ရွှေဥမင်………..ဝန်းကျင်မြင်ကွင်းများ


























“ရွှေဥမင်………..ပါတ်ဝန်းကျင်”
ကျနော်တို့စီးလာတဲ့ကားလေးက မြေနီလမ်းကုန်းဆင်းကြီးကိုဆင်းလာပါတယ်။
လှိူဏ်ဂူကို သွားတဲ့ဖြတ်လမ်းလို့သိရပါတယ်။
ရှေ့မှာတော့စောင်းတန်းတွေအသွယ်သွယ်ရှိနေတဲ့ ပင်းတယလိူဏ်ဂူတော်။
မြင်ရတာ လှပ မဆုံးနိုင်သော မြင်ကွင်း။
တောင်ခြေမှာတော့ စေတီအစု။
တောင်ခြေရောက်တဲ့အခါ မြေနီလမ်းလေးအတိုင်းထပ်တက်ရပါတယ်။
ကောက်ကွေ့သောမြေလမ်းကလေးမှာ စိမ်းစိုသောတောအုပ်လေးကြားက
ကားလေးက တအိအိတက်သွားပါတယ်။
မကြာခင်မှာ အပေါ်ရောက်သွားတော့ မနေ့ကလေပြင်းဝင်သွားလို့ ပြိုပျက်နေတဲ့ဆိုင်လေးကို
လူတွေက ပြုပြင်နေကြတာကို့တွေ့ရပါတယ်။
တောင်ခါးပန်းမှာတော့ ဒေသထွက်ပစ္စည်းနဲ့အမှတ်တရဆိုင်လေးတွေက တန်းစီ.။
လာတဲ့ဧည့်သည်ကို စိတ်အနှောင့်အယှက်ဖြစ်အောင်ဇွတ်မခေါ်။
ဆို်င်ထဲကို ဝင်ကြည်ု့ဖို့ ဖိတ်ခေါ်ပုံက ငြင်ငြင်သာသာ။
မြို့ကဈေးဆိုင်တွေအတုယူလောက်စရာ။
အရှေ့ဖက်ကြည့်လိုက်တော့ စောင်းတန်းနဲ့မုဒ်ဦး။
စောင်းတန်းအတိုင်းတက်သွားလိုက်တော့
လေးပစ်နေ့တဲ့မင်းသားနဲ့ ပင့်ကူကြီး။
အရင်ကတော့ ဓါတ်ပုံတွေထဲမှာမြင်ဘူးရာက အခုတော့ကိုယ်မျက်စေ့ရှေ့ရောက်။
အဲဒီရှေ့မှာ အမှတ်တရဓါတ်ပုံတွေရိုက်ပြီးစောင်းတန်းအတိုင်းတက်လာပါတယ်။
စောင်းတန်းအတက်မှာ ဖိနပ်အပ်စရာနေရာနဲ့အတူ ဘုရားသမိုင်းစာအုပ်
တိတ်ခွေနဲ့ စီဒီခွေတွေရောင်းနေတာကိုတွေ့ရပါတယ်။
စောင်းတန်းအတိုင်းတက်လာရင်း အဝေးကိုမျှော်ကြည့်တော့ လှပသော မြင်ကွင်းများက ရင်အေးစရာ။
တောင်တန်းကြိးက အရှေ့အနောက်ကန့်လတ်ဖြတ်အနေအထား။
အောက်တည့်တည့်မှာစေတီအစုစု။
မဆုံးနို်င်သောစောင်းတန်းနီနီရဲရဲ။
အရှေ့တောင်ဘက်မှာ ပုန်းတလုပ်ရေကန်။
အနောက်တောင်ဘက်မှာတော့ လွင်ပြင် ရောနေတဲ့ မြင်ကွင်း။
ကြည့်လေ လှလေ ရူ့မဝ။
လက်ကလဲ အငြိ်မ်မနေုနို်င်အောင်တဖျပ်ဖျပ်။
ဓါတ်ပုံရို်က်ကောင်းနေတုန်း သွားကြမယ် လို့အော်မှ သတိရလိုက်ပါတယ်။
ဓါတ်လှေကားနဲ့ ဥမင်လိုဏ် အဝင်ဝကို ရောက်အောင်သွားဘို့ လှမ်းခေါ်တာပါ။
စိတ်ထဲမှာ တကယ်ကြည်နူးမိပါ၏။
ဒီလိုရောက်ဖြစ်တာကိုလဲ ကံကောင်းခြင်းတရပ်ဟု မှတ်ယူပါ၏။
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
(30-5-2012)
15 comments
ကိုပေါက်(မန္တလေး)
May 31, 2012 at 9:35 am
ဒါကတော့ရွှေဥမင်လှိူဏ်ဂူထဲမဝင်မှီမြင်ရတဲ့မြင်ကွင်းလေးပါဘဲ။
Ma Ei
May 31, 2012 at 9:48 am
ကိုပေါက်ရေ…
လေပြင်းတိုက်ခံရတဲ့ဈေးတန်းကလေးက
နောက်မှာလဲ မြေပြိုနေတာတွေရှိနေလို့
ဒီ မေလကုန်ထိဘဲဖွင့်ရမှာလို့
ကျမတို့ဈေးဝယ်တော့ ပြောပြပါတယ်…
တကယ်ဘဲ သူတို့ဈေးရောင်းတာ
အေးချမ်းလိုက်တာလို့ တွေးမိခဲ့ပါတယ်…
Thit Sar Lin
May 31, 2012 at 10:31 am
လေးပေါက်ရေ ပင့်ကူကြီးပုံမြင်မှ သတိရတယ်…
မဒမ်ကြီးနဲ့ တွဲရိုက်ထားတာ ဒီမှာက်ိုး….ဟီးဟီး..
လေးပေါက်အဲဒီကိုဘယ်နှခေါက်လောက် ရောက်ပြီးသွားပြီလဲ…
Moe Z
May 31, 2012 at 10:46 am
လေးပေါက်က လွမ်းအောင်လုပ်လိုက် ..
အန်တီအိက ထပ်သွားချင်အောင်စွဲဆောင်လိုက်နဲ့ ဟုတ်တော့ဟုတ်နေပါပြီ ..
ဒီဇင်ဘာမှာထပ်သွားမယ်လို့ ဆုံးဖြတ်လိုက်ပြီ ဒါဗြဲ 😀
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 31, 2012 at 11:04 am
ကိုပေါက်ရေ နံပါတ်(၂၁)ပုံလေး အတော့်ကို အရောင်အသွေးစုံပါတယ်ဗျာ။
ahnyartamar
May 31, 2012 at 11:15 am
ဦးပေါက်ခဗျာင်္…ထိုင်ရာကနေ မြန်မာပြည်အနှံ့ရောက်နေသလိုပါပဲ…ကျေးဇူးပါ…လှပတဲ့ပုံတွေအတွက်။
ကိုပေါက်(မန္တလေး)
May 31, 2012 at 11:52 am
ကျနော်ပင်းတယကို ပထမဆုံးအကြိမ်ရောက်တာပါ
manawphyulay
May 31, 2012 at 12:17 pm
ပင်းတယရောက် မန်းလေးကိုပေါက်ပေါ့………… ပင့်ကူကြီးက ကြောက်စရာကြီးနော်…
ကိုပေါက်(မန္တလေး)
May 31, 2012 at 1:27 pm
အဲဒီပင့်ကူရှိလို့ ဒီဂူကြီးဖြစ်လာတယ်ထင်တာဘဲ
kyeemite
May 31, 2012 at 3:08 pm
ပုံ ၆(က) က မဒမ်ပေါက်ရိုက်ပေးတဲ့ ကိုပေါက်ပုံလားဗျ..
ဓါတ်ပုံလေးတွေ တော်တော်ကြည့်ကောင်းတယ်ဗျာ
စေါင်းတန်းလေးကို ရှု့ဒေါင့်အမျိုးမျိုးကရိုက်ထားတာကြိုက်သဗျာ..
pooch
May 31, 2012 at 3:19 pm
လောက်ပေးရေ ပင်းတယရောက်တုန်းက တညအိပ်ဖူးတယ်။ ကန်ကြီးနောက်က တောင်ကုန်းပေါ်က ဟိုတယ်မှာ။ လှလိုက်တဲ့ ရှုခင်း အေးလိုက်တဲ့ရာသီ ။ ပုံတွေကြည့်ပြီး လွမ်းသွားပြီ။
ကိုပေါက်(မန္တလေး)
May 31, 2012 at 4:37 pm
ဟုတ်ဘူး မဒမ်ပေါက်က ဟို့ရှေးဆုံးမှာ။
အလယ်ကလူက ကျနော်နဲ့ပါတဲ့ အဖော်။
ကိုပေါက်က အမြဲတမ်းနောက်ဆုံး……………………
aye.kk
May 31, 2012 at 8:08 pm
သာမောဘွယ်ရာကောင်းလှတဲ့..
ရွှေဥမင်…ဝန်းကျင်မြင်ကွင်းများမြင်တွေ ့ခွင့်ရလိုက်တာမို ့..
ကိုပေါက်ရဲ ့စေတနာများအတွက်အထူးကျေးဇူးတင်မိရပါတယ်။
Thel Nu Aye
May 31, 2012 at 8:56 pm
လေးပေါက်ရေ ပုံတွေအတွက်ကျေးဇူးပါ။ စုံလင်လှပလှပါတယ်။
kotun winlatt
May 31, 2012 at 9:07 pm
လေးပေါက်က တကယ်ရောက်လို့ ကံကောင်းခြင်းတစ်ရပ်လို့
ယူဆသလို..ကျနော်ကလည်း လေးပေါက်တင်ပေးတဲ့ပုံလေးတွေကြောင့်
ရောက်ဘူးသွားတာ ကံကောင်းခြင်းတစ်ရပ်ပေါ့ဗျာ…
ရှဲ..ရှဲ..