Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လ က္ခ ဏာ အ စ, ဝါ သ နာ က….

aye.kkMay 27, 20121min55224

ကျ မ တို ့ ခေတ် တုံး က တော့ သူ ငယ် တန်း ကို (က) နှင့် (ခ) ခွဲ ထား သ ဖြင့် (၂) နှစ် တက် ခဲ့ ရ ပါ သည် ။ ပ ထ မ တန်း တက် သည့် အ ချိန် စာ များ ကို စာ လုံး ပေါင်း သတ် ပုံ မှန် စွာ ဖြင့် ကျေ ကျေ ညက် ညက် ဖတ် တတ် နေ ခဲ့ ပြီ ဖြစ် ပါ သည် ။

ထို စဉ် အ ခါ က စား ပွဲ ဘီ ဒို ပေါ် တွင် တွေ ့မြင် နေ ရ သော လ က္ခ ဏာ စာ အုပ် များ ကို ယူ ငင် ခါ ၊ ကောက် ယူ ဖတ် နေ မိ တတ် သော် လည်း ၊ သ ဘော တ ရား နား မ လည် သ ဖြင့် အစ် မ ဖြစ် သူ မ ကြီး ကျယ် ကို လည်း မ မေး ရဲ ၊ ကိုယ့် ဟာ နှင့် ကိုယ် လည်း နား လည် အောင် မ ဖတ် တတ် သ ဖြင့် စိတ် ဒု က္ခ အ ကြီး ကျယ် ရောက် နေ မိ ပါ သည်။

ကံ ကောင်း ချင် တော့ တ ရက် တွင် ၊ ဘေး အိမ် ကို ရန် ကုန် မှ လ က္ခ ဏာ ဆ ရာ ကျော် သူ ၊ ဆို သူ လာ လည် ပါ တော့ သည်။ ကိုင် ရို ဝါ သ နာ အိုး ဖြစ် သူ အစ် မ မကြီး ကျယ် က ည နေ ခင်း ပိုင်း တွ င် ဆ ရာ ကျော် သူ နှင့် လ က္ခ ဏာ ပ ညာ ရပ် များ အား ဆွေး နွေး ပါ တော့ သည် ။ ကျ မ က လည်း အစ် မ ဖြစ် သူ မ ကြီး ကျယ် နောက် သို ့လိုက် လာ ခဲ့ မိ ရင်း ၊ အ နား က နေ ၊ တ ဖ ဝါး မှ မ ခွါ ပါ ဘဲ သိ ချင် စိတ် နှင့် ပေ ကပ် ၍ ၊ သာ တွယ် ကပ် နေ မိ ခဲ့ ပါ သည်။

လ က္ခ ဏာ ပ ညာ ရပ် အား လွန် စွာ လေ့ လာ လိုက် စား လျှက် ၊ နာ မည် ရ နေ ပါ သော ဆ ရာ ကျော် သူ ဆို သူ နှင့် အစ် မ ၊ မ ကြီး ကျယ် တို ့ ဆွေး နွေး အ ပြီး ခ ဏ နား သည့် အ ချိန် ၌ ၊ ဆ ရာ ကျော် သူ အား သ ဘော ကောင်း သူ ဟု ထင် မြင် မိ သ ဖြင့် ၊ လ က် ဖ ဝါး ပြင် အား လက် ညိုး လေး ဖြင့် ထိုး ခါ ၊ မိ မိ နား မ လည် နေ သော ဂြိုလ် ခုံ များ အား မေး မိ ခဲ့ ပါ တော့ သည်။

ဆ ရာ ကျော် သူ မှ သေ ချာ ပြော ပြ ၍ ၊ နား လည် သ ဘော ပေါက် အောင် ရှင်း ပြ ပါ သည်။ အ မ အား လည်း ကျ မ ၏ မွေး သ က္က ရာဇ် အား မေး မြန်း လျှင် အ မ က ၊ ကျ မ ၏ မွေး သက္က ရာဇ် ပြော ပြ ပီး သည့် အ ခါ ဆ ရာ ကျော် သူ က ကျ မ ၏ ဇာ တာ ခွင် အား အ ကြမ်း ချ တွက် ကြည့် ပြီး ၊ ခ လေး က က ရ ကဋ် စန်း ရ သ ဖြင့် ၊ လ က္ခ ဏာ ဗေ ဒင် ပ ညာ ဝါ သ နာ ပါ မည့် သူ ဖြစ် သည် ဟု အစ် မ အား ပြော ပြ ပါ သည်။

ခ လေး ကို အိမ် ပြန် ရောက် လျှင် မ ဆူ ပါ နှင့် ဟု လည်း မှာ လိုက် ပါ သည်။ အစ် မ က ကျ မ ကို ဘယ် နေ ရာ မ ဆို သိ ချင် တတ် ချင် စပ် စု ချင် သည့် မ စပ် စု မ ဟု အ မည် ပေး ခဲ့ ပါ သည်။ နောင် တ ဖြေး ဖြေး ကြီး ပြင်း လာ သည့် အ ရွယ် တွင် မ တော့ ၊ ကျ မ ၏ စိတ် ကို ကြည့် မြင် ဆုံး ဖြတ် ပြီး ကွန် မြူ နစ် မ ဟု ပြောင်း လဲ ခေါ် ဝေါ် ခဲ့ ပြန် ပါ သည် ။
လက် ဖ ဝါး ပြင် ဂြိုလ် ခုံ များ အား ၊ အောက် ဖော် ပြ ပါ အ တိုင်း မှတ် သား လျှက် သိ ရှိ ခဲ ့ရ သ ဖြင် ့ ပျော် ရွှင် စွာ အား ရ ကျေ နပ် မိ ခဲ့ ရ ပါ သည်။

၁ ။ လက် သန်း အောက် ခြေ ရင်း ( ဗု ဒ္ဓ ဟူး ဂြိုလ် ခုံ)
၂ ။ လက် သူ ကြွယ် အောက် ခြေ ရင်း ( တ နင်း င်္ဂ နွေ ဂြိုလ် ခုံ)
၃ ။ လက် ခ လယ် အောက် ခြေ ရင်း ( စ နေ ဂြိုလ် ခုံ )
၄ ။ လက် ညိုး အောက် ခြေ ရင်း ( ကြာ သာ ပ တေး ဂြိုလ် ခုံ)
၅ ။ လက် ညိုး နှင့် လက် မ အ ကြား ( အ င်္ဂါ အ ဖို ဂြိုလ် ခုံ )
၆ ။ လက် မ အောက် ခြေ ရင်း ( သော ကြာ ဂြိုလ် ခုံ )
ရ ။ လက် ဖ ဝါး ပြင် အ လယ် ( အ င်္ဂါ အ မ လွင် ပြင် )
၈ ။ လက် သန်း တည့် တည့် အောက် လက် ဖ နောင့် အ ပေါ် ဘက် ( တ နင်း လာ ဂြိုလ် ခုံ)
၉ ။ ဗု ဒ္ဓ ဟူး ဂြိုလ် ခုံ နှင့် တ နင်း လာ ဂြိုလ် ခုံ စပ် ကြား အ စွန်း ထိ အား ( အ င်္ဂါ အ မ လွင် ပြင် )

ဟု မှတ် ယူ ရ မည့် အ ကြောင်း နှင့် လက် ချောင်း များ ကို လည်း ဂြိုလ် ခုံ အ မည် နာ မ များ အ တိုင်း ပင် ခေါ် ဆို သည် ဟု ပြော ပြ ခဲ့ ပါ တော ့သည်။

ဂြိုလ် ခုံ များ အား အ လွတ် ကျက် မှတ် သား ခါ ၊ လ က္ခ ဏာ စာ အုပ် အား ပြန် ဖတ် ရှူ လျှင် ၊ လွယ် ကူ စွာ ပင် နား လည် သ ဘော ပေါက် လာ ခဲ့ သ ဖြင့် ၊ ကျ မ မှ ထို ဆ ရာ ကျော် သူ အား ၊ ယ နေ့ အ ချိန် ထိ ပင် ကျေး ဇူး တင် နေ မိ ပါ သည်။

ဪ…
လ က္ခ ဏာ အ စ , ဝါ သ နာ က ဟု သာ ဆို လိုက် ချင် ပါ တော့ သ တည်း ။။

24 comments

  • ဗိုက်ကလေး

    May 27, 2012 at 4:22 pm

    လက္ခဏာတော့ ဝါသနာမပါဘူး အန်တီရ..
    လောလောဆယ်..
    ဂြိုလ်ခုံအကြောင်းလေးတွေတော့ Bookmark လုပ်သွားပါရဲ့

  • မဟာရာဇာ အံစာတုံး

    May 27, 2012 at 4:26 pm

    အမအေး ခင်ဗျာ ..
    ဂြိုလ်ခုံတွေအကြောင်း ကျနော်လည်း မှတ်သွားပါတယ်
    ကျနော်လည်း လက္ခဏာကို ကြည့်တတ်ဘူးဗျ ..
    နှလုံးလမ်းကြောင်း ကျွန်းခံတယ်ဆိုတာတောင် ဘယ်လိုကြည့်ရမှန်းကို မသိတာ .. 😀

  • MaMa

    May 27, 2012 at 7:10 pm

    တော်ရုံ ဦးဏှောက်နဲ့ ဗေဒင် လက္ခဏာတွေ မှတ်နိုင်ဖို့ မလွယ်ဘူးတင်တယ်နော်။
    ကိုယ်တိုင်လည်း ဖတ်တော့ ဖတ်ဖူးပါရဲ့ ဘာမှမမှတ်မိလို့။ 😀

  • windtalker

    May 27, 2012 at 9:38 pm

    ဗေဒင် လက္ခဏာ နဲ ့ပတ်သက်ရင် တစ်လုံးမှ မသိပေမယ့် ၊ တစ်ကယ်တော် တစ်ကယ်စွမ်းတဲ့ ဗေဒင်လက္ခဏာ ဆရာ ဆိုတာ အသက်၅ဝ ကျော်အရွယ်တွေဘဲ များတယ်လို ့တော့ ၊ လက်တွေ ့တွေ ့ခဲ့ဖူးပါတယ် ခင်ဗျာ့ ။ အဲ့ချိန်လောက်မှ လေ့လာခဲ့တဲ့ ပညာတွေရယ် ၊ အတွေ ့အကြုံတွေ ရယ် ပေါင်းစပ်ပြီးတော့ အကောင်းဆုံး ဟောချက်တွေ အကောင်းဆုံးသော ယတြာတွေကို ပေးနိုင်တယ်လို ့ထင်မိပါတယ် ။

    • aye.kk

      May 29, 2012 at 5:30 am

      ကိုပေ…
      ထင်မြင်မှုလေးအတွက်
      thank you. ပါနော်။

  • flamingo

    May 28, 2012 at 7:26 am

    အစ်မရေ
    အင်္ဂါအမလွင်ပြင်(၇) နဲ့ အင်္ဂါလွင်ပြင်အမ(၉)က
    ဘာကွာသလဲခင်ဗျာ….တူတူဘဲလားခင်ဗျာ…

    • Foreign Resident

      May 28, 2012 at 8:52 am

      အဘ အထင် တော့ ( အထင် )

      ရ ။ လက် ဖ ဝါး ပြင် အ လယ် = အ င်္ဂါ လွင် ပြင်
      ၉ ။ ဗု ဒ္ဓ ဟူး ဂြိုလ် ခုံ နှင့် တ နင်း လာ ဂြိုလ် ခုံ စပ် ကြား အ စွန်း ထိ အား = အ င်္ဂါ အ မ ဂြိုလ် ခုံ

      အဲလို ထင်မိတာပဲ ။ သင်္ဘောပေါ် လက္ခဏာ စာအုပ်တွေ ယူမလာမိတော့ ၊
      မသေချာဘူး ။

  • aye.kk

    May 28, 2012 at 8:21 am

    ဗိုက်ကလေး..
    အားပေးဖတ်သွားတာသိရလို ့
    ဝမ်းသာမိပါတယ်ကွယ်..။
    —————————————
    အံစာတုံးရေ..
    လက်ဖဝါးပြင်မှာလက်ညိုး(သို ့)လက်ခလယ်အောက်
    အစရှိသဖြင့်၊အဲဒီဂြိုလ်ခုံတွေပေါ့နော်..
    အဲဒီဂြိုလ်ခုံတွေကနေအစပြုပြီး
    လက်သန်းရင်းအောက်ခြေ၊ဗုဒ္ဓဟူးဂြိုလ်ခုံထိတဆုံးထိပါရှိနေတတ်တဲ့မျဉ်းကြောင်း(ဝါ)
    အရေးအကြောင်းကိုနှလုံးလမ်းကြောင်း(ဝါ)
    တနည်းပြောရရင်
    အချစ်မေတ္တာလမ်းကြောင်းလို ့ခေါ်ဆိုပါတယ်..
    အချစ်မေတ္တာနဲ့သာသက်ဆိုင်မှုရှိတဲ့လမ်းကြောင်းပေါ့နော်..
    အဲဒီလမ်းကြောင်းပေါ်မှာပါရှိနေတတ်တဲ့အပြစ်အနာဆာလို ့လည်းပြော
    လို ့ရတဲ့စပါးစေ့ပုံစံတူသေးငယ်သောအမှတ်အသားလေးက..
    များသောအားဖြင့်ကတနင်းင်္ဂနွေလက်ချောင်းအောက်တည့်တည့်မှာပါရှိတတ်တာများပါတယ်..
    အဲဒီလိုအမှတ်အသားပါရှိတာမျိုးကိုကျွန်းလို ့ခေါ်ပါတယ်..
    တနင်းင်္ဂနွေဂြိုလ်ခုံဆိုင်ရာအောက်မှာပြဆိုနေတဲ့
    အချစ်မေတ္တာလမ်းကြောင်းမှာပါရှိနေတဲ့
    ကျွန်းအမှတ်အသားကငွေကြေး၊ဂုဏ်ဒြပ်၊ဆိုင်ရာမှာ
    မာနကြောင့်ဖြစ်ပေါ်လာရတဲ့..
    ဆိုးကျိုးအမှတ်အသားတခုလို ့ပြောလို ့ရပါတယ်..
    အချစ်ရေးနဲ ့ပတ်သက်လာရင်
    အထူးသဖြင့်စိတ်ပျက်ရတတ်တာပေါ့နော်..။။
    ———————————————————————————————————-
    flamingo,….
    အတူတူပါဘဲ…
    အရေးသားမှားတာလေးအသိပေးသလိုဖြစ်တာ..
    ကျေးဇူးပါ…
    အန်တီစာသားပြင်လိုက်ပါပြီနော်….။။

  • etone

    May 28, 2012 at 9:11 am

    အန်တီအေးရေ… လက်ဖဝါးပြင်ပေါ်က ဂြိုလ်ခုံတွေကို သိရလို့ …. ကျေးဇူးတင်ပါတယ် … ။
    ထထိုင်တည်း အလွတ်လည်းကျက်ပြီး မှတ်သားထားလိုက်ပါတယ် … ။
    လက်ဖဝါးပေါ်က ဘယ်လမ်းကြောင်းက ဘာလို့ ခေါ်တယ်ဆိုတာလေးပါ … အလျဥ်းသင့်လျှင် ရေးပေးပါဦးနော် … ဥပမာ နှလုံးလမ်းကြောင်းတို့ ကံလမ်းကြောင်းတို့စသဖြင့်ပေ့ါလေ … ။ 😀

    • silver hero

      May 28, 2012 at 7:40 pm

      ပြောပြလို ့သိသွားရင် သူများတွေကို ပြန်ပြီးဟောမည်၊ပြောမည်။
      အလွတ်ရပြီဆိုရင်အကြောင်းကြားပေးပါ။
      လက္ခဏာလာကြည့်ပါမည်။

      • etone

        May 29, 2012 at 9:02 am

        silver hero သူများတွေကို ပြန်ပြောဖို့တော့ မရဲပါဘူး (ကိုယ်တိုင်က ဘာမှသေချာမသိတာ) ။
        တစ်ခါတစ်လေ … အန်တီအေးက ဘာဂြိုလ်ခုံလို့ ပြောလျှင် အလွယ်သိအောင် မှတ်ထားရုံလေးပါ ..ဟိဟိ … ။

  • silver hero

    May 28, 2012 at 7:35 pm

    အန်တီရေကြုံရင်လက္ခဏာလေးကြည့်ပေးပါလို ့တောင်ဆိုပါတယ်။
    ကံကြမ္မာရဲ့အမှတ်အသားဖြစ်တဲ့လက္ခဏာကို
    ပြောင်းလဲလို ့မရတဲ့အမှန်တရားလို ့ဆိုကြတယ်
    အဲဒီ့အဆိုကမှန်ပါသလားခင်ဗျ။

  • aye.kk

    May 29, 2012 at 5:55 am

    silver hero,…
    ကံကြမ္မာလမ်းကြောင်းက..
    မိမိလက်ဖဝါးပြင်မှာပါရှိလာတတ်တဲ့..
    လက္ခဏာအရေးအကြောင်းတခုပါဘဲ..
    ပြောင်းလဲလို ့မရတဲ့မိမိကံကြမ္မာကုသိုလ်ကံဆိုပေမယ့်..
    မိမိလက်ဖဝါးပြင်မှာပါရှိနေတဲ့ဦးခေါင်းလမ်းကြောင်းနဲ ့
    တွဲဘက်ကြည့်ပြီးမှသာဟောဆိုရတာမျိုးပါ..
    ကံကြမ္မာလမ်းကြောင်း(ဝါ)တနည်းပြောရရင်
    ကမ္မလေခလမ်းကြောင်းက…
    မိမိဘဝတသက်တာကာလပတ်လုံးနဲ သက်ဆိုင်လျှက်ရှိနေပါတယ်..
    ကောင်းမွေ၊ဆိုးမွေအရာမှန်သမျှကိုဖော်ညွန်းပြဆိုနေတာပေါ့နော်..
    မိမိလက်ဖဝါးပြင်မှာပါရှိနေတဲ့သက်ဆိုင်ရာဂြိုလ်ခုံများအလိုက်ပေါ်မူတည်ပြီး…
    အကျိုးအပြစ်တွေကွဲပြားခြားနားနေလျှက်ရှိပါတယ်လို ့ပြောလိုက်ပါရစေကွယ်..။

  • ကြောင်ကြီး

    May 29, 2012 at 9:26 am

    အန်တီအေး… တခုမေးပါရစေ..။ လက်ဖဝါးပြင် အမှတ်အသား အပြောင်းအလဲကိုလိုက်လို့ လက္ခဏာအဟော တချိန်နဲ့တချိန် မတူနိုင်ဘူး flexible ရှိတယ်။ ဗေဒင် နက္ခတ်ကြတော့ ဘယ်လိုလုပ်မလည်း သူက ပုံသေကားချပ် ဖြစ်မနေဘူးလား။

    • aye.kk

      May 29, 2012 at 1:44 pm

      ကြောင်ကြီး…
      မွေးရာပါ,မိခင်ဖခင်တို ့ရဲ ့မျိုးရိုးဗီဇ,
      ပဋိသန္ဓေတည်လာကတည်းက
      မိမိရဲ ့လက်ဖဝါးပြင်မှာပါရှိလာတဲ့ပင်မလက္ခဏာ
      အရေးအကြောင်းကြီးများက
      ပြောင်းလဲပစ်နိုင်စွမ်းငှာမတတ်သာပါဘူး..
      ၁။နှလုံးလမ်းကြောင်း(ဝါ)အချစ်မေတ္တာတဏှာပေမလမ်းကြောင်း
      ၂။ ဉာဏ်လမ်းကြောင်း
      ၃။ အသက်လမ်းကြောင်း
      ၄။ ကံလမ်းကြောင်း
      ၅။ အောင်မြင်ရေးလမ်းကြောင်းဆိုတဲ့..
      မိမိရဲ ့လက်ဖဝါးပြင်မှာခတ်မငါးဖြာပါရှိမှသာအကောင်းဆုံးလို ့ဆိုပါတယ်..
      မိမိပတ်ဝန်းကျင်နေထိုင်ရာကြီးပြင်းရာဒေသအလိုက်,မိမိရဲ ့လက်ဖဝါးပြင်မှာပါရှိလာတဲ့..
      ဉာဏလေခလမ်းကြောင်းနဲ ့သက်ဆိုင်ရာဂြိုလ်ခုံအလိုက်ပါရှိနေတဲ့ကံကြမ္မာလမ်းကြောင်း
      အကျိုးအပြစ်အလိုက်လက္ခဏာမှာ(၆)လတကြိမ်ပြောင်းလည်းမှုရှိနေတဲ့အတွက်..
      မကြာခဏစစ်ဆေးသင့်ကြောင်းမှတ်သားခဲ့ဘူးပါတယ်..။
      ပုံသေကားချပ်လုံးဝမဖြစ်ပါဘူး..။
      ဥပမာ,..လေးပေါ့နော်..
      ကောင်မလေးတယောက်နှစ်ယောက်လောက်ကိုမယူနိုင်ဘဲနဲ ့ပြစ်မှားမိတယ်ဆိုပါစို ့..
      တိတ်တိတ်ပုန်းဖြစ်ခဲ့တယ်ဆိုရင်တောင်၊အသွေးအသားနဲ ့ဖွဲ ့စည်းထားတဲ့လက်ဖဝါးပြင်မှာ
      ပြုခဲ့တဲ့အလျှောက်ပေါ်လာပါတယ်..
      မဖြစ်ခဲ့ရင်တော့မပေါ်ပါဘူး..။
      ကိုင်ရိုလက်ခဏာပညာရပ်ဟာအလွန်တိကျပြီးမှန်ကန်မှုရှိနေပါတယ်..
      ဉာဏ်ရည်မြင့်မားမှုရှိတဲ့သူတွေ၊လက်ဖဝါးပြင်ကိုအမြဲလေ့လာလိုက်စားနေသူတွေသာ
      ရှေ ့ဖြစ်၊နောက်ဖြစ်၊မကြာခင်ဖြစ်ပေါ်လာနိုင်တဲ့
      အကျိုးအပြစ်တွေကိုအတိအကျဟောဆိုနိုင်တာပါ။
      အန်တီအနေနဲ ့ကသာမာန်ဉာဏ်ရည်နဲ ့ဝါသနာပါလိုက်စားတဲ့အဆင့်မှာပဲရှိနေတာပါ..
      အပျော်တန်းသာသာအဆင့်ဘဲရှိပါတယ်..
      ဥပမာ,…နောက်တခုပေါ့နော်
      သူဟာဥပစ္ဆေဒကကံကြောင့်သေရမယ်ဆိုရင်တောင်သေခါနီးအလိုမှသာ..
      စနေဂြိုလ်ခုံအောက်မှာကြက်ခြေခတ်အသေးစားလေးပေါ်ပေါက်လာပါတယ်..။
      လက်ဖဝါးပြင်ကအရေးအကြောင်းအမှတ်အသားတွေကို..
      အားကောင်းတဲ့မှန်ဘီလူးနဲ့ မှသာအသေအချာကြည့်မြင်နိုင်ပါတယ်..။။
      ခင်မင်မှုများစွာဖြင့်..
      အန်တီအေး..။။

  • မအေးရေ
    လက်ပုံစံပို့လိုက်ပြီနော်
    အဘဖောရော ကျနော့်လက်ကို ကြည့်ပေးမယ်ဆိုရင် ပို့ပေးလိုက်မယ် ။
    ကျနော်ဆီမှာ အဘဖောမေးလ်မရှိသေးဘူူးဗျ.
    ဘယ်သူ့ဆီမေးလ်လိပ်စာတောင်းရင်ရမလဲမသိဘူးနော်။

  • aye.kk

    May 29, 2012 at 1:54 pm

    ကိုပေါက်,..
    ဆူးများသိမလားလို ့ထင်မိတယ်..။

  • CM

    May 29, 2012 at 2:29 pm

    လက်ဖဝါးရဲ့အလယ်ကောင်ကို အ င်္ဂါ လွင်ပြင်လို့ခေါ်ကြောင်းမှတ်သားဘူးပါတယ်။
    အစ်မရဲ့ စာကိုယူပြီးကျနော်ကျက်မှတ်ထားဘူးတဲ့ လင်္ကာလေးနဲ့ရေးကြည့်မိပါတယ်။

    လင်္ကာကဒီလိုပါ……………..
    သူ့ညာဘက်တွင်အလွယ်စစ်ကြည့် (ညာ=အ င်္ဂါ ဖို စစ်=အ င်္ဂါ မ သတိရ)

    အဲဒီတော့ဒီလိုလေးပြလို့ရသွားမလားဘဲ။………………

    ၁ ။ လက် သန်း အောက် ခြေ ရင်း ( ဗု ဒ္ဓ ဟူး ဂြိုလ် ခုံ) လွယ်
    ၂ ။ လက် သူ ကြွယ် အောက် ခြေ ရင်း ( တ န င်္ဂ နွေ ဂြိုလ် ခုံ) အ
    ၃ ။ လက် ခ လယ် အောက် ခြေ ရင်း ( စ နေ ဂြိုလ် ခုံ ) တွင်
    ၄ ။ လက် ညိုး အောက် ခြေ ရင်း ( ကြာ သာ ပ တေး ဂြိုလ် ခုံ) ဘက်
    ၅ ။ လက် ညိုး နှင့် လက် မ အ ကြား ( အ င်္ဂါ အ ဖို ဂြိုလ် ခုံ ) ညာ
    ၆ ။ လက် မ အောက် ခြေ ရင်း ( သော ကြာ ဂြိုလ် ခုံ ) သူ့
    ရ ။ လက် ဖ ဝါး ပြင် အ လယ် ( အ င်္ဂါ အ မ လွင် ပြင် ) စစ်
    ၈ ။ လက် သန်း တည့် တည့် အောက် လက် ဖ နောင့် အ ပေါ် ဘက် ( တ နင်း လာ ဂြိုလ် ခုံ) ကြည့်
    ၉ ။ ဗု ဒ္ဓ ဟူး ဂြိုလ် ခုံ နှင့် တ နင်း လာ ဂြိုလ် ခုံ စပ် ကြား အ စွန်း ထိ အား ( အ င်္ဂါ အ မ လွင် ပြင်)
    (၉။)က စစ် ပါဘဲမလို့ မရေးတော့ပါဘူး။

    အစ်မရေ
    ကိုယ်ကိုတိုင်ကတော့
    လက်သူကြွယ်အောက်က တ န င်္ဂ နွေ ဂြိုလ် ခုံ လေးဖောင်းကြွလာမဲ့ရက်ကိုမျှော်လင့်စောင့်စားလျှက်ပါ။
    (လေးစားလျှက်)

  • aye.kk

    May 29, 2012 at 6:20 pm

    CM,..
    ကွန်မင့်တွက်ကျေးဇူးပါ..
    တနင်းင်္ဂနွေဂြိုလ်ခုံဖောင်းပြီး..
    အောင်မြင်ရေးလမ်းကြောင်းကောင်းရင်..
    အတိုင်းထက်အလွန်ပေါ့နော်…
    ဒီဘဝမှာဒါနများများပြုလို ့အတိတ်ကံကိုပြင်ကြရအောင်ပါကွယ်..။။

  • ကိုရင်စည်သူ

    May 29, 2012 at 8:10 pm

    ဆရာမ အေးကေကေခင်ညာ…
    ကျနော် တင်္နလာဂြိုလ်ခုံမှာ (လက်သန်းအောက်နဲ့ လက်ဖနောင့်ကြား) မှာ
    အရေးကြောင်းတွေ အများကြီး
    ဖြစ်နေတာတွေ့ရပါတယ်… ပြီးတော့ အဲ့ထဲက အရေးကြောင်းတစ်ခုက
    ပညာရေးလမ်းကြောင်းနဲ့ ဆက်ပြီး အရှည်လိုက်ကြီးဖြစ်သွားပါတယ်။
    (အဲ့အရေးကြောင်းက ဒီတစ်လနှစ်လအတွင်းမှ တင်္နလာဂြိုလ်ခုံက
    အရေးကြောင်းနဲ့ သွားဆက်တာထင်ပါတယ်။) အဲ့ဒါ ဘာဖြစ်သလဲဆိုတာ
    ကျနော်က လက္ခဏာပညာ အားနည်းတော့ ဆရာမကြီးအနေနဲ့
    ရှင်းပြပေးနိုင်မလားခင်ဗျာ။

    ခင်တဲ့
    ကိုရင်စည်သူ

  • aye.kk

    May 29, 2012 at 8:58 pm

    ကိုရင်စည်သူ..
    အဘမင်းသိင်္ခ..
    တပည့်ရေ..
    လိုအပ်တာရှိရင်လည်းထဲ့ဆွေးနွေးနိုင်ပါတယ်..
    လက်တွေ ့မှယုံသူဆိုတော့ရှင်းလင်းပြတ်သားတဲ့
    လက္ခဏာပုံလေးသာမေးထဲပို ့လိုက်ပါ..
    ပညာခြင်းဖလှယ်ရတာပေါ့..
    ဝါသနာတူအချင်းချင်းတွေဘဲ..
    အားနာစရာမှမလိုတာဘဲလေ..။

    • ကိုရင်စည်သူ

      May 29, 2012 at 9:08 pm

      ဆရာမကြီးရေ.. ဆရာမ မေလ်းလိပ်စာကျနော့်မှာ
      မရှိဘူးဗျ… ဘယ်သူ့မေးရမှန်းလည်း မသိဘူး..
      ဖြစ်နိုင်ရင် ကျနော်ကို PM ကနေတစ်ဆင့်
      မေလ်းလိပ်စာလေး ပို့ပေးပါလားဗျာ..
      တချို့လက္ခဏာအပိုင်းလေးတွေကျ ကျနော်
      သိပ်နားမလည်တာရှိရင် ဆရာမပဲ ညွှန်ပြပေးပါ့နော့.. 😳

  • ကြောင်ကြီး

    May 30, 2012 at 8:26 am

    အန်တီအေး.. ကြောင်ကြီး တရုတ်မနဲ့ ရမရ ကြည့်ပေးဗာ…။ ဂယ်မေးဒါနော်…။ 😳

Leave a Reply