ကဗျာဆရာ ကလင့်(မန္တလေး)ရေးတဲ့ စိုးအောင်(မန္တလေး)အတွက်အလွမ်းစာ
ကဗျာဆရာ ကလင့် (မန္တလေး)ရေးထားတဲ့ အလွမ်းစာလေးကို ပြန်မျှဝေပေးတာပါခင်ဗျာ
ကမာ္ဘရပ်ဝန်းငယ်ရဲ့ မျက်ရည်ပင်လယ်သွန်းမှုထဲမှာ
စာရေးဆရာစိုးအောင် (မန ္တလေး) ရှိနေတယ်…
ကိုစိုးအောင် …..
ကျွန်တော်ပြန်ခဲ့တဲ့ တောင်တန်းရှည်လျားမှုတွေထဲ
တားဆီးမရအောင်ကျခဲ့တဲ့ မျက်ရည်တွေဟာ
ကမာ္ဘတည်သရွေ့
သက္ကရာဇ်တွေ နောက်ပြန်မသွားသရွေ့
မမေ့ခြင်းပုံရိပ်အသွင် တည်ရှိကျန်ရစ်နေမှာပါ ။ ။
ကိုစိုးအောင် …..
ကျွန်တော် စာပေဝိုင်းက အိမ်ပြန်ညတွေတိုင်း
အမြဲတမ်းလိုက်ပို့ခဲ့သူ
အခုတော့ ကိုစိုးအောင်ရေ …
ကျွန်တော်အိမ်ပြန်ညတွေမှာ ရောက်ရာအရပ်ကနေ
လိုက်ပို့နေဦးမှာလား ။ ။
ကိုစိုးအောင် …..
အတိတ်က ကျန်ရစ်ခဲ့တဲ့ ရက်စွဲတွေကို သိပ်လွမ်းတာဘဲ ။ ။
ကိုစိုးအောင် …..
လာမယ့် ၂၀၁၃ သက္ကရာဇ်အသစ်မှာ
တော်ရိလျော်ရိ သံချပ်အဖွဲ့ကြီးထွက်ရင်
‘‘ တော်ရိလျော်ရိ ဟိုအစ်ကိုကြီးပါလားလို့ မေးလာရင်
ပြည်သူလူထုကို ကျွန်တော်တို့ ဘယ်လိုစကားမျိုးတွေပြောပြီး
ဖြေသိမ့်ရမလဲ ’’ ။ ။
ကိုစိုးအောင် …..
ကိုစိုးအောင်ရေ … ကိုစိုးအောင်ပြောတဲ့စကား
‘‘ ကလင့် ဒီတစ်ခါရန်ကုန် မင်းနဲ့ငါနှစ်ယောက် ရန်ကုန်သွားရင်
ငါတို့ ရထားနဲ့ဘဲသွားရအောင် ’’ ။ ။
ကိုစိုးအောင် …..
အခုဘယ်မှာလဲ
စိမ်းဝါ ကဖေးဆိုင်လေးဟာ တော်ရိလျော်ရိ အစ်ကိုကြီးကို
နေ့တိုင်းမျှော်ပုံက သူ့လည်တိုင်တောင် ကျိုးကျခဲ့ပြီ ။ ။
ကိုစိုးအောင် …..
စိမ်းဝါဆိုတဲ့ ကဖေးဆိုင်လေးကို ကျွန်တော်တို့
ဘယ်လိုဖြေသိမ့်ပေးရပါ့မလဲ ။ ။
ဆရာစိုးဘားဒိုင် ရေ …
ဆရာခင်အောင်ဝင့် ရေ …
ဆရာမောင်နိုင်လင်း(ကောလင်း) ရေ …
ဆရာတို့ စိမ်းဝါကဖေးဆိုင်မှာ ထိုင်နေတုန်းလား ။ ။
……………………
ကလင့်ရေ
မင်း မဟာတံတိုင်းရောက်ရင် ဘယ်ကဗျာတွေရွတ်မှာလဲ
ကိုစိုးအောင် ကျွန်တော် ‘‘ ငါ့မန ္တလေးကို မန ္တလေးလို့ ပီပီသသ
ခေါ်တတ်လာမယ့် သက္ကရာဇ်ကိုလွမ်းတယ် ’’ ဆိုတဲ့ ကဗျာကိုရွတ်မှာ
အေး … ကောင်းတယ် ကောင်းတယ် ။ ။
……………………
ဆရာ သားအေးည ကျောင်းမှာ
ဆရာညီစေမင်းရယ်
ဆရာသာဇော်ရယ်
ဆရာမ မဝင့်(မြစ်ငယ်)ရယ်
ဆရာမ မေမောင်ရယ်
အဲဒီတုန်းက ပုံရိပ်တွေကို ပြန်ပြန်မြင်ယောင်မိတယ် ။ ။
……………………
ကလင့်ရေ
ဒို့ စာရေးဆရာ ၊ ကဗျာဆရာတွေက
ကိုယ့်ကိုယ်ကို ပညာရှင်လို့ နားထင်သွေးရောက်ရင်
စာရေးဆရာ ၊ ကဗျာဆရာ ကျဆုံးခန်းရောက်တော့တာဘဲ ကလင့် ။ ။
ကိုစိုးအောင် …..
တောင်အင်း ၊ မြောက်အင်း ကောင်ကင်မျက်နှာကျက်တစ်ခုလုံး
မီးခိုးအက္ခရာတွေနဲ့ စီကာပတ်ကုံးရေးလိုက်တဲ့
ဘဝသရုပ်ဖေါ်ထဲက ဇာတ်ရုပ်တွေဟာ စိတ်နေစိတ်ထားတစ်ခုစီရဲ့
ညဉ့်ကာလငြီးခြင်းတွေရဲ့ အမှန်တရားတွေလား ။ ။
……………………
ကလင့် မင်းတို့ခေတ်ကျတော့ ဆံပင်နောက်ပြန်စည်းပြီး
သပ်သပ်ရပ်ရပ်ဖြီး လက်ကိုင်ဖုန်းကို ခါးမှာချိတ်ပြီး
စာရေးဆရာ ၊ ကဗျာဆရာဆိုတာ အနုပညာငမွဲတွေ မဟုတ်ဘူးဆိုတာ
ပြသနိုင်တဲ့ ခေတ်တစ်ခေတ်လို့လည်း အကြမ်းသဘော ပြောလို့ရတယ် ။ ။
……………………
ကလင့်
ငါတို့ မင်းတို့ စာရေးဆရာ ၊ ကဗျာဆရာတွေဟာ
ဘယ်သူစားမူတောင်းတောင်း ငါတို့က စေတနာရှေ့ထားပြီး ပေးရမှာပဲ
ငါတို့ မင်းတို့က မဂ္ဂဇင်းအယ်ဒီတာလည်းမဟုတ်
ဂျာနယ်အယ်ဒီတာလည်းမဟုတ်ဘူး
ဘယ်သူနဲ့ တည့်တည့်မတည့်တည့် ငါတို့ကတည့်အောင် ပေါင်းရမှာပဲ
ကလင့် ငါတို့ မင်းတို့က ဝတ္ထုရေးသူ ကဗျာရေးသူတွေ ။ ။
……………………
ဆရာ စိုးဘားဒိုင်ရေ
ဆရာ ခင်အောင်ဝင့်ရေ
ဆရာ စန်းဝင်းရှိန်(သမိုင်း)ရေ
ဆရာ မောင်နိုင်လင်း(ကောလင်း)ရေ
ဆရာ ကိုသာဇော်ရေ
တော်ရိလျော်ရိ သံချပ်အဖွဲ့သားတို့ရေ
သက္ကရာဇ် ၂၀၁၃ သံချပ်အဖွဲ့ကြီးထွက်ခဲ့ရင် ပြည်သူလူထုက
တော်ရိလျော်ရိ အစ်ကိုကြီးတစ်ယောက် ပါမလာဘူးလားလို့မေးကြရင်
ကျွန်တော်တို့ ဘယ်လိုစကားမျိုးနဲ့ ပြန်ပြောရမလဲ ။ ။
……………………
ကျွန်တော်တို့ ဘယ်လိုဝမ်းနည်းမှုတွေနဲ့ ဖြေသိမ့်ရမလဲ ။ ။
ကိုစိုးအောင် …..
လာမယ့်နှစ်သစ်သင်္ကြန်မှာ အစားထိုးမရနိုင်တဲ့ လူသားတစ်ယောက်
ကမာ္ဘမြေပေါ်ကနေ ကျွန်တော်တို့ကို အပြီးအပိုင် လမ်းခွဲသွားပြီလို့ပြောရင်
သက္ကရာဇ်အသစ်က ကျွန်တော်တို့ကို အပြီးအပိုင် လမ်းခွဲသွားပြီလို့ပြောရင်
သက္ကရာဇ်အသစ်က ကျွန်တော်တို့တတွေကို လှောင်ပြောင်ပျက်ရယ် ရယ်သွမ်းနေဦးမှာပါ ။ ။
……………………
တော်ရိလျော်ရိ သံချပ်အဖွဲ့နဲ့ တစ်သားတည်း တစ်ထပ်ထဲကျခဲ့တဲ့
ဆရာစိုးအောင်(မန ္တလေး) လာမယ့်နွေဦးသစ်မှာ
သံချပ်အမောတွေနဲ့ ထပ်တူထပ်မျှ ရှိနေဦးမယ်ဆိုတာလည်း
အမှန်တရားက ထာဝရ ပြောပြနေဦးမှာပါ ။ ။
……………………
၂၂. ၅. ၂၀၁၂ နံနက် ၅၁ မိနစ် ကျွန်တော့်ဆီ
ကိုစိုးအောင် သုံးကိုယ်ခွဲပြီး အတူတူရောက်လာခဲ့တယ်
ကျွန်တော် နှုတ်ဆက်တော့ အရှေ့ရပ်ဝန်းဆီ ငေးကြည့်ပုံကို အထင်သားမြင်ခဲ့ပုံရိပ် ။ ။
……………………
ကျွန်တော်ပြန်လာခဲ့တဲ့ တောမြိုင်တောင်တန်းထဲ
ကျရစ်ခဲ့တဲ့ တားဆီးမရနိုင်တဲ့ မျက်ရည်စက်လက်တွေဟာ
ဘဝသရုပ်ဖေါ် အစစ်အမှန်ရေးသူ စာရေးဆရာစိုးအောင်(မန ္တလေး)
နာမည် ရုပ်ကြွင်းအဖြစ်
စာရေးဆရာစိုးအောင်(မန ္တလေး) ချစ်မြတ်နိုးတဲ့
ဒီမြေ ဒီရေပေါ်မှာ အမှန်တရားဆိုတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်
စွဲစွဲမြဲမြဲ ကျန်ရစ်နေမှာကို စာရေးဆရာစိုးအောင်(မန ္တလေး) မြင်နိုင်ပါစေလို့ ။ ။
ကလင့် ( မန ္တလေး )
စာရေးဆရာစိုးအောင်(မန ္တလေး) ကွယ်လွန်ခြင်း အောက်မေ့ဖွယ်ကဗျာတစ်ပုဒ်
စာရေးဆရာစိုးအောင်(မန ္တလေး) ကောင်းရာသုဂတိဘုံသို့ ရောက်ပါစေ ။ ။
၂၃. ၅. ၂၀၁၂
13 comments
ကိုပေါက်(မန္တလေး)
May 26, 2012 at 10:00 am
ဒီစာမူကတော့ သူများရေးတဲ့စာကို တင်ပေးတာပါ.။
မန်းလေး SHADE ဂျာနယ်မှာ ရေးဖော်ရေးဖက်တွေဖြစ်တဲ့
စိုးအောင်(မန္တလေး) ကွယ်လွန်သွားတဲ့အမှတ်တရအဖြစ်
ကဗျာဆရာ ကလင့်(မန္တလေး)က ကိုပေါက်ရေးနေကျဆိုက်တွေမှာတင်ပေးပါဆိုလို့
ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ကိုပေါက်ရေးတာမဟုတ်ပါ။
ကလင့်(မန္တလေး)ရေးထားတာဖြစ်ပါတယ်။
water-melon
May 26, 2012 at 10:26 am
ဘဝဆိုတာ တွေ့ကြုံဆုံခွဲပါ
ဖြစ်နိုင်ရင် ဘယ်သူနဲ့မှမခွဲခွာချင်ဘူး
ဒီအဖေဒီအမေတို့နဲ့ ဘဝဆက်တိုင်းပြန်ဆုံချင်တယ်
အဲဒီအကြောင်းတွေပြန်တွေးတိုင်း ညတိုင်းငိုခဲ့ရပါတယ်
လေးပေါက်ရေ ခွဲခွာခြင်းဆိုတဲ့ ဟာကြီးကို အရမ်းမုန်းတယ်
ဘယ်သူ ဘယ်သူ့နဲ့မှ မခွဲခွာချင်ဘူး
water-melon
May 26, 2012 at 10:27 am
ကျွန်တော်လည်း သေဖို့ရက်မကျန်တော့ပါဘူး
လေးပေါက်ရေ 😥
htet way
May 26, 2012 at 11:10 am
ကျေးဇူးပဲ ဆရာ
ဆရာစိုးအောင် ရဲ့ သတ္ထုတိုတွေကို ကျွန်တော် ကြိုက်နှစ်သက်ခဲ့ပါတယ်။
ခု ဒီကဗျာလေး ဖတ်လိုက်ရလို့ …ကြေကွဲမိပါတယ်။
marblecommet
May 26, 2012 at 1:59 pm
လောကကြီးကနေ
စောစောထွက်ခွာသွားတဲ့
ရဲဘော်ရဲဘက်တစ်ယောက်ကို
လောကကြီးမှာ ကျန်ခဲ့တဲ့
ရဲဘော်ရဲဘက်တစ်ယောက်က
အလွမ်းစာ အလွမ်းကဗျာရေးတယ်
ကျွန်တော်တို့က ဖတ်ရတော့
ကျွန်တော်တို့လည်း လွမ်းမောနာကျင်ရတာပေါ့
ကိုပေါက်ရယ်……
……….
ဒါနဲ့ အစ်ကိုရေ့….
ဆြာစန်းဝင်းရှိန်(သမိုင်း)က
ရှက် ဆိုင် ဖွင့်ထားတယ်ဆို……
အနော်လာရင် လိုက်ပို့နော်…..
ခွိ.ခွိ…..
ကိုပေါက်(မန္တလေး)
May 26, 2012 at 3:35 pm
အရေးထဲမှကွယ် ကိုစိုးအောင်ဘယ်လိုဆုံးသွားတယ်ဆိုတာမသိချင်ဘူးလား။
blackchaw
May 26, 2012 at 4:57 pm
ကိုပေါက်ရေ…။
အခုပဲ ဖိုးခွားကြီး ဆုံးသွားလို့ စိတ်မကောင်းဖြစ်နေချိန်မှာ
ဆရာ စိုးအောင် (မန္တလေး) ကွယ်လွန်သွားလို့
ရေးထားတဲ့ လွမ်းချင်းကို
ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ဖတ်သွားပါတယ်ဗျာ။
ကိုပေါက်(မန္တလေး)
May 26, 2012 at 5:09 pm
18-5-201နေ့ညမှာအကောင်း ဗျာ။
လမ်းမှာဆိုင်ကယ်နဲ့ဖြတ်သွားတာတွေ့လိုက်ရတာ။
တွေ့နေကျဆိုတော့အထူးတလည်နုတ်မဆက်မိ။
နောက်နေ့ နေ့လည်ဖေစ်ဘုတ်တက်တော့ ဆုံးပြီတဲ့
(ဦးနှောက်သွေးကြောပြတာတဲ့)
လကွယ်နဲ့တိုက်တော့ နေ့ချင်းဘဲချ နောက်နေ့ရက်လည် မရောက်လိုက်ပါဘူး ကျနော်။
ညနေဆိုရင် ဘုရားကြီး စာတိုက်ကွေ့ နား က စိမ်းဝါလက်ဖက်ရည်ဆိုင်မှာ စိုးဘားဒိုင်နဲ့ခင်အောင်ဝင့်ကို
စောင့်နေရှာမှာသေချာတယ်ဗျာ။
15-5-2012နေ့ကမှ ဇူလို်င်လမှာ တရုတ်ပြည်သွားဘို့ ရန်ကုန်သွားပြီး ပါတ်စပို့လုပ်ပြီးပြန်လာပြီးနောက်ရက်
………………………………….
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 26, 2012 at 7:05 pm
ဖတ်ရင်းနဲ ့ကို စိတ်မကောင်းဖြစ်ရပါတယ် ကိုပေါက်ရေ
kyeemite
May 26, 2012 at 8:31 pm
စိတ်မကောင်းစရာတွေ တစ်ရက်ထဲ
ဖတ်လိုက်ရတယ်ဗျာ..
ကိုပေါက် ကလဲနာရေးသတင်း..
ရဲဘော်ဘလက်ကလဲ နာရေးသတင်း..တိုက်ဘဲတိုက်ဆိုင်လှပါဘိ..
ကိုပေါက်(မန္တလေး)
May 26, 2012 at 9:21 pm
ကိုကြီုးမိုက်က ကိုကျော်သီချင်းနဲ့ဝင်လွမ်းသွားတာကိုးဗျ.
အင်း သူငယ်ချင်းတွေတစ်ယောက်တလဲ လိုက်ပို့ပေးရတဲ့ ဒို့ခေတ်တော့ နီးလာပြီထင်ပါရဲ့ဗျာ။
Diamond Key
May 27, 2012 at 8:24 am
ဆရာစိုးအောင်မန္တလေးအတွက်မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်ဗျာ
ကိုပေါက်(မန္တလေး)
May 27, 2012 at 9:09 am
အခုလို သတိတရနဲ့ရေးပေးကြတာကို သာ ကိုစိုးအောင် သိရင် အတော်ကို ဝမ်းနည်းသွားမယ်ထင်တာဘဲနော်