ငှက်မပဲ ဖြစ်ရမယ်
windtalker
May 22, 2012 at 8:25 pm
ဟုတ်တယ်
သနပ်ခါးလူးတာ ကိုဗိုက်အတွက်ပါရှင် ရယ်တဲ့လေ
ကိုပေါက်(မန္တလေး)
May 22, 2012 at 4:51 pm
မဝေရောက်တာက ကျနော်မရောက်ဘူးသေးတဲ့နေရာတွေဗျာ သွားဖြစ်အောင်ကြိုးစားပါအုံးမယ်။
ဓါတ်ပုံတွေတင်ပေးတာက လူတွေပိုစိတ်ဝင်စားလာစေလို့ တင်သင့်ပါတယ်။
ချစ်ရင်ထူးနှစ်
May 23, 2012 at 11:06 am
ဘယ်တုန်းကသွားခဲ့တာလဲ ဟင်င်..
ကျွန်တော်တောင် 13.5.2012 တုန်းက ရောက်ခဲ့သေးတယ် .. ဓါတ်လှေကား ပေါ်ကနေ မြို့ကို ရိုက်ဖြစ်ခဲ့သေးတယ်.. ပြည်ဆိုတာလည်း ရာဇဝင် ရှိတယ်တဲ့ ..
weiwei
May 23, 2012 at 1:06 pm
၁၂ ရက်နေ့ကသွားဖြစ်တာ … တစ်ရက်ပဲ လွဲသွားတယ် …
နေ့ချင်းပြန်သွားတာမို့လို့ သိပ်တော့ မစုံခဲ့ဘူး ..
pooch
May 23, 2012 at 1:29 pm
ပြည်ရွှေဆံတော်ပဲ ဖူးဘူးတာ ။ မဝေ ပြမှပဲ ရွှေဘုံသာ စေတီရှိမှန်း သိတယ်။ ဖူးသွားပါတယ်။