Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျား နဲ. မ ဟာသ…………

ည layMay 28, 20121min47217

အိုဘယ့် မိန်းမ

ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊
ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊
နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်က မရှိ၊
ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊
မိန်းမပီပီနေတော့ အသုံးအဖြုန်းကကြီး၊
ချွေတာစုဆောင်းတတ်တာကျတော့ ခေတ်ရေစီးကို လိုက်မမှီ၊
ခေတ်မှီတာကျတော့ စိတ်မချရ၊
စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့မလှပြန်။

ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ

အိုဘယ့် ယောက်ျား

အရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊
ရုပ်ချောရင် ငွေမရှာတတ်ဘူး၊
ပိုက်ဆံရှာတတ်ရင် အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး၊
အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ မဖြစ်ထွန်းဘူး၊
အရာရာ ဖြစ်ထွန်းအောင်မြင်တယ် ဆိုတဲ့လူမျိုးကျတော့ အနုအရွလေးတွေနဲ့ရိုမက်တစ်မဆန်တတ်ပြန်ဘူး၊
အီစီကလီကျွမ်းကျင်ပြီး ရိုမက်တစ်ဆန်တတ်ပြန်တော့ စိတ်ချအားကိုးလို့ရဘူး၊
အားကိုးရတဲ့ လူမျိူးကျတော့ ခိုင်းစားလို့ရရုံကလွဲပြီး ဘိုသီပတ်သီနဲ့
အပေအတေတစ်ယောက်လိုနေမယ်။

ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ

ဒါကြောင့်..

ပါးနပ်တဲ့ယောက်ျားနဲ့ ဉာဏ်ရှိတဲ့မိန်းမတွေ့ရင် ရိုမက်တစ်ဆန်တဲ့ အချစ်မျိုး
ဖြစ်လာနိုင်တယ်။
ပါးနပ်တဲ့ယောက်ျားနဲ့ အူတူတူမိန်းမနဲ့ဆိုရင် တိတ်တိတ်ပုန်းအချစ်တွေ
ဖြစ်လာနိုင်တယ်။
ဉာဏ်ရှိတဲ့မိန်းမနဲ့ တုံးအတဲ့ယောက်ျားတွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။
ယောက်ျားရော မိန်းမပါ ငထုံငအတွေ ဆိုရင်တော့ ကိုယ်ဝန်ရသွားနိုင်ပါတယ်…တဲ့..။

ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ

ပြီးတော့….

မိန်းမတွေဟာ အနာဂတ်အတွက်စိတ်ပူကြတာ ယောက်ျားရသွားတဲ့အထိပဲ။
ယောက်ျားတွေကျတော့ မိန်းမ မရမချင်း အနာဂတ်ဆိုတာကို ခေါင်းထဲမထည့်ကြဘူး။
အောင်မြင်တဲ့ယောက်ျား ဆိုတာ သူ့မိန်းမသုံးဖြုန်းတာထက်ပိုရှာနိုင်တဲ့လူကိုခေါ်တာ။
အောင်မြင်တဲ့မိန်းမကျတော့ အဲသလိုယောက်ျားမျိုးရှာနိုင်သူ ကို ခေါ်တာ တဲ့။

ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ

အရမ်းကောင်းတဲ……….ပိုစ့်လေးမို.တင်မိပါဂျောင်း..ဒီပိုစ့်ဖတ်ရတာဟာ…..

“ကျား” လည်းကြောက် “မ” လည်းလက်မြှောက်………ကြောက်မိပါ၏…….

 

http://www.irrawaddyblog.com/2012/05/blog-post_6713.html

ဒီလင့်လေးကနေကူးယူဖော်ပြထားပါသည်။

 

 

17 comments

  • Ch@vez

    May 28, 2012 at 11:23 am

    ဘယ့်နှယ့် မိန်းမ လိုချင်နေတဲ့အချိန်ကျမှ ဒါတွေလာဖတ်မိပြန်တယ်….

    ဟီး ….. တကယ်တော့လည်း အကြောင်း မရှိဘဲကို ..
    မိန်းမလိုချင်နေတော့တာ ….

    လူတွေကလည်း ခက်တယ်ဗျာ …
    အယူရှိရင် အပေးဆိုတာ ရှိရမှာပေါ့ …

    မိန်းမယူမယ် ပီး ပြန်ပေးမယ်….
    အဲ ..ငှား မယ် ချေး မယ် ဖလှယ်မယ်
    အလဲအထပ် လုပ်မယ်…
    အင်း ..တယ်ဟုတ်ပါလား….

    ဒီလို စနစ် ဖြစ်ထွန်းအောင် ဖော်ဆောင်နိုင်မယ်ဆိုရင်…
    အတော်လေး ကောင်းသွားမယ် ထင်ရဲ့ …
    ဟိုဘက်မှာလို ဒါ့ဆီလောင်း မီးရှို့တာတွေ ဘာတွေလည်း မလိုတော့ဘူးပေါ့…
    :mrgreen:

    • ရွာစားကျော်

      May 28, 2012 at 1:17 pm

      လူဆိုတာ တစ်နေ့ သေရမည့်အမျိုးဖြစ်၏
      မသေခင် ယူချင်တာယူပြီး လုပ်ချင်တာတွေ လုပ်ဖြစ်အောင်လုပ်ကြ
      အာဟိ
      ဒက်ဂလောက် ဒက်ဂလောက်

    • မှော်ဆရာ

      May 28, 2012 at 1:29 pm

      အယူရှိရင် အပေး ရှိရမယ် …
      နင်ပြောတာနော်
      အလဲအထပ် လုပ်မယ် …
      အလိုက်ပေးမယ် … တနှစ်သားလေး ..
      ကဲ ဘယ့်နှယ့်တုန်း …
      ပြေးပြီ … အပ်ချလောင်း…………………. (ကိုယ်ယောင်ဖျောက်သံ)

  • htet way

    May 28, 2012 at 11:31 am

    ဒီလို ဒဿနတွေ ဆက်ဖေါ်ပြပေးပါ
    အိမ်ထောင်းရေးဆိုတာ ပင်လယ်ထဲ ရွက်လွှင့်ရသလိုပဲ
    ကျုပ်လား…..ဒီစာတွေ ဖတ်ပြီး တော့…………………………….

  • windtalker

    May 28, 2012 at 11:37 am

    နေစရာ အာစီတိုက်လေးတစ်လုံးနဲ ့၊ စီးစရာ ကားလေးတစ်စီးနဲ ့၊ တစ်ရက်ကို ၃သောင်းလောက် ဝင်တဲ့ အလုပ်တစ်ခုလောက်နဲ ့၊ အဲ့လိုဘဝမျိုးလောက် ရရင်ကို နေပျော်ပါဘီလေ…. လောဘမကြီးတော့ပါဘူး

    • ဗိုက်ကလေး

      May 28, 2012 at 11:40 am

      အိုစကေ ညီလေး
      အာကို သမဒ ဖြစ်ရင် ညီလေးကို ပထမဆုံး ကယ်တင်မြှောက်စားမယ်နော..
      လောလောဆယ် ဘီအီးဖိုး ၁ထောင်လောက် ခဏချီးဘာဦး

  • ဗိုက်ကလေး

    May 28, 2012 at 11:37 am

    ကိုညလေးရေ
    မနေ ့ကတည်းက ကျနော်ဖတ်ပြီး ပြုံးနေရတဲ့ဟာလေးပါဗျား..
    ဟုတ်တုတ်တုတ် မှန်တန်တန် စာလေးတွေပါ..
    ကိုယ့်ချစ်သူ ဘယ်လိုလဲဆိုတာ ကိုယ့်ဘာသာ အကဲဖတ်ပေဒေါ့ဗျို ့

  • jujuma

    May 28, 2012 at 11:46 am

    လည်သွားပီ ညလေးရေ .. မျက်စိပြောပါတယ်…
    လောကကြီးမှာ ကောင်းတာနဲ့ မကောင်းတာဒွန်တွဲနေတယ် …
    ဆိုတော့
    လိုတာ မရ ..ရတာ မလို
    မလိုချင်မှ ရ ..လိုချင်တုံး မရ …
    ရပီး ပြန်ပေး … ပေးပြီး ပြန်ယူ ..
    အဲအဲ ရှုပ်ကုန်ပီ ..
    ကိုယ်ကြိုက်တာကိုယ်လုပ် …ကိုယ်ဖြစ်ကိုယ်ခံ .. လောကဓံဓံဓံဓံ

  • htoosan

    May 28, 2012 at 12:14 pm

    ကိုယ့်ကိုကိုယ် လည်လှပြီအောက်မေ့နေတာ လက်စသတ်တော့ ငတုံး ဖြစ်နေပါရောလား … 😀
    ကိုဂီ ကတော့ ဒီနေ့ တစ်နေ့လုံး ငတုံးဖြစ်ရပါစေ ဆန္ဒတွေရှိ နေပုံရတယ် .. အပျိုကြီးတွေ ကို နားချနေတယ်.. 😀

  • may flowers

    May 28, 2012 at 1:22 pm

    ရယ်မောရင်း အားပေးသွားပါတယ်…ညလေးရေ။

  • Ma Ei

    May 28, 2012 at 2:34 pm

    တစ်ကယ့် ဟာသ လေးပါဘဲ…
    အချစ်နဲ့ အိမ်ထောင်ရေးမှာ အရှုံး အမြတ် တွက်လာရင်တော့
    အဲ့ဒီစာ…ဟာသ မမြောက်တော့ဘူး…

  • ညလေး

    May 28, 2012 at 4:58 pm

    အိုဗယ့်…………အိုဗယ့်……….
    ဒါကြောင့်……………ပြီးတော့…….
    ဟာသ ဟာသ
    MG ရွှာထဲမှာတော့……..ဒီလိုရှိနေပြီဗျို……
    ထင်မြင်ချက်လေးတွေအတွက်ကျေးဇူးအများကြီးတင်ပါ၏……….

  • ရွှေဘိုသား

    May 28, 2012 at 6:27 pm

    အချစ်ဆိုတာကို ရှာဖွေတွေ့ရှိပြီးတဲ့နောက်.. ကိုလံဘတ်စ်ထက် ငါပျော်တယ်။

    မင်း အချစ်ကို ပိုင်ဆိုင်ပြီးတဲ့နောက် နယူတန်ထက်ငါပျော်တယ်။

    တူတူ ရွှေလက်တွဲဖို့ ဆုံးဖြတ်တဲ့နောက် အာခိမိဒိထက် ငါပျော်တယ်။

    တူတူနေတာကြာလာတော့ ငါလေ ဟစ်တလာလိုပဲ ကိုယ့်ကိုကိုယ် သတ်သေချင်လာတော့တယ်။

    ညလေးရေ အဲဒီလိုပဲထင်တယ်ကွ

  • sorr sorr18

    June 20, 2012 at 12:02 pm

    လိုချင်တပ်မက်မှုများနှင့် မိမိချစ်သူကို သတ်မှတ်စရာခေါင်းစဉ်များအောက်တွင်ထားကြသည့်
    လူအများအကြောင်းတွေးရင်း ပြုံးမိ၏ ။အော်….သူများကို မသတ်မှတ်ခင် ကို်ယ့်ကိုယ်ကို ” ဘာလဲ ”ဟု
    ပြန်တွေးမိစေလို ့ဒီပို ့စ်လေးကို သဘောကျ၏ ။ ဖတ်လို ့လဲ ကောင်းလို ့ ကျေးဇူးတင်ပါတယ် ညလေး ရယ်.။

  • စစ်ကဲ

    June 20, 2012 at 12:57 pm

    လူပြိုကြီး အပြိုကြီး မလုပ်ဘူးလို့ စဉ်းစားရင်တော့ ဒီပိုစ့်လေးကို ခံစားမနေပါနဲ့ဗျာ။

  • Mon Kit

    June 20, 2012 at 1:06 pm

    “”ပါးနပ်တဲ့ယောက်ျားနဲ့ ဉာဏ်ရှိတဲ့မိန်းမတွေ့ရင် ရိုမက်တစ်ဆန်တဲ့ အချစ်မျိုး
    ဖြစ်လာနိုင်တယ်။”””
    ဒါဆို ပါးနပ်တဲ့ယောက်ျား ရှာယူရမှာပေါ့နော်…
    ပါးနပ်တဲ့ယောကျာ်းတွေက ဘယ်လိုပုံစံဖြစ်မလဲဟင်င်င်…

  • mamanoyar

    June 22, 2012 at 4:24 pm

    ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊
    ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊
    နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်က မရှိ၊
    ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊
    မိန်းမပီပီနေတော့ အသုံးအဖြုန်းကကြီး၊
    ချွေတာစုဆောင်းတတ်တာကျတော့ ခေတ်ရေစီးကို လိုက်မမှီ၊
    ခေတ်မှီတာကျတော့ စိတ်မချရ၊
    စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့မလှပြန်။

    နိုရာတော့ပါဝူးသိလားးးးးးးးးးးးးး

Leave a Reply