ဇောက် ထိုးFebruary 17, 20131min23510
ရုပ်လေး လှလှ…မလှလှ …. စိတ်လေးလှမှ ငြိမ်းချမ်းမည်။ အသားဖြူဖြူ…မဖြူဖြူ…စိတ်ထားဖြူမှ ငြိမ်းချမ်းမည်။ ပစ္စည်းချမ်းသာ…. မချမ်းသာ…စိတ်ချမ်းသာမှ ငြိမ်းချမ်းမည်။ ဘာတွေသိသိ…..မသိသိ..ကျေးဇူးသိမှ ငြိမ်းချမ်းမည်။ ဘာနဲ့ ပျော်ပျော် မပျော်ပျော် တရားပျော်မှ ငြိမ်းချမ်းမည်။ မည်သူကောင်းကောင်း…..မကောင်းကောင်း…ကိုယ်ကကောင်းမှ ကိုယ်ငြိမ်းမည်။


ဇောက် ထိုးSeptember 26, 20121min60554
အားကျမိတယ်…ဦးခိုင်ရယ်.. ကျွန်တော်မှာလဲ ဒီနာမည်လေးတစ်လုံးနဲ့ ဒီရွာကိုဝင်ရဖို့ သော့လေးတစ် ချောင်းကို.. မိတ်ဆွေလေး တစ်ဦးကလုပ်ပေးထားလို့ ဒီသော့ .. ဒီနာမည်နဲ့ ဝင်တတ်တာကလွဲလို့ နောက် သော့တစ်ချောင်းကလဲ မလုပ်တတ်တော့ မျက်နှာပူပူနဲ့ပဲ ဝင်မိပြန်ပါပေ့ါ။ ရွာထဲမဝင်ခဲ့ပေမယ့်လဲ ရွာပြင်စည်းရိုးမှာတော့ တမော့မော့နဲ့ပါပဲ။ ဟိုတလောက ရွာမှာပိုးမွှားတွေ ဗိုင်းရစ်တွေဝင်တော့ ရွာပြင်မှာအတော်ဒုက္ခ ရောက်ခဲ့ပါသေးတယ်။ ခုဟာကတော့… သူကြီးကို လွန်စွာအားကျမိတာလေးကို ပြောချင်လို့ပါ။ မှန်တာကိုကျွန်တော်ပြောရရင်… ကျွန်တော်ဟာ စီးပွားဥစ္စာတွေပြည့်စုံနေသူတွေကိုလဲ ခုလိုမျိုးလိုအားမကျပါဘူး။ ကျွန်တော့်အသိက လူမှာငွေတွေ ပစ္စည်းဥစ္စာတွေဘယ်လောက်ပေါပေါ ကိုယ့်ရဲ့လောဘက အလိုမသပ်နိုင်ရင် လူမှာဆင်းရဲနေတာပါပဲ။ ဓမ္မော သုစိဏ္ဏော သုခ မာဟဝတိ။ ကိုယ်လေ့ကျက်ထားတဲ့ အသိတရားကမှ ကိုယ့်ရဲ့ချမ်းသာကိုဆောင်ပေးနိုင်တယ်တဲ့။ ကိုယ့်မှာရွှေတွေ ငွေတွေ ပစ္စည်းတွေဘယ်လောက်ပေါပေါ.. ကိုယ့်မှာ အသိတရား မရှိဘူးဆိုရင် အမှန်တကယ် မချမ်းသာပါဘူး။ စာသိနဲ့ပြောတာ […]


ဇောက် ထိုးAugust 5, 20121min98311
ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ လူတိုင်းလိုလို ပြောနေကြတဲ့…. စကားတစ်လုံးရှိပါတယ်။ အဲဒါက “လောကီ နဲ့ လောကုတ္တရာ” ဆိုတဲ့ စကားပါပဲ။ လောကီ လောကီလို့ ပြောနေကြပေမယ့် လောကီဆိုတာ ဘာလဲ…ဆိုတာ သေချာစဉ်းစားကြည့်တော့ သိသလိုလိုနဲ့ မသိဖြစ်နေတတ်ကြပါတယ်။ လောကီဆိုတာ ဘာလဲ… လောကုတ္တရာဆိုတာ ဘာလဲ… တချို့လူတွေက ဘုန်းကြီးတွေကိုလျှောက်ကြတယ်.. တပည့်တော်တို့က လောကီနယ်သားတွေဆိုတော့…………….. အဲလိုဆိုရင်.. လူတွေက လောကီနယ်သားတွေ… ဘုန်းကြီးတွေက လောကုတ္တရာနယ်သားတွေလား… သင်္ကန်းဝတ်လိုက်တာနဲ့ … အဝတ်လေးပြောင်းလိုက်တာနဲ့ လောကုတ္တရာနယ်ထဲရောက်သွားတာလား….. လောကီနယ်ဆိုတာကတော့ ဗုဒ္ဓဘာသာအရ ရောက်ချင်ရမယ့်နယ်တော့ မဟုတ်ဘူး။ လောကုတ္တရာနယ်ကတော့………….လူတွေရောက်ရမယ့်နယ်။ ရောက်အောင်သွားရမယ့်နယ်။ ဘုရားရောက်စေချင်တဲ့ နယ်။ အဲဒါတော့ သေချာတယ်။ တချို့က ပြောကြပြန်တယ်.. ဘုရားက လောကုတ္တရာ တရားတွေ.. ဟောခဲ့တာတဲ့။ ဒါပေမယ့် လောကီကြီးပွားရေး တရားတွေလဲ […]


တစ်ခုသော ညနေခင်း…. ကျွန်ုပ် ဒေါက်တာ ဇောက်ထိုး (ဆရာဝန်) ဆေးခန်းထိုင်နေစဉ်…. ကျွန်ုပ်၏ မိတ်ဆွေ “ဦးပေကြီး” အပြင်းအထန် ညီးညူလျှက် ဖျားနာသော ဝေဒနာကို အလူးအလဲခံစားကာ ကျွန်ုပ်ထံရောက်လာခဲ့ပါသည်။ “မောင်ဇောက်ထိုးရေ…. အမလေးကျွတ်ကျွတ်.. ဦးပေ ငှက်ဖျားပေါ်ပြန်ပြီထင်တယ်ကွာ… ဟီးဟီး…..နေရတာ သိပ်ဆိုးတာပဲ… သိပ်ပြီး ဒုက္ခရောက်နေတယ်ကွာ… အမလေး… ခေါင်းတွေကလဲ အရမ်းမူးနေတယ်ကွ… အဲဒါပျောက်အောင်လုပ်ပေးပါဦး….”” မျက်နှာလေးရှုံ့မဲ့ရှုံ့မဲ့နှင့် ဖြစ်နေပါသည်…. “ဦးပေရယ်… ဒီဖျားနာလို့ ရောက်တဲ့ ဆင်းရဲ ဒုက္ခလောက်တော့ အသာလေးပါ…. အေးဆေး…..ခုချက်ခြင်းကို ပျောက်သွားချင်လား” “ပျောက်ချင်တာပေါ့ …မောင်ဇောက်ထိုးရယ်… ဖြစ်နိုင်ရင် အဲဒီဒုက္ခကို ခုကို ပျောက်ချင်ပါတယ်… လုပ်ပါကွာ” “အဲလိုဆို… တခါထဲ ချက်ခြင်း သေသွားတဲ့ဆေး ထိုးပေးလိုက်မယ်နော်” “ဟေ့ … မောင်ဇောက်ထိုး… ဦးပေကို မနောက်နဲ့ကွာ… […]


တစ်နေ့တ၌ ကျွန်ုပ် မောင်ဇောက်ထိုး…. ဦးဗိုက်ကလေး… ဦးပေတို့သည်… မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ရှိ… အလွန်အင်မတန် ကြီးကျယ်ခန်းနား အဆင့်အတန်းမြင့်မားသော… ဟော်တယ်ကြီး တခု၏.. ဘေးနားမှာ ကပ်လျှက်ရှိနေသော အင်တာနက်ကဖေးဆိုင်လေးတွင်… ရေနွေးကြမ်းသောက်ရင်း… မစပ်နိုင်တာတွေကို စပ်မိစပ်ရာလုပ်ပြီး ပြောဆိုနေကြပေသည်။ ““ဦးပေကို ကျွန်တော်ပြောချင်တယ်.. ကျွန်တော် ဗိုက်ကတော့ သေချင်သေပါစေ… အရက်ကို သောက်မှာပဲ။ အရက်သောက်လို့ သေမယ်ဆိုလဲ မတတ်နိုင်ဘူး။ အရက်ကိုတော့ မဖြတ်ဘူး။ အရက်သောက်လို့ သေရင် ငရဲရောက်မှာဆိုလဲ အရက်ကိုတော့ မဖြတ်ဘူး။ ကျွန်တော့်ဘဝမှာ အရက်ဟာ အရေးအကြီးဆုံးလို့ပြောချင်လဲ ပြောကြဗျာ… ကျွန်တော် အဆုံးစွန်ပြောပြီးပြီပဲ… ကျွန်တော် အရက်မဖြတ်လို့ သေမှာဆိုရင်တောင် အရက်ကိုတော့ ဖြတ်မှာမဟုတ်ဘူး… ဒါ ဦးပေတို့ကို ခင်လို့ ဖွင့်ပြောတာပဲ…”” ““အင်း…. ဦးပေအမြင်တော့… မောင်ဗိုက်..အတော်မိုက်တာပဲ.. မင်းဘဝက […]


တရား….. တရား…. တရား…… တရားဆိုတာ ဘာလဲ… ဘာ့အတွက် တရားကလုပ်ကြတာလဲ….. ကျွန်တော်စဉ်းစားမိတာလေး တင်ပြချင်လို့ပါခင်ဗျာ….. တရားကို ပါဠိလိုတော့ “ဓမ္မ”တဲ့။ ဓမ္မဆိုတာ တရားပဲ။ ဓမ္မ.ဆိုတာဘာလဲ…ဓာရေတီတိ ဓမ္မော… ဆောင်အပ်လို့ တရား….. လူတွေဆောင်ထားအပ်လို့…. လူတွေ ဆောင်ထားထိုက်လို့ တရား…… လူတွေဆောင်ထားရမယ့် အရာဖြစ်လို့တရား…. ဒီလိုဆို လူတွေဆောင်ထားထိုက်တာ…တရား… ဒီလိုဆို လူတွေဆောင်ထားနိုင်မှလဲ တရား…. လူတွေ မဆောင်နိုင်တဲ့အရာ… လူတွေဆောင်ထားလို့ အဆင်မပြေတာတွေဆိုရင် တရားလို့ပြောလို့ရပါ့မလား….. စဉ်းစားကြည့်တာ…..စဉ်းစားမိတာ…. ကဲ…..ရှိစေတော့… တရားဆိုတာ….. လူတွေဆောင်စရာ…. အဲဒီတရားကိုဆောင်ထားရင် လူ့တွေငြိမ်းချမ်းသွားအောင်လို့ ဆောင်ရမှာ…. ကျွန်တော် ငယ်ငယ်က ဖတ်ဖူးတယ်။ သင်ဖူးတယ်။ လူတွေလဲ ဒီနေ့ပြောကြပါတယ်။ လူတော်တော်များများလဲ သဘောကျကြတယ်… ဘာတဲ့………… ပထမအရွယ်မှာ ပညာရှာတဲ့။ ဒုတိယ အရွယ်မှာတော့ ဥစ္စာရှာတဲ့။ […]


ပညာရှိဆိုတာ ဘာလဲ… စာတတ်ပေတတ်ပုဂ္ဂိုလ်များကို ပညာရှိခေါ်ပါသလား။ စာတတ်တာနဲ့ ပညာရှိဆိုတာ အတူတူလား ကျွန်တော်စဉ်းစားမိပါတယ်။ ကျွန်တော်ကြားဖူး..မှတ်ဖူးသလောက်ကတော့ “ပညာရှိဆိုတာ.. အကြောင်းမှန်ကို သိတာ” တဲ့။ လူဆိုတာကလဲ….. အတ္ထာ နတ္ထံ မနသိ ဇာနာတီတိ မနုေဿာ.. အကြောင်းနဲ့ အကျိုးကို၊ အကောင်းနဲ့ အဆိုးကို သိမှ လူတဲ့။ စာသင်ကြတယ်… စာဖတ်ကြတယ်ဆိုတာက အဲဒီလို အကြောင်းနဲ့ အကျိုးတွေကို သိဖို့အတွက်… အကြောင်းမှန်တွေကို မှန်မှန်ကန်ကန် သိနိုင် ဖို့အတွက် စာတွေသင်ကြ.. စာတွေဖတ်ကြရတာဖြစ်တယ်လို့ယူဆပါတယ်။ စာတွေသင်…စာတွေဖတ်ပေမယ့် ….စာထဲကပြောတာတွေကို မဝေဘန် မဆန်းစစ်ပဲ သင်ရုံသက်သက်…ဖတ်ရုံသက်သက်ဆိုရင် သို့မဟုတ်..တခါထဲ လက်ခံလိုက်ကြမယ်ဆိုရင်…..ကောင်းကျိုးထက် ဆိုးကျိုးတွေလဲများလာနိုင်ပါတယ်။ ဒီနေ့ ကမ္ဘာမှာ ဘာသာရေးစစ်ပွဲတွေ… ဘာသာရေးညွှန်ပြချက်ကြောင့် အဆိပ်သောက်သေခဲ့သူတွေ….. ဘာသာရေးအတွက် သေရဲသူတွေ ….သတ်ရဲသူတွေဟာ မဝေဘန်ပဲ…. မဆန်းစစ်ပဲ…. […]


“ကိုဇောက်ထိုး…ကိုဇောက်ထိုး..ခဏနေပါဦး” “ဘာလဲကွ..ထူးဆန်းရ…” “ခနနေပါဦးကိုဇောက်ထိုး ဘယ်ကို သွားမလို့လဲ…” “အင်တာနက်ကဖေးမှာ လက်ဖက်ရည်အလကား တိုက်မယ့်သူလိုက်ရှာမလို့။” “ဒါဆိုရင်..ကျွန်တော်တိုက်မယ်။” “အဲလိုဆို ရှာတဲ့ ကိစ္စပြီးသွားပြီ..သွားစို့…” “ဘယ်ကိုသွားမှာလဲ….” “အင်တာနက်ကဖေးလေ…” ဆိုင်ရောက်သောအခါ…. “ကိုဇောက်ထိုး ကျွန်တော့်ကို အကူအညီတစ်ခုပေးစမ်းဗျာ…” “ဟ ထူးဆန်းရ..လက်ဖက်ရည်တိုက်တာနဲ့ မကာအောင်တော့ အကူအညီတွေ မတောင်းနဲ့ကွာ…” “ဒီမယ် ကိုဇောက်ထိုး..ကျွန်တော့်ကို အေကိုက်နေတဲ့ အမျိုးသမီး တစ်ဦး ရှာပေးစမ်းပါဗျာ..ကျွန်တော် အေကိုက်တဲ့ အမျိုးသမီးနဲ့ နေချင်လို့…” “ထူးဆန်းရယ်….ငါမရယ်ချင်ဘူးကွာ…အေးအေးဆေးဆေးသောက်ပါရစေ..” “နောက်တာမဟုတ်ဘူးကိုဇောက်ထိုးရဲ့.. အတည်ပြောနေတာပါ” “ဘာကြောင့် အေကိုက်တဲ့ မိန်းမနဲ့ မင်းကနေချင်ရတာလဲ.. သေချင်လို့လား” “ဟုတ်တယ်…သေလဲသေမှာပဲ..မသေခင် အမှုမှန်ဖော်ထုတ်သွားချင်လို့” “ဘယ်လိုအမှုမှန်ဖော်ထုတ်သွားမှာလဲ” “ကျွန်တော်က အေကိုက်တဲ့မိန်းမနဲ့နေရင်..ကျွန်တော့်ကို အေရောဂါကူးမှာပဲ.. ပြီးရင် ကျွန်တော့်မိန်းမပါကူးရောဗျာ” “အဲဒီတော့ ဘာဖြစ်လဲကွာ” “ကျွန်တော်ကနေ ကျွန်တော်မိန်းမကူးတော့.. ပြီးရင် ကျွန်တော့်အဖေပါ ကူးရော့ပေါ့ဗျာ” […]


တနေ့ကျွန်တော်ထံသို့…အမည်မသိ လူကြီးတစ်ယောက် ရောက်လာ ပါတယ်။ ရောက်ရောက်ခြင်း..ကျွန်တော့်ကိုခုလိုစပြောပါတယ်။ “မောင်ဇောက်ထိုးရေ…အဘနာမည်က “ဦးရှေးရိုး”လို့ခေါ်တယ်ကွ.. မောင်ဇောက်ထိုးက တရားကြောင်းတွေရေးနေတာမို့ အဘက မောင်ဇောက်ထိုးကို ပဋိစ္စသမုပ္ပါဒ် လည်ပတ်ပတ်ပုံလေးကိုရေးပြပေးပါဦးလို့ ပြောချင်တယ်ကွ…အဲဒါ အဘက ပဋိစ္စသမုပ္ပါဒ်ကို မောင်ဇောက်ထိုးကို ပြောပြချင်လို့ပါကွ….” “ဟုတ်ကဲ့ အဘ..ကျွန်တော့်ကို လူတိုင်းနားလည်လို့ရတဲ့ အနေအထားနဲ့တော့ ပြောပြပေးစေချင်ပါတယ်ခင်ဗျ..” “အေး…ပြောမှာပေါ့ကွ၊ ကဲစပြောရအောင်ကွာ….. သူခိုး…မောင်လိမ်ဆိုတဲ့ လူတစ်ယောက်ကို ကြည့်ပြောရအောင်ကွာ.. အဲဒီ သူခိုးမောင်လိမ်ဟာ… ဟိုအရင်ဘဝက (အဝိဇ္ဇာ) ဆိုတဲ့ မသိမှု ဦးစီးပြီး…. (သင်္ခါရ)လို့ဆိုတဲ့.. မကောင်းတဲ့ သူခိုးဖြစ်.. လူဖြစ်စေတဲ့ အလုပ်တွေကိုလုပ်ခဲ့တယ်ကွ။ အဲဒီလို (သင်္ခါရ) မကောင်းတဲ့ အလုပ်တွေကိုလုပ်ခဲ့တော့…ဒီဖက်ဘဝမှာ (ဝိညာဏ)ဆိုတဲ့..လူဗိုက်ထဲမှာ ပဋိသန္ဓေဝိညာဉ်လေးဖြစ်လာခဲ့တယ်။ အဲဒီ(ဝိညာဏ) ပဋိသန္ဓေဝိညာဉ်ကနေ…(နာမရူပ)..ဆိုတဲ့ နာမ်ရုပ်တွေ ဖြစ်ပွားပေါ်ပေါက် လာခဲ့တယ်။ အဲဒီလို နာမ်နဲ့ရုပ်ဖြစ်လာတော့… (သဠာယတန)ဆိုတဲ့…မျက်စိ..နား…နှာ..လျှာ..စတဲ့ အစိတ်အပိုင်းတွေ […]


ဇောက် ထိုးJuly 11, 20121min121546
ဦးစွာပြောလိုတာက မိစ္ဆာဒိဋ္ဌိ ၆၂-ပါးကို တင်ပြမှာပါ။ ကျွန်တော့်စာကို ကျွန်တော်ပင်ပြန်ဖတ်ရင်း မျက်စိလည်ရပါတယ်။ ဒါကြောင့် စိတ်ရှည်ရှည်ထားပြီး ဖတ်ပေးပါ။ နောက်ဆုံးမှာတော့ အတိုးချုံးပြီး တင်ပြထားတာလဲ ပါပါတယ်။ ဗုဒ္ဓဘာသာစစ်စစ်ရဲ့ အယူအဆဟာ ဒီမိစ္ဆာဒိဋ္ဌိ ၆၂=ပါးက လွတ်မှ ဖြစ်မှာပါခင်ဗျာ။ မိစ္ဆာ=ဆိုတာက မှားတဲ့ပေါ့။ မမှန်ဘူးပေါ့။ ဒိဋ္ဌိ=ဆိုတာ အမြင်..အယူအဆ။ မိစ္ဆာဒိဋ္ဌိ= မှားတဲ့ အမြင်အယူအဆ။ မမှန်တဲ့ အယူအဆမှားကြီးပေါ့။ မိစ္ဆာဒိဋ္ဌိ..ကို ၆၂=ပါး ပြခဲ့ပါတယ်။၆၂ပါးကိုသီးသန့်ကြီး ပြတာလို့ တော့ မယူဆပါဘူး။ အဲဒီခေတ်က အခြားသော ဘုရားဆိုသူတွေရဲ့ အယူအဆအမှားတွေက ၆၂-မျိုးရှိနေလို့ ၆၂-ပါးဖြစ်တာလို့ယူဆပါတယ်။ အဲဒီ မိစ္ဆာဒိဋ္ဌိ ၆၂=ပါးက.. မမွေးခင် ဟိုအတိက်ဘဝက အယူတွေကို ကြံဆပြီး ယူတဲ့ အယူအဆမှား အကြံအဆမှား ၁၈-ခု။ သေပြီးနောင်မှာ ဖြစ်လာမယ့် […]


ကျွန်တော့်မှာ ဆရာသမား ၃-ဦးရှိပါတယ်။ ဆရာသမား ၃-ဦးလုံးကလဲ လူမှန်တွေချည်းဖြစ်ပါတယ်။ ဘယ်သူမှ အမှားမပြောကြပါဘူး။ ဘယ်ဆရာမှ မဟုတ်တာ မပြောကြပါဘူး။ အဲဒီကျွန်တော့်ဆရာသမား ၃- ဦးနဲ့ ကျွန်တော့်ချစ်မိတ်ဆွေများကို မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော့်ချစ်မိတ်ဆွေများက ကျွန်တော့်ကို ဘယ်ဆရာသမားရဲ့ လမ်းညွှန်ချက်က အကျိုးပြုနိုင်တယ်ဆိုတာ ကိုလဲ ပြောပြခဲ့စေချင်ပါတယ်။ ပထမဆုံး ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်ဆရာကတော့ “ဦးပရမတ်”ဖြစ် ပါတယ်။ ကျွန်တော့်ဆရာ ဦးပရမတ် အမြဲပြောဆိုဆုံးမတဲ့ စကားများကတော့…. ““ဒီမှာ တပည့် မောင်ဇောက်ထိုးရဲ့… တကယ့်အမှန်တရား ဆိုတာ… ဓာတ်ကြီး လေးပါးပဲ ရှိတယ်ကွ။ လူရယ်…ခွေးရယ်.. ယောကျာ်းရယ်..မိန်းမရယ်… အမေရယ်..သမီးရယ်.. ဆိုတာတွေဟာ လူတွေက သမုတ်ထားတဲ့ သတ်မှတ်ထားတဲ့ အမည်တွေပဲ ကွ.. တကယ့်အမှန်တရား မဟုတ်ဘူး… အမေဆိုတာကို ကြည့်လိုက်စမ်း… ဘယ်မှာလဲ အမေ… တကယ်တော့ […]


ယနေ့ခေတ်လူသားတွေ.. ဆိုင်ကယ်တွေနဲ့သွားကြ။ ကားတွေနဲ့သွားကြ။ လေယာဉ်ပျံတွေနဲ့ ပျံသန်းကြ… တီဗွီတွေကြည့်ကြ… ကွန်ပျူတာတွေ နဲ့ ဆော့ကြ…လုပ်ကြ.. အင်တာနက်တွေနဲ့ တကမ္ဘာလုံးကိုကြည့်မြင်နေကြ… ဘယ်မှာ မြေမျိုလို့တဲ့…။ ဟာ မဟုတ်ဘူးတဲ့။ ကမ္ဘာကြီးကို လက်ဝါးထဲထည့်ထားပြီး လှည့်ကြည့်နေကြရ။ အဲဒီလိုတွေ ဒီနေ့ခေတ်လူတွေရဲ့ ကောင်းကောင်းဆိုးဆိုး တိုးတက်မှုတွေဟာ လူတွေရဲ့ ကြံစည်စိတ်ကူးမှု.. စဉ်းစားတွေးခေါ်မှု… တီထွင်ကြံဆမှုတွေကြောင့် မဟုတ်ပါလား…. စိတ်ကို အဲဒီလို ကြံစည်တာတွေ…တွေးခေါ်တာတွေ.. စိတ်ကူးတာတွေ မလုပ်ပဲ နေမယ်ဆိုရင်… ဒီလိုတွေဖြစ်လာနိုင်ပါ့မလား… ကျွန်တော် ခုရေးထားတဲ့ စာ တကမ္ဘာလုံးက ဖတ်ချင်ရင် ဖတ်နိုင်တယ်။ ဒါတွေဟာ လူတွေရဲ့ စိတ်ကူးကြံစည်မှု။ စဉ်းစား တွေးခေါ်မှုတွေကြောင့် ဆိုတာ.. ငြင်းလို့ရပါ့မလား။ စိတ်ဆိုတာ အဲဒီလို ကြံစည်စိတ်ကူးနေရမှာ.. စိတ်ကို ကြံစည်တာတွေ စိတ်ကူးတာတွေ မလုပ်ပဲ တနေရာထဲမှာ […]


ကျမနာမည်က “မပန်းသီးပင်”တဲ့။ လူတော်တော်များက ကျမရဲ့ သားသမီး လေးတွေကို သိကြပါတယ်။ တန်ဖိုးလဲ ထားကြပါတယ်။ အမြတ်တနိုးလဲ ပြုကြပါတယ်။ ကျမ မပန်းသီးပင်နေတာက ရွာလေးတစ်ရွာနဲ့ ကွင်းပြင်ကျယ်လေး ခြားတဲ့ နေရလေးမှာ နေပါတယ်။ ကျမဘဝမှာ တော်တော်ပြည့်စုံတယ်လို့ဆိုချင်ပါတယ်။ ကျမလိုတဲ့ မြေဆီ လွှာကိုလဲ လုံလုံလောက်လောက်ရပါတယ်။ ကျမလိုအပ်တဲ့ ရေဓာတ်လဲ ပြည့်ပြည့်စုံစုံပါပဲ။ နေရောင်ခြည် …လေကောင်း လေသန့်အားလုံး ကျမအတွက်ပြည့်စုံပါတယ်။ အားလုံးခြုံပြီးပြောရရင်တော့ သဘာဝမိဘများက ပြည့်ပြည့်စုံစုံ နဲ့ မွေးဖွား ထား တဲ့ တဦးတည်းသော သူဋ္ဌေးသမီးလေး မပန်းသီးပင်ပေါ့။ ကျမအရွယ်ရောက်တော့ အားလုံးကပြည့်စုံနေတော့.. စိုစိုပြေပြေ အခက်အရွက် အသီးအပွင့် တွေ ဝေဝေဆာဆာနဲ့ အလွန်လှပ သန်မာတဲ့ မပန်းသီးပင်လေးပေါ့….. အဲ …ကျမဘဝမှာ လိုတာလေးတစ်ခုတော့ ရှိပါတယ်။ […]