Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပုဂံခေတ်နှောင်းပိုင်း (၁၂၈၃) မြန်မာ-မွန်ဂို စစ်ပွဲများ(အပိုင်း ၁)

San Hla GyiMay 26, 20121min95527

(ဒီဆောင်းပါးဟာ မွန်ဂိုစစ်ဘုရင် ဂျင်ဂစ်ခန်အကြောင်း ရေးရင်းနဲ့ ဆက်ရေးစရာလေးတွေ ပေါ်လာလို့ ရေးလိုက်တဲ့ ဆောင်းပါးဖြစ်ပါတယ်။ ရေးတုန်းကတော့ အပိုင်းမခွဲဘဲ တပုဒ်ထဲ ရေးမလို့ပါ။ ဒါပေမယ့် သိပ်ပြီးရှည်တာရယ် အထောက်အထားတွေကို တတ်နိုင်သလောက် ဖတ်နေရလို့ပါ။ ရသမျှ အချိန်လေးမှာ တတ်နိုင်သမျှ ကြိုးစားထားပါတယ်။ သိပ်မကောင်းပေမယ့် အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ အရင်တုန်းက မေးဖူးတဲ့ ကိစ္စလေးတွေကိုလည်း နောက်တပိုင်းမှာ ဖြေနိုင်အောင် ကြိုးစားပါမယ်။)

မွန်ဂိုစစ်သည်တွေ မြန်မာနိုင်ငံကို ပုဂံခေတ်နှောင်းပိုင်း လောက်မှာလာတိုက်ခဲ့တာ မှန်ပါတယ်။ သက္ကရာဇ် ၁၂၈၃ လောက်မှာ ဖြစ်ပြီး နရသီဟပတေ့(မင်းခွေးချေး) လို့ကျော်ကြားတဲ့ ဟင်းခွက် ၃၀ဝ ပြည့်မှပွဲတော် တည်သူ လက်ထက်မှာပါ။ မြန်မာရာဇဝင်မှာတော့ တရုတ်တရက်တို့ လာရောက်နှောင့်ယှက်ခြင်း လို့ရေးပါတယ်။ နရသီဟပတေ့ကို မြန်မာရာဇဝင်မှာ တရုတ်ပြေးမင်းလို့လည်း ခေါ်ပါတယ်။ အမှန်တော့ သူ့ကို မွန်ဂိုပြေးမင်းလို့ပဲ ခေါ်သင့်ပါတယ်။

ဘာလို့လဲဆိုတော့ တရုတ်စစ်သည် တွေဆိုပေမယ့် အဲဒီအချိန်က တရုတ်နိုင်ငံ ကိုယ်တိုင်တောင် သူ့ကျွန်လို့ ပြောနိုင်တဲ့ အနေအထားပါ။ ကျနော် ဂျင်ဂစ်ခန်အကြောင်းမှာ ရေးခဲ့သလို မွန်ဂိုတွေဟာ တရုတ်ပြည်အလုံးကို ရပြီးတဲ့အခါမှာ တရုတ်ဧကရာဇ် ဘွဲ့ကိုခံယူလိုက်ပါတယ်။ ဂျင်ဂစ်ခန်ရဲ့ မြေးတော်ကူဗလေခန် ဟာစစ်တိုက်တော်သလို အမြင်လည်းကျယ်တယ်။ ဘိုးတော်ဂျင်ဂစ်ခန် ကလည်း မြေးတော်ကို သူအသက်ရှိစဉ် ကတည်းက အလွန်ချစ်ခင်ပြီး အများရှေ့မှာတောင် သူ့မြေးတော်ရဲ့ အစွမ်းကို ချီးကျူးလေ့ ရှိပါတယ်။

ကူဗလေခန်ဟာ သူမွန်ဂိုဧကရာဇ် ဖြစ်လာချိန်မှာ မြို့တော်ကို မွန်ဂိုလီးယားလွင်ပြင် ကယ်ရာကိုရမ်းကနေ တယ်တူ(အခု ပီကင်း) သို့ပြောင်းရွှေ့လိုက်ပါတယ်။ အဲဒီမြို့တော်ဟာ အဲဒီခေတ်က အလွန်ကျယ်ဝန်းပြီး လှပခမ်းနားပါတယ်။ တယ်တူ ဆိုတာ မွန်ဂိုဘာသာနဲ့ ရုံးတော်ကြီးလို့ အဓိပ္ပါယ်ရတယ်လို့ သိရပါတယ်။ မွန်ဂိုတွေဟာ သူတို့ရဲ့ထက်မြက်ပြီးသား စစ်စွမ်းရည်ကို တရုတ်တွေရဲ့ ယာဉ်ကျေးမှုနဲ့ ပေါင်းလိုက်တဲ့ အခါမှာ ကူဗလေခန်ရဲ့ လက်ထက်ဟာ မွန်ဂိုသမိုင်းမှာ အင်အားအကြီးမားဆုံးပါပဲ။ သူတို့ရဲ့ ပိုင်နက်ဟာ အဲဒီအချိန်က ကမ္ဘာ့အကျယ်အဝန်းရဲ့ တဝက်လောက်နီးပါးပါပဲ။

မြေပုံထဲမှာ ကြည့်တော့လည်း တကယ့်ကို အကြီးကြီးပါပဲ။ သူတို့ဩဇာခံဘုရင်တွေ ဆွေသားမျိုးသားတွေနဲ့ ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်တာပါ။ စစ်ရေးကြုံပြီ ဆိုရင် မွန်ဂိုမြင်းသည်ကျော်တွေကို မြင်းတွေကို ကြိမ်တို့ခိုင်းပြီး မွန်ဂိုလူမျိုးတွေနဲ့ လက်အောက်ခံ နယ်များမှ စစ်သည်များကို ခန်မင်းကြီးရဲ့ တံခွန်တော်အောက်မှာ လာရောက်စစ်ထွက်ဖို့ ဆင့်ဆိုလေ့ရှိတယ်လို့လည်း သိရပါတယ်။

အဲဒီတော့ ပုဂံနေပြည်တော်ကိုလည်း သံစေပြီး လက်ဆောင်ပဏ္ဏာဆက်ဖို့(လက်အောက်ခံဖြစ်ဖို့) ရာဇသံပို့ပါတယ်။ အဲဒီမှာ နရသီဟပတေ့ က “ငါတို့မှာ ဒီလိုထုံးစံမရှိ ဒါကြောင့် မပေးနိုင်” လို့ပြောပြီး သံအဖွဲ့ကို ကောင်းစွာဧည့်ခံပြီး ပြန်လွှတ်လိုက်ပါတယ်။ ၁၂၇၁ မှာပါ။

အမှန်အတိုင်း ပြောရရင် နရသီဟပတေ့ဟာ လူတော်မဟုတ်ပါဘူး။ ဒါကို မြန်မာရာဇဝင်တွေမှာ ဖော်ပြခဲ့သလို ပုံပြင်ဆန်ဆန် အဖြစ်အပျက်တွေမှာလည်း ဒီကိစ္စဟာ ထင်ရှားပါတယ်။ ဒါပေမယ့် ဒီလိုပြောလိုက်တာလေးကို ဖတ်လိုက်ရလို့ အော် မတော်ပေမယ့် ဒီလိုတော့လည်း ပြောဖော်ရရှာသားပဲ လို့တောင် တွေးမိပါတယ်။(ဧရာဝတီမြစ်ကြီး ပါယူသွားလို့ မပြောလိုက်တာပဲ မောင်မင်းကြီးသား တော်ပါပေတယ်ဗျာ။)

ဘာလို့လဲဆိုတော့ သူဒီလိုပြောလိုက်တာလေးက မထင်မှတ်ပဲ အရေးပါသွားပါတယ်။ မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက် ရောက်တော့ တရုတ်ဘုရင်က သံအဖွဲလွှတ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဟာ သူတို့အပိုင်ပါလို့ ပြောပြီးပေးဖို့ တောင်းတော့ အင်္ဂလိပ်တွေက ဒီကိစ္စကိုပဲ ပြန်ညွှန်းပြီး မြန်မာတွေဟာ သူတို့ထီး သူတို့နန်းနဲ့ နေတုန်းက တရုတ်ကို တန်းတူရည်တူပဲ ဆက်ဆံခဲ့တယ်။ လွတ်လပ်တဲ့ နိုင်ငံလည်းဖြစ်တယ်။ သူတို့တွေ သံအမတ်အဖြစ်နဲ့ မြန်မာပြည်ကို လာကတည်းက ဒီနယ်တွေဟာ မြန်မာဘုရင်အစိုးရက ပိုင်တယ်ဆိုတာ ထင်ထင်ရှားရှား တွေ့ရတယ်လို့ ပြောလိုက်ပါတယ်။(အထူးမှတ်ချက် မြန်မာဟု သုံးနှုန်းခြင်းမှာ တိုင်းရင်းသားများကိုပါ မြန်မာများအဖြစ် ပြောခြင်းဖြစ်ပါတယ်။ ဆွေဆွေမျိုးမျိုးတွေ ပြဿနာလုပ်မှာ စိုးလို့ ဖြစ်ပါတယ်။)

နောက်ပြီး လန်ဒန်တိုင်း(စ်) သတင်းစာရဲ့ အယ်ဒီတာထံ ပေးစာကဏ္ဍမှာလည်း မြန်မာတွေကိုယ်တိုင်က အညံ့ဆုးံလို့ ပြောတဲ့ ဘုရင်ကတောင် တရုတ်တွေကို အလျှော့ပေးဖို့ မစဉ်းစားပဲနဲ့ ကျွန်ုပ်တို့ မြန်မာတွေကို အုပ်စိုးတဲ့ အခါမှ မြန်မာ့နယ်တွေကို တရုတ်ကို ပေးရမယ်ဆိုရင် မြန်မာတွေက ကျွန်ုပ်တို့ကို ရယ်မောကြလိမ့်မယ် ဆိုပြီး ရေးခဲ့တယ်လို့ သိရပါတယ်။

တိုက်ဆိုင်လို့ နရသီဟပတေ့ အကြောင်းပါထည့်ပြောရရင် သူဟာ ဟင်းခွက်သုံးရာပြည့်မှ ပွဲတော်တည်လေ့ ရှိပါတယ်တဲ့။ ဒါသေချာပါတယ်။ ဘာလို့လဲဆိုတော့ မှန်နန်းရာဇဝင်မှာ ဒီလိုရေးတဲ့အပြင် သူကိုယ်တိုင်တည်တဲ့ မင်္ဂလာစေတီကျောက်စာ မှာလည်း “တနေ့တနေ့သော် ဟင်းခွက်သုံးရာ တမူလည်း စားသောက်ထသော” ဆိုပြီးသူ့ကိုယ်သူ ရေးထားလို့ပါ။ မြန်မာရာဇဝင် တလျှောက်လုံးလည်း အဲဒီလို ပွဲတော်တည်တတ်တာ သူတယောက်ပဲ တွေ့ဖူးပါတယ်။ သူ့ထက် ဘုန်းတန်ခိုးကြီးတဲ့ အင်ပါယာနိုင်ငံတွေကို ထူထောင်နိုင်သူတွေဖြစ်တဲ့ အနော်ရထာတို့ ဘုရင့်နောင်တို့ အလောင်းဘုရားတို့တောင် အဲဒီလို ပွဲတော်တည်တာ မတွေ့ဖူးပါဘူး။ သူကတော့ ထိပ်ဆုံးက ကျနော်ပေါ့ဗျာ။(မှတ်ချက် ဖြုန်းတီးသော နေရာတွင် ဖြစ်ပါသည်။)

နောက်ပြီးသူဟာ အိပ်ရာကနိုးရင် အနားမှာရှိတဲ့ ပစ္စည်းတွေနဲ့ ယောင်ယမ်းပြီး ပစ်ခတ်လေ့ရှိလို့ မိဖုရားစောက ချွန်ထက်တဲ့ ဓား လှံလက်နက်တွေ အိပ်ရာနား မထားစေပဲ အသီးအနှံတွေကို ပဲထားလေ့ ရှိပါသတဲ့။ ကြည့်ရတာ အိပ်ရာကနိုးတာနဲ့ တွေ့တဲ့လူကို တခုခုနဲ့ ကောက်ပစ်တတ်ပုံ ရပါတယ်။ တနေ့တော့ အဲဒီလို ကောက်ပစ်လိုက်တာ ပစ်လိုက်တဲ့ အသီးက အပျိုတော်နန်းတွင်းသူ ရဲ့ခါးကိုမှန်သွားပြီး ခါးကြီး ရောင်ရမ်းလာလို့ အဲဒီအသီးကို အဲဒီအချိန်ကစပြီး ခါးရမ်းသီး လို့ခေါ်ပါတော့သတဲ့။(သမိုင်းကို ရေးတာပေမယ့် တချို့မိတ်ဆွေတွေက ထူးထူးဆန်းဆန်းလေးတွေ စိတ်ဝင်စားတတ်လို့ ထည့်ပြောခြင်း ဖြစ်ပါတယ်။ ဦးကုလား ရာဇဝင်ကြီးထဲမှာ ပါခဲ့တာပါ။ ပါးစပ်ပြောမဟုတ်ပါ။ ဒီပို့စ်မှာတော့ ထူးခြားဆန်းကျယ်လေးတွေပါ အလျှင်းသင့်သလို ထည့်ရေးပါမယ်။)

မောင်းမမိဿံတွေကလည်း ၃၀၀ဝ တောင်ရှိတယ်လို့ သိရပါတယ်။ အကုန်လုံးကတော့ မိဖုရားတွေ ကိုယ်လုပ်တော်တွေ မဟုတ်ပါဘူး။ အပျိုတော်တို့ နန်းတွင်းသူတွေ အားလုံးပါမှာပါ။ ရာဇဝင်ထဲမှာ သူဟာ ဘီလူးဘဝက ဝင်စားလို့ အစားအသောက် ကြူးတာတို့ အမျက်ကြီးတာတို့ အမျှော်အမြင်နည်းတာတို့ ဖြစ်တယ်လို့ ရေးကြပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီလို တနေ့တနေ့သော် မောင်းမမိဿံ ၃၀၀ဝ ကိုလည်း စားသောက်တော်မူထသော အဲလေ ယောင်လို့ ဆောရီး ဟင်းခွက်သုံးရာကို စားသောက်တော်မူထသော ဘုရင်ကြီးက ပဏ္ဏာမဆက်နိုင်လို့ တရုတ်သံအဖွဲ့ကို ငြင်းလိုက်ပါတယ်။

အဲဒီလို နရသီဟပတေ့က ငြင်းလိုက်တဲ့အခါမှာ မွန်ဂိုဘုရင် ကူဗလေခန်က ၁၂၇၃ မှာသံအဖွဲ့ကို နောက်တကြိမ်လွှတ် လိုက်တယ်လို့ သိရပါတယ်။ မြန်မာရာဇဝင် အဆိုအရတော့ ဘုရင်က ရှေ့တော်ဝင်ခွင့် ပေးတဲ့အခါမှာ သံတွေရဲ့ အမူအရာဟာ စော်ကားရိုင်းပျသလို ပြုမြဲ ရှိခိုးကန်တော့ခြင်းကို မပြုလို့ နရသီဟပတေ့က တယောက်မလွတ်သတ်စေ လို့အမိန့်ပေးတယ်လို့ သိရပါတယ်။ အမတ်ကြီး အနန္တပစ္စည်းက အခုလို သံအဖွဲ့ဝင်တွေ ရိုင်းပြတာကို တရုတ်ဘုရင် ဥတည်ဘွားကို တိုင်ကြားသင့်ပါတယ်။ မင်းတကာ ပြုမြဲမဟုတ်တဲ့ သတ်စေလို့ အမိန့်တော် မထားသင့်ပါလို့ ပြောပေမယ့် ဒင်းတို့ ပြုမူပုံဟာ သည်းခံနိုင်ဖွယ် မရှိလို့ မိန့်တော်မူတယ် ဆိုပါတယ်။ တရုတ်တွေ အနေနဲ့ အကြောင်းပြရရင်တော့ ရက်စက်သော ရိုင်းစိုင်းသော ယာဉ်ကျေးမှုမရှိတဲ့ လူ့အရိုင်းအစိုင်း မြန်မာလူမျိုးများ အဲလေ နရသီဟပတေ့ မင်းပေါ့ဗျာ။

အမှန်တော့ တရုတ်သံအဖွဲ့က ရိုင်းပြတယ် ဆိုတာတော့ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သမိုင်းအရ အဲဒီအချိန်ဟာ မွန်ဂိုလူမျိုးတွေအတွက် သမိုင်းမှာ နေမွန်းတည့်ချိန်ပါ။ စစ်မျက်နှာ အသီးသီးမှာ အောင်နိုင်ခဲ့ပြီး မာနကြီးနိုင်ချိန် ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကတော့ မြန်မာတွေရဲ့ ပုဂံအင်ပါယာကိုပါ သူတို့အုပ်ချုပ်မယ်လို့ တွေးထားပြီးပြီ ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဆရာကြီး ဒေါက်တာသန်းထွန်းက ဒီသံအဖွဲ့ တရုတ်ပြည်ကို ပြန်မရောက်တာဟာ နယ်စပ်ဒေသရှိ လူရိုင်းအချို့နဲ့ တွေ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ တရုတ်မှတ်တမ်းမှာ မြန်မာတွေသတ်တာလို့ အတိအလင်း မရေးထားသလို နရသီဟပတေ့ ကိုယ်တိုင်ရေး ကျောက်စာတခုမှာ မင်းတို့ကား တမန်ကိုမချုပ်ရာ လို့ရေးထားတယ် လို့ဆိုပါတယ်။

အမှန်တော့ နရသီဟပတေ့ရဲ့ အရည်အချင်းငြံ့ဖျင်းမှုကြောင့် သူ့နန်းစံချိန်မှာကို ပုန်ကန်မှုတွေက ပေါ်နေပါပြီ။ ဒါပေမယ့် အစောပိုင်း ပုန်ကန်မှုတွေကိုတော့ သူက နှိမ်နှင်းနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ သူကိုယ်တိုင် ဖွံ့ဖြိုးအောင် မလုပ်နိုင်ပေမယ့် ရှေးဘိုးဘေးတွေ ပုဂံခေတ်ကောင်းချိန်က ထားခဲ့တဲ့ အရှိန်အဝါတွေကြောင့်ပါ။ အဲဒီလို သံတမန်တွေ ကိစ္စနဲ့ ပက်သက်ပြီး မွန်ဂိုတရုတ်တပ်တွေ မြန်မာနိုင်ငံထဲကို အလုံးအရင်းနဲ့ ချီတတ်လာပါတော့တယ်။

အားပေးဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။

27 comments

  • windtalker

    May 26, 2012 at 9:42 pm

    နရသီဟပတေ့ မင်းလက်ထက်မှာ ခါးရမ်းသီး = ခရမ်းသီး လို ့စဖြစ်လာတယ်လို ့ဖတ်ခဲ့ရဖူးတာ ဟုတ်သလားဗျ ၊ ကိုစံလှကြီးခင်ဗျား ။ နောက်ပြီး နရသီဟပတေ့ မင်းဟာ သူ ့သား ရှေ ့မှာ အဆိပ်ပါတဲ့ ဟင်းခွက်၃၀ဝ ကိုစားပြီး သေခဲ့တာလို ့လဲ ဖတ်ခဲ့ရတယ် ။ ဟုတ်မဟုတ်လေး ဖြေပေးပါဦး ခင်ဗျ ။

  • San Hla Gyi

    May 26, 2012 at 11:31 pm

    ဟုတ်တယ် ကို windtalker ရေ
    ကျနော်လဲ အဲဒီလိုပဲ ဖတ်ခဲ့ရဖူးလို့ ဆောင်းပါးထဲမှာ ထည့်ရေးခဲ့တာပါ။ နောက်တချက်လဲ ဟုတ်ပါတယ်ဗျ။ သူဟာ သားတော် ပြည်စား သီဟသူ ခတ်တဲ့အဆိပ်ကို စားပြီးသေတာပါ။ သီဟသူရဲ့ ရှေ့မှာတော့ မဟုတ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ မွန်ဂိုတွေပြန်တယ် ကြားလို့ ပုဂံကို ပြန်စုန်တုန်း ပြည်အရောက်မှာ သားတော်သီဟသူက ဖောင်တော်ကို တားပြီး အဆိပ်ပါတဲ့ ပွဲတော်အုပ်ကို ဆက်တာပါ။ သူကိုယ်တိုင်တော့ ဟုတ်ချင်မှဟုတ်မယ်။ မင်းချင်းတယောက်ကိုများ လွှတ်ပြီး ဆက်ခိုင်းလေသလား မသိပါ။
    ဒါပေမယ့် အဲဒီပွဲတော်အုပ်မှာ အဆိပ်ပါတာ သိလို့ မစားဘူးလို့ နေတုန်းမှာ သီဟသူရဲ့ လူတွေက အိမ်ဓားဖွေးဖွေး(ဓားလွတ်) တွေနဲ့ ဖောင်ပေါ်တတ်လာတာ တွေ့လို့ မိဖုရားစောက ဓားတွေ လှံတွေနဲ့ သေရတာထက် စာရင် အဆိပ်စားပြီး သေရတာ တော်ပါသေးတယ်လို့ ပြောလို့ စားပြီး နတ်ရွာစံတာပါ။ သေခါနီးမှာ နောင်ဘဝအဆက်ဆက် သားယောကျာင်္းလေး မရရပါလို၏လို့ ဆုတောင်းသွားတယ်လို့ သိရတယ်။
    သီဟသူက သူ့ကို ငယ်ငယ်တုန်းက ကျီစားဖူးတာကို အညှိုးထားတယ်လို့ သိရတယ်။ ဖြစ်ပုံက ဒီလိုပါ။ နရသီဟပတေ့က သူ့သားတော်တွေကို သူပွဲတော်တည်ချိန်မှာ ဝက်လက်ကင်တွေ ဝက်ပေါင်ကင်တွေ ပေးတယ်လို့ ဆိုတယ်။ စားဖိုမှူးတွေကို စီစဉ်ခိုင်းတာပေါ့ဗျာ။ အဲဒီမှာ သီဟသူမင်းသားလေးဟာ အမြဲတမ်း ဝက်ပေါင်ကင်ပဲ ရသတဲ့။ စာအုပ်ထဲမှာတော့ ဝက်လက်ကင်က ဝက်ပေါင်ကင်ထက် ပိုပြီး နူးညံ့တယ်လို့ ဆိုတယ်။ ဟုတ်မဟုတ်တော့ ကင်ပြီး မစားဖူးသေးပါဘူး။ ဖတ်ဖူးတဲ့အတိုင်း ပြန်ပြောတာပါ။ နောက်ပြီး ကျနော်ထင်တာက ရှေးမြန်မာတွေရဲ့ အယူအရ လက်တို့ ဘာတို့က ခြေထောက်ထက် မြတ်တယ်လို့ ထင်လို့လား မသိပါဘူး။
    အဲဒီမှာ သီဟသူက သူ့မယ်တော်ကို ပူဆာပါတယ်။ ဒီမှာတင် သူ့မယ်တော်ကို စာဖိုမှူးတွေကို တံစိုးလက်ဆောင်ပေးပြီး အခြားမင်းသားတွေရဲ့ ခွဲတမ်းဝက်လက်ကင် တွေကို သူ့သားတော်အတွက် ပေးဖို့ နားလည်မှူယူပါတယ်။ ကြည့်ရတာ သူတို့ သားအမိထက် အရှိန်အဝါကြီးတဲ့ မင်းသားတွေ မိဖုရားတွေ ရှိပုံပါပဲ။ အဲဒီလိုလုပ်လို့ အခြားမိဖုရားတပါးက နရသီဟပတေ့ကို တိုင်တဲ့အတွက် သူက သီဟသူတို့ သားအမိကို လူပုံအလည်မှာ ဝက်လက်ခိုးမ နဲ့ ဝက်လက်ခိုးမသားဆိုပြီး ဆဲရေးလေ့ ရှိသတဲ့။ သူ့ကို အမျှော်အမြင်နည်းတယ် လို့ပြောတာ အဲဒီအချက်လည်း ပါတယ်ဗျ။
    လူပုံအလည်မှာ ကိုယ့်သားသမီး ကိုပြန်ပြီး ဝက်လက်ခိုးမသားလို့ ဆဲမှတော့ သူလည်း ဝက်လက်ခိုးမသားရဲ့ အဖေဖြစ်သွားတော့တာပေါ့။ အဲဒါကို သီဟသူက စိတ်နာပြီး အငြိုးထားခဲ့တာပဲ။

    • windtalker

      May 26, 2012 at 11:45 pm

      အခုလို စိတ်ရှည်လက်ရှည် ရှင်းပြပေးတဲ့အတွက် လေးစားကျေးဇူးတင်ရှိပါတယ် ခင်ဗျား။

  • Mလုလင်

    May 26, 2012 at 11:58 pm

    စည်းရုံးရေး ညံ့ တဲ့ သဘော လို့ ထင်ပါတယ် ဗျာ။ နှုတ်ကြောင့်သေ ..လက်ကြောင့်ကျေ ဆိုတာလေး …။
    ခေါင်းလောင်းကြီး နော် .. ဒါဗြဲ ..။

    • San Hla Gyi

      May 27, 2012 at 7:39 am

      ကို windtalker နဲ့ ကို M လုလင်ရေ
      လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျန်နေတဲ့ အကြောင်းလေးတွေ ဆက်ပြောမယ် လို့စဉ်းစားထားတယ်။ ကို M လုလင်ပြောတဲ့ အကြောင်းရေးပါ့မယ်။ အမှန်တော့ ပြည်တွင်းအကြောင်းရေးရင် ကျနော်တို့ လူမျိုးတူချင်း(မြန်မာနိုင်ငံသားချင်း) ဖြစ်ခဲ့တဲ့ ကိစ္စတွေက ရှောင်လို့ မရတော့ဘူးဗျ။ အဲဒါကြောင့် တော်ကြာ ကိုယ့်ဆွေမျိုးတွေ တသက်လုံး ဖုံးထားသမျှ အခုမှပေါ် ဆိုတာမျိုး ဖြစ်မှာလည်း စိုးလို့ပါ။ ရေးပါ့မယ်။

  • San Hla Gyi

    May 27, 2012 at 1:18 pm

    ကိုသန်းထွဋ်ဦးရေ
    ဟုတ်ပါတယ်ဗျာ။ မြန်မာရာဇဝင်တွေမှာ သူ့ကို အဲဒီလို နာမည်ပေးကြတာ တကယ်လဲ သူက ညံ့လို့ပါ။ တကယ်တော်သူ တွေကိုလဲ(စစ်ရေးဖြစ်ဖြစ် စည်းရုံးရေးဖြစ်ဖြစ်) တော်ရင်တော်သလို ရေးပေးကြပါတယ်။

  • မဟာရာဇာ အံစာတုံး

    May 27, 2012 at 1:40 pm

    ကျနော် ကြားဖူးထားတာ တစ်ခုရှိပါတယ် …
    အဲဒီ ခန် ဆိုတာတွေနဲ့ မြန်မာတွေနဲ့ ပတ်သက်ပြီးတော့ပေါ့ ..
    ခန် တွေက မြန်မာတွေကို လာပြီး တိုက်တယ် ..
    အဲဒီအခါမှာ မြန်မာတွေက ပြောက်ကျားစနစ်နဲ့ ပြန်တီးလွှတ်လိုက်တယ် ..
    ခန် တွေ ပြန်ပြေးရရောတဲ့ ..
    နောက်တော့ သူတို့ကို တိုက်ထုတ်လိုက်တာ ဘယ်လို လူမျိုးပါလိမ့်လို့ ခန် တွေက စုံစမ်းကြည့်တော့ ..
    ဟောဗျာ .. မြန်မာ စစ်တပ်ထဲက အနိမ့်ဆုံး အရာရှိလေး ဖြစ်နေတယ်တဲ့ …
    အဲဒီမှာ ကမ္ဘာ့အင်အားကြီး ခန် တွေကိုတောင် အေးဆေး တိုက်ထုတ်နိုင်တယ်ကွ … ဆိုပြီး ..
    မြန်မာတွေ သွေးနထင်ရောက်ပြီး ..
    အင်္ဂလိပ်တွေ လက်အောက် ကျွန်အဖြစ် ရောက်ခဲ့ရတာပဲ … လို့ ကျနော် ကြားခဲ့ဖူးတာပါ …
    အဲဒါကရော ဟုတ်သလား ခင်ဗျ ….

    • San Hla Gyi

      May 27, 2012 at 2:17 pm

      ကို မဟာရာဇာ အံစာတုံးရေ
      ခန်ဆိုတာ မွန်ဂိုဘာသာနဲ့ အောင်နိုင်သူလို့ အဓိပ္ပါယ်ရတယ်လို့ သိရပါတယ်။ စစ်ပွဲအကြောင်းကို အသေးစိတ်ရေးနိုင်အောင် ဒုတိယပိုင်းမှာ ကြိုးစားပါ့မယ်။ ကိုအံစာတုံးပြောတာလဲ မှန်ပါတယ်။ မြန်မာတွေ ပြန်တိုက်ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းကစပြီး တရုတ်ရဲ့ အင်အားကို ရပ်ခံနိုင်အောင် အင်ဒိုချိုင်းနား ကျွန်းဆွယ်နိုင်ငံ တွေကို အင်ပါယာအဖြစ် စုစည်းမှ ဖြစ်မယ်လို့ မြန်မာတွေ စိတ်ကူးရခဲ့တယ်လို့ ဒေါက်တာထင်အောင်ရဲ့ ညောင်ရမ်းအလွန်(The Stricken Peacock) စာအုပ်ထဲမှာ ဖတ်ဖူးပါတယ်။ ခုခေတ်အာဆီယံအဖွဲ့ကို တရုတ်နဲ့ အိန္ဒိယကို ပြိုင်နိုင်အောင် ဖွဲ့ခဲ့သလိုပေါ့။ အဲဒီခေတ်ကတော့ အာဆီယံ Charter မှမရှိသေးပဲဗျ။ ဟဲ ဟဲ ဒီအတိုင်းဆို အာဆီယံဖွဲ့စည်းရေးကို ကျနော်တို့ မြန်မာတွေက တော်တော် စောစော ကတည်းက စဉ်းစားခဲ့တာဗျ။(မြန်မာမျိုးချစ်တဦးရဲ့ ကိုယ့်ကိုကိုယ် အမွှမ်းတင် ပြောကြားချက်)
      အင်္ဂလိပ်နဲ့ တိုက်တဲ့အခါမှာ သွေးနားထင်ရောက်တယ် ဆိုတာကတော့ သူတို့ရေးတဲ့ စာအုပ်တွေနဲ့(ဒါမှလည်း တရားပါပေတယ် ဆိုပြီး ဖြစ်မှာကိုး) ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို နှိမ့်နှိမ့်ချချ လေးပြောမှ တရားတဲ့ လူဝါဒသမား အမြင်ကျယ်သူလို့ ကိုယ့်ကိုကိုယ် အထင်ရောက်တတ်တဲ့ မဟာပညာရှင် အချို့ရဲ့ ပြောကြားချက်များ ဖြစ်ပါတယ်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ အတွက်ဆိုရင်တော့ မှန်ပါတယ်။ မြန်မာတွေကိုယ်တိုင် အင်္ဂလိပ်ရဲ့ တကယ့်လက်နက်ဆန်း တွေကို မသိခဲ့သေးပါဘူး။(ဒါပေမယ့် အင်္ဂလိပ်တွေကိုယ်တိုင်က စစ်တိုက်ဖို့ ဆုံးဖြတ်ထားပြီးပါပြီ။) ဒုတိယ နဲ့တတိယ စစ်ပွဲတွေကတော့ မြန်မာတွေက အလျှော့ပေးခဲ့ပါတယ်။ ဒါပေမယ့် အရမ်းလွန်လာမှသာ မယှဉ်နိုင်ပေမယ့် အသက်နဲ့ ဂုဏ်သိက္ခာကို လဲဖို့ ကိုယ့်ဘိုးဘွားတွေက ဆုံးဖြတ်ခဲ့တာပါ။
      နောက်ပိုင်း အဲဒါတောင် ရေးဖြစ်မလား မသိပါ။ ခက်တာက သမိုင်းက တစကိုဆွဲကြည့်လိုက်တာနဲ့ ဆက်နေတာတွေပါ ပါလာပြီး မဆုံးနိုင်အောင်ပဲ။ အခုတောင် ဒီအကြောင်းရေးချင်လို့ စာအုပ် စာတမ်းတွေ ရတဲ့အချိန်လေးမှာ ဖတ်ကြည့်တာ ဖတ်လို့တောင် မနိုင်သလိုပဲဗျာ။(ကျနော်ကွန်မန့်တွေက ရေးရင်းနဲ့ ဆောင်းပါးငယ်လေးတွေ ဖြစ်သွားတတ်တယ်ဗျာ။ ပြောချင်တာက များလို့ပါ။)

  • ဆူး

    May 27, 2012 at 3:28 pm

    စိတ်ဝင်စားစရာ အလွန်ကောင်းပါတယ်။
    ကျန်အပိုင်းတွေကို ဆက်လက် မျှော်နေမယ်နော်။

    • San Hla Gyi

      May 27, 2012 at 5:34 pm

      ဆူးရေ
      လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော့် အနေနဲ့ ဆောင်းပါးတပုဒ်လုံးကို တခါတည်း အပြီး ရေးမလို့ပါ။ ဒါပေမယ့် ဖတ်ထားဖူးတဲ့ အချက်တွေကို ရတဲ့အချိန်လေးမှာ ပြန်နွှေးရတာရယ် အခြားစာအုပ်တွေကို လည်းရနိုင်သမျှ ပြန်ကြည့်ရလို့ပါ။ သမိုင်းလိုဆောင်းပါးမျိုးကို အချိန်တို အတွင်းမှာ ပြင်ဆင်ရတာမို့ စာဖတ်သူမိတ်ဆွေတွေက သည်းခံ အားပေးတာကို ကျေးဇူးတင်ပါတယ်။
      နောက်အပိုင်းတွေကျရင်လည်း ပိုကောင်းအောင် ကြိုးစားရေးပါ့မယ်။

    • San Hla Gyi

      May 28, 2012 at 8:38 pm

      ဆူးရေ
      လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

  • moon shade

    May 27, 2012 at 7:56 pm

    good post. ps keep on posting continuous episodes.

  • San Hla Gyi

    May 27, 2012 at 8:54 pm

    Thanks a lot for your kind words and comments. Glad to know that you appreciated my posts.

  • Victory

    May 27, 2012 at 9:18 pm

    ဆရာခင်ဗျား
    ကျနော်ဆရာ့ရဲ့စာတွေကိုလေးလေးစားစားဖတ်လေ့ရှိတဲ့ဆရာ့ပရိတ်သတ်တဦးပါခင်ဗျာ။
    သမိုင်းကြောင်းတွေကိုစိတ်ဝင်စားဘွယ်တင်ပြထားတာကို
    ဖတ်ရလို့လွန်စွာကျေးဇူးတင်ရပါတယ်လို့ပထမဦးစွာပြောပါရစေ။

    ကျနော်တို့သမိုင်းကိုသင်ခဲ့ရပါတယ်။ဆရာသန်းထွန်း၊ဆရာတိုးလှတို့ရဲ့
    သမိုင်းစာအုပ်တွေလဲဖတ်ခဲ့ဖူးပါရဲ့။
    ခုဆရာ့လိုတိုတိုတုတ်တုတ်လိုရင်းကိုဖော်ပြထားမှုကလဲဖတ်လို့
    မညီးနိုင်အောင်လှပပါပေ့တယ်။
    ကျနော်တခုလောက်တောင်းဆိုခွင့်ရှိမယ်ဆိုရင်တောင်းဆိုချင်ပါတယ်။
    သမိုင်းရဲ့အမှားတွေကိုသင်ခန်းစာယူနိုင်ဖို့ပေါ့ခင်ဗျာ။
    သီးသီးသန့်သန့်လေးနဲ့ ဘယ်ဘုရင်ကဘယ်လိုတော်ခဲ့တာ။ဘယ်လို
    ညံ့ခဲ့တာဆိုတာမျိုးလေးတွေကိုစာရင်းလေးတခုအနှစ်ချုပ်လေးဖတ်ချင်ပါတယ်။
    ဆရာ့လိုပညာပြည့်ဝနှလုံးလှသူတယောက်ရဲ့ကိုယ်ပိုင်အမြင်လေးကိုပါထဲ့သွင်းပြီးတော့
    ရေးတာမျိုးဆိုပိုကောင်းပါလိမ့်မယ်။
    ဒေါသကြီးသောဘုရင်တို့၏အမှားများ။
    ကိုယ့်ကိုကိုယ်အထင်ကြီးတတ်သောဘုရင်တို့၏ကျဆုံးခန်း။…ဆိုတာမျိုးပေါ့ခင်ဗျာ။

    ဆရာအတွက်လဲမှတ်တမ်း(သမိုင်းစိစစ်မှုစာတမ်းငယ်လေး)တခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်လို့
    ထင်မြင်မိရင်း လေးစားစွာတောင်းဆိုအပ်ပါတယ်ခင်ဗျား။

    • San Hla Gyi

      May 27, 2012 at 10:23 pm

      အမလေးဗျာ ပထမဆုံး အားပေးတဲ့ စာဖတ်သူ တယောက်လို့ ထင်ပါတယ်။ ကျနော်ကလည်း ပြန်ပြောပါရစေ။ ခင်ဗျား ကြိုက်တယ်ဆိုလို့တော့ ဝမ်းသာပါတယ်။ ဒါပေမယ့်ဗျာ ဆရာလို့ ခေါ်တာကတော့ ခင်ဗျားရဲ့ ကိုယ်ပိုင်ဆုံးဖြတ်မှုနဲ့ ခေါ်ခြင်းဖြစ်ပါတယ်။ ကျနော်ကတော့ ကျနော်ရေးတဲ့ စာတွေကို ဖတ်သူတွေကို ဆရာလုပ်လိုစိတ် မရှိတာအမှန်ပါ။ အားလုံးကို လေးလေးစားစားနဲ့ စာပေမောင်နှမတွေ မိတ်ဆွေတွေလို့ ခေါ်ခဲ့တာပါ။
      ခင်ဗျားကျနော့်ပို့စ် တွေကို ဖတ်ဖူးတယ်ဆိုတော့ ဒါတွေကို ထပ်ပြောစရာတောင် မလိုပါဘူး။ အချို့စာတွေမှာဆိုရင် တတ်နိုင်သလောက် ရေးတာမှာ လိုတာလေးတွေ ရှိရင်လည်း ပြောပြကြပါလို့တောင် ပြောပါသေးတယ်။ မယုံရင် ကျနော့်ပို့စ်တွေနဲ့ ကွန်မန့်တွေကို ပြန်ဖတ်ကြည့်ပါ။ ခင်ဗျားပြောစကားအရ သေသေချာချာ ဖတ်ဖူးမှန်း သိသာပါတယ်။ ပိုထင်ရှားအောင် Highlight လုပ်တာပါ။
      ခင်ဗျား အခုလို ကျနော့်ကို ဆရာလို့ ခေါ်တာကို ကျနော်ရဲ့ တောင်းဆိုမှုကြောင့် မဟုတ်ပဲ ခင်ဗျားဆန္ဒအရ ခေါ်ခြင်းဖြစ်တဲ့ အတွက် ကျနော့်အနေနဲ့ ခင်ဗျားကို တားမြစ်ပိုင်ခွင့် မရှိပါဘူး။ ဒါပေမယ့် သာယာမှု မရှိဘူးဆိုတာ ထပ်ပြောပါရစေ။ ကျနော့်ကို ပညာပြည့်ဝ နှလုံးလှသူတယောက်လို့ ပြောတာလည်း ခင်ဗျားရဲ့ အမြင်ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မသာယာပါဘူး။
      ခင်ဗျားပြောသလို စာရင်းအနှစ်ချုပ်လေး လုပ်ဖို့ဆိုတာကတော့ ကောင်းပါတယ်။ လောလောဆယ် မလွယ်သေးပါဘူး။ ကျနော်က အဲဒီလောက် အဆင့်မမြင့်သေးဘူးလို့ ထင်ပါတယ်။ ခင်ဗျားမှတ်မိမယ် ဆိုရင် ကျနော်ရဲ့ အနီးဆုံးပို့စ်မှာတောင် ဒီမှာရေးနေတာတွေဟာ တခါတလေမှ ဖတ်လေ့ရှိသူ များအတွက်ပါ။(မန်းဂေဇက်မှာ ပင်တိုင်ရေးနေ ဖတ်နေသူတွေ အတွက်က အပျော်သဘောမျိုး ဖတ်ရအောင်ပါ လို့တောင် ကိုယ့်ကိုကိုယ် နှိမ့်ချပြီး ရေးခဲ့ပါတယ်။ ဒီပို့စ်မတိုင်ခင် အရင်ပို့စ်မှာ ဖြစ်ပါတယ်။ ပြန်ဖတ်ကြည့် နိုင်ပါတယ်။) အားရင် လုပ်နိုင်လာရင်တော့လည်း လုပ်ချင် လုပ်မယ်ပေါ့ဗျာ။
      ခင်ဗျားပြောတဲ့ ဒေါသကြီးသော ဘုရင်တို့ ကိုယ့်ကိုကိုယ့် အထင်ကြီးသောဘုရင်တို့ ဆိုတာတော့ ရှိမှာပေါ့ဗျာ။ လူသားတွေပဲကိုး။ ဒါပေမယ့် ကျနော်နည်းနည်း ချဲ့ပြောချင်တယ်ဗျာ။ ဘုရားရှင် လက်ထက်တော်က သာတိဆိုတဲ့ ရဟန်းတပါးဟာ ဘုရားမဟောတဲ့ အဓမ္မဝါဒတွေကို လိုက်ဖြန့်ဖြူးနေလို့ ဘုရားရှင်က အချည်းနှီးသောရဟန်း ဆိုပြီး ရှုံ့ချခဲ့တယ်ဗျ။ ရှင်ဒေဝဒတ် တုန်းကလည်း ဒီလိုပဲ။ အဲဒါကို ကျနော်တို့က ဟာ ကိလေသာကင်းတယ် ဆိုပြီးတော့ သူများကို ပြောလိုက်တာ ဒေါသမကင်းသော ဘုရားရှင်ဆိုပြီး သွားပြောရင် မှားသွားလိမ့်မယ်ဗျ။ ဘာလို့လဲဆိုတော့ principal မှားတာကိုပြောတာ သူတို့ကို မနာလိုလို့ မဟုတ်ဘူးဗျ။ လောကမှာ အမြတ်ဆုံးဆိုတဲ့ ဘုရားရှင်တောင် မတရားမှုကို ရှုံ့ချတတ်တယ်လို့ နမူနာပေးတာပါဗျာ။
      နောက်ပြီး ဒီလိုပဲ ခရီးသွားစဉ်တုန်းက တွေတဲ့ ပရိဗိုဇ်တယောက်ကလည်း ငါ့ရှင့်ဆရာ ဘယ်သူလဲလို့ မေးတော့ တရားအလုံးစုံကို မိမိကိုယ်တိုင်ပင် သိမြင်ရကား လောကသုံးပါးမှာ ထင်ရှားပြစရာ ငါ့ဆရာ ဘယ်မှာရှိအံ့နည်းလို့ ကိုရဲ့ရဲ့ဝံ့ဝံ့ဖြေခဲ့တယ်ဗျ။ တကယ်သိလို့ သိပါတယ် ပြောတာကို ခင်ဗျားနဲ့ ကျနော်က သွားပြီးတော့ ကိုယ့်ကိုကိုယ့် အထင်ကြီးသော ဘုရားရှင်ဆိုပြီး သွားပြောရင် ရှင်ဒေဝဒတ် သီတင်းသုံးနေတဲ့ နေရာကို လိုက်သွားရလိမ့်မယ်ဗျ။ အော်ဇီကို အဲလေ အဝီစိငရဲကိုပေါ့ဗျာ။
      အော် တိုက်ဆိုင်လို့ ကျနော်လည်း ကြည်ညိုလို့ လောကမှာ အမြတ်ဆုံးဆိုတဲ့ ဘုရားရှင်တောင် ဒီလိုကိစ္စတွေကို ဒီလိုသဘောထားတယ် ဆိုတာ ဥပမာပေးတာနော်။ လျှောက်မတွေးနဲ့အုံး။ ခင်ဗျားစာကို ကြည့်ရတာ ကိုယ်လိုရာဆွဲတွေးမယ့်ပုံ ရတယ်ထင်လို့ပါ။
      နောက်ပြီး ကျနော်ပြောတဲ့ အချက်တွေထဲက မရှင်းဘူးထင်ရင် ချက်ချင်းပြန်လာ ဆွေးနွေးနိုင်ပါတယ်ဗျာ။ ကျနော် တတ်နိုင်သမျှ ပြန်ဖြေပါ့မယ်။ ခင်ဗျားကို ကျနော်က “မျက်နှာချင်းဆိုင်ပြီး အဆင်သင့်“ ကြိုဆိုနေပါတယ်။

      • Victory

        May 27, 2012 at 10:58 pm

        ဟုတ်ကဲ့ပါခင်ဗျာ
        ခုလိုလမ်းညွန်ပြောပြလို့ကျေးဇူးပါဘဲ။
        ကျနော်ဆိုလိုချင်တာက အကြောင်းအရာတခုကိုသေသေချာချာမသိဘဲ
        တိတိကျကျမရှိဘဲ ရေးလေ့ရှိသူတွေရဲ့စာတွေဖတ်ပြီးစိတ်ပျက်နေမိတဲ့အခါမျိုးမှာ
        အကြောင်းအရာတခုကိုကျကျနနစနစ်တကျရေးတတ်တဲ့
        ဒီလိုလူမျိုးရဲ့စာကိုဒီနေရာမှာဖတ်ခွင့်ရလို့အားရကျေနပ်မှုနဲ့ပြောမိခြင်းပါဘဲ။
        အမှားရှိရင်ခွင့်လွှတ်ပါလို့။
        လေးစားမှုဖြင့်

        • San Hla Gyi

          May 28, 2012 at 4:43 am

          အင်း ကို victory ရေ
          အမှန်တော့ ခင်ဗျားကို ကျနော်က လမ်းညွှန်ပြောပြတယ် ဆိုတာထက် ကျနော့်ရဲ့ ယုံကြည်ချက် သဘောထားကို ပြောခြင်းသာ ဖြစ်ပါတယ်။ “လမ်းညွှန်ပြောပြတယ်” လို့ခံယူတာကတော့ ခင်ဗျားရဲ့ ခံယူချက်ပဲ ဖြစ်ပါတယ်။ ကျနော်ရဲ့ သဘောထား မဟုတ်ပါဘူးလို့ ထပ်ပြီး highlight လုပ်ပါရစေ။ တချို့က ကျနော်ရဲ့ ပြောစကားထဲက လိုရာတွေ ဆွဲတွေးပြီး အဓိပ္ပါယ် တလွဲဖွင့်မှာ စိုးလို့ပါ။
          အခြားစာရေးသူတွေ ဘယ်လိုစာတွေရေးတယ် ဆိုတာ ကျနော် မဝေဖန်ပါဘူး။(ကျနော့်ကို တိုက်ရိုက် မဝေဖန်ရင်ပေါ့။ သူတို့ကိုလည်း လေးစားပါတယ်။) ခင်ဗျား ကျနော့်စာကို စနစ်တကျရေးထားတယ် လို့ချီးကျုးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါလည်း ခင်ဗျားရဲ့ မှတ်ချက်ပါ။
          ကြုံလို့ ခင်ဗျားကို ကျနော် သမိုင်းအကြောင်းလေးလည်း ပြောချင်တယ်ဗျာ။ ဝါဿနာပေါ့ဗျာ။ စစ်သူကြီး မဟာဗန္ဓုလရဲ့ စကားလေးပါ။ သူ့အကြောင်းမဟုတ်သလို စစ်ပွဲအကြောင်းလည်း မဟုတ်ပါဘူး။ စကားလေးရဲ့ သဘောတရားကိုလည်း ကြိုက်လို့ပါ။ ဓနုဖြူခံတပ်မှာ သူ့ကိုလက်နက်ချဖို့ အင်္ဂလိပ်တပ်က စာပို့ရာမှာ သူက “သာယာအေးချမ်းသော ကျွန်ုပ်၏ ဓနုဖြူမြို့ကလေးနှင့် ခံတပ်ကို မိတ်ဆွေတဦး အနေနဲ့ လာရောက်လည်ပတ် လိုပါလျှင် ကျွန်ုပ်က တာဝန်ကျေစွာ လိုက်လံပြသပါမည်။ သို့မဟုတ် ရန်သူအနေနဲ့ လာရောက် တိုက်ခိုက်လိုပါသည် ဆိုလျှင်လဲ ယှဉ်ပြိုင်တိုက်ခိုက်ရန် အသင့်ရှိပါသည်” တဲ့ဗျာ။ ရန်သူတွေက တောင်လေးစားခဲ့တဲ့ စာလေးလို့ သိရပါတယ်။

  • pooch

    May 27, 2012 at 10:18 pm

    ဖတ်သွားပါတယ် ကိုစံလှကြီး ။ ဗဟုသုတလည်း ရပါတယ်။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။
    ကိုစံလှ ပြောသလိုပါပဲ သမိုင်းကို ရေးရတာ အလွန်လက်ဝင်ပါတယ်။ အားလုံးက ဆက်စပ်နေပြီး အစဆွဲထုတ်မိရင် လည်း မပြီးနိုင်အောင် ပါလာတော့တာပါ။ စိတ်ရှည်လက်ရှည်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆက်ပြီးလည်း ရေးပေးစေချင်ပါတယ်။

    • San Hla Gyi

      May 27, 2012 at 10:31 pm

      မ Pooch ရေ
      ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်ဗျာ။ ကျေးဇူးပြုပြီး ကျနော်ရဲ့ တခြားကွန်မန့်လေးတွေလဲ ဖတ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ ဘာလို့လဲဆိုတော့ ကျနော်ရဲ့ ရပ်တည်မှု သဘောထားတွေက ကျနော့်စာတွေထဲမှာ ပါပြီးသားပါ။ မ pooch တို့လို အမြဲတမ်း ဖတ်နေကျလူတွေက ပိုသိမှာပါ။

  • ကြောင်ဝတုတ်

    May 28, 2012 at 10:42 am

    သမိုင်းကိုလေ့လာသင့်ပါတယ်…
    သမိုင်းရဲ့အမှားတွေကို သင်ခန်းစာယူပြီး
    လမ်းမှားမရောက်အောင်ပြင်သင့်ပါတယ်…

    နီးရာဓားကိုကြောက်ရပြီး ဘုရင်အလိုလိုက် အကြိုက်ဆောင်ခဲ့ရတဲ့သမိုင်းတွေထဲက
    အမှားတွေကို ထုတ်နှုတ်ပြတဲ့အတွက်… ကျေးဇူးတင်ပါတယ်…

    ရသမျှသင်ခန်းစာကိုစုဆောင်းတတ်တဲ့-
    ကြောင်ဝတုတ်

    • San Hla Gyi

      May 28, 2012 at 8:37 pm

      ကိုကြောင်ဝတုတ်ရေ
      လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သင်ခန်းစာ ဆိုတာကတော့ သမိုင်းထဲက ယူရမှာ ဖြစ်သလို လက်ရှိကိစ္စ တွေကလည်း ယူရမှာ ဖြစ်ပါတယ်။ ခင်ဗျားမပေါ်လာ တာတောင် ကြာပြီထင်တယ်ဗျာ။ ကျနော့်နဲ့ လူချင်းမသိပေမယ့် စိတ်ချင်းရင်းနှီးတယ် လို့ခံစားရတဲ့ စာပေမောင်နှမ မိန်းကလေး တယောက်လည်း ပျောက်နေတယ်ဗျာ။ သတိရလိုက်တာ။
      ဟိုခေတ်တုန်းက နီးရာဓား ကြောက်ပြီး ဘုရင်အလိုလိုက် အကြိုက်ဆောင် ခဲ့ရတာတွေ ရှိသလို ဒီခေတ်မှာလဲ ရာထူးရှိရင် မြှောက်ပေါင်းတာတို့ ပိုက်ဆံရှိတယ်ထင်ရင် ဖားချင်တာတို့ ရှိတာပဲဗျ။ ကျနော်က ဘာလို့ သမိုင်းရေးတာလဲ ဆိုတော့ တချို့ကိစ္စတွေက ဝေးလွန်းလို့ လူတွေမေ့တတ်တယ် ထင်လို့ပါ။ အနီးခေတ်သမိုင်း(ဥပမာ ဗိုလ်ချုပ်အောင်ဆန်းတို့ အမေစုတို့ကတော့) သိတဲ့လူ များတယ်လေဗျာ။ ဒါကြောင့် အဝေးခေတ်သမိုင်း ကိုဦးစားပေး ပြောတာပါ။

  • ဆူး

    May 28, 2012 at 11:41 am

    နောက်အပိုင်းတွေ မျှော်နေတယ်နော်..
    စိတ်ဝင်တစား စောင့်ဖတ်နေပါသည်။

  • amatmin

    May 28, 2012 at 2:40 pm

    ကိုစံလှကြီးရေ…
    စိတ်ဝင်တစား စောင့်ဖတ်နေပါတယ် ခင်ဗျ..
    မြန်မာဘုရင်အတော်များများကို. လူရမ်းကားများ.ထင်ရာစိုင်းသူများ အဖြစ်ပုံဖော်ပြီး..
    အရေးအပြောအများနေတဲ့ အချိန်မှာ..အတော်မိုက်မဲတဲ့မင်းလို့ သိထားရတဲ့ နရသီဟပတေ့မင်းရဲ့..
    “ငါတို့မှာ ဒီလိုထုံးစံမရှိ ဒါကြောင့် မပေးနိုင်”
    ဆိုတဲ့စကားနဲ့ အင်္ဂလိပ်တွေရဲ့ အမြင်တစိတ်တပိုင်း ကိုဖတ်သိရတဲ့အတွက်..
    ကျေးဇူးပါဗျ…
    ကိုအမ်လုလင် တောင်းဆိုသလို.ခေါင်းလောင်းအကြောင်းလေးလည်း သိချင်သား.. 🙂

  • San Hla Gyi

    May 28, 2012 at 8:47 pm

    ကို amatmin ရေ
    ပထမဆုံးအကြိမ် လာရောက် အားပေးခြင်းလို့ ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ခေါင်းလောင်းကြီး အကြောင်းလည်း ရေးမှာပါ။ ဒါပေမယ့် လောလောဆယ် ပြည်တွင်းနဲ့ နိုင်ငံခြားဆက်ဆံရေးကို ဦးစားပေး ရေးချင်လို့ပါ။ သမိုင်းအကြောင်းရေးရင် အငြိအစွန်းလေး တွေရှိလာတတ်တယ်ဗျ။ လူဆိုတာကလဲ ကိုယ်ကသူများကို ပြောရင်သာကောင်းတာ သူများက ကိုယ့်ကို အချက်အလက်နဲ့ ပြန်ပြောလို့ ကိုယ်ခံရပြီဆိုမှ ဒေါသကြီးသောတို့ ခန္တီတရားတို့ မေတ္တာပို့ပါတို့ သစ္စာပြုပါတို့ သစ္စာမေတ္တာ ရွှေမန်းသဘင်တို့ ဖြစ်ကုန်တော့တာပဲ။

  • M T

    May 28, 2012 at 8:57 pm

    မနာလိုပဲနဲ့ …………..စောင်းပြောတယ်။

    သူများလိုလဲ………….အချက်အလက်ကျကျ မပြောတတ်တယ်။

    Victory ကလေးငယ်………သနားစဖွယ်။

    ရှက်ဖွယ် ရှက်ဖွယ်……….ဟီး ဟီး ဟီး။

    • San Hla Gyi

      May 29, 2012 at 8:34 pm

      ကို M.T ရေ
      ပထမဆုံးအကြိမ် လာရောက်အားပေးတဲ့ ပရိတ်သတ်နဲ့ တူပါတယ်ဗျာ။ ကျေးဇူးတင်ပါတယ်။ နောက်လဲ အားပေးပါ။ ခင်ဗျား နောက်တာလေးလဲ ကောင်းပါတယ်ဗျာ။ လူတွေက ဒီလိုပဲဗျ။ စကားလေး နည်းနည်းပါးပါး လှည့်ပြောတတ်တာနဲ့ ကိုယ့်ကိုကိုယ် လည်လှပြီ ထင်နေတတ်တာ။ တကယ်ပြောတော့လည်း သေသေချာချာ ရှင်းအောင် မပြောနိုင်ပဲနဲ့များ။ လာပြီး လေးစားရိုသေထိုက်သော လူကြီးတွေ ဘာတွေဆိုတာက ပါသေးတယ်။ စောင်းပြော မြောင်းပြော တကယ်ပြောတော့ ချိုမိုင်မိုင်တွေဗျ။
      နောင်လဲ အားပေးပါအုံးဗျာ။

Leave a Reply