တဖက်ကမ်းက ကျမအိမ် (ကြည်ကြည်ကျော်မြ) Posted by admin on November 28, 2011 4 Comments သံတိုင်တွေကိုကျော်တက်၊ မြောင်းတခုကိုကျော်ဖြတ်၊ စစ်ဆေးရေးဂိတ်တစ်ခုကို ဖြတ်ကျော်လိုက်ရင် ကျမမွေး၊ ကျမ ကြီးပြင်းခဲ့တဲ့၊ ကျမရဲ့ဇာတိမြေကိုရောက်နိုင်တာပေါ့။ ကျမဟာ ဒီဘက်ကမ်းနဲ့ ဟိုဘက်ကမ်းကို အခေါက်ပေါင်းများစွာ ဖြတ်သွားနေကျ၊ ဟိုဘက်ကမ်းက အမေ၊ ဒီဘက်ကမ်းက ကျမ…နိုင်ငံ နှစ်နိုင်ငံဖြစ်ပေမယ့်လည်း ဝေးတယ်လို့ မထင်ခဲ့ ပါဘူး။ မနက် ဒီဘက်ကမ်းမှာ အလုပ်လာတက်၊ ညဆို ဟိုဘက်ကမ်းက အမေ့ရင်ခွင်ထဲ သွားကွေးလို ့ရသေးတယ်။ အစမှာ ကျမဟာ သူများအိမ်မှာ အိမ်ဖော်လုပ်ပါတယ်။ တလ လခ ၃၀ဝ ယွမ်။ တလ တလ လိုအပ်တဲ့ အသုံးဆောင်တွေ ဝယ်၊ ကျန်တဲ့ငွေ […]