““ဒီမှာ ကိုဟိန္ဒူ…. ကျွန်တော်တို့ ဘုရားက လူသားစစ်စစ်ဘုရားဗျ။ လူသားဆိုပေမယ့် အထင်တော့ မသေးလိုက်နဲ့..မွေးကတည်းက ချက်ခြင်း ၇=လှမ်းထသွားတာ။ အဲဒီကတည်းက လောကမှာ ငါသာအကြီးဆုံး.. ငါသာအမြတ်ဆုံးလို့လဲ အော်ခဲ့တာနော်။ ကလေးကြည့်လာတဲ့ ဖခင်ဆရာရသေ့ခေါင်းပေါ်ကိုလဲ ကလေးပေမယ့်ပျံတက်နိုင်ခဲ့တယ်နော်.. ဘာပညာမှ မသင်လို့ ဘာမှမတတ်တဲ့သူလို့ထင်သူတွေကို မြားပစ်ပွဲကျင်းပပြီး ပစ်ပြလိုက်တာ..အများက အံ့ဩယူရတယ်။”” “အော် …ဟုတ်လား..အံ့ဩစရာကြီးနော်။ လောကမှာ ဘယ်ကလေးမှ မွေးမွေးချင်းထသွားဖို့မလွယ်ဘူးနော်။ နောက်မွေးပြီး တခါထဲ စကားပြောတာနော်… အံ့ဩလိုက်တာ… အမှန်လို့တောင် ထင်ဖို့ခက်မယ်” ““အဲ…သူပြောခဲ့တဲ့ စကားတွေကလဲ ကောင်းမှကောင်းနော်…. ကိုယ့်ကိုယ်ကို အားကိုးကြတဲ့။ ကိုယ်မှ တပါး ဘယ်သူကိုမှ အားမကိုးနဲ့တဲ့။ ကိုယ့်ကိုယ်ကို လိမ်မာအောင်.. ယဉ်ကျေးအောင်.. ဆုံးမပြီးနေနိုင်မယ်ဆိုရင် အကောင်းဆုံးကိုးကွယ်ရာကို ရတာပဲတဲ့။ အဲဒါ ကိုးကွယ်ရာအစစ်ပဲတဲ့။ သူ့ကိုအားကိုးလို့ မမှားခဲ့ဘူးဗျ.. ”” […]


ကျွန်တော် ဖတ်သမျှ မှတ်သမျှ ကြားနာဖူးသမျှများထဲမှ ကျွန်တော်ပုံဖော်ရလာတဲ့ “နိဗ္ဗာန်”ကို ပုံဖော်ပြချင်ပါတယ်။ ကျွန်တော်နဲ့ မတန်မရာ လို့ပြောလဲ ကျေနပ်ပါတယ်။ ကျွန်တော်ဟာ တနေရာမှာ ပြောခဲ့သလို ဆရာမာဃ ရေးတဲ့ နိဗ္ဗာန်သမိုင်း ကိုလဲ ဖတ်ဖူးပါတယ်။ ဒီနှစ်ပိုင်းလောက်မှ စာရေးဆရာတစ်ဦးပြုစုတဲ့“ပညာရှင်များ ပြောတဲ့ နိဗ္ဗာန်”ဆိုတဲ့ စာအုပ်ကိုလဲတွေ့ရပါတယ်။ စာအုပ်ရဲ့နောက်ကျောဖုံးမှာကို ဆရာတော်များရဲ့ တပါးတမျိုးအယူအဆတွေကို အတိုချုပ် တင်ပြထားပါတယ်။ လယ်တီ… အုဋ်ဖို… မြောက်ပြင်ကြီး… ဆရာတော် ဦးဇနက… စတဲ့စတဲ့ ဆရာတော်ကြီးတွေရဲ့ နိဗ္ဗာန်အယူအဆ အမျိုးမျိုးတွေကို တင်ပြထားပါတယ်။ တပါးနဲ့တပါးလဲ မတူကြပါဘူး။ ကဲ…. ဒါတွေပြောလဲ ရှေနေပါလိမ့်မယ်။ အခုပြောမှာကတော့ ကျွန်တော်မြင်မိတဲ့ “နိဗ္ဗာန်”ပုံလေးပေါ့။ ဘာကို အခြေခံပြီး ပြောမလဲဆိုရင် သစ္စာလေးပါးကို အခြေခံပါ့မယ်။ ဘုရားက သစ္စာလေးပါး ဟောခဲ့ပါတယ်။ […]


ဦးခိုင်ရေ.. မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်နော်။ အဆုံးမသတ်လိုက်ရသေးတဲ့ ကျွန်တော့် ခရီးသွားအတွေ့အကြုံလေးကို ဆက်ပြောချင်လို့ စာရေးလိုက်တာပါ။ ဦးခိုင်သိပ်ပြီးအလုပ် များနေ မလား.. အဲဒီနေ့က ကလေးမလေး ၃-ယောက်နဲ့ကျွန်တော် ထမင်းစားပြီးလို့ ကားပေါ်ပြန်တက်တော့ ကလေးမလေးတွေက ထမင်းဆိုင်ထဲမှာ ပြောထား တဲ့ ဘုရားရဲ့ အဝတ်ဝတ်နည်းပြောဆိုချက်ကိုပြောပါဦးလို့ မေးကြတယ်။ ကျွန်တော်တို့ လေးယောက်က နောက်ဆုံးခုံရှည်ကြီးမှာဆိုတော့ ပြောရတာ လဲ အဆင်ပြေပါတယ်။ ဦးက အဝတ်အစားကြောင်းတွေတော့ သိပ်မသိပါဘူးလို့…ပြောတော့.. ဘုရားလက်ထက်က စကတ်တွေ… လည်ဟိုက်တွေ ဘေးခွဲတွေ မပေါ်သေး တော့ အဲလိုတွေ မဝတ်နဲ့လို့တော့ မမှာခဲ့လောက်ပါဘူးဆိုပြီး ရယ်ကြသေး ဗျ။ ကျွန်တော်က ဟုတ်မှာပါ… ဘုရားလက်ထက်တုန်းက ခုလို စကတ်တွေ ဘေးကွဲတွေ.. လည်ဟိုက်တွေလိုမျိုး မပေါ်သေးဘူးထင်ပါတယ်။ ဘုရားကလဲ အဲဒါမျိုးတွေ လိုက်ပြောမနေပါဘူး။ ဘုရားက […]


ဦးခိုင်ရေ….ကျွန်တော်ခရီးသွားအတွေ့ အကြုံလေးတစ်ခုကို ပြောချင်လို့ ကျွန်တော် စားရေးပို့လိုက်ပါတယ်။ ကျွန်တော် တစ်နေ့က မြို့တစ်မြို့ကို ခရီးသွားတော့ ကားပေါ်မှာ ခရီးသွား ဖော် အမျိုးသမီးငယ်လေး ၃-ယောက်နဲ့ခင်မင်သိကျွမ်းရတယ်ဗျ။ အသက် အားဖြင့်တော့ ၃-ယောက်လုံး ၂၀-နဲ့ ၃၀-ကြားတွေပါ။ သူတို့ဟာ တောရွာ လေး တရွာကဖြစ်ပြီး… မြို့ပေါ်က စာသင်တိုက်မှာ စာသင်နေတဲ့ မောင်ရဟန်း တစ်ပါးထံ အလည်သွားပြီး ပြန်လာတာတဲ့။ ထမင်းစားချိန်ကားနားလို့ ထမင်းစားဖို့ ထမင်းဆိုင်ထဲမှာ ကျွန်တော်တို့ အတူထိုင်ကြတယ်။ ထမင်းတွေ အတူမှာကြတယ်။ ထမင်းဟင်းတွေလာချလို့ ထမင်းစားတော့မယ့်လုပ်တော့…အမျိုးသမီးလေး တစ်ဦးက ထမင်းလုပ်လေးကို ပါးစပ်နားမှာကပ်ပြီး… တွတ်တွတ် .. တွတ် တွတ်..နဲ့ ထမင်းလုပ်ကို မန်းမှုတ်နေတာကို မထင်မှတ်ပဲ တွေ့မြင်လိုက် ရပါတယ်။ လျှာရှေတဲ့ ကျွန်တော်ကလဲ…“သမီး အဲဒါ ဘာလုပ်တာလဲ”လို့ […]


ငါ… သူတပါး.. ယောကျာ်း.. မိန်းမ.. မဟုတ်ဘူး။ ဒီအမြင်ကို ပီပီပြင်ပြင် တကယ်မြင်အောင် ရှုပွားဖို့ ဗုဒ္ဓတရားမှာ ညွှန်ကြားထားတယ်။ ဘာ့အတွက် ရှုပွားရမှာလဲ။ ဘယ်အရာကို ရှုပွားရမှာလဲ။ ဘုရားညွှန်ပြတာ မှန်ပေမယ့်.. ဘယ်အရာကို ရှုပွားရမှာလဲဆိုတာတော့ မတူပဲနဲ့ မူကွဲတဲ့ အမြင်လေးတွေလဲ ရှိနေတယ်။ ဒီခန္ဓာကိုယ်ကြီးဟာ“ငါ”မဟုတ်ဘူး။ “သူ”လဲ မဟုတ်ဘူး။ “ယောကျာ်းလဲ”မဟုတ်ဘူး။ “မိန်းမလဲ” မဟုတ်ဘူး။ အရိုးတွေ အသားတွေ အကြောတွေ စုပေါင်းစပ်ပေါင်းတည်ဆောက်ထားတဲ့ ဓာတ်ကောင်ကြီးပဲ။ ငါဆိုတာ ခန္ဓာကိုယ်မှာ ရှာကြည့်.. ဘယ်နေရာက ဘယ်ဟာကို “ငါ”လို့ပြောမလဲ။ လက်က “ငါ”လား။ မျက်စိက “ငါ”လား။ ဘာမှ မဟုတ်ဘူး။ ဓာတ်ကြီးတွေရဲ့ အစုအဝေးကောင်ကြီး။ ဒီဓာတ်အစုအဝေးကြီးကို ငါလို့ထင်နေကြတာ။ သူလို့ထင်နေကြတာ။ ယောကျာ်းကြီးလို့ထင်နေကြတာ။ မိန်းမကြီးလို့ထင်နေကြတာ။ တကယ်တော့ အသား. […]


ဇောက် ထိုးJune 24, 20121min130718
အနိစ္စ= ဒုက္ခ= အနတ္တ= ဗုဒ္ဓ ရဲ့လမ်းညွှန်မှု..။ ပွားရှုဖို့ အတန်တန်မှာခဲ့တယ်။ ဘယ်လိုပွားရမလဲ… ဘာတွေ… ဘယ်လို အကျိုးရမှာလဲ.. အနိစ္စ= အမြဲမရှိတဲ့။ ဟုတ်တယ်လေ.. ဒီခန္ဓာကိုယ်ကြီးက မြဲလို့လား။ အမြဲမပြတ် အသစ်အဟောင်းတွေပြောင်းလဲနေတာ.. ဘယ်မှာမြဲလို့လဲ။ ဒါလဲ ““အနိစ္စ”” မှန်တာပေါ့။ ဒုက္ခ= ဆင်းရဲတဲ့။ ဟုတ်တာပေါ့.. ဒီခန္ဓာကိုယ်ကြီးရှိနေတော့ နာတာ..ကျင်တာ ကိုက်တာ ခဲတာ.. ဒီဆင်းရဲတွေရှိနေတာ.. ဘာငြင်းမှာလဲ။ ဒုက္ခ=ဆင်းရဲကြီးပဲ။ အဲ…..တစ်ခုတော့ သတိပြု.. သုခဆိုတာရှိလို့ ဒုက္ခဆိုတာသိရတာတဲ့… အဲ… ဒီကောင်ကြီးရှိနေလို့ ဒုက္ခတွေ ခံစားနေရတာ ဆိုရင်… ဒီကောင်ကြီးမရှိရင်.. သုခကိုကော ခံစားလို့ရပါတော့မလား။ ဒါက ဘုရားဟောနဲ့ မဆိုင်ဘူးနော်.. ဒုက္ခ-အရကို ဒီကိုယ်ကောင်ကြီးရှုရမယ်လို့ ကောက်ပြတဲ့ သူကိုပြောတာ။ အနတ္တ= အစိုးမရဘူးတဲ့။ အနှစ်သာရမရှိဘူးတဲ့။ ဟုတ်တာပေါ့.. […]


ကျွန်တော်သိတဲ့ ရွာကြီးတရွာ… အဲဒီရွာကြီးဟာ ဒီနေ့ခေတ်မှာ မြို့တွေနဲ့ ကားလမ်းတွေလဲ ပေါက်နေပါပြီ။ ပညာရေးကလဲ ရွာမှာတင် အထက်တန်းပညာရေးအထိ ရှိနေပါပြီ။ ဘာသာရေးကိုကြည့်ရင်လဲ ဘုန်းကြီးကျောင်းများစွာနဲ့ အဆင့်အတန်းမြင့်တဲ့ ဘာသာရေး အဆောက်အဦးကြီးတွေနဲ့ ရွာကြီးတစ်ရွာပါ။ ကျေးလက်ကျန်းမာရေးလဲရှိ။ လျှပ်စစ်မီး.. အင်တာနက်.. အားလုံးပြည့်စုံနေတဲ့ရွာကြီး။ အဲဒီရွာကြီးထဲက ဒီနေ့ခေတ်လူတွေရဲ့ အသိ။ ကျွန်တော် အံ့ဩမိတာလေး တစ်ခု။ အဲဒီရွာကြီးမှာ လူငယ်တစ်ဦး နှလုံးရောဂါလား.. ဝက်ရူးပြန်ရောဂါလားမသိဘူး။ ရှိနေတယ်။ တခါတလေ သတိလွတ်သလိုဖြစ်တတ်တယ်။ အဲဒီအခါ သူ့ကိုဖက်ထားရင် သက်သာပျောက်ကင်းသွားတတ်တယ်။ အမြဲတမ်းတော့လဲ ဖြစ်နေတာမဟုတ်ဘူး။ တစ်ခါ တစ်ခါပါ။ အဲဒီလူငယ်.. တစ်ခါမှာတော့ ဆိုင်ကယ်စီးရင် ရောဂါပေါ်လာခဲ့တယ်။ သတိလွတ်သွားတယ်ထင်ပါတယ်။ အလွန်အင်မတန်ပြင်းထန်တဲ့ အရှိန်နဲ့ ဆိုင်ကယ်ကို စီးလာတယ်။ သူ့ကိုယ်သူ သတိလွတ်ပြီး ထိမ်းမရသလိုဖြစ်နေပုံပဲ။ လမ်းဘေးက လူတွေ […]


ကျွန်တော် နာဖူးသမျှ .. ဖတ်ဖူးသမျှ တွေထဲကနေ စုပေါင်းစပ်ပေါင်းပြီး ပုံဖော်လို့ရလာတဲ့ အသိလေးတစ်ခုကို တင်ပြဆွေးနွေးချင်ပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ ဘုရားရဲ့ လူ့အဆင့်အတန်း ခွဲခြားသတ်မှတ်မှုလေးပါ။ ဘုရားက လူတွေကို ပထမဆုံး အဆင့်အတန်း ၂-ခုနဲ့ ခွဲခြားသတ်မှတ်ပါတယ်။ ခွဲခြားပုံက ၁= ပုထုဇဉ် ။ ၂=အရိယာ ပုထုဇဉ်ကို လောကီနယ်သား။ အရိယာကို လောကုတ္တရာနယ်သားလို့ ခွဲခြားသတ်မှတ်ပါတယ်။ ယနေ့ တချို့ လူတွေက လူသားတွေကို ပုထုဇဉ်တွေ။ လောကီနယ်သားတွေ… သင်္ကန်းဝတ်ထားတဲ့ ရဟန်သံဃာတွေကိုတော့ လောကုတ္တရာ နယ်သားတွေလို့ပြောဆိုထင်မြင်ကြတာတွေ့ရပါတယ်။ တကယ်ကတော့ အင်္ကျီဝတ်ထားခြင်း.. သင်္ကန်းဝတ်ထားခြင်းနဲ့ ခွဲခြားသတ်မှတ်ထားတာ မဟုတ်ပါဘူး။ လူ့စိတ်အဆင့် အတန်းနဲ့သာ ခွဲခြားသတ်မှတ်ခဲ့တာလို့ ပြောချင်ပါတယ်။ ဘာအဝတ်ကိုပဲ ဝတ်ထားထား.. လူ့စိတ်မှာ လောဘ.. ဒေါသ.. မာန..ဆိုတဲ့ […]


ဇောက် ထိုးJune 10, 20121min2216
အသက်ကို ညာဏ်စောင့်သတဲ့။ ကျွန်တော် သိတတ်စအရွယ်ကတည်းက ကြားဖူးခဲ့တဲ့ စကားလေးပါ။ နောက် တစ်ခုလဲကြားဖူးသေးတယ်။ ဘယ်နေ့သေမယ်ဆိုတာ သတ်မှတ်ချက် ပါလာပြီးသားတဲ့။ သေနေ့စေ့ရင် သေမှာပဲတဲ့။ ဒီစကားနှစ်ခုက ဆန့်ကျင် နေသလိုပဲနော်။ သေနေ့စေ့ သေမှာဆိုရင်… ဘာကြောင့် အသက်ညာဏ်စောင့်လို့ ပြောနေကြတာလဲ။ဘာမှ စဉ်းစားမနေနဲ့… စားချင်ရာတွေ စားကြ။ လုပ်ချင်ရာတွေလုပ်ကြ။ သွားချင်ရာတွေ သွားကြ။ နေချင်သလိုနေကြပေါ့ ဟုတ်ဘူးလား… သေနေ့စေ့မှ သေမှာဆိုရင် ပြောပါတယ်။ အသိညာဏ် မရှိရင် အသက် မရှည်နိုင်ဘူးဆိုတာ သဘာဝကျပါတယ်။ မသွားသင့်တဲ့နေရာ.. မစားသင့်တဲ့ အစာ။ မလုပ်သင့်တဲ့အလုပ်။ စတာတွေ အသိညာဏ်မဲ့ လုပ်ကြမယ်။ အသိညာဏ်မဲ့ စားကြမယ်။ အသိညာဏ်မဲ့ ပြောကြမယ်ဆိုရင် အသက်မရှည်နိုင်လောက်ပါဘူး။ ဒါကြောင့် အသက်ညာဏ်စောင့်တယ်ဆိုတဲ့ စကား မှန်လိမ့်မယ်လို့ထင်ပါတယ်။ နောက်ကြားဖူးတဲ့ စကားတစ်ခုလဲ […]


ကျွန်တော် ဒီရက်ပိုင်းအတွင်း မျက်စိနှစ်ကွင်းနဲ့ဖတ်လိုက်ရတဲ့စာတွေ မြင်လိုက်ရတဲ့ ပုံတွေတော်တော်များများ စိတ်မချမ်းသာစရာတွေပဲ ဖတ်ရ ကြားရ မြင်ရပါတယ်။ ကွန့်မန့်လေးပေးဖို့ကို ကြိုးစားလို့မရသလိုပါပဲ။ သူတို့ကိုပြောရင် ရမယ့်ပုံမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် အများအားဖြင့် ဒေါသ…တွေ..မာနတွေ.. အာဃာတတွေ ဝင်ပူးခံနေကြရသူတွေများလို့ ပါ။ မြတ်စွာဘုရားလက်ထက်တုန်းက အိမ်သာထဲမှာ ရေခွက်လေး လှန်ထားခဲ့ တဲ့ကိစ္စနဲ့ ရဟန်းအချင်းချင်းစကားများကြရာကနေ.. ဘုရားပြောလို့ကို မရတဲ့ အနေအထားဖြစ်လာခဲ့တယ်။ ဒီတော့ ဘုရားက ဘာမှ မပြောတော့ပဲ တောထဲကြွသွားခဲ့ပါတယ်။ ကျွန်တော်လဲ ဘာမှကို မပြောချင်ပဲ ခံစားလိုက်ရတယ်။ ဒီရက်ပိုင်းမှာ ခေတ်သစ် ဟင်္သာကိုးသောင်း ပုံပြင်စာအုပ်ကိုလဲ ဖတ်လိုက်မိတယ်။ ဒီတော့လဲ ကျွန်တော် စိတ်တော်တော်မကောင်း ဖြစ်သွားတယ်။ ဒီတော့ ကျွန်တော် စိတ်ပြေလက်ပျောက် လေးပဲ ရေးလိုက်ပါရစေ… ကျွန်တော်နဲ့သူနဲ့အကြောင်းလေးပေါ့။ ဟဲဟဲ.. တစ်နေ့… ကျွန်တော်မြို့ထဲကိုသွားရင်းနဲ့ […]


ကြွရောက်လာကြတဲ့ ပရိတ်သတ်ကြီးများခင်ဗျာ.. ဘာသာဆိုတာ အလင်းရောင် ဆိုတဲ့အတိုင်း.. လူသားတွေကို အသိညာဏ် အလင်းရောင်နဲ့ လမ်းပြပေးတာကို ဘာသာလို့ကျွန်တော် မောင်ပေနားလည်ထားပါတယ်။ ဥပမာ ဆိုရသော်..နိုင်ငံကြီးက လှေကြီးဆိုရင်.. ပြည်သူတွေက လှေထိုးသားတွေပါ။ ဘာသာ တရားက လှေပေါ်ကလူတွေ ရောက်လိုရာ တည့်တည့်မတ်မတ်ရောက်ဖို့ ထိန်းကျောင်းပေးတဲ့ “ ပဲ့ ”လေးပါ။ ပဲ့ ဟာ လှေကိုပြေးအောင်လဲ မလှော်ပါဘူး။ ရေကိုယက်တဲ့ တက်လဲ မဟုတ်ပါဘူး။ ပဲ့ဟာ လှေကိုလမ်းဖြောင့်ပေးတဲ့အရာပါ။ နောက်ကျွန်တော်တို့ တတွေဟာ ငယ်ငယ်ကတည်းက မိဘဆရာသမား တွေနဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်သွင်းမှုကြောင့် ကိုယ့်ဘာသာအပေါ်မှာပဲ ယုံကြည်မှုတွေ ပြင်းထန်းပြီး အခြားဘာသာဝင်တွေအပေါ်မှာတော့ မယုံကြည်ကြပါဘူး။ ကိုယ့်ရဲ့ယုံကြည်မှု ကိုးကွယ်တဲ့ဘာသာကိုပဲ အမှန် သမ္မာဒိဋ္ဌိ။ ကိုယ်မယုံကြည်တဲ့ အခြားဘာသာအယူအဆတွေကြတော့ အမှား မိစ္ဆာဒိဋ္ဌိ။ လို့လုပ်ကြပါတယ်။ […]


ပူပြင်းလှတဲ့ လနယုန်ရဲ့ နေလည်ခင်းတွေမှာ ဂေဇက်ရွာရဲ့ လူငယ် လူလတ်များကတော့ ဂုံညင်းထိုး…လက်တောက်ခုံထိုင်.. ဒိုးလိမ့် စသဖြင့် အပူဒဏ်ကို ရွာလယ်က မန်ကျည်းပင်ကြီးအောက်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ခုခံ ကာကွယ်ပြီး နေကြပါတယ်။ အဲ….သူကြီးခိုင်တို့ ဦးပေတို့..ဘကြီးမိုးတို့လို လူကြီးတွေကတော့ ရွာဦးကျောင်းက…စေတီလှိုင်ဂူတော်အတွင်းမှာမှောက်လှန်ပြီး အပူဒဏ်ကို ခုခံကြပါတယ်။ တဦးနဲ့တဦးလဲ ဘာသာရေးအကြောင်း နိုင်ငံရေးအကြောင်း များကို မျှမျှတတ နားလည်မှုရှိစွာနဲ့ နားထောင်ရေးဘက်ကို အားသန်ကြပြီး ပြောဆိုဆွေးနွေးကြပါတယ်။ (အခြားနေရာတွေမှာ အများအားဖြင့် ငါ့စကား နွားရ ပြောတတ်ကြ၏။ သူများပြောတာ နားထောင်ဖို့ထက် ကိုယ်ပြောဖို့ကိုပဲ အားသန်ကြ၏။ သူများပြောနေတဲ့ အချိန်မှာ ဘာပြောတယ် လို့ နားထောင်ဖို့ထက် သူပြောပြီး ငါဘာပြန်ပြောလိုက်မလဲ ဆိုတာကို ပိုပြီး အာရုံစိုက်နေကြ၏။) “ကျုပ်တို့ သမ္မတကြီး ပြောတဲ့စကားတွေထဲမှာတော့… တိုးတက်လိုတဲ့ အမြင်မရှိတဲ့ရှေးရိုးစွဲတွေ….ခေတ်နောက်ပြန်ဆွဲလိုသူတွေကို […]


“ကြွရောက်လာကြတဲ့ ရွှေပွဲလာ ဧည့်ပရိတ်သတ်ကြီးရှင်….ဒီနေ့ ကျွန်မ စိန်စိန် ကပြဖျော်ဖြေမယ့် သီးချင်းကတော့….မှုံရွှေရည်… ခိုင်မာလာနှင်းဆီ….ဟီးဟီး…အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်…” ဟဲ့….ကောင်မတွေ…ငါငွေတွေကို ချေးတုန်းကတော့ ချေးထားပြီး အခု ပြန်ပေးကြစမ်း…..အခုပြန်ပေးကြစမ်း..ဟိုကောင်မဆီမှာ ငါရစရာငွေ..ငါးကုဋေရှိတယ်နော်…..ဒါအတိုးမပါသေဘူး….သိရဲ့လား။ ဟဲ့ကောင်မ..သူများငွေကို ယူတုန်းကတော့ ယူပြီး…ပါးကျိုးသွားမယ် ဘာမှတ်လဲ….ငါလင်ကိုလဲ ခိုးဖို့ကြံနေတဲ့ လင်ခိုးမရဲ့……… ဦးပေ…ကျွန်တော် ဒီမစိန်ဆိုတဲ့ အရူးမကြီးကို မြင်ရတိုင်း စိတ်မကောင်းဘူး ဗျာ…ဖြစ်နိုင်ရင် သူ့ကိုဆေးကုပေးလိုက်ချင်တယ်။ အေး…သူခုလို စိတ်စဖောက်တုန်းက…အရွယ်ကောင်းတုန်ပေါ့ကွာ..အဲဒီ တုန်းက သူမှာ မိဘနှစ်ပါးလုံးလဲရှိသေးတယ်ကွ…သူမိဘတွေဟာ ငွေကြေး တတ်နိုင်သူတွေဖြစ်တယ်။ တစ်ဦးတည်းသော ဒီသမီးလေးကို ချစ်လဲ သိပ်ချစ်ကြ တယ်။…ဒါပေမယ့် သူတို့ဟာ အသိအားနည်းသူတွေဖြစ်တော့ သူများပြောတာတွေ…မိရိုးဖလာတွေကိုယုံပြီး….စိတ္တဇဆေးရုံ ကိုသွားပြရမယ့်အစား ပျောက်စေဆရာတွေ….ဓာတ်ဆရာတွေ.. နတ်ဆရာတွေနဲ့…… ဥုံဖွဆိုတဲ့ အမန်း အမှုတ်တွေနဲ့ကုပြီး အချိန်တွေကုန် စေခဲ့တယ်။ မိစိန်ဟာ အဲဒီ အမန်းအမှုတ်တွေနဲ့ အရိုက်အနှက်တွေကြားမှာ […]