“နှလုံးသားလက်ဆောင်” အပိုင်း(၈)
နံနက်ခင်း အလင်းရောင်ထွက်ပေါ်လာချိန်မှာတော့ အမေ၏ ခေါ်နိုးသံကို နားထဲဝယ် ချိုသာစွာ ကြားရလေသည်။ ဘာပဲဖြစ်ဖြစ် သူ ့အတွက်ကတော့ မင်္ဂလာရှိသောနေ ့ကလေး မဟုတ်ပါလား။ သူအိပ်ယာပေါ်မှ ဆင်းခဲ ့လေသည်။
“သားရေ ထတော့လေ လူလေးအလုပ်သွားရမယ်ဆို ……..”
“သားနိုးနေပါပြီအမေ…….ရေချိုးမလို ့ပါ ပြိးရင်လာခဲ ့မယ်လေ….”
“အေး အေး မြန်မြန်ချိုးနော် အအေးမိမယ် ………… အမေ စားပွဲပေါ်မှာ သားအတွက် ထမင်းကြော်ထားတယ် စားပြီးမှ သွားနော်..”
“ဟုတ်ကဲ ့အမေ……”
ဪ အမေရယ် တာဝန်ကျေပါပေတယ်လေ။ သားကသာ အခုချိန်အထိ တာဝန်မကျေသေးတာပါ။ဒီနေ ့က စပြိးတော့ အမေ ့ကို
သား ရှာကျေ ွးရတော့မယ်ဆိုတော့ သားသိပ်ပျှော်ပါတယ် ။ အတွေးတွေကိုရပ်ရင်း အိမ်ရှေ ့သို ့ထွက်လာခဲ ့လိုက်လေသည်။အသင် ့ဖြစ်နေတဲ ့ထမင်းကြော်ပွဲလေးက စပွဲပေါ်မှာ အဆင်သင် ့ရှိနေသည်မဟုတ်ပါလား။
“အမေရေ……သားသွားပြိနော်….”
“သားရေ အလုပ်မှာ အဆင်ပြေအောင်လုပ်နော် …..ကြားလား သား………”
“ဟုတ်ကဲ ့ပါအမေ……”
ပြောပြီး အမေ ့ပါးကိုနမ်းပြိးသူ အိမ်ပေါ်မှ ဆင်းလာခဲ ့လိုက်လေသည်။ပထမဆုံး ခြေလှမ်းတွေက အားအင်တွေအပြည် ့အဝရှိနေသည်ပေါ့။အလုပ်ရှာပေးတဲ ့သူငယ်ချင်းတွေကိုလဲ ကျေးဇူးတင်မိပြန်သည်လေ။အခုဆို သူ သိပ်ချစ်တဲ ့အမေရယ် ချစ်သူအသစ်ဆက်ဆက်လေးဖြစ်တဲ ့လင်းငယ်ရယ် အလုပ်ရယ်ပေါ့ သူ ့ဘဝက ပြီးပြည် ့စုံပြီလေ။ဘာလိုအပ်ချက်မှ မရှိတော့ပါဘူး။
ညနေစောင်းလို ့ အလုပ်က ပြန်လာချိန်မှာတော့ သူ ့အတွက်အိမ်ပြန်တဲ ့လမ်းဟာ အားအင်တွေ ပြည် ့နေခဲ ့သည်မဟုတ်ပါလား။ အိမ်ကိုရောက်တော့ အပြ ုံးလေးနဲ ့ စီးကြ ိုနေတဲ ့ အမေ ့ရဲ ့ မျက်နှာလေးက သူ ့အတွက်အားဆေးတစ်ခွက်ပေါ့။
“ငါ ့ သားလေး ပင်ပန်းလာပြီ ခဏနေပြီး ရေချိုးလိုက်နော်….ပြီးရင်အမေနဲ ့ ထမင်းအတူစားမယ်…..”
“ဟုတ်ကဲ ့အမေ……..”
ရေချိုးပြီး ပြန်ထွက်လာတော့ အမေက ထမင်းအတူစားဖို ့ စောင် ့နေသည်လေ။
“သား ဒီနေ ့အရမ်းပင်ပန်းသွားပြီနော်……”
“အမေ နေ ့လည်က ဘာဟင်းနဲ ့စားလဲအမေ…”
“ဘာဟင်းဖြစ်ရမှာလဲငါ ့သားရယ်……ထုံးစံအတိုင်ပဲ ဘဲဥ ကြော်ပဲပေါ့……”
“အမေရယ် သားနေ ့လည်က ပြန်ပြီး ဟင်းပို ့မလို ့ ဘယ်လိုမှထွက်လို ့မရလု်ိ ့ပါ……တစ်ခုခုဝယ်စားရောပေါ့အမေရယ်…..”
“ရပါတယ်သားရယ် စားနေကြပဲဟာ အမေစားနိုင်ပါတယ်…..ငါ ့သားလေးသာ အလုပ်မှာ အနှောက်အယှက်ဖြစ်နေပါ့မယ်…ပြန်မပို ့ပါနဲ ့သားရယ်…”
ဒီလိုနဲ ့ဖြတ်သန်းခဲ ့တဲ ့ပျှော်ရွှင်စရာကောင်းတဲ ့ ဘဝရဲ ့အချိန်တစ်ဆစ်ချိုးကိုရောက်တဲ ့နေ ့မှာပေါ့ ပျှော်ရွှင်စရာအားလုံးဟာ ကံကြမ္မာရဲ ့လှည် ့ကွက်အောက်မှာ သူ ့ဘဝထဲက နုတ်ယူသလိုခံစားလိုက်ရသည်လေ။ သူဌေး လှမ်းခေါ်သဖြင် ့ သူ သွားခဲ ့လေသည်။
“ဒီမှာ မင်းရဲ ့ဖုန်းလာနေတယ် ကိုင်လိုက်အုံး…..”
“ဟုတ်ကဲ ့သူဌေး…..”
“ဟဲလို……..ကျွန်တော်မင်းဇော်ပါ….”
“ကို လား….လင်းပါ…..”
“လင်း ပြောလေ ဘာပြောမလို ့လဲ ”
“ညနေကြရင် ကိုနဲ ့တွေ ့ချင်တယ်……ကန်ဘောင်ပေါ်လာခဲ ့နော်….6း00နာရီလောက်ပေါ့…ပြောစရာရှိလို ပါ……”
“အင်းလေ ကိုလာခဲ ့မယ်……ဒါနဲ ့ ကို ဒီမှာအလုပ်လုပ်နေတာ ဘယ်လိုသိလဲ……..”
“ကို ့ သူငယ်ချင်းတွေပြောပြတာပါ…….ဒါပဲနော်….ဘို င် ့..”
ချစ်သူလေးနဲ ့စကားပြောပြီးတော့ အလုုပ် ပြန်ပြီး ဝင်မယ်ပြင်လိုက်တော့ ဖုန်းက ထပ်ဝင်လာလေသည်။ သူလဲ ဖုန်းလက်ခံနားထောင်လိုက်လေသည်။
“ဟဲလို……အမိန် ့ရှိပါခင်ဗျာ…..”
“မင်းဇော်ထွန်းနဲ ့ပြောချင်လို ့ပါ…”
“ဟုတ်ကဲ ့ ကျွန်တော် မင်းဇော်ထွန်းပါ…”
“ငါ မင်းခန် ့ပါ……မင်းအမေ မူးလဲလို ့ဆေးရုံတင်ထားလိုက်ရတယ်…..အဲ ့ဒါဆေးရုံကြီးကို မြန်မြန်လာခဲ ့နော်…အခုနော် အခု……”
သူ ့ခေါင်းထဲတွင်မိုးကြ ိုးပြစ်လိုက်သလိုခံစားလိုက်ရသည်။အမေ သူ ့ဘဝအတွက် အချစ်ရဆုံးအမေ ဘာမှမဖြစ်ပါစေနဲ ့…..။ အမေသာတခုခုဖြစ်ရင်ဆိုတဲ ့ အတွေးက သူ ့ကိုချောက်လှန် ့နေသည်လေ။ မဖြစ်ရဘူး အမေဘာမှဖြစ်မှာမဟုတ်ပါဘူး ရင်ထဲမှာ ဆုတောင်းမိနေသည်။အလုပ်ကနေ ဆေးရုံကိုချက်ချင်းထွက်သွားလေသည်။
ရှေ ့သို ့ဆကိပါအုံးမည်။…………အားလုံးကို ခင်မင်လေးစားစွာဖြင် ့……………..
4 comments
ဗိုက်ကလေး
May 28, 2012 at 4:53 pm
အလိုလေးဗျာ
ရုပ်ရှင်ဆန်ဆန် ကောင်းခန်းရောက်မှ မီးပျက်သလို ချစ်သူနဲ ့ ဒိတ်ထားမှ အမေက ဆေးရုံရောက်ရတယ်လို ့..
ဝတ္ထုဖတ်သလိုလို ဒိုင်ယာရီဖတ်ရသလိုလို..ဟိုလိုလို.ဒီလိုလိုနဲ ့ နှလုံးသားလက်ဆောင် ဘယ်လိုပေးမလဲ ကြည့်ပါဦးမယ်ဗျား..
aung nainglin
May 28, 2012 at 7:13 pm
အစ်ကို ဗိုက်ကလေးရေ…..
နှလုံးသားလက်ဆောင်က ပေးတော့မှာပါ….
ဘယ်လိုပေးမလဲဆိုတာကိုပဲ ဆက်ပြီး အားပေးပါအုံးနော်……
ခင်မင်လျှက်……..
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 28, 2012 at 7:26 pm
အင်းဗျာ တိုက်ဆိုင်လိုက်တဲ့ ဒရမ်မာလေးပါလား။
windtalker
May 28, 2012 at 8:43 pm
အပိုင်း ၉ ကို ဆက်ဖတ်မယ်ဗျား ။