တစ်ဖက်ကမ်းက………ကျမအိမ်

ည layJune 7, 20121min41717

တဖက်ကမ်းက ကျမအိမ် (ကြည်ကြည်ကျော်မြ)

Posted by on November 28, 2011 4 Comments

သံတိုင်တွေကိုကျော်တက်၊ မြောင်းတခုကိုကျော်ဖြတ်၊ စစ်ဆေးရေးဂိတ်တစ်ခုကို ဖြတ်ကျော်လိုက်ရင် ကျမမွေး၊ ကျမ ကြီးပြင်းခဲ့တဲ့၊ ကျမရဲ့ဇာတိမြေကိုရောက်နိုင်တာပေါ့။ ကျမဟာ ဒီဘက်ကမ်းနဲ့ ဟိုဘက်ကမ်းကို အခေါက်ပေါင်းများစွာ ဖြတ်သွားနေကျ၊ ဟိုဘက်ကမ်းက အမေ၊ ဒီဘက်ကမ်းက ကျမ…နိုင်ငံ နှစ်နိုင်ငံဖြစ်ပေမယ့်လည်း ဝေးတယ်လို့ မထင်ခဲ့ ပါဘူး။ မနက် ဒီဘက်ကမ်းမှာ အလုပ်လာတက်၊ ညဆို ဟိုဘက်ကမ်းက အမေ့ရင်ခွင်ထဲ သွားကွေးလို ့ရသေးတယ်။

အစမှာ ကျမဟာ သူများအိမ်မှာ အိမ်ဖော်လုပ်ပါတယ်။ တလ လခ ၃၀ဝ ယွမ်။ တလ တလ လိုအပ်တဲ့ အသုံးဆောင်တွေ ဝယ်၊ ကျန်တဲ့ငွေ အမေ့ကိုအပ်။ ကျမတို ့သားအမိ ကြည်နူးပျော်ရွှင်လို့။ ဒီအိမ်မှာ အလုပ်လုပ်တာ လအချို့ရှိတော့ ကောင်လေးတယောက်နဲ့ သိခဲ့တယ်။ ကျမထက် အသက်နည်းနည်း ကြီးမယ်။ သူလည်း ဒီဘက်ကမ်းမှာ လာ အလုပ် လုပ်တာပဲ၊ သူဟာ ကျမနဲ့ တော်တော်ရင်းနှီးလာတယ်။ ကျမနဲ့ အတူတူ သွားလည်တယ်။ သူက ကျမကို လက်ဆောင် တွေ  အမြဲဝယ်ပေးတယ်။ ကျမတို့ အမေ့ဆီ အတူတူသွားတယ်၊ အမေကလဲ သူ့ကိုခင်ပါတယ်။ သူက ကျမကို အိမ်ဖော် မလုပ်စေချင်ပါဘူး။ ကျမကို ဒီထက်ကောင်းတဲ့ အလုပ်ရှာပေးမယ်လို ့ပြောလာတယ်။ တရက်မှာ သူက ကျမကို အလုပ် အသစ်ရှာပေးဖို့ သူဋ္ဌေးနဲ့ သူ့အခန်းမှာ တွေ့ဖို့ ချိန်းလိုက်တယ်။ အဲဒီနေ့က သူက ကျမကို လှလှပပ ဝတ်လာဖို့မှာပါတယ်။

ကျမတို့ အဲဒီ သူဋ္ဌေးနဲ့အတူ ထမင်းစားကြတယ်၊ ဖျော်ရည်သောက်ကြတယ်။ အဲဒီသူဋ္ဌေးက ကျမကို အခု လက်ရှိအလုပ် ကထွက်ဖို့။ သူ့ဆီ အလုပ်လာတက်ဖို့တွေ ပြောပါတယ်၊ သူ့ဆီမှာ အနည်းဆုံး လခ ၈၀ဝ ယွမ် ရမယ်။ ဆုငွေဆိုတာ ရှိဦး မယ်။ အဲဒါတွေအထိတော့ ကျမ မှတ်မိသေးတယ်။ နောက်ဘာတွေ ဆက်ဖြစ်တယ်ဆိုတာကိုတော့ ကျမ မမှတ်မိတော့ပါ ဘူး။ မနက် နိုးလာတော့ အိပ်ရာပေါ်မှာ ကျမ တယောက်တည်း။ ကျမကိုယ်ပေါ်မှာ အဝတ်ဆိုတာ တခုမှမရှိ၊ ဘုရား… ဘုရား… မနေ့ညက ဘာတွေ ဖြစ်ခဲ့ပါလိမ့်၊ ကုတင်နားက စားပွဲပေါ်မှာတော့ ငွေ ၅၀ဝ ယွမ် တင်ထားတာတွေ့တယ်။ ကျမကို အလုပ်ရှာပေးတဲ့လူကိုလဲ မတွေ့။ သူအလုပ်လုပ်တဲ့ နေရာမှာလဲ သူမရှိ၊ ဒီကိစ္စကို ကျမ ဘယ်သူ့ကိုမှ မပြောရဲ။ တယောက်တည်း ကြိတ်ငိုနေခဲ့ရတယ်။ လက်ရှိအလုပ်က မထွက်ဖြစ်သေးတာကိုပဲ ကျေးဇူးတင်မိတယ်။ လက်ရှိအလုပ် လေးကိုပဲ ဆက်လုပ်နေမိတယ်။

ဒီရက်တွေမှာ နေလို့ထိုင်လို့ မကောင်းဘူး၊ မိန်မကိုယ်က ယား ယားနေတယ်၊ အနံ့ကလဲ မကောင်း။ ဘယ်သူ့ကိုပြောပြီး ဘယ်မှာ ပြရမယ်မှန်းလဲ မသိဘူး။ အနာတွေလည်း ပေါက်လာတယ်။ ရောဂါက တရက်ထက်တရက် ပိုဆိုးလာတယ်၊ ကျမ ဆေးခန်းလေး တခုမှာ သွားပြတယ်။ သူပြောတဲ့ ရောဂါကိုလည်း ကျမ နားမလည်ပါဘူး။ ငွေအများကြီးကုန်မှ သက် သာမယ် ဆိုတာက်ိုပဲ သိလိုက်တယ်။ ဟိုဘက်ကမ်းက အမေ့ဆီလည်း မရောက်ဖြစ်၊ ငွေမပို့ ဖြစ်တာကြာပြီ။ ငွေအများ ကြီးရအောင် ဘယ်မှာ သွားရှာမလဲ။ ဒီအတွက် ကျမစိတ်တွေ လေနေတယ်။ အလုပ်မှာ ခဏခဏ မှားတော့ အိမ်ရှင် အ ဆူအပြော အမြဲခံရ တော့တယ်။ ကျမ အလုပ်လုပ်ရတာ အဆင်မပြေတော့ပါဘူး။ ဒီ့ထက် ငွေပိုရမဲ့အလုပ် ကျမအတွက် လိုနေပြီမဟုတ်လား။ ကျမ အဲဒီ အလုပ်က ထွက်လိုက်တယ်။

ကျမ အလုပ်သစ်လိုက်ရှာတယ်။ ရတဲ့အလုပ်ကလဲ အရင်အလုပ်နဲ့ ဝင်ငွေက မကွာ။ အလုပ်မရရင် ဟိုဘက်ကမ်းက အမေ့ဆီမှာ ခိုနေလို့ရပေမယ့် ကျမရောဂါ ဘယ်လိုလုပ်မလဲ။ အမေ့ဆီ သွားနေရင် အမေက ရောဂါဖြစ်နေတယ် ဆိုတာ ချက်ချင်းသိမှာ။ ပြန်လို့ မဖြစ်ဘူး။ မဖြစ်ဘူး။

ဟိုသူဋ္ဌေးကို ကျမ သတိရလာတယ်၊ ကျမ သူ့ကိုု မုန်းတယ်။ ဒါကြောင့်လည်း သူပေးခဲ့တဲ့ လိပ်စာအတိုင်း သူ့ဆီကို လိုက် မသွားခဲ့တာပေါ့၊ အခုတော့ ဝင်ငွေကောင်းတဲ့ အလုပ်တခုရဖို့အတွက် ကျမ သူ့ဆီကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီ   နေရာကို ရောက်တော့  အဲဒီသူဋ္ဌေးဆိုတဲ့လူကို တွေ့လိုက်တယ်။ သူက ကျမကို ဘာမှမဖြစ်ခဲ့သလိုပဲ နှုတ်ဆက်နေပါ တယ်။ ကျမ သူ့ကို တွေ့လိုက်တော့ ရင်ထဲက ဒေါသတွေ မပေါက်ကွဲမိအောင် ထိန်းလိုက်ရတယ်။ သူက ကျမကို အလုပ် ပေးပါတယ်။ အဲဒီအလုပ်က ကိုယ့်ခန္ဓာကိုယ်ကို ရောင်းရမယ့်အလုပ်၊ ကျမ အဲဒီအလုပ်ကို မလုပ်ချင်ပါဘူး။ ဒီအလုပ်က လွဲရင် မင်း ဘယ်အလုပ်မှ ငွေမြန်မြန်ရပြီး မင်းရောဂါကို ကုလို့ရမှာ မဟုတ်ဘူး၊ မင်း တလနှစ်လနဲ့ မင်းလိုချင်တဲ့ ငွေရရင် မင်းအလုပ်က ထွက်လို့ရတယ်။

ကျမ ဒီအလုပ်ကို လအချို့လုပ်ဖို့ ဒီနေရာကိုရောက်နေပါပြီ။ လတချို့နေရင် ငွေစုမိမယ်ဆိုတဲ့ စိတ်ကူးနဲ့ လုပ်မိတယ်။ လ အချို့ နေပါတယ်။ ငွေမစုမိဘဲ အကြွေးတောင် တင်နေသေးတယ်၊ အကြွေးကျေအောင် အလုပ်ကို ပိုလုပ်ရတယ်။ ကျန်း မာရေး အခြေအနေဟာလည်း ပိုပို ဆိုးဆိုးလာတယ်။ လူကလည်း တရက်ထက် တရက် ပိန်လာတယ်။ ဟိုဘက်ကမ်းက အမေ့ဆီကိုတောင် မရောက်တာ ကြာနေပြီပဲ။ အမေ့နွေးထွေးတဲ့ ရင်ခွင်လေးကို တမ်းတမိတယ်။ တဖက်ကမ်းဟာ ကျမ နဲ့ ဒီလောက် အလှမ်းဝေးနေပါလားလို့ ပထမဆုံး ခံစားမိတယ်။ အမေဟာ ကျမ မလာတာကြာလို့ ကျမဆီလာမယ်လို့ ပြောနေတယ်။ မဖြစ်ဘူး။ အမေ လာလို့ မဖြစ်ဘူး။ ကျမ တခုခု လုပ်မှ ဖြစ်မယ်။ ကျမဟာ ယောကျင်္ားလေး တယောက်ကို  အဖေါ်ခေါ်ပြီး ကျမ မရောက်တာ ကြာပြီဖြစ်တဲ့  ဟိုဘက်ကမ်းကို လေးလံစွာ လှမ်းခဲ့မိတယ်၊ အခု ဒီယောကျင်္ားလေးက ကျမအိမ်ထောင်ပြုတော့မယ့်သူ ဖြစ်ကြောင်း။ ပြီးတော့ အဝေးကြီးမှာရှိတဲ့ ကောင်လေးမိဘတွေဆီကို လိုက်သွားတော့ မယ် ဖြစ်တဲ့အကြောင်းတွေကို ပြောရင်း အမေ့ကို နောက်ဆုံး ကန်တော့ခဲ့တယ်။

ကျမ ကျန်းမာရေးဟာ အလွန်ဆိုးနေပါပြီ၊ ထမင်းမျိုဖို့တောင် ခက်ခဲနေပြီ၊ ကျမချစ်တဲ့…နီးရက်နဲ့ ဝေးနေတဲ့ ကျမရဲ့ ဟို ဘက်ကမ်းနဲ့ မေမေ့ကို လှမ်းမျှော်ရင်း နောက်ဆုံးကန်တော့ခဲ့တုန်းက မေမေ့ရဲ့အံ့ဩနေတဲ့ မျက်နှာကိုတွေးရင်း ကျမဟာ  ဒီဘက်ကမ်းမှာပဲ ထာဝရ အိပ်စက်ရတော့မယ်ဆိုတာကို သတိရတိုင်း မျက်ရည် ကျမိတယ်။

နေရစ်ခဲ့တော့  ကျမချစ်တဲ့ တဘက်ကမ်းနဲ့ တဘက်ကမ်းက မေမေရေ …

ကျမ  ဒီဘက်ကမ်းကနေ ကန်တော့ခဲ့ပါတယ် …။

ကြည်ကြည်ကျော်မြ

စာရေးသူကတော့ ကြည်ကြည်ကျော်မြ ဖြစ်ပါတယ်

ဖတ်သင့်တဲ.ပိုစ့်လေးဖြစ်လို.ကူးယူဖော်ပြချင်တာပါရှင်……

ကျွန်မတ်ို. ပတ်ဝန်းကျင်မှာလဲ……ဒီလိုအဖြစ်အပျက်လေးတွေ တွေ.တွေ.နေရတာတော့စိတ်မကောင်းစရာပါပဲရှင်

………..

http://www.naytthit.net/?p=22300 ဒီလင့်လေးကနေကူးယူထားပါဂျောင်း…..

 

17 comments

  • ahnyartamar

    June 7, 2012 at 6:17 pm

    အင်း…ဖတ်ပြီးရင်ခံသွားတယ်…ဘာပြောရမှန်းတောင်မသိတော့ဘူး…ဟူး..

  • မောင်ပေ

    June 7, 2012 at 6:48 pm

    အား…. ကျွတ်ကျွတ်
    မျက်ရည်တွေတောက်တောက်ကျသွားတယ်
    ခံစားရတယ် ညလေးရယ်

  • မြတ်ကျော်သူ

    June 7, 2012 at 7:18 pm

    ပြန်လာခဲ့တော့ဟေ့…ဘကြီးဖြိုးတို့အိမ်က စောင့်နေမယ်
    ဘယ်သူ့မှတော့ မခေါ်ခဲ့ပါနဲ့ဗျာ..တောင်းပန်ပါတယ်။

  • Crystalline

    June 7, 2012 at 9:34 pm

    ညလေးရယ် တကယ့်ကိုရင်ဆို့သွားတယ်။ အဲဒီလိုအဖြစ်မျိုးတွေအများကြီးဖြစ်ခဲ့တယ်။ ဖြစ်နေတယ်။ အင်း….ထပ်လည်းဖြစ်နေအုန်းမှာပဲ။

  • ညလေး

    June 7, 2012 at 9:34 pm

    တကယ်ဖြစ်ပျက်နေတာပါ……..
    နယ်စပ်ဒေသတွေကပိုဆိုးပါတယ်………

  • ster

    June 7, 2012 at 10:40 pm

    ဒီမှာ အလုပ်အကိုင်တွေမကောင်းတော.တော်တော်များများ တဖက်နိုင်ငံတွေမှာ သွားအလုပ်လုပ်နေကြရတယ်။ တချို.ရွာတွေဆိုရင် လူငယ် ယောက်ျားလေး၊ မိန်းကလေးတွေတောင် တော်တော်နည်းကုန်ပြီလို. ကြားရတယ်။ ဒီလိုမျိုးစာတွေ ဖတ်မိစေချင်ပါတယ်။

  • မိုးတိမ်

    June 8, 2012 at 1:44 am

    အင်းပြောရရင် ကုလား အဲ ဆောဒီး(မြန်မာမွတ်စ်စလိမ်)လဲ မကောင်း
    တယုတ် အဲ (တရုပ်)လဲ မကောင်းဘူး
    ပြောရရင်ဘယ်ကောင်မှ ငါတို့အပေါ်မကောင်းဘူးဟေ့

  • ပေါက်စိန်ဗိုက်

    June 8, 2012 at 12:31 pm

    အဲဒီလောကထဲ ဝင်မိရင် တော်ယုံ ပြန်ထွက်ဖို ့မလွယ်တော့ဘူးဗျား..
    အဲတော့ လောဘမတက်ပဲ..ရိုးရိုးသားသား လုပ်စားကြဖို ့လိုဘာဒယ်နော..

  • Shwe Tike Soe

    June 8, 2012 at 1:49 pm

    ဟင်းးးးးးးးးးးးးးးးးး ရင်ထဲမှာ လေးသွားအောင်ကို ခံစားလိုက်ရတယ်ဗျာ………….
    မိန်းကလေးတွေ အမေ့ရင်ခွင်ကနေ ဝေးသွားရင် ဒီလို ဒုက္ခတွေ ခံစားနေကြရသလားဗျာ…………

    မိန်းကလေးများ ဒီလို အဖြစ်ဆိုးမျိုးတွေနဲ. ကင်းဝေးကြပါစေ ကင်းဝေးစွာနဲ. အလုပ်လုပ်နိုင်ကြပါစေ…. လို.ဆုတောင်းပါတယ်ဗျာ

  • Khaing Khaing

    June 8, 2012 at 1:51 pm

    ညလေးရေ ….. တင်ပြပေးတဲ့ညလေးကို ကျေးဇူးတင်သလို စာရေးသူကြည်ကြည်ကျော်မြကိုလဲ ကျေးဇူးပါ ….. ဒီလိုအဖြစ်အပျက်တွေကို ဝေမျှလို့လေ …

  • mamanoyar

    June 18, 2012 at 4:13 pm

    ဖတ်သင့်တဲ့ စာလေးပါ အခုလိုမျှဝေပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်

  • mamanoyar

    June 18, 2012 at 4:17 pm

    ဖတ်သင့်တဲ့စာလေးပါ အခုလိုမျှဝေပေးတာ ကျေးဇူးတင်ပါတယ်

  • sorr sorr18

    June 20, 2012 at 11:44 am

    မကြည်ကြည်ကျော်မြ အရေးအသားကောင်းတယ်ဗျာ
    ပြီးတော့ ဒီလို ပို ့စ်တွေ တင်ပေးတဲ့ ညလေးကိုရော စာရေးသူ ကိုရောကျေးဇူးတင်ပါတယ် ။
    နောက်လဲ ဒီလိုမျှဝေ ပေးနို်င်ပါစေဗျာ..။

  • နွယ်ပင်

    June 20, 2012 at 11:55 am

    တကယ့်ကို ဖတ်သင့်တဲ့ စာစုလေးပါပဲ ..
    ဖတ်ပြီးပြီးချင်း ရင်ထဲမှာ မကောင်းလိုက်တာ ..

  • မဂွတ် ထော်

    June 21, 2012 at 3:38 pm

    တကယ် ကိုစိတ်မကောင်းစရာပဲ

  • ညလေး

    June 21, 2012 at 3:51 pm

    ဟုတ်ပါတယ်………..ညလေးတို.လိုမိန်းခလေးတွေဖတ်သင့်တယ်ထင်လို.
    တင်ပေးတာပါ……..
    အားပေးကြတဲ.အားလုံးကိုလည်းကျေးဇူးတင်ပါတယ်….

  • snow white

    July 4, 2012 at 5:28 pm

    ဖတ်ရင်းမျက်ရည်ဝဲတယ် ဝမ်းနည်းသွားပါတယ် အရမ်းကောင်းတဲ့ပိုစ်လေးပါဘဲ ဖတ်လို့အရမ်းကောင်းပါတယ် ။

Leave a Reply