Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စဉ်းစားကြစေလိုပါတယ် ( ၂၅ ) ( Black ကို ကြိုက်တယ်တဲ့လား )

Foreign ResidentMay 31, 20126min117038

စဉ်းစားကြစေလိုပါတယ် ( ၂၅ )

( Black ကို ကြိုက်တယ်တဲ့လား )

 

အင်းးးး ဒီ Post ကတော့ ၊

ဟိုတစ်နေ့က Comment တစ်ခုမှာ တွေ့မိတဲ့ ၊

” Double Black သောက်ပြီးမှ

အာနာပါန ကျင့်တဲ့ အကြောင်း ” လေးကနေ

ထပ်တွေးမိတာပါ ။

 

ဟဲဟဲ ၊ ဦး Black Chaw အကြောင်း ၊

အတင်းတုတ်တဲ့ Post မဟုတ်ပါဘူး ။

( စိတ်ပျက်သွားပြီ မှုတ်လား ၊ ဟဲဟဲ )

 

အမှန်တော့ အဘ ဟာ ၊

သင်္ဘောသား မပီသစွာပဲ ၊

အရက်နှင့် ပါတ်သက်ရင် ၊

နကန်း တစ်လုံးမှ မသိတဲ့သူပါ ။

 

အဓိက ကတော့

၁ ။ အရက်ရဲ့ ခါးတဲ့ အရသာကို မကြိုက်တဲ့ အတွက် ၊

၂ ။ အရက်သောက်ပြီး စိတ်လွတ်တတ် မှားတတ်တဲ့ သဘောကို မကြိုက်တဲ့ အတွက် ၊

အရက် ၊ မူးယစ်ဆေးဝါး ၊ ဘီယာ တစ်ခုမှ မသောက်ပါဘူး ။

 

( အဘ လူသတ်ရင်တောင် ဆင်ခြင်ဉာဏ် မလွတ်ပဲ ၊

သတ်သင့်လို့ သတ်ရတာပဲဖြစ်ရမယ် ၊

အရက် / မူးယစ်ဆေးဝါး ရဲ့ Influence ကြောင့် ၊

စိတ်လွတ်ပြီး မှားတာ မဖြစ်စေရဘူး )

 

အခုကျတော့လည်း ၊ သင်္ဘော Shipping မှာ ၊

ISM ( International Safety Management System ) ပေါ်လာပြီး

အရက် / မူးယစ်ဆေးဝါး လုံးဝ သောက်ခွင့် မပြုတော့တဲ့ ၊

Non – Alcohol Policy သင်္ဘော ကုမ္ပဏီ တွေ ဖြစ်လာကြတဲ့အတွက် ၊

သင်္ဘောသား တွေ အရက် / မူးယစ်ဆေးဝါး မ သောက်ရတော့ပါဘူး ။

အဲတော့ ၊ အဘ လည်း အတော်ပဲ ဖြစ်သွားပါတယ် ။

 

ပြောလိုရင်းကတော့ ၊

အဘ အရက်အကြောင်း မကျွမ်းပါဘူး ။

Red Label နှင့် Blue Label ၊

ယှဉ်သောက်ကြည့်ဘူးပါတယ် ။

အဘ ပါးစပ်ထဲမှာတော့ ၊

ခါးတာပဲ သိပါတယ် ၊ ဘာမှ မထူးပါဘူး ။

အဲလောက်အထိအောင် ၊

အရက်အကြောင်း မကျွမ်းတာပါ ။

 

ဒါပေမယ့် ၊ အရက်ကြိုက်တဲ့ ရွာသူားတို့ကို ၊

Information တစ်ခု ပေးချင်လို့ပါ ။

 

မြန်မာပြည်က Johnnie Walker တွေက ၊

အတုတွေဖြစ်ဖို့ Chance အရမ်းများပါတယ် ။

 

အဘက ကိုယ်တိုင် အရက်မသောက်ပေမယ့် ၊

အပေါင်းအသင်း တော်တော် များများက ဂျိုးတွေပါ ။

ဩဇီက အခင်ဆုံးကြီး တစ်ယောက်ဆိုရင် Chivas ချစ်သူပါ ၊

Chivas တွေ Sale ချတိုင်း ပြေးပြေးဝယ်ပြီ ၊

Chivas အလုံး ၁၀ဝ လောက်ကို ၊

တစိမ့်စိမ့် ထိုင်ကြည့်ပြီး ပီတိဖြစ်နေတာပါ ။

သူ့အိမ် က အရက်ဗီရိုကြီးလည်း ညွတ်နေပါဘီ ။

ဘယ်တော့ ပြိုကျမလဲ မသိ ။

 

စကားမစပ်ပါ ၊

ဩဇီမှာ Chivas နှင့် Black က ဈေး တူူတူပါပဲ ။

ဒေါ်လာ ၄ဝ အောက် ဆိုရင်တော့ ၊

ဈေးချိုတယ်လို့ သတ်မှတ်ပါတယ် ။

 

လိုရင်း ပြန်ကောက်ရရင် ၊

ဟိုးလွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်တုန်းက ၊

အရက်အတု ကို မြန်မာပြည်မှာ လုပ်ပါတယ် ၊

ဒါပေမယ့် အဖုံးကို အတု မလုပ်နိုင်တဲ့အတွက် ၊

အဖုံးကို စားသောက်ဆိုင်တွေက ပြန် ရှာဝယ်ပြီး ၊

အတု လုပ်ရတာပါ ။

 

ဒါပေမယ့် အဖုံးကို လက်ရာမပျက်အောင် ၊

ပင်အပ်နှင့် အောက်ခြေကနေ ပါတ်ထိုးပြီးဖြုတ်ကြရတော့ ၊

အဲဒီ ပင်အပ် စဝင်တဲ့ နာနေတဲ့ နေရာလေးကို ၊

သေသေချာချာ ရှာကြည့်ရင် တွေ့ပါတယ် ။

တခါတလေ နာတာလွန်သွားရင် အဲဒီနေရာကို ၊

ဆေးအနက် သုတ်ပြီးကို ပြန်ဖုံးထားရတာပါ ။

 

တချို့ သဘာကြီးများကတော့ ၊

ဘူစီဘောင်း ထွက်နှုန်း တက်နှုန်း ကိုကြည့်ပြီး ၊

အစစ် အတု ၊ ခန့်မှန်း နိုင်ခဲ့ပါတယ် ။

အဲဒါတွေက ဟိုးလွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်တုန်းကပါ ။

 

အခုနောက်ပိုင်းမှာတော့ ။

 

Johnnie Walker Co က မြန်မာပြည်မှာ ၊

တရားဝင် Local Rep & Authorized Seller / Dealer

မပေးထားသေးဘူးလို့ ထင်ပါတယ် ။

Johnnie Walker Co က ၊

တရားဝင် ဆိုင်ဖွင့်ပြီး မရောင်းတဲ့ အတွက် ၊

Johnnie Walker ကို ကုမ္ပဏီ တစ်ချို့က ၊

Whole Sale / ထုနှင့် ထည်နှင့် တင်သွင်းနေပါတယ် ။

 

အဲဒီအခါမှာ ၊ နိုင်ငံတကာဖြစ် အတုတွေကို ၊

သိလျက် တမင် သော်လည်းကောင်း ၊

ရောပါလာတာ သော်လည်းကောင်း ၊

အများကြီး ဝင်လာ / တင်သွင်းလာ ပါတယ် ။

 

အဲဒီ အတုတွေကတော့ ၊

နိုင်ငံတကာ အဆင့်မှီ တုပထားတာဖြစ်တဲ့အတွက် ၊

အဘ အပေါ်မှာ ပြောခဲ့သလို စစ်လို့ မရတော့ပါဘူး ။

 

အဘ ရဲ့ လက်ရှိ အခင်ဆုံး အတွဲဆုံး ၊

သူငယ်ချင်း တစ်ယောက် ရှိပါတယ် ။

သူက ” Nothing Less Than Black ” ပါ ။

Black ထက် နိမ့်တာကိုလည်း လုံးဝ မသောက်ပဲ ၊

ငယ်စဉ်ကတည်းက Black တစ်မျိုးတည်းကိုပဲ ၊

တစိုက် မတ်မတ် စွဲစွဲမြဲမြဲ သောက်ခဲ့သူပါ ။

( ဂီဂီ့ စကား နှင့် ဆိုရရင် Brand Loyalty ရှိသူကြီးပေါ့ )

 

Black တစ်မျိုးတည်းကိုပဲ တစိုက် မတ်မတ် စွဲစွဲမြဲမြဲ သောက်ခဲ့လို့ ၊

အတု ကို ဘယ်လောက် ပိရိအောင် လုပ်လုပ် ၊

သူ့လျှာ ကိုတော့ ဘယ်လိုမှ လိမ်လို့ မရပါဘူး ။

သူ့ အပြောအရတော့ မြန်မာပြည်ထဲမှာ ၊

ရောင်းဝယ် ဖေါက်ကားနေတဲ့ ၊

Johnnie Walker, Black Label အရက် ၊

၆ဝ % လောက်ဟာ အတုတွေပါတဲ့ ။

 

သူ့အဖေဟာ နအဖ ခေတ်က ၊

နာမည်ကျော် ဝန်ကြီး တစ်ပါးပါ ။

အခုလည်း လွှတ်တော် ကိုယ်စားလှယ်ပါ ။

Even သူ့အဖေကို လာကန်တော့တဲ့

အရက်တွေ ထဲမှာတောင် အတုတွေ ပါနေပါတယ် ။

 

အဲဒီ ပြဿနာကို သူဘယ်လိုဖြေရှင်းသလဲဆိုတော့ ၊

Black ကို နိုင်ငံခြား Duty Free Shop / Air Line ကနေ ၊

လူကြုံမှာပြီးသောက်နေရပါတယ် ။

 

ရန်ကုန်မှာ ဝယ်ရင် ၄ သောင်းလောက်ပဲရှိတဲ့ Black ကို ၊

နိုင်ငံခြားကနေ သယ်ခ အပါအဝင် ၊

၆ သောင်းလောက် ပေးပြီး ဝယ်သောက်နေလေရဲ့ ။

KTV တွေ Restaurant တွေမှာ ၊

ပုလင်းဖွင့်ခ တစ်သောင်းပါပေါင်းရင် တစ်ပုလင်း ရ သောင်းပေါ့ ။

အဘ လည်း နိုင်ငံခြားကပြန်လာတိုင်း ၊

သူ့အတွက် အနဲဆုံး Black တစ်ပုလင်း ဝယ်လာပေးရပါတယ် ။

 

အောက်ကပုံတွေကတော့ ၊

ယိုးဒယားနိုင်ငံ Hatyai ဆိုတဲ့ မြို့မှာ

Johnnie Walker အတုလုပ်တဲ့နေရာ ( Shop House ) ကို ၊

ထိုင်း ရဲတွေ ဝင်ဖမ်းတုန်းက ဓါတ်ပုံတွေပါ ။

 

ပုလင်း အဖုံး ကော ၊ ပက်ချင်တဲ့ လည်ပင်းလေး ကော ၊

တံဆိပ် Label ကော ၊ ဘူးခွံ ပါ အတုလုပ်နိုင်မှတော့ ၊ သေဘီပေါ့ဗျာ ။

သောက်မကြည့်ဘဲနှင့် ၊ ဘယ်လိုမှ အတု အစစ် ခွဲလို့ မရတော့ဘူးပေါ့ ။

 

တံဆိပ် Label တောင် မကပ်ထားသေးဘူး ။

 

ပုလင်း အဖုံး နှင့် ပက်ချင်တဲ့ လည်ပင်းလေး တွေ ။

 

ဘူးခွံ တွေ တစ်ထပ်ကြီး ။

 

လက်နက် ကိရိယာတွေ နှင့် တံဆိပ် Label တွေ ။

 

ပုလင်း အဖုံး တွေလေ ။

 

ထိုင်း ရဲ က ဝင်ဖမ်းပြီပေါ့ ။

 

ထိုင်း ရဲ က ဝင်ဖမ်းပြီပေါ့ ။

 

အနီလား အနက်လား ကြိုက်ရာရွေး ပေတော့ ။

 

 

 

အဲဒါလေးပါဗျာ ၊

အရက်ကြိုက်တဲ့ ရွာသူား တို့ကို ၊

အတုတွေ အရမ်းများတဲ့ အကြောင်း သတင်းပေးတာပါ ။

သိပြီးသားသူများ အတွက်ကတော့ Sorry ပါဗျာ ။

 

အဲဒီတော့ကာ ၊

အတုဖြစ်ဖို့ Chance အရမ်းများတဲ့ Black ကို ၊

ဈေးကြီးပေးပြီး ဝယ်သောက်မယ့် အစား ၊

အစစ်ဖြစ်မှာ သေခြာတဲ့ Grand Royal လေး ဆိုရင်ကော ၊ ဟဲဟဲ ၊

သူလည်း Whiskey ပဲ လို့ပြောတာပဲလေ ၊

ပြည်တွင်းဖြစ်ကို အားပေးရာလည်းရောက်တာပေါ့ ၊

တနည်း ၊ နိုင်ငံချစ်စိတ်ကို ပြသရာလဲ ရောက်သပေါ့ ။

အရသာတော့ ၊ အဘ မသိဘူးလေ ။

အဟိ ၊ စဉ်းစားမိတာလေးပါ ။

 

တော်သေးဘီ ။

 

အဘ Foreign Resident ။

 

Photo Credit to

http://www.bollywoodtorrents.me/threads/297924-

Johnnie-Walker-Black-Label-Made-in-MALAYSIA

38 comments

  • htoosan

    May 31, 2012 at 6:44 am

    blacklabel ပုလင်းထဲ grand royal ပြန်ထည့်ပြီးမှ သောက်မယ်.. 😀
    ကိုဗိုက် က ဘဖောပြန်လာရင် သူ့ အတွက်တော့ ဝယ်လာပေးဘူးဆိုပြီး ရစ်တော့မယ် …. 😀

  • kai

    May 31, 2012 at 7:12 am

    မြန်မာပြည်မှာဝယ်ရင်.. ၈ဝရာခိုင်နှုန်းအထက်က အတုတွေဖြစ်ဖို့များပါတယ်..
    ရာခိုင်နှုန်းတင်ပေးလိုက်ကြောင်း.. 🙂

  • Ch@vez

    May 31, 2012 at 7:14 am

    ဆေးဆိုးထားတဲ့ ကန်စွန်း နဲ့ မျှစ် …
    နာနေတဲ့ ဒါမှမဟုတ် မသန့်တဲ့ ဝက်နဲ့ကြက်
    ခဲလေးဘာလေး ထိုးထားတဲ့ ငါး..
    ငှဲ့ချက်ထားလို့ အဟာရမပြည့်ဝတဲ့ထမင်း ..
    ရေသန့်ပုလင်း ပါတဲ့ စားအုံးဆီအကြော်..
    မီသိုင်းအယ်လကိုဟော် မစင်တဲ့ အရက်အတု

    ဟံမာမင်း ..ဒါတွေ မျိုလို့ စို့လို့ကတော့
    အသက်တိုတာ မဆန်း…

    ကိုဘေးနွားကို ဒက်ဘယ်ဘလက်နဲ့ မြည်းသူတွေကတော့
    အာနာပါနလေးနဲ့ ..သောက်တာကို သောက်တယ်မှတ်ပီး သကာလ
    လစ်မစ်လေး ထိန်းနိုင်တော့ ကုသိုလ်တောင်ရပီး …
    အသက်ရှည်ပေမပေါ့ဗျာ …
    အာ..ဟိ
    ဒက်ဂလောက်

    • kai

      May 31, 2012 at 7:29 am

      အာနာပါနရှု့တာရဲ့..အဓိကရည်ရွယ်ချက်က.. ထွက်လေ..ဝင်လေကနေ.. စိတ်ကိုလိုက်ဖမ်းတာပဲ..။ သမာဓိရအောင်ပေါ့..။
      မိရင်..လုပ်တာတွေကို.. မှတ်တယ်..။ ဖြစ်ပျက်မြင်အောင်လုပ်တယ်..။
      ကသိုဏ်းမှာ.. အာကာသကသိုဏ်းနဲ့. သဘောတရား.တော်တော်တူပါတယ်..။

      ဆိုတော့..
      ဂျပန်က.. ဥုံဂိုဏ်း(ဥုံရှင်လိကယော) က.. စိတ်ရဲ့အဓိကထိမ်းချုပ်ရာ..ဦးနှောက်ရှိတဲ့..ခေါင်းမှာ မိုက်ကရိုလျှပ်စီးထုတ်ပေးတဲ့.. ဓါတ်ခမောက်ဆောင်းပြီး တရားကျင့်ခဲ့တယ်..။
      ဘာလုပ်လုပ်..ရည်ရွယ်ချက်က.. ချည်တိုင်မှာမိနေတဲ့နွားရိုင်းလိုစိတ်ကို.. ဖမ်းတာပဲ..

      တိုတိုပြောမယ်..
      ..
      အတုတွေခောတ်စားပါတယ်..
      ဟိန္ဒုကျင့်စဉ်တွေကိုတောင်.. နာမယ်ပြောင်း.. လုပ်နေကြရတာပါ..
      အတုပေါ့..

      မယုံရင်.. ယောဂဆရာတွေမေးကြည့်..
      အာဟိ… 🙂

      • boy

        May 31, 2012 at 8:56 am

        သူကြီးကို video clk လေးတခုပို့ချင်လို့ ဘယ်လို့လုပ်ရမလဲဗျာ

  • boy

    May 31, 2012 at 8:36 am

    စဉ်းစားသွားပါ၏…

  • အိမ်လွမ်းသူ

    May 31, 2012 at 8:41 am

    ဟုတ်တယ် အဘရေ ကိုယ်ကလဲကြိုက်တဲ့သူမှို့ ဒီမှာ နေ့တိုင်းမဟုတ်တောင် ( နေ့တိုင်းနီးပါး . ဟိဟိ.. ) အိမ်မှာနဲနဲမှီဝဲတတ်သူမှို့ အရမ်းကြီးမဟုတ်တောင် တော်တော်လေးတော့ အရသာကိုသိနေပါတယ်။ ရန်ကုန်ပြန် ရောက်လို့ ဝယ်သောက်ရတဲ့ အခါ အရသာက တော်တော်ကွာနေတာ တော့သတိထားမိတယ်။ အရေးထဲ ကိုယ်ကို ကိုယ် အရက်သမားမှန်း သိအောင်ကြွားနေပြန်ပြီ။ ဟိ..ဟိ….

    • Foreign Resident

      May 31, 2012 at 10:18 am

      တွေ့လား ။ ကိုယ်တွေ့ ထောက်ခံတဲ့သူ ပေါ်လာပြီ ။

  • ahnyartamar

    May 31, 2012 at 9:09 am

    အင်း…အရက်ဖြတ်တော့မယ် FR ခဗျာင်္း….

    • Foreign Resident

      May 31, 2012 at 10:20 am

      သာဓု ။ သာဓု ။ နှစ်ခါပဲ ရှိသေးတယ်နော် ။ သဘောပေါက် ။ 😛

  • kyeemite

    May 31, 2012 at 9:11 am

    တော်သေးဗျာ ကျုပ်ကပြည်တွင်းဖြစ်ကို
    မျိုးချစ်စိတ်အပြည့်နဲ့အားပေးနေလို့…
    ဟေ့…ရွာထဲက နယ်စည်းမခြားအဖွဲ့ဝင်တွေ..သတိထားကြနော်…
    ကိုရင်အက်အာကြီးသတိပေးနေပြီ..

  • ရွာစားကျော်

    May 31, 2012 at 9:19 am

    ဟာ တော်သေးတယ်.. သေပြီဆရာဖြစ်တော့မလို့..
    စနေနေ့ကပဲ ဂျန်းရှင်းရောက်တုန်း ဘလက်ပုလင်းကြီး မျက်စောင်းထိုးခဲ့သေးတာ
    မုန်ထန်တဲ့ အပေါင်းအသင်းတွေ လက်ဖွဲ့စရိတ်များနေတာနဲ့ ဟိုက်ကော်မရှင်နာပုလင်းလေးပဲ ဆွဲလာခဲ့တာ
    တော်ဘီတော်ဘီ.. နောက်ဆို ပြည်တွင်းဖြစ်ပဲ အားပေးတော့မယ်..
    အေ့..
    ကျေးကျေးပါ ဘဖောရေ..

  • mg mg

    May 31, 2012 at 9:50 am

    အဘဖော
    Grand Royal ကြော်ငြာခဘယ်လောက်ရလဲ။

  • ကြောင်ကြီး

    May 31, 2012 at 9:51 am

    ကျန်နော်လည်း အဘဖောပြောဒဲ့ အရက်မသောက်ရခြင်း အကြောင်းအရင်း ၁နဲ့၂ ကို သဘောတူတယ်။ အဆင်း အနံ့ ပုလင်းပုံဒီဇိုင်းတွေကိုတော့ အကြိုက်သား… မနှစ်သက်ဆုံးဂဒေါ့ မူးတဲ့အခါ (တစိတ်မူးမူး တပိုင်းမူး…) ဆင်ခြင်တုံမဲ့ စိတ်လွတ်ကိုယ်လွတ် ပြုမူပြောဆိုမိသွားရတာကိုဗဲ…။ ငယ်ငယ်က အဖေအရက်ပုလင်း ခိုးသောက်ပီး ပုံစံမပျက် ရေနွေးကြမ်းရောဖူးတယ်..။ လုပ်ပါများလို့ အဖေဂ ရိပ်မိကြောင်း သွယ်ဝိုက်ထုတ်ပြောမှ ရပ်လိုက်ရတယ်။

    • Foreign Resident

      May 31, 2012 at 10:21 am

      ဟုတ်ပါ့ ။ တချို့ ပုလင်းခွံလေးတွေဆို ပစ်ရက်စရာတောင် မရှိဘူး ။

  • ဦးဦးပါလေရာ

    May 31, 2012 at 10:16 am

    အရက်အကြောင်းကတော့ ဉာဏ်မမီလို့ မပြောတော့ပါဘူး…

    အတုအကြောင်းလေးတော့-

    တစ်လုံးမှ မြန်မာငွေငါးဆယ့်ငါးကျပ်ရတဲ့ ကြက်ဥအတုတောင် လုပ်ရောင်းသေးတာ

    ဂျော်နီဝါကားလိုဟာမျိုး အတုမလုပ်ရင် ရူးရာကျတော့မပေါ့…။

    အဓိက က ကျုပ်တို့ဆီမှာ အဲဒီ ကိုယ်စားလှယ်/ ဆိုင်ခွဲ/ ရုံးခွဲ မရှိမချင်း အစစ်သောက်ချင်ရင် စိတ်ချရတဲ့နေရာက မှာသောက်ပါလို့သာ အကြံပေးချင်တယ်။

    လက်ရှိအလုံးအရင်းဝင်နေတဲ့လမ်းကြောင်း ၂ မျိုး(၂ကြောင်းမဟုတ်)က
    ၁- သင်္ဘောပေါ်က သမ္ဗာန်ပေါ် ကပ်ချပြီး လှေနဲ့ဝင်တာ။
    ၂- နယ်စပ်က တရားမဝင်ဂိတ်တွေက လမ်းကြေးပေးပြီးဝင်တာ လို့ နားလည်ထားတယ်။

    အဲဒိဘရုတ်သုတ်ခနည်းနဲ့ကုန်သွယ်နေရသရွေ့ ကုန်စည်တွေရဲ့ အရည်အသွေးကို ဘယ်လိုမှ ထိန်းချုပ်နိုင်မှာမဟုတ်ဘူး။ အတုလုပ်ရောင်းတဲ့ သူများနိုင်ငံက ချမ်းသာသွားပြီး အစစ်သုံးဘို့ အခွင့်အလမ်းနည်းလို့ အတုသုံးစွဲရတဲ့ နိုင်ငံက နစ်နာမှာပဲ။

    အစကတည်းက ဟိုဟာပိတ် ဒီဟာဆို့ လုပ်နေတာတွေဟာ အမြဲ ခုတ်ရာတခြားရှရာတလွဲဖြစ်နေကျ..။
    အဲဒါလဲ ရာစုနှစ်ဝက်ကျိုးလို့မှ အမှတ်မရှိ……။

  • ဦးဦးပါလေရာ

    May 31, 2012 at 10:17 am

    ပြီးတော့ ခင်ဗျားတို့က တရုတ်တွေကို တော်တော်လျှော့တွက်ထားတာပဲ….

    ပြောတော့ပါဘူး….. 😛

  • z-Z

    May 31, 2012 at 10:21 am

    ဘီယာဘဲကြိုက်တဲ့ ဇက်ဇက် အတွက်ကတော့ စိတ်မပူသေးပီ ….. 🙂

  • blackchaw

    May 31, 2012 at 10:39 am

    သိရင် မသိချင် ယောင်ဆောင်နေ ဆိုတဲ့စကားလေးတောင် သတိရသွားတယ် FR ကြီးရေ။
    အတု ဖြစ်နိုင်မှန်း သိသိကြီးနဲ့ကို ဂုဏ်ယူဝင့်ကြွားစွာ သောက်နေကြရတဲ့ ဘဝကြီးဗျ။
    ဒါတောင် အမြဲတမ်း နက် နိုင်ကြတာ မဟုတ်ဘူးနော်။
    အများအားဖြင့် နီ လောက်နဲ့ နှစ်ပါးသွားနေကြရတာ။
    (အော် နီ ဆိုလို့ မနေ့က အနီရောင် ပို့စ်တောင် သတိရမိသေး ဟေးဟေး…)။
    ပို့စ်တင်ပြီး သတိပေးတာ ကျေးဇူးပါ အဘရေ။
    ဒါပေမယ့် အတုထဲက ဘဝတွေဆိုတော့
    အတုကိုပဲ အစစ်လို့ ထင်ပြီး
    အစစ်လာတိုက်ရင်တောင် ရင်ပူတယ် လို့ ပြောကြမှာဗျ။
    စကားအတင်းစပ်ဗျာ…။
    ဒီညတောင် အနီ လေး တစ်လုံးလောက်ထောင်ကြပြီး
    အသားကင်လေးစားကြမလားလို့…။
    အနီကတော့ တုချင် တုပေါ့
    အသားကင်တွေပါ အတုတွေဖြစ်နေရင်တော့ …။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 31, 2012 at 10:43 am

    ဟုတ်ဘာဘီ
    ဟုတ်ဘာဘီ
    ဒါ့ကြောင့်တစ်ခါ တုန်းကဆို အနီပုလင်းကြီးဒဘလင်းဂို ( အလဂါးရလို့ ) နှစ်ယောက်ချတာ မမူးဘူးဆိုပြီး
    ကိုယ့်ကိုယ်ကိုယ်အထင်တွေကြီးနေတာ အိုင်အမ်ဘဲရီးဘဲရီးစတောမ်းး ဆိုပြီး
    သံသယဖြစ်လို့ပေးတဲ့သူကိုမေးလိုက်မိသေးတယ်
    အရက်ကအတုကြီးလားမသိဘူးလို့ ဆိုတော့ ဂျူတီဖရီးဆိုင်ကနေဝယ်လာပါသတဲ့ ဘောဇိဂ
    ဟုတ်ပါတယ်ဝီစကီဆိုတာ ဘုရားမကြိုက် နတ်မကြိုက်ပါဘူး ( ဝီစကီသောက်တဲ့နတ်ဆိုတာအတုပါ )
    ရွာထဲက ဒါယဂါမကြီးတစ်ယောက်မှာလည်း နှစ်ချို့ဂျော်နီကလား ဒဘုလင်းရှိဒယ်လို့
    သဒင်းရထားတယ် ဘုန်းဘုန်းကိုလှူလိုက်ပါလား ဒဂါမဂျီးရယ်
    အလှူခံဘာဒယ်

  • ဗိုက်ကလေး

    May 31, 2012 at 12:13 pm

    တော်သေးတယ်..
    ကျုပ်က အရက်မသောက်တတ်လို ့ အတုနဲ ့ မညားခဲ့တာ

    • Moe Z

      May 31, 2012 at 12:38 pm

      အေးလေ ဘီအီးပဲသောက်တာကို နော့ ..

      • ဗိုက်ကလေး

        May 31, 2012 at 12:41 pm

        အလို..
        စနစ်ကြောင့်..မဟုတ်..စနစ်ကြောင့်မဟုတ်..စ်.

    • Foreign Resident

      May 31, 2012 at 2:43 pm

      ” တော်သေးတယ်.. ကျုပ်က အရက်မသောက်တတ်လို ့”

      ကိုဗိုက် တကယ်လား ???
      အဘ က သင်္ဘောကဆင်းပြီး ၊ ဩဇီ မပြန်ခင်လေးမှာ ၊
      ရန်ကုန်မှာ MG က အရက် ကြိုက်သူများ နှင့် ၊
      တစ်ခါလောက် ဝိုင်းလိုက်မလားလို့ ၊
      စဉ်းစားနေတာနော် ။

      ဟိုတစ်ခါ တွေ့တုန်းက မိန်းကလေးတွေ ပါနေလို့ ၊
      MG က အရက် ဆရာတွေ မပါနိုင်ခဲ့လို့ ၊
      အခု သူတို့ နှင့် သပ်သပ် ဝိုင်းမလားလို့ စဉ်းစားနေတာ ၊
      အခုတော့ ဦးဗိုက်က အရက် မသောက်တော့ဘူး ဆိုတော့ ၊
      ခက်တာပဲ ။ 😛

      • ဗိုက်ကလေး

        May 31, 2012 at 2:53 pm

        ဘယ်ဒေ့ါလဲဟင်င်.

        • Foreign Resident

          May 31, 2012 at 7:03 pm

          ဦးဗိုက် ။

          အဘ တကယ်ပြောနေတာ ။
          တစ်လ အတွင်း ရန်ကုန် ပြန်ရောက်မယ် ။
          ဆုံကြမယ် ဆိုရင် လူ စုထားလေ ။
          လူဘယ်နှစ်ယောက်လောက် ဖြစ်မလဲ ။
          လူများရင်တောင်မှ ၊
          အကင်ဆိုင် နှင့် အနီလောက်တော့ အဘ ဖြုန်းနိုင်ပါတယ် ။
          အဘ ရောက်ရင် ၊
          ကို ဘလက်တို့ ကိုနိုဇိုမီတို့ ကိုရင်စည်သူတို့ကို ၊
          ဖုန်းဆက်လိုက်မယ် ။

  • Ch@vez

    May 31, 2012 at 12:45 pm

    အဘဖော

    ဘယ်က လွဲတယ်တော့မသိဘူးဗျ..
    နည်းနည်းလေးတော့ လွဲနေတယ်..
    အဘပြောတော့ ယိုးဒယားရဲတွေဝင်ဖမ်းတာရှို..
    အောက်က ခွက်ဒစ် လင့်ခ် ကျတော့
    ဂျော်နီဝါးကား ဘလက်လေဘယ် မိတ်အင် မလေးရှိယား တဲ့ ..
    :mrgreen:

    • Foreign Resident

      May 31, 2012 at 2:27 pm

      ဂီဂီ ရဲ့
      အဲဒီ သတင်းကို အဘ သေချာလိုက်ကြည့်ပြီးပါပြီ ၊
      တကယ့် လူဆိုးခေါင်းဆောင်က မလေးရှား လူမျိုးကွယ့် ၊
      သူက ယိုးဒယား နိုင်ငံထဲမှာလာပြီး အတုလာလုပ်တာ ၊
      အဲဒါကို ယိုးဒယား ရဲက ဖမ်းလိုက်တာ ။
      အဲဒီ ရဲ ယူနီဖေါင်းက ယိုးဒယား ရဲ ယူနီဖေါင်း ။

      ဓါတ်ပုံ Link က ခေါင်းစဉ် မှားရေးတာ ။

    • လူ ဟား

      May 31, 2012 at 2:47 pm

      ရဲ ယူနီဖေါင်းကတော့ ထိုင်းက ရဲပါပဲ…

  • amatmin

    May 31, 2012 at 1:42 pm

    အရက်သောက်တာ မကောင်းမှန်းသိပေမဲ့..
    သောက်ချင်လို့ သောက်မိနေတဲ့နောက်တော့ …
    အတုနဲ့ မိလည်းမရှောင်သာနိုင်သေးတဲ့ဘဝမို့ .. 🙁
    အတုရှိမှန်းသိပေမဲ့လည်း …
    ရနိုင်သလောက်အစစ်ကို ရှာသောက်ရင်း.ဆက်မူးရမှာပဲရယ်..
    ပြီးတော့ ပြည်တွင်းဖြစ်ကို အားပေးမယ်ဆိုရင်လည်း.ဈေးနှုန်းက နေ့တိုင်းသောက်ဖို့ တတ်နိုင်တော့ကာ.
    နေ့တိုင်းသောက်ဖြစ်နေမယ်..ကြာလာရင် အရက်စွဲနိုင်တယ်.. 🙁
    လေဘယ်ကတော့ ဈေးကြီးအရက် ဆိုတော့ကာ..နေ့တိုင်းတော့မသောက်နိုင်ဘူးရယ်..
    နေ့တိုင်းမသောက်ဖြစ်ရင် .အရက်စွဲဖို့ အကြောင်းအတော်ဝေးပြီပေါ့.. 🙂

    • Foreign Resident

      May 31, 2012 at 2:33 pm

      သူကလည်း ၊ သူ့အကြောင်းပြချက်လေးနှင့်သူပဲ ။ Carry on ။ 😛

      • Ch@vez

        May 31, 2012 at 2:46 pm

        ဒီတခါတော့ အူးဗိုက်ရဲ့ မာယာ ကို အဘ ခံလိုက်ရဘီ…
        သူက မသောက်တတ်ဘူး ပြောတာလေ..
        မသောက်တော့ဘူး ပြောတာမဟုတ်ဘူး ..

        ..မသောက်တတ်တော့ သောက်တိုင်းမူးတာပေါ့ဗျာ…
        :mrgreen:

        အာ ဟိ

  • pooch

    May 31, 2012 at 2:06 pm

    အတုတွေ မို့ထင်ပါရဲ့ တမြန်မနေ့ကပဲ အသိတယောက်ဆုံးသွားပြန်တယ်။ အသဲပါပဲတဲ့။ ၅ဝ ဝန်းကျင်ဆိုတာ နေမယ်ဆိုအတော်လေးကို နေပျော်ပါသေးတယ်။ ခုတော့ အသဲရောဂါသည်တွေ တနေ့တခြားတိုးတိုးလာတာ ရာသီဥတုပူတာတမျိုး အတုတမျိုး ၊ အဆင်အခြင်မဲ့တာတွေ ကြောင့်လည်း ပါမယ်ထင်ပါတယ်။

    မန္တလေးမှာ အခု liquor ဆိုင်သီးသန့်လေး တခမ်းတနားနဲ့ ကို ရောင်းတဲ့ဆိုင် ဒီနှစ်ပိုင်းထဲ တွေ့လာတယ်။
    အခင်းအကျင်း အပြင်အဆင်ကတော့မဆိုးပါဘူး။ ဟိုတခါ အဘဖောလား သူကြီးလားမသိ ရိုက်ပြထားသလိုမျိုးပဲ ။ ကွာလတီတော့ မပြောတတ်ဖူး။ ဆိုင်ကလည်း ဖွင့်ခါစ ရှိသေးအတော်ရောင်းကောင်းတဲ့ပုံပဲ ။ ဖြတ်သွားမိတိုင်း လူစည်တယ်။

    ပိုက်ဆံရှိတာတောင် အစစ်မသောက်ရဘူးဆိုတော့ အရက်သမားတွေ ကိုယ်စား စိတ်နာသွားပါတယ်။
    ပြောရရင် ဒီတမျိုးထဲ မဟုတ်ပါဘူး။ ရှိသမျှ နာမည်ကြီး brand တော်တော်များများလည်း အတုတွေပဲဟာ။

    • Ch@vez

      May 31, 2012 at 2:47 pm

      အာပျိုဂျီး အတု တွေလည်း ပေါလာတယ် ဆိုလား….
      :mrgreen:
      ဝှစ် ဝှစ်….

  • ကိုရင်စည်သူ

    May 31, 2012 at 9:51 pm

    အင်း.. အဘ.. အဘ.. သိပ်ရက်စက်တဲ့ အဘ..
    ဩစီမှာ ချိဗတ်တွေ စင်ကွေးအောင် ထားထားတာတောင်..
    တားတို့ကို မတိုက်ဖူး… အဟင့်… အဘရယ်.. တားတို့.. ဘောဘော
    ပေါ်မှာ တရုတ်က အာဘင်အရက်၊ ဘီယာတွေကို အိမ်ကပါလာတဲ့
    ဇာပျံလေးကတို့ရက်ဆားလေးနဲ့ မြည်းပီး သောက်နေရတဲ့
    လေးငါးရာစား ခရူလေးတွေဘဝကို တွေ့ရင်
    တော်တော်သနားမိမှာနော်… ဒါကြောင့် သူများဆီက အလကား ဖလာရတဲ့
    လေဘယ်တွေရရင် သောက်တာ ကိုယ့်ကို မူးဘူးဆိုပီ.. အထင်ကြီးနေမိတာ
    တကယ်တော့ အင်မိနေတာကိုး…
    ဒါနဲ့ အဆက်အစပ်မရှိပဲ ထပ်စဉ်းစားလိုက်မိသေးတယ် အဘရေ…
    ကိုယ်က တံဆိပ်ကပ် အစစ်လို့ထင်တဲ့ ကညာလေးတွေကော
    ဒီခေတ်ကြီးမှာ အဲ့လိုတွေ ဖြစ်ကုန်ပီလားဟင်…
    ရုပ်ချော၊ သဘောကောင်း၊ smart ဖြစ်တဲ့ အဘ သူကြီးကို
    အီးတီနဲ့ တားတား ရွှေလီမှာ ထွေလီလီနဲ့ စောင့်နေလိုက်မယ်နော်… ဟိဟိ… 😳 😳

    • Foreign Resident

      June 1, 2012 at 5:49 am

      ” လေးငါးရာစား ခရူလေးတွေဘဝကို တွေ့ရင်
      တော်တော်သနားမိမှာနော် ”

      ကိုရင် ။
      မမေ့နှင့်နော် ၊
      သင်္ဘော လောကမှာ ဖြတ်လမ်း ဆိုတာ မရှိဘူး ၊
      မိုးပေါ်ကကျလာတယ်ဆိုတာ မရှိဘူး ၊
      အဘတို့ လည်းငယ်စဉ်က အနှိမ်ခံ အခိုင်းခံ ဘဝ နှင့် ၊
      လှိုင်းဒါဏ် လေဒါဏ် အတူခံပြီး ၊
      အန္တရာယ်တွေကြားမှာ ဖြတ်သန်းပြီးမှ ၊
      ” အခုလို ” ဘဝ မျိုးကိုရောက်လာတာပါ ။
      ဖြတ်သန်းခဲ့ရတဲ့ လမ်းတွေ ကတော့ ၊ အတူတူပါပဲကွယ် ။

      တစ်ခုတော့ ဝန်ခံပါတယ် ၊
      စ ခဲ့တဲ့ ဘဝ စမှတ် တွေက မတူခဲ့လေတော့လည်း ၊
      ဖြတ်ခဲ့တဲ့ ၊ လျှောက်ခဲ့တဲ့ လမ်းတွေ တူရင်တောင် ၊
      ပေါက်ခဲ့တဲ့ ခရီး / ရောက်ခဲ့တဲ့ ပန်းတိုင် နဲနဲကွာနိုင်ပါတယ် ။

      တချို့က ဘဝကို လုံးဝ ” သုည ” ကနေစခဲ့ရပေမယ် ။
      တချို့က စကတည်းက ဘဝကို ” ၅ဝ ” လောက်ကနေ စခဲ့တာလေ ။
      အဲတော့ ” ၂၅ ” အစိတ်ဖိုးလောက် ရှောက်ခဲ့တာချင်း တူရင်တောင်မှ ၊
      ရောက်တဲ့ ခရီးက ” ၂၅ ” နှင့် ” ၇၅ ” ကွာနေတာပေါ့လေ ။

      ဘယ်လိုလုပ်မလဲ ကိုရင်ရယ် ၊
      အဲလိုအခြေအနေမျိုးကိုတော့ ၊
      စ ကတဲက ဗိုလ်ချုပ်တွေ ၊ သူဋ္ဌေးတွေရဲ့
      သားသမီးအဖြစ် မွေးဖွားလာတာ မဟုတ်ခဲ့လေတော့ ၊
      ( ဗုဒ္ဓ ဘာသာ ပီပီ ) အတိတ် ကံ ကိုပဲ အပြစ်တင်ရတော့မှာပဲ ။

      ဒါပေမယ့် ၊
      ဆက်လျှောက် နေသရွေ့တော့ ခရီးပေါက်နေအုန်းမှာပါ ။
      ကိုရင်လည်း မှန်မှန်သာ ကြိုးစားလျှောက်ရင် ၊
      တစ်နေ့ အဘ ထက်မြင့်တဲ့ ၊ ကျော်တဲ့ နေရာကိုသေချာပေါက် ရောက်နိုင်မှာပါ ။

      ဘာဖြစ်လို့လည်းဆိုတော့ ၊
      ကြိုးစားမယ်ဆိုရင် နောက် အနှစ် ၂ဝ လောက် လုပ်ချိန် ရှိသေးပေမယ့် ၊
      အပျင်းထူလှတဲ့ ၊ ဇိမ်မက်လှတဲ့ အဘက ရပ်လိုက်ပြီလေ ။
      အဘက ဆက်မလျှောက်တော့ဘူးလေ ။

      သင်္ဘောလိုက်တာ တစ်ခုတည်းကိုပဲ ၊
      ဇွဲနှစ်ပြီး ကြိုးစား စေချင်တယ် ၊ ကိုရင် ။

      တစ်ခုတော့ရှိတယ်နော် ၊
      အရက်က အသိဉာဏ် ၊ မှတ်ဉာဏ်တွေကို ဖျက်ဆီး လိမ့်မယ်နော် ။
      သင်္ဘောအရာရှိ ဘဝ က သူများတွေနှင့်မတူဘူး ။
      ကိုရင့်မှာ ဆက်ဖြေစရာ အရမ်းခက်ခဲတဲ့ စာမေးပွဲတွေ ၊
      Second Mate ၊ Chief Mate ၊ Master ဆိုပြီး ကျန်သေးတယ်နော် ။

      တစ်ခုပဲပြောမယ်နော် ၊
      Master ဖြစ်ပြီးမှ ၊ အရက်သမား ဖြစ်သွားတာပဲ ရှိချင်ရှိမယ် ။
      အရက်သမား ဖြစ်ပြီးမှ ၊ Master အောင်သွားတာတော့ မရှိသေးဘူး ။

      ဒီ Second Mate ၊ Chief Mate ၊ Master စာမေးပွဲတွေဟာ ၊
      တစ်ခုအောင်တိုင်း အောင်တိုင်းမှာ ၊
      လစာက ဒေါ်လာ ၁၅၀ဝ စီ တိုး တိုး သွားတာနော် ၊
      လွယ်လွယ် နှင့် အောင်မယ်တော့ လုံးဝ ( လုံးဝ ) မထင်ထားပါနှင့် ။
      အရက်ကို ဖြတ်ပါ ၊ မဖြတ်နိုင်ရင် လျှော့ပါ ။

      လောလောဆယ်တော့ အဘပြန်ရောက်ရင် ဖုန်းဆက်လိုက်မယ်လေ ၊
      အဘက အရက် တစ်ဝိုင်း ပေးပါ့မယ်ကွယ် ။ 😛

      • ကိုရင်စည်သူ

        June 8, 2012 at 11:18 pm

        အဘရေ.. ကွန့်မန့် နောက်ကျသွားတာ ခွင့်လွှတ်ပါ။
        အခုလို ဆုံးမပေးတာ ကျေးဇူးတင်ပါတယ်ခင်ည။ 🙂
        အဘပြောတာ မှန်ပါတယ်။ သင်္ဘောသားအလုပ်မှာ
        ဖြတ်လမ်းမရှိပါဘူး။ ဒီတစ်ခေါက်ထပ်ပြန်လာရင်တော့
        Sea Time ပြည့်ပီမို့ စာမေးပွဲဖြေမယ်လို့ ကြံစည်ထားပါတယ်။
        စာမေးပွဲဖြေဖို့ အချိန် ၂ နှစ်က ပေးနိုင်ပေးမယ်
        ထိုင်စားမယ်စရိတ်နဲ့ ပညာသင်စာမေးပွဲစရိတ်အတွက်တော့
        နည်းနည်းခေါင်းခဲနေမိပါတယ်။ (နောက်၂ခေါက်လောက်လိုက်ပြီး
        စုမိရင် အိုကေပေမယ့် ကိုယ်ကလည်း သမာလောဘ တယ်ကြီးတယ်လေ။)
        ခရူလစာနဲ့ အရာရှိလစာဆိုတာလည်း အဘသိတဲ့အတိုင်းပါပဲဗျာ။
        ကျွန်တော် ခရူလစာနဲ့ ဆက်သွားနေလည်း ရှိတာလေး ကုန်လိုက်
        ပေခေါက်ပြီး ပြန်တက်လိုက်နဲ့ သံသရာလည်နေတာပါပဲ။

        အဘရေ… အရက်ဟာ ရက်ဆက်သောက်ရင် မိမိရဲ့ အသိဉာဏ်ကို
        ချို့တဲ့စေတယ်ဆိုတာ မှန်ပါတယ်ဗျာ။ ဒီ ဦးနှောက်လေးက မချို့တဲ့ဘဲ
        စာလေးဘာလေး ဖတ်လို့ရအောင် ထားထားဦးမှ ရဦးမယ်။ ကျွန်တော်တော့ ဂီ့ကြီး ရန်ကုန်က ပြန်သွားကတည်းက
        အရက်ဖြတ်လိုက်ပါတယ်။ တခါတလေတော့ ဘီယာလေး ၂ ခွက် ၃ခွက် သောက်ဖြစ်ပါတယ်။
        အဘဆီကနေ အတုယူစရာတွေ သင်ယူစရာတွေ အများကြီးပါ။

        လေးစားလျက်ပါ.. အဘ
        ကိုရင်စည်သူ

Leave a Reply