Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဂေဇက်ရွာက ဗိုက်ကလေးတို့မိုးရွာရေးစွမ်းဆောင်ချက်

တနေ့… ဂေဇက်ရွာထဲမှာ ဒန်အိုးဒန်ခွက်များ လှည့်လည်ရောင်းလာတဲ့ အထမ်းတောင်းကြီးနဲ့ ဈေးသည် ဘကြီးမိုးကြီး …ဂေဇက်ရွာရဲ့ ရွာလည်မန်ကျည်းပင်ကြီးအောက်က ကွပ်ပျစ်မှာ အမောဖြေနေခိုက်…..
ဂေဇက်ရွာရဲ့ နာမည်ကျော် ကိုဗိုက်ကလေး….ရွာထဲက ကာလသားတွေ တစု တဝေးနဲ့ မန်ကျည်းပင်ကြီးအောက် ရောက်လာခဲ့ပါတယ်။
“ ဟဲ့…ဗိုက်ကလေးတို့ ဘာလုပ်ကြမလို့လဲ…အဖွဲ့တောင့်လှပါလား”
“နေကပူ…မိုးကမရွာနဲ့ဆိုတော့ မိုးရွာအောင် ကျွန်တော်တို့ရွာက အမျိုးသားတွေနဲ့ အမျိုးသမီးတွေ လွန်ဆွဲပွဲကျင်းပကြမလို့ဘကြီးမိုး”
“ဟေ….လွန်ဆွဲရင် မိုးကရွာသလား……… အေး…လူကြီးတွေက လူငယ်တွေ ကို လက်ဆင့်ကမ်းအမွေတွေ ပေးတာ ကောင်းပါတယ်။ ဒါပေမယ့် မှားယွင်းတဲ့ အမွေတွေ ပေးခဲ့မယ်ဆိုရင်တော့ မပေးတာကမှ ကောင်းဦးမယ်နော်။
စည်းလုံးညီညွတ်ရေး…မြန်မာ့ အားကစား မတိမ်ကော မပပျောက်ရေး..ပြည်သူတွေ ပျော်ရွင်ရေး စတဲ့ ကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ လွန်ဆွဲပွဲ ကျင်းပကြတယ်ဆိုရင်တော့ ကောင်းပါတယ်ဗျာ။
မိုးတွေခေါင်လို့ မိုးရွာအောင် လွန်ဆွဲရတယ်ဆိုတဲ့ အသိမှားတွေ…မှားယွင်းပြီး ယုတ္တိမကျ…ဆက်စပ်မရတဲ့ အယူအဆမှား အမွေတွေကို လက်ဆင့်ကမ်းခဲ့ ကြမယ်ဆိုရင်……
နှောင်းခေတ်လူငယ်တွေက ယနေ့ခေတ်လူတွေကို အထင်သေးစရာ အမြင်သေးစရာတွေ ဖြစ်ကုန်ကြမယ်နော်။
ဟိုတုန်းက လူတွေ..အတော်နောက်တယ်ကွာ….မိုးရွာအောင် လွန်ဆွဲခဲ့ကြသတဲ့….သူတို့ မိုးဘာကြောင့်မရွာတာလဲ…မိုးခေါင်ရခြင်းအကြောင်းတွေကို သိမသွားကြဘူးနော်လို့
နှောင်းလူငယ်တွေက ပြောနေကြမယ်နော်.
တကယ်တော့ ခုလို ရာသီဥတုတွေ မဖောက်ပြန်အောင် မိုးတွေကောင်းအောင်က လွန်ဆွဲကြရမှာ မဟုတ်လောက်ပါဘူး။ သစ်ပင်တွေ စိုက်တာက ပိုသဘာဝ ကြမယ်ထင်ပါတယ်။
အဲ….မိုးမရွာသေးလို့ မိုးမျှော်နေသူတွေ စိတ်သက်သာအောင် အပျင်းပြေအောင် ….တောင်သူတွေ မိုးဦးမကျသေးတော့ အားနေတုန်း ပျော်ရွင်အောင်ဆိုရင်တော့လဲ ကောင်းပါတယ်။ လုပ်ရပ်ကို ပြောတာမဟုတ်ပါဘူး မောင်ဗိုက်ရယ်။ ဘကြီးမိုးက အသိ..ကိုပြောတာပါ။”
“ဟုတ်ကဲ့ ဘကြီးမိုး…လူတွေမိုးမရွာလို့စိတ်ညစ်တာ သက်သာတာပေါ့ဗျာ…”
“ဒါနဲ့ မိုးရွာအောင် တချို့ရွာတွေမှာတော့ ငရံ့မင်းပရိတ်ရွတ်ကြပါတယ်..မင်းတို့အဲဒါမရွတ်ကြ ဘူးလား…..’
“ဗျာ………”

14 comments

  • ဗိုက်ကလေး

    May 31, 2012 at 7:48 pm

    အင်းဗျာ.
    ကျနော် တစ်ကယ်ပဲ ဇဝေဇဝါ ဖြစ်နေဒါ
    လွန်ဆွဲရင် မိုးရွာသလား မရွာဘူးလားဆိုတာကိုလေ..
    တလောက မန်းလေးမှာ လွန်ဆွဲတယ် ကြားတယ်ဗျ..
    ရန်ဂုန်မှာတော့ ဆွဲသံ မကြားမိပါဘူး.ဒါပေမဲ့ ရွာနေပြီလေ..
    လူတွေလဲ ရေခံလို ့ရ၊ အေးအေးချမ်းချမ်းတော့ အထိုက်အလျောက်ဖြစ်သွားပါတယ်..
    တော်တော်ပူလွန်းလို ့မခံနိုင်ဘူး ကိုကိုဇောက်ရာ..
    ကျောက်သထေးအူးပေတို ့လို ဆောင်းပရုဖ်ဂျင်နရေတာ မရှိ..ရေကူးကန်မရှိ ဘီယာအေးအေးလေးမရှိတဲ့ ဘဝမိုလို ့
    သဘာဝရဲ့ အလကားစည်းစိမ်လေးတွေနဲ ့ပဲ ပျော်နေရသူပါ ဘာကြီးဇောက်ရာ..အဲလေ..ဘကြီးမိုးရာ..

  • windtalker

    May 31, 2012 at 7:57 pm

    ဘကျီးမိုးရေ လာပါတော့
    မန်းသူားတွေ တမော့မော့
    ငရံ ့မင်းလဲ မကယ်နိုင်ရှာတော့ဘူး ထင်ပါရဲ
    လွန်ဆွဲကောင်းလို ့ကြိုးဈေးတွေလဲ တက်နေလောက်ပါပြီ
    ချစ်မိုး…. ဘယ်တော့ ရွာမှာရဲ;;;;;

  • မသိပါဘူးဗျာ အူးဗိုက် ကြွားကြွားနေလို ့ကိုပေ့ဘဝအညာကျသဗျ။
    မန္တလေးတော့ တခေါက်အပြေးရောက်အောင်လာပါမည်။ကိုပေနား
    ဘီယာ ကပ်သောက်မလို ့။ဟီးးးးးးးး
    မိုးလဲရွာပီ၊လေတွေထ၏။အပင်ကျိုးလို ့မီးကြိုးပြတ်၊မီးခဏ ခဏဖတ်
    ဒန် တန် တန် ့

  • ဇောက် ထိုး

    May 31, 2012 at 8:12 pm

    မန္တလေးမှာ လွန်ဆွဲတော့ ရွာသတဲ့လား…ရန်ကုန်မှာကြတော့ မဆွဲပဲ ဘာကြောင့်ရွာတာလဲ….မီးစက်ကြီးမောင်း…ရေခဲသေတ္တာထဲက ဘီယာ အေးအေးလေးသောက်နေရတိုင်း အေးနေတယ်လို့ ထင်သလား။ ဆီဖိုးတွေကုန်ပါပြီ….ဘီယာဖိုးက ဘယ်လောက်ထွက်သွားပြီ…ဆိုပြီးပူနေ ရင်ဘယ်နှယ်လုပ်ပါ့။ ပြီးတော့ ဗိုက်ကလေး နာ့အိမ်လာပြီး ဘီယာအေးလေး တောင်းရင်… ဘယ်နှယ်လုပ်ပါ့။
    ၇=ထပ်တိုက်ပေါ် တိုက်ပြီး မုန့်ဆီကြော် ကြော်စားတဲ့သူဋ္ဌေး…. စိတ်ချမ်းသာရဲ့တဲ့လား….
    သူဋ္ဌေးနော်…ဦးဗိုက်..

  • ကိုရင်မောင်

    May 31, 2012 at 8:14 pm

    ကျနော် စာအုပ်တအုပ်ထဲမှာတွေ့ခဲ့ဘူးတာက
    မို့ခေါင်နေယင် လူတွေကဖားဖိုဖားမ မိတ်လိုက်တဲ့ပုံစံအတိုင်
    သရုပ်ဆောင်ပေးရတယ်တဲ့ …
    အင်္ဂလိပ်ခေတ် မော်လမြိုင်မှာမိုးခေါင်တုန်းက
    အဖိုးကြီးတယောက်နဲ့အဖွားကြီးတယောက်က ကရုပ်ဆောင်နေတဲ့ဓါတ်ပုံ
    တွေ့ခဲ့ရဘူးတယ်……ရွာမရွာတော့မသိဘူးပုံကြည့်ရတာ ရယ်ဘို့တော်တော်ကောင်းတယ်……

    • Ch@vez

      May 31, 2012 at 9:25 pm

      ဟာဗျာ ..ဒီလူတွေ ဖားမပါပါနဲ့ ပြောလည်း မရဝူး ..
      စိတ်ထိခိယက်လာဘီနော်….
      တဆိတ်ရှိ ဖားပဲ …ရမယ်ရှာနေတော့တာဘဲ…

      ဖားစိတ်လေဒယ်…
      😛

  • ဇောက် ထိုး

    May 31, 2012 at 8:32 pm

    ကျွန်တော်လဲ မနှစ်လောက်က ဘယ်နိုင်ငံလဲ မသိဘူး။ ဖားဖိုနဲ့ဖားမ ကိုလိမ်းချယ်ပြီးတော့ကို မင်္ဂလာဆောင်ပေးနေတဲ့ သတင်းတွေ့တယ်ဗျို့….ပုံတွေလဲ မြင်လိုက်ရတယ်။
    ယုံကြည်မှုပေါ့လေ….
    ကဲ…..ခုပဲပြောတယ်ကြည့်….ကိုသန်းထွဋ်ဦးက ဦးပေဆီက ဘီယာ ကပ်သောက်မလို့တဲ့…မန္တလေးမှာ မိုးကရွာတယ်မကြားသေးဘူး။မိုးမရွာလို့ ပူတာရော ကပ်သောက်မှာစိုးလို့ ပူတာရော….မီးအချိန်ပြည့်မလာသေးလို့ပူတာရော….ပြီးတော့ ပူတာရော.. ပူတာရော…ဦးပေကနေ …ဦးပူဖြစ်သွားပါမယ့်ဗျာ မလုပ်ပါနဲ့ ကိုသန်းထွဋ်ဦး…

  • nigimi77

    May 31, 2012 at 9:25 pm

    အဲဒီ လွန်ဆွဲတာနဲ ့ပါတ်သပ်ပြီး သစ်ထူးလွင်မှာ ဖတ်ခဲ့ရတယ်

    ကျုပ်အနေနဲ ့ပေါ့လေ

    ရောက်ရာ အရပ်မှာ ကိုယ့်နားနီးစပ်သူတွေကို အယူလွဲ အတွေးလွဲ

    ဆောက်တလွဲ တွေ နဲ ့ ပါတ်သပ်ပြီး ပြင်းပြင်းထန်ထန်ကို ရှင်းပြခဲ့ဖူး

    ရှင်းပြနေဆဲပါ

    သို ့သော်လည်း အားလုံးရဲ ့တူညီသော မျက်လုံးများကို ဖတ်ခဲ့ရတယ်

    ကျုပ်ကို မေးကြတယ် …. Buddha ဘာသာမှ ဟုတ်ရဲ ့လားတဲ့…….

    သေဟဲ့…..နိဂိမိ

    ပိုးစိုးပက်စက် အရိုးစွဲနေပါပြီ

    နွားကို ပလာတာ ကျွေးတာကမှ လွယ်ကူလိမ့်မယ်

    ကျုပ် က မွေးဖွားလာမည့် မျိုးဆက်သစ်ကပဲ စမှ ရတော့မယ်

    စောင့်ကြပါစို ့ နောင် အနှစ် ၃ဝ

    ဒါနဲ ့…ကြုံလို ့ ပြောပြရမယ် ….

    လေ့လာကြည့်သလောက်ကတော့

    အဲသလို အတွေးမှား အယူမှား လုပ်ရပ်တွေကို ရိုက်သွင်းနေကြတာ

    အနန္တော အနန္တ ဂိုဏ်းဝင်တွေ ဆိုတဲ့ မိဘ က အစပြုလို ့ ဆရာသမား ၊ ဘုန်းကြီး အပါအဝင်

    ရပ်မိရပ်ဖ ဆိုတဲ့ ဖြုတ်ဦးဏှောက်နဲ ့ လူစားထမင်းကို စားတဲ့ အမာခံ ကွန်ဆာဗေးတစ်ဗ် တွေနော်

    မြင်တဲ့ ပွိုင့်ကို သဘောကျလို ့ ထောင်လို ့ရသမျှ အကုန်ထောင်ပြီး အားပေးသွားပါတယ်

  • kotun winlatt

    May 31, 2012 at 9:30 pm

    ကျနော်တို့ဘက်မှာတော့ မိုးတွေရွာပီဗျို့…
    လဆန်းကိုးရက်နေ့ရွာတဲ့ မိုးမို့ ရရက်တိတိရွာမယ်ဆိုပီး
    လူကြီးသူမတွေ ပြောနေကြပါတယ်….
    ရာသီဥတုပြောင်းလဲစေချင်ရင်တော့
    ကာဗွန်တွေလျှော့ချ….
    အပင်တွေများများစိုက်သင့်တာပေါ့…
    ခုတော့ …စိုက်တော့တစ်ပင်…
    ခုတ်တော့ အပင်တစ်ရာ….
    ဟူးးးးးး
    ရင်လေးးးဒယ်….။

  • မဟာရာဇာ အံစာတုံး

    May 31, 2012 at 9:55 pm

    မိုးရွာအောင် ဘယ်လို လုပ်ရမလဲဆိုတာတော့
    မသိဘူးဗျာ ..
    ကြားဖူးတဲ့ သတင်းတစ်ခု .. ကြာတော့ ကြာခဲ့ပါပြီ ..
    မိုးအတု ဖန်တီးပြီး ရွာအောင် ဖန်တီးတယ်ဆိုပဲ ..
    အဲဒါမျိုး ပေါ်လာရင်တော့ မဆိုးဘူးလားပဲ …

    ကျုပ်ကတော့ မိုးရွာစေချင်ရင် ဘာမှ လုပ်မနေဘူး ..
    သဗ္ဗုဒ္ဓေဂါထာ အခေါက် ၁၀၀ဝ ရွတ်၊ မိုးပေါ် လက်ညှိုးထိုးပြီး ..
    စိတ်ထဲကနေ မိုးရွာစေလို့ … ပြောချလိုက်တာပဲ … 😀

  • ဇောက် ထိုး

    May 31, 2012 at 10:57 pm

    အားပေးတဲ့ မိတ်ဆွေများကို အထူးကျေးဇူးတင်ပြီး….အမြင်တူ…ခံစားမှု တူတာလေးတွေ တွေ့ရလို့ အားတက်မိပါတယ်။
    “သစ်ပင်ကို တော်တော် ခုတ်ပ…
    တောပြုန်းတဲ့ နောက်နောင်….
    တောပြုန်းလို့ တောပြောင်…
    မိုးခေါင်တော့မှာပဲ..
    မိုးခေါင်လို့ ရေမကြွယ်
    သဲပင်လယ် ဖြစ်လိမ့်မလွဲ…. ဆရာဇော်ဂျီမှတ်ကြောင်းပါခင်ဗျာ…

  • kai

    June 1, 2012 at 7:53 am

    အမှတ်မမှားရင်.. လွန်ခဲ့တဲ့..အနှစ်၂ဝကျော်က.. အမေရိကဦးဆောင်ပြီး.. မုန်တိုင်းနဲ့.မိုးကို..လူလုပ်..လူထိန်းချုပ်မှုအောက်ထားဖို့.. ကြိုးစားဖူးတယ်..
    ဂျပန်ကကန့်ကွက်လို့.. ရပ်သွားတယ်မှတ်မိတယ်..

    မိခင်သဘာဝမှာ.. အပြန်အလှန်ထိမ်းညှိခြင်းတွေရှိတာပါတဲ့..
    အဲဒီဂေဟကို.. ထိလိုက်ရင်.. အကုန်.. ဟန်ချက်ပျက်ကုန်မယ်ဆိုပါတယ်..
    တကယ်လည်း.. ခေးယော့သီအိုရီရှိပါတယ်..
    ရန်ကုန်က..ကန်တော်မင်ပန်းခြံထဲ.. ရွာသူား၂ယောက် ကြည်နှုးရင်း.. ရီလိုက်လို့.. ဘေးက လိပ်ပြာအတောင်ခတ်လိုက်ရင်.. နယူယောက်မှာနှင်းကျပြီး ကိုကြောင်ကြီး.. နှင်းတောထဲခြေချော်ကျနိုင်တာပါ..။
    ဘတ်တာဖလိုင်း.. အဖက်ထ်တဲ့..

    Philip Merilees concocted Does the flap of a butterfly’s wings in Brazil set off a tornado in Texas? as a title. Although a butterfly flapping its wings has remained constant in the expression of this concept, the location of the butterfly, the consequences, and the location of the consequences have varied widely.[4]

    The phrase refers to the idea that a butterfly’s wings might create tiny changes in the atmosphere that may ultimately alter the path of a tornado or delay, accelerate or even prevent the occurrence of a tornado in another location. The flapping wing represents a small change in the initial condition of the system, which causes a chain of events leading to large-scale alterations of events (compare: domino effect). Had the butterfly not flapped its wings, the trajectory of the system might have been vastly different.

    Note that the butterfly does not cause the tornado. The flap of the wings is a part of the initial conditions; one set of conditions leads to a tornado while the other set of conditions doesn’t. It’s possible that the set of conditions without the butterfly flapping its wings is the set that leads to a tornado.

    အဲ..
    ကျုပ်က.. မိခင်သဘာဝတရားကို.. God လို့ထင်တယ်..
    ထာဝရဘုရားသခင်… 🙂

  • ahnyartamar

    June 1, 2012 at 3:59 pm

    သေချာတာကတော့ လွန်ဆွဲတိုင်း မိုးမရွာပါဘူး…

Leave a Reply