“နှလုံးသားလက်ဆောင်”(၁၀) -မိုးရိပ်
ထိုင်နေကြ ခုံတန်းလေးက အဖော်မဲ ့နေခဲ ့သည်မဟုတ်ပါလား။ နောက်ဆုံတော့ အရာရာအားလုံးက သူ ့ဘဝထဲကနေ ထွက်ခွာသွားခဲ ့ပြီလေ။ ဘာပဲဖြစ်ဖြစ် သူကတော့ သူသိပ်ချစ်ခဲ ့တဲ ့ ချစ်သူတစ်ယောက်ကို အချိန်တိုင်းမျှော်လင် ့နေခဲ ့သည်လေ။ ပြန်လာမဲ ့အချိန်လေးကိုပေါ့…………………
“ရှာလိုက်ရတာ မင်းဇော်ရယ်………”
“ဘာကိစ္စလဲကွ……”
“မင်းနဲ့စကား နဲနဲလောက်ပြောချင်လို ့ပါကွာ……..အချိန်ရရင် ထိုင်နေကြ ကော်ဖီဆိုင်လေးကိုသွားရအောင်ကွာ……”
“အင်းကွာ………ငါလဲ မထိုင်ရတာတော်တော်ကြာနေပြီ သွားမယ်ကွာ……………..ဒါနဲ ့ ဟိုကောင် ဝင်းထွန်းကောကွ…….“
“ ကော်ဖီဆိုင်မှာစောင်နေမယ်တဲ ့…….ငါ ့ကိုပြောလိုက်တယ်……”
“အေးကွာ…….မတွေ ့ရတာလဲကြာပြီဆိုတော့ ကောင်းတာပေါ့ကွာ…….”
သူတို ့နှစ်ယောက်သား ကော်ဖီဆိုင်လေးရှိရာသို ့ ထွက်လာခဲ ့လိုက်လေသည်။ ထိုင်နေကြ ခုံတန်းလေးက အဖော်မဲ ့စွာ ကျန်ရစ်ခဲ ့သည်ပေါ့………
“လာကွာ မင်းတို ့နှစ်ယောက်ကလဲ စောင်လိုက်ရတာ ညောင်ရေအိုး ဖြစ်နေပြီ…….”
“စောရီးကွာ……ဝင်းထွန်းရယ် ဒီကောင်လေ တော်တော်နဲ ့ ခုံက ထခိုင်းတာ မရလို ့လေ……”
“ဒါနဲ ့ မင်းဇော် မင်းကိုမေးရအုံးမယ်…ဖြစ်တယ်မလား”
“မေးလေကွာ….”
“ မင်းလင်းငယ် ကိုတွေ ့သေးလား……”
“ဒီနေ ့အထိ မတွေ ့ခဲ ့ပါဘူးကွာ………”
“အေးကွာ…..အကျိုးအကြောင်လေးတော့မေးဖို ့သင် ့တာပေါ့……….”
ဟုတ်သည်ပဲလေ သူငယ်ချင်းမှားက ပြောတော့လဲ သူရင်ထဲက ပိုပြီးးတမ်းတမိတာပါပဲလေ။ သူ ့အပေါ်ကိုဘယ်လောက်ပဲရက်စက်ခဲ ့ သူကတော့ ချစ်နေမြဲပဲပေါ့။ ဘာ ့ကြောင် ့လဲဆိုတော့ သူက သိပ်ချစ်ခဲ ့တာကို သူ ့အတွက်ဆိုရင် အသက်ကိုပင်ပေးဝံ့ပါတယ်လေ။………
“ဟဲ ့ လင်းငယ် ဟိုမှာ အစ်ကို မင်းဇော်မလား……..”
“နေပါစေ…….သူ ့လို ကတိမတည်တဲ ့သူနဲ ့ စကားမပြောချင်ဘူး…….”
“နင်ကလဲဟယ် သူ ့မှာ အကြောင်းအရင်းလေးတော့ရှိမယ်ထင်ပါတယ်ဟယ်………”
“ဟေ့ကောင် မင်းဇော် ဟိုမှာ မင်းရဲ ့ချစ်သူ…….”
ဝင်းထွန်းညွှန်ပြသောနေရာကု်ကြေည် ့လိုက်တော့ ဟုတ်ပါသည်လေ။ ဟိုးအရင်အချိန်တုန်းကလို လှမြဲတိုင်းလှနေတဲ ့ချစ်သူက ပြောင်းလဲသွားတာဆိုလို ့ သူ ့ရဲ ့ဆံနွယ်လေးတွေ ရှည်လာတာကလွဲလို ့ပေါ့ ။ ဘယ်အရာမှ မပြောင်းလဲသေးတဲ ့ ချစ်သူကိုကြည် ့ပြီး သူနေရာမှထလိုက်လေသည်။
“လင်း…..ကို ့ကို စကားနဲနဲလောက်ပြောခွင် ့ပြေုပါကွာ…နော်…”
“ရှင်နဲ ့စကားပြောစရာ ကျမ မှာ ဘာမှမရှိတော့ဘူး…….ရှင် ့မျက်နှာလဲ မမြင်ချင်တော့ဘူး…….ရှင်ပြန်ပါတော့ ”
“ခဏလေးပါ လင်းရယ်…….”
“တော်ပြီ တော်ပြီ….”
ပြောပြီး နောက်လှည် ့ကာ ကားပေါ်တက်ပြီ အရှန်ဖြင် ့မောင်းထွက်သွားလေသည်။
“ဝုန်း………….”
ပါတ်ဝန်းကျင်က လူတွေပြောတဲ ့အသံတွေ ……. ကားမှန်ကွဲသံတွေက သူ ့ရဲ ့နားထဲမှာ မိုးကြ ိုးပြစ်လိုက်သလို ကြားလိုက်ရလေသည်။
“ဟာ….သွားပြီ မဖြစ်ပါရစေနဲ ့…….လင်း သတိထားပါအုံးကွာ……..”
“လူနာတင်ယဉ်ခေါ်ပေးကြပါ………….လုပ်ကြပါအုံးရှင်……..”
သူ ့စိတ်တွေထဲ ဘာမှ မရှိတော့ဘူး…သွေးရောင်လွှမ်းနေတဲ ့မျက်နှာနုနုကိုသာ စိုးရိမ်စိတ်တွေနဲ ့ ကြည် ့နေမိသည်လေ…။ရင်ထဲမှာလဲ စို ့နင် ့နေပြီလေ။………..
အားလုံးကိုခင်မင်လျှက် ………….ရှေ ့သို ့ဆက်ပါအုံးမည်။။။။။။။။
4 comments
windtalker
May 29, 2012 at 9:05 pm
ဟောဗျာ ။ ခလေးမလေးခင်ဗျာ သနားစရာဗျာ ။ ဘာမှမဖြစ်ပါစေနဲ ့ဗျား…။
ဗိုက်ကလေး
May 30, 2012 at 12:09 pm
ဟာ..
အတိတ်မေ့သွားရင် ဒုက္ခ
shwe kyi
May 30, 2012 at 2:16 pm
နောက်ကျရင်ခွင့်တောင်း မနေဘဲ ပြောစရာရှိတာမြန်မြန်ပြောလိုက်မှဖြစ်မယ်။
ငါ့အမေသေပြီလို့။
aung nainglin
May 30, 2012 at 7:59 pm
အစ်ကို windtalker ရေ…
ကျေးဇူးပါပဲနော်
ဆုတောင်းပေးတဲ ့အတွက်ပေါ့
ခင်မင်လျှက်ပေါ့
အားပေးပါအုံ့းနော်