မြင်းမထိသု့ိ……………….


- 3 ကျောက်ဆောင်တန်းအဆုံးနဲ့ အဝေးမှာမြင်နေရတဲ့တောင်တန်း










- 4လှပသော တိမ်ပြာကောင်းကင်အောက်က လွင်ပြင် မြင်ရတာ စိတ်တွေကြည်လင်သွားပါတယ်
- 5 တိ်မ်ဖြုပြာအောက်ကလွင်ပြင်




“မြင်းမထိသို့အသွား………………………………….”
ဟိုတစ်ခါတောင်ပိုင်းရှမ်းပြည်ကိုရောက်တဲ့အခါ လွိုင်ကော်ကို ဆက်သွားဖြစ်ပါတယ်။
အဲဒီတုန်းက ကလောကနေလမ်းခွဲမှာ ဆိုင်းဘုတ်လေးတစ်ခုထောင်ထားပါတယ်။
“မြင်းမထိသဘာဝလှိုဏ်ဂူ တော်သို့ ………………..လေးမိုင်”
ကျနော် လွိုင်ကော်ကို သွားတဲ့အခါ လမ်းခွဲကနေဝင်လို့ သိပ်မကြာခင်မှာ မြင်းမထိလှိုဏ်ဂူတော်နားကနေ
ကားဖြတ်သွားရပါတယ်။
ဒါပေမယ့် အဲဒီတစ်ခေါက်က ဖူးခွင့်မကြုံလိုက်ပါဘူး။
အခု2012 မှာ နောက်တကြိမ်ရောက်တော့ မြင်းမထိကိုရောက်အောင်သွားမယ်ဆုံးဖြတ်ထားပါတယ်။
အဲဒါနဲ့ကလောကို ဆိုင်ကယ်ငှားသွားတဲ့နေ့မှာတော့ မြင်းမထိကို ခရီးဆက်ခဲ့ကြပါတယ်။
တကယ်တော့ လွိုင်ကော်လမ်းအစကတော့ လွင်ပြင်နဲ့တောင်ကုန်းရောနေတဲ့အနေအထားပါဘဲ.။
အရင်တစ်ခေါက်ကတော့ စက်တင်ဘာလထဲမှာဆိုတော့ မိုးရေသောက်လို့ဝနေတဲ့အပင်တွေက
စိမ်းစိုစို.။
စိုက်ပျိုးထားတဲ့ယာခင်းတွေကလဲ စိမ်းစိုစို။
အခုတစ်ခေါက်မှာနွေရာသီဆိုတော့ ထွန်ယက်စလယ်ကွက်တွေက နီညိုညို။
ဒါပေမယ့် မြင်ကွင်းတွေက တကယ်လှပပါတယ်။
ကျောက်ဆောင်ကြီးတွေ့တော့ ဆင်းဓါတ်ပုံရိုက်။
လမ်းအကွေ့လေးတွေလှတာတွေ့တော့ ဓါတ်ပုံရိုက်။
ရိုက်လို့ကိုမဝနိုင်အောင်ပါဘဲ။
လမ်းကတော့ အကွေ့အကောက်များလှပါတယ်။
တောင်ပေါ်အမြင့်ပိုင်းကို တက်သွားတော့ လမ်းကအမြင့်ပိုင်းရောက်တော့ အောက်မှာချိုင့်ဝှမ်း။
လမ်းမှာတော့ ဆိုင်ကယ်တစ်စီးတစ်လေတွေ့တာက လွဲရင် အသွားအလာနည်းပါတယ်။
ဝန်ထုပ်ဝန်ပိုးတွေနဲ့သွားတဲ့ဆိုင်ကယ်တွေများပါတယ်။
လမ်းမှာ ရွာမရှိ ဖြတ်သွားဖြတ်လာမရှိ ဆူညံသံမရှိ ပကတိတိတ်ဆိတ်သောနေရာလေးပါ။
စိတ်ထဲမှာငြိမ်းချမ်းမူ့တော့ အတော်လေးရလိုက်ပါတယ်။
သွားရင်းနဲ့လွင်ပြင်ကျယ်ကြီးတွေ့လိုက်တော့ မြင်းမထိဂူသွားတာ ဟုတ်ပါ့မလားလို့သံသယဝင်မိပါတယ်။
နောက်ဖြတ်သွားတဲ့ဆိုင်ကယ်တစ်စီးကို မေးတော့မှ သိပ်မကြာခင်ရောက်တော့မယ်ဆိုတာသိရပါတယ်။
သိပ်မကြာခင်မှာဘဲ မိူင်းညို့နေတဲ့တောင်ကုန်းလေးနဲ့အတူ စေတီလေးတွေကိုဖူးမြင်ရတော့မှ
မြင်းမထိကိုရောက်ပြီဆိုတာ သိလိုက်ရပါတယ်။
ပြန်လာမှတွေးမိတာ လမ်းမှာများ ဆိုင်ကယ်ပျက်ရင် ဆိုင်ကယ်ဘီးပေါက်ရင်တော့
ကူသူကယ်သူမရှိ ဖုန်းလို်င်းမမိ ရွာအဆက်မရှိတဲ့နေရာမှာ…………………………………
တော်သေး၏ ဘာမှမဖြစ်ဘဲချောချောမောမောရောက်ခဲ့လို့ပေါ့
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
(26-5-2012)
26 comments
ကိုပေါက်(မန္တလေး)
May 26, 2012 at 10:01 am
မြင်းမထိတော့ရောက်သွားပြီဗျို့။
ကော်နက်ရှင်မကောင်းတော့ နောက်မှတင်မယ်။
ဂူထဲကို ဝင်ကြည့်ထားတာလေးတွေကိုလေ.
windtalker
May 26, 2012 at 10:07 am
မြင်းမထိဂူပုံလဲ မပါခဲ့ဘူး…..
ကွန်နက်ရှင်း ဒုတ်ခပေးပြီ ထင်ပါရဲ့….
အဖုံး နော် ကိုပေါက်
water-melon
May 26, 2012 at 10:22 am
အားကျပါ၏ အန်တီပေါက်ရေ
အနော်လည်း အန်တီပေါက်လို ဖြစ်အောင်လုပ်ရမယ်
ခုထိ အန်တီပေါက်က စိတ်သွားတိုင်း ကိုယ်ပါနိုင်သေးတယ်
အန်တီပေါက်ကို အရမ်းအရမ်း အားကျပါ၏
weiwei
May 26, 2012 at 10:31 am
မြင်းမထိကိုရောက်ဖူးပါတယ် .. ဒါပေမယ့် လမ်းခရီး အဲဒီလောက်လှမှန်း သတိမထားမိခဲ့ဘူး …
အရမ်း အရမ်း လှပါ၏ ..
ဆူး
May 26, 2012 at 11:02 am
မြေကြီး အရောင်တွေ လိမ္မော်ရောင်တွေ. မြေပြန့်နဲ့ အရောင်မတူဘူးနော်။
ဗိုက်ကလေး
May 26, 2012 at 11:41 am
ပုံထဲကြည့်ရတာတော့ လှသဗျား
အပြင်မှာတော့ ပူမလားပဲနော..
ညဘက်တွေတော့ မိုက်မယ်
ကိုပေါက်(မန္တလေး)
May 26, 2012 at 11:42 am
ဟုတ်တယ်မဆူးရေ
အဲဒီဘက် လမ်းတွေမှာမြေက အနီရောင်။
အနီမောင်းမောင်းလို့ခေါ်ရင်တောင်ရမယ်.။.
မဝေရေ
ပထမတစ်ခါသွားတုံးက ဘတ်စကားပေါ်ကနေရိုက်တာ။
ဒီတစ်ခါတော့ ကိုယ်ဘာသာကိုယ်ဆိုင်ကယ်နဲ့သွားတာ။
အဲတော့ စိတ်သွားတိုင်းကိုယ်ပါလေ။
ရိုက်ချင်တယ်ဆို ဆိုင်ကယ်ရပ်ပြီး နှက်ထဲ့လိုက်ရုံဘဲ။
ဒါပေမယ့် အဖော်ပါလာရင် သူက ဓါတ်ပုံဝါသနာမပါရင်တော့ အားနာရတယ်။
အခုပုံတွေကတော့ စိတ်တိုင်းကျ ဆော်လာတာဘဲဗျာ။
ဖရဲမရေ
သွားချင်ရင် နောက်တစ်ခါခေါ်မယ်။
ငါနဲ့လို်က်ချင်ရင် လမ်းလျှောက်လေ့ကျင့်ထားပါ။
ကိုပေ
အခုပုံက လမ်းမှာဘဲရှိသေးတယ်။
ဂူထဲက ခဏနေမှရောက်မှာ။
ကိုပေါက်(မန္တလေး)
May 26, 2012 at 11:45 am
ကိုဗိုက်ရေ
အပြင်မှာမပူဘူး။
နေရောင်ကတော့ပြင်းတယ်။
ဒါပေမယ့်လေအေးတယ်။
ညဆိုရင်တော့ ကိုယ်တစ်ယောက်ထဲဆိုတော့ သားသားကြောက်ကြောက်ပါဘဲ.
မသွားရဲဘူး။
နေ့တောင်လူမရှိတာဗျာ။.
အတိသဉ္ဖာ နာဂရချစ်သူ
May 26, 2012 at 12:40 pm
ကိုပေါက်ရေ ဘာကြောင့် မြင်းမထိခေါ်ပါလိမ့် မယ်ဗျာ
shwe kyi
May 26, 2012 at 12:54 pm
ကိုနာဂရရေရာဇဝင်ရှိတယ်တဲ့။ လေးပေါက်ကိုပြောခိုင်း။ ရွှေကြည်ရောက်ဖူးတယ် ဒါပေမယ့်
ပြန်ပြောပြတ်ဘူး။ ဂူထဲမှာမှောင်မဲနေတာ အေးလဲအေးတယ်။ ကျေက်စက်ရေတွေနဲ့ တစ်ချို့နေရာ
တွေချောနေတာ။
လေးပေါက်ရေ ဓါတ်ပုံတွေတအားလှတာပဲ။
ရောက်ခဲ့ပေမယ့် အဲလောက်လှတဲ့ဓါတ်ပုံတွေရခဲ့ဘူး။
ဂူထဲကပုံတွေကို မျှော်နေမယ်။
marblecommet
May 26, 2012 at 2:07 pm
ပုံ (8)က
ရထားကိုလှမ်းမြင်ရတာ
လွမ်းစရာဗျာ..
ရွှေဘိုသား
May 26, 2012 at 4:31 pm
နံပါတ် 2 ပုံ ယာထဲက နွားပြာနီ ကြီးမြင်တာ အိမ်ကခြံပေါက်ကြီးတောင်သတိရတယ်ဗျာ
ကိုပေါက်(မန္တလေး)
May 26, 2012 at 5:00 pm
မင်းက ကျွဲကြီးကိုကော သတိမရဘူးလား ငယ်ငယ်က စီးခဲ့တာလေ
Gipsy
May 26, 2012 at 6:28 pm
အဲဒီကျွဲက ဈေးကောင်းလို့ ရောင်းစားပြစ်လိုက်ပြီ တဲ့လေ…..
အဲ.. ခုတော့ ဘာမှန်းမသိတဲ့ ခြံပေါက်ကြီးပဲ ကျန်တော့တယ် ပြောတာပဲ….။
pooch
May 26, 2012 at 9:07 pm
အဒေါ်တို့ ဖားဆောင်းဘက်မှတာဝန်ကျတုန်းက လိုက်လည်မယ် လည်မယ် နဲ့ မသွားခဲ့ရဘူး။ ဒေသအလှက တမျိုးကွဲပြီး လှလိုက်တာ။
ကိုပေါက်(မန္တလေး)
May 26, 2012 at 9:16 pm
ဟုတ်တယ် ရှမ်းပြည်ပေမယ့် ဒီလွိုင်ကော်လမ်းအလှက နို်င်ငံခြားဆန်တယ်။
ဒီအလှမျိုးကို မန်းလေးကနေ ဒီးဒုတ်ရေတံခွန်သွားတုန်းက ရဲရွာမရောက်ခင်မှာဒီလိုအလှမျိုးတွေ့ခဲ့ရတယ်။
Mလုလင်
May 26, 2012 at 10:38 pm
၁၃ က .. အမြင်ဆန်း တယ် ဗျာ။
ကိုပေါက်(မန္တလေး)
May 26, 2012 at 10:58 pm
ဆန်းဆို အမြင်ဆန်းဆန်းလေးဖြစ်အောင်ရိုက်တာ။
metallic
May 27, 2012 at 3:03 am
“17လှပသော သဘာဝကျောက်ဆောင် နိုင်ငံခြားကျနေတာဘဲ”
အဲဒီစာဖတ်ပြီးမှ ရှုခင်းပုံတွေကြည့်ရင် မြန်မာ့တောတောင်တွေက အနောက်နိုင်ငံတွေက ရှုခင်းတွေလို မဟုတ်ပဲ တောင်တွေ ပိုပြီးနိမ့်သလို ပိုပြီးပြေပြစ်တယ်ဆိုတာသတိထားမိတယ်
ကျောက်တွေရဲ့သက်တမ်းနုလို့ထင်တယ်
ကိုပေါက်(မန္တလေး)
May 27, 2012 at 9:25 am
ဒီနေရာလေးကနေလွန်သွားလို့ အတွင်းပိုင်းရောက်ရင်တော့ အတော်မြင့်တဲ့ကျောက်တောင်တွေကို
ပထမတစ်ခေါက်သွားတန်ုးက တွေ့ခဲ့ရပါတယ်။
ဒါပေမယ်နိုင်ငံခြားရုပ်ရှင်ထဲကလောက်တော့ မမြင့်ဘူးထင်ပါရဲ့.။
may flowers
May 27, 2012 at 12:06 pm
ကြည့်ရတာ အရောင်စုံနေတော့ ပန်းချီကားတွေနဲ့ပိုတူနေတယ်။ မရောက်ဖူးတဲ့နေရာက အလှအပတွေ
ကိုဝေမျှပေးတဲ့အတွက် ကျေးဇူးနော်လေးပေါက်။
ဦးဦးပါလေရာ
May 27, 2012 at 12:20 pm
ဒီပိုစ့်မှာမှ ပုံတွေက ကောင်းလိုက်တာဗျာ….
ဓါတ်ပုံကိုတော့နားမလည်ပေမယ့်….
မျက်စေ့ကမြင်ပြီး ရင်ဘတ်ထဲတန်းရောက်တဲ့ ပုံတွေပဲ..။
မဟာရာဇာ အံစာတုံး
May 27, 2012 at 12:21 pm
မြေတွေက နီလို့ပါလား ဖေဂျီးရ ..
အဲ့ဘက်မှာ ကျွဲနဲ့ ထွန်ယက်တာလားဗျ ..
ပုံထဲမှာ ကျွဲတွေ တွေ့လို့ …
ကိုပေါက်(မန္တလေး)
May 27, 2012 at 1:03 pm
ရှမ်းပြည်တောင်ပိုင်းရော မြောက်ပိုင်းမှာပါ ကျွဲကို အသုံးများတာတွေ့ရပါတယ်။
နွားတော့ရှိမယ်ထင်ပါတယ် ဒါပေမယ့် ကျွဲပိုများပါတယ်။
ကိုပါရေ
ဒီခရီးကို ပထမတစ်ခါ ဒီလမ်းကို သွားခဲ့တာ လေ
အခုတစ်ခါဆိုင်ကယ်နဲ့သွားတော ့စိတ်တိုင်းကျ ရိုက်ခဲ့ရတာပေါ့။
ကျနော်ကိုယ်တိုင်လဲ နှစ်သက်ပါ၏။
kotun winlatt
May 27, 2012 at 1:26 pm
မြေနီလမ်းလေးမှာ ချစ်သူနဲ့လျှောက်လိုက်ရရင်…
အင်းးးးးးးးးးးးးးးးးးးးးးးးး
အာဟိ….
လေးးပေါက်ရ စိတ်ကူးယဉ်စရာကောင်းအောင်
လုပ်တယ်နော်…..
ကိုပေါက်(မန္တလေး)
May 27, 2012 at 4:51 pm
မုန့်ဆီကြော်ဘယ်မှာမှန်းမသိ နုပ်ခမ်းနာနဲ့တည့်ပါ့မလားတဲ့
ဒီလူပျိုကြီးတော့ ခက်ပြီ စိတ်ကူးတွေယဉ်နေတာများ
……………………………………………………………