Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ပထမဦးဆုံးပြည်ပခရီး…

(၂၄)နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပထမဦးဆုံး ပြည်ပခရီးစဉ်...
ဒေါ်အောင်ဆန်းစုကြည်အားလိုက်ပါပို့ဆောင်နုတ်ဆက်သူများနှင့်အတူတွေရစဉ်...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေ ရး၄၅အချိန်တွင် ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ထွက်ခွါလာခဲ့ပါတယ်။(၂၄)နှစ်တာကာလအတွင်းမှာ သူရဲ့ပထမဦးဆုံးသောပြည်ပခရီးစဉ်လည်းဖြစ်ပါတယ်။ထိုင်းနိုင်င်္ငမှာ ကျင်းပမည့် ကမ္ဘာ့စီပွါးရေးညီလာခံမှာ မိန့်ခွန်းတက်ရောက်ပြောကြားရန်အတွက် ထွက်ခွါလာခြင်းလည်းဖြစ်ပါတယ်။လာမည့်ဇွန်လမှာတော့ ဥရောပခရီးစဉ်များကိုစတင်မှာဖြစ်ပါတယ်။

မူရင်းလင့်…ဒီမိုဝေယံမှပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

 

16 comments

  • me me ko

    May 29, 2012 at 10:24 pm

    သတင်းဦး တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်….

  • seaman

    May 30, 2012 at 12:34 am

    ထိုင်းနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိ။
    ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ TG 306 လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဒေသစံတော်ချိန် ည ၉နာရီ မိနစ် ၃ဝ အချိန်တွင် ရောက်ရှိခဲ့ပါသည်။

    ထိုသို့ ရောက်ရှိစဉ် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို အထူးရဲအဖွဲ့မှ တာဝန်ယူပေးခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိခဲ့ပြီး နောက် သီးခြားအထူးဧည့်သည်များ ထွက်ခွာလေ့ရှိသော ဂိတ်မှ မထွက်ခွာပဲ ဂိတ်အမှတ် (၁၀)မှ ထွက်ခွာခဲ့ပါသည်။

    ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်မြို့၌ နေထိုင်စဉ်ကာလအတွင်း World Economic Forum on East Asia 2012 ကျင်းပပြုလုပ်နေသည့် ရှန်ဂရီလာ ဟိုတယ်၌ပင် ခေတ္တတည်းခိုမည် ဖြစ်ပါသည်။

    Eleven Media Group

  • သားငယ်

    May 30, 2012 at 12:34 am

    ဂုဏ်ယူပါတယ် ဗျာ..အားလုံးကို အချိန်
    မှီ ပြင်ဆင်နိုင်ပါစေလို ့

  • kai

    May 30, 2012 at 9:22 am

    ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်…. နယ်စပ်က..” ပြောင်းခိုသူ”စခန်းတွေ သွားကြည့်ပြီး.. မြန်မာနို်င်ငံသားလူဦးရေ သန်းချီကို.. တွန်းထုတ်လိုက်တဲ့.. တွန်းထုတ်ဆဲဖြစ်တဲ့.. အကြောင်းရင်းကို.. သိသွားစေဖို့..မျှော်လင့်မိတယ်..

    အနည်းဆုံးတော့.. “ဒုက္ခသည်”ဆိုတဲ့.. လူသားအချင်းချင်း.. နှိမ်ခေါ်တဲ့.. ပညက်အမည်နာမကို.. ပြောင်းပစ်ဖို့.. မျှော်လင့်မိပါတယ်..။

    • etone

      May 30, 2012 at 10:26 am

      သဂျီးရေ .. ဒုက္ခသည်ဆိုတာ နာမည်သာ အချင်းချင်းနှိမ်ခေါ်သလိုဖြစ်နေတာ … အဲ့နာမည်နောက်ကွယ်မှာ မှီပြီး အခွင့်ရေး လိုချင်လွန်းလို့ … ဒုက္ခသည်အဖြစ်(တမင်ကို) လုပ်ယူထားသူတွေလည်း ရှိသေးတယ် ..ကိုင်း .. ဒါမျိုးကျဘယ်လိုပြောမလဲ ။

      • kai

        May 30, 2012 at 4:14 pm

        အခွင့်ရေး လိုချင်လွန်းရင်.. ယူကြပါစေကွယ်…
        ကိုယ်အိပ်ထဲက..စိုက်ပေးရတာလိုက်လို့…
        ကိုယ်လည်းယူချင်ယူလို့ရတာပါပဲ..။ လူသားရဲ့. .မွေးရာပါအခွင့်အရေးပါ..

        အဲဒီလိုယူသူတွေရှိနေလို့.. ကိုယ်က..သူတို့ကို..” ဒုက္ခသည်”လို့ခေါ်ရမယ်လို့ ကိုယ့်မှာ Rights မရှိဘူးဆိုတာ သိစေချင်တာပါ..
        ယူအက်စ်မှာရှိတဲ့..refugee တွေအကုန်လိုက်မေးဖူးတယ်..
        တယောက်မှ(တယောက်မှ)” ဒုက္ခသည်”လို့ခေါ်တာမကြိုက်ကြပါ..။

        ဘယ့်နှယ်.. ပညတ်သွားရာ..ဓာတ်သက်ပါ..
        ဒုက္ခတွေရောင်းနေတဲ့..ဈေးသည်လိုလို…
        ဆိုတော့…
        နောက်ဆို.. အဲလိုခေါ်တဲ့သူတွေကို.. ဒုက္ခတွေအလကားရောင်းပေးလိုက်တဲ့.. ကြိမ်စာတိုက်ပေးလိုက်မယ်.. 🙂
        ကွိကွိ..

  • etone

    May 30, 2012 at 10:19 am

    မြင်ရတာ ကြည်နူးစရာ မြင်ကွင်းမျိုးပါပဲ ။ တို့နိုင်ငံက လုထုရဲ့ခေါင်းဆောင်ကို အခုလို ပွဲမျိုးတက်လာတာသိရတော့ …. သူ့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ အတူ ပြည်ပအဆက်သွယ် လုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေပါ အခွင့်လမ်းပွင့်လာတော့မယ်ထင်တယ် …. ။

  • ahnyartamar

    May 30, 2012 at 10:54 am

    အောက်ဆုံးပုံက ကင်မရာဆရာက ဓာတ်ပုံမရိုက်ပဲ ဘာကိုကြည့်နေတာလဲ။ ဒေါ်အောင်ဆန်းစုကြည်နိုင်ငံခြားသွားတာမထူးဆန်းပေမဲ့၊ အခုတော့တစ်မျိုးကြီးထူးဆန်းသလိုခံစားရတယ်။
    သဂျီးရေ..မယ်လစခန်းကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို လိုက်ပို့မယ်ပြောတယ်။
    ရလဒ်တခုတော့ထွက်မှာပါ။

  • snow white

    May 30, 2012 at 2:19 pm

    သတင်းထူးဆိုတော့လည်းပျော်စရာပါဘဲ ကောင်းသောမျှော်လင့်ချက်လေးတွေရရှိပါစေ။

  • သားငယ်

    May 30, 2012 at 2:35 pm

    ဓာတ်ပုံသတင်းလေးတွေလည်း အဆင်ပြေရင် တင်ပေးကြပါဗျာ ဖေ့ဘုတ် ကို ဘယ်လို တွေ လုပ်ထားလည်းမသိ..ဓာတ်ပုံတွေ မပေါ်ဘူးဖြစ်နေလို ့ပါ ကျေးဇူးတင်ပါတယ် ဗျာ..

  • eipu

    May 30, 2012 at 3:26 pm

    ဂုဏ်ယူပါတယ် အမေစု

  • kyeemite

    May 30, 2012 at 3:39 pm

    ဒေါ်အောင်ဆန်းစုကြည် ထိုင်းမှာကျင်းပမဲ့ World Economic Forum on East Asia 2012
    ကိုတက်မယ်ဆိုလို့ ကျုပ်ဘကြီး ဦးသိန်းစိန်မတက်တော့တာဆိုဘဲ…ဘာဖြစ်ဖြစ်ပါ..
    ပထမဆုံးခရီး မင်္ဂလာရှိပါပေတယ်…မြန်မာ့ တိုင်းရင်းသားတွေ သွားတွေ့မှာမို့ပေါ့..

  • အရီး Khin Latt

    May 30, 2012 at 8:18 pm

    “kai says: နောက်ဆို.. အဲလိုခေါ်တဲ့သူတွေကို.. ဒုက္ခတွေအလကားရောင်းပေးလိုက်တဲ့.. ကြိမ်စာတိုက်ပေးလိုက်မယ်.. 🙂 ကွိကွိ..”
    ဟေ့ သူကြီး – အဲဒါ အထက်လမ်း ခေါ်လား ၊ အောက်လမ်းခေါ်လား 😀 ခွိခွိ..

    “kyeemite says: ဒေါ်အောင်ဆန်းစုကြည် တက်မယ်ဆိုလို့ ကျုပ်ဘကြီး ဦးသိန်းစိန် မတက်တော့ တာ ဆိုဘဲ…”
    ကကြီးမိုက် – ရှင့်ဘကြီး ကို ကျုပ်ဘကြီး က မတက်ခိုင်းတာ တော့။ 😉 ခွိခွိ..

    ဒီနေ့ဖတ်မိတဲ့ အကြောင်းတွေထဲက သဘောကျမိတဲ့ စာလေးတစ်ပိုဒ် ကို ရွာထဲမှာ မျှပေးချင်ပါတယ်။
    ဖတ်ပြီးသား ဆိုလည်း ထပ်ဖတ်မိတိုင်း ပိုပြီးအရသာတွေ့ရမယ့် အကြောင်းလေးမို့ပါ။

    Eleven Media ကနေ ကူးယူဖော်ပြပါတယ်။
    http://news-eleven.com/index.php?option=com_content&view=article&id=13873:debate–&catid=78:2009-11-13-06-25-17&Itemid=135

    ”ဆရာကြားဖူးတာ တစ်ခုရှိတယ်။ ဆရာကြီးဒေါက်တာလှဘေ ပြောတာပါ”

    ”လန်ဒန်တက္ကသိုလ်က မြန်မာစာပါမောက္ခ ဒေါက်တာလှဘေလား ဆရာ”

    ”ဟုတ်တယ်ကွ၊ ဆရာကြီး ဒေါက်တာလှဘေဟာ ပင်စင်ယူပြီး မော်လမြိုင်မှာ လာရောက်အခြေချ နေထိုင်တယ်။ သူလန်ဒန်မှာ ပါမောက္ခလုပ်စဉ်က အောက်စဖို့ဒ်တက္ကသိုလ်က အရှေ့တိုင်းယဉ်ကျေးမှုလေ့လာရေး အသင်းတစ်သင်းက သူ့ကိုဖိတ်တယ်။ ဆရာလည်း သွားပြီးဟော ပြောတယ်။ ကွင်းပြင်မှာပါ။ အဲဒီပွဲကို လာရောက်သူတွေ ရာဂဏန်းလောက်ပဲ ရှိတယ်။ အဲဒီထဲမှာ စက်ဘီးနဲ့လာတဲ့ အမျိုးသမီးလေးတစ်ယောက် ဆရာကြီးဟောနေစဉ်မှာပဲ ရောက်လာတယ်။ ဆရာကြီးက ဟောပြောနေတာဖြစ်လို့ပရိသတ်အားလုံးကို မြင်နေရတယ်။ ဆရာကြီးက ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအကြောင်း ဟောပြောတယ်။ ဟောပြောပွဲအပြီးမှာ အိန္ဒိယသား တစ်ယောက်က ဆရာကြီးဟောပြောတာကို ဆန့်ကျင်ပြီး မေးခွန်းထုတ်တယ်။ ဆရာကြီးက ဖြေပါတယ်။ ဘယ်လိုဖြေဖြေ အဲဒီလူက လက်မခံနိုင်ဘူး။ နောက်ဆုံးမှာ စောစောက စက်ဘီးနဲ့လာတဲ့ မိန်းကလေးက ကျွန်မဖြေလို့ရမလားဆိုတော့ ဆရာကြီးက ဖြေပါလို့ပြောတယ်။ ဒီအခါ မိန်းကလေးက လိပ်ပတ်လည်အောင် ရှင်းပြလိုက်တော့ စောစောက အတွန့်တက်နေတဲ့ အိန္ဒိယသားဟာလည်း လက်ခံသွားတယ်တဲ့။ ပွဲပြီးတော့ အဲဒီမိန်းကလေးက ဆရာကြီးကို လာနှုတ်ဆက်တယ်။ သူဘယ်သူလဲသိလား၊ ဒေါ်အောင်ဆန်းစုကြည်ပါပဲတဲ့။ အင်း ဂုဏ်ယူစရာပါပဲ”

  • မောင်သုည

    May 30, 2012 at 9:02 pm

    အရီးရေ…လူထုခေါင်းဆောင်ဖြစ်မယ့်သူတစ်ဦးမှာ ကိုယ်ပိုင်အရည်အချင်းတွေရှိပြီးသားပါ။အဲဒီလိုလူမျိုးကို နှစ်ပေါင်း(၂၀)ကျော်ကြာအောင် ဖိနှိပ်ထားခဲ့တာတွေက မြန်မာလူမျိုးတွေအတွက်များစွာနှစ်နာလှပါပေတယ်။။နှစ်ပေါင်း(၂၀)ဆိုတာ တိုင်းပြည်ကို ကောင်းစွာအကျိုးပြုပြီး၊တိုင်းပြည်တစ်ခုပြန်လည်တည်ဆောက်ရေးအတွက်လုံလောက်တဲ့အချိန်ပါပဲ။။။တန်ဖိုးရှိတဲ့အချိန်တွေအတွက် လွန်စွာနှမျှော်မိပါတယ်ဗျာ…

  • htoosan

    May 30, 2012 at 9:21 pm

    မြန်မာနိုင်ငံမှာထက်ပိုလုံခြုံမလား လို့ .. ပုံတွေကြည့်မိတော့လည်း ကိုသန်းထွဋ်ဦး တွေးပူသလို ပူစရာဘဲ.. ဦးကြောင်ကြီး က ဂေဇတ်ရွာသားမို့ စိတ်ချလို့ ရပေမဲ့ ဦးကြောင်ကြီး ဘော်ဘော်တွေကို သိပ်စိတ်ချလို့ မဖြစ်သေးဘူးလားလို့ .. 😀 😀

Leave a Reply