ဒေါက်တာ ဇောတ်ထိုး…
တစ်ခုသော ညနေခင်း…. ကျွန်ုပ် ဒေါက်တာ ဇောက်ထိုး (ဆရာဝန်) ဆေးခန်းထိုင်နေစဉ်….
ကျွန်ုပ်၏ မိတ်ဆွေ “ဦးပေကြီး” အပြင်းအထန် ညီးညူလျှက် ဖျားနာသော ဝေဒနာကို အလူးအလဲခံစားကာ ကျွန်ုပ်ထံရောက်လာခဲ့ပါသည်။
“မောင်ဇောက်ထိုးရေ…. အမလေးကျွတ်ကျွတ်.. ဦးပေ ငှက်ဖျားပေါ်ပြန်ပြီထင်တယ်ကွာ… ဟီးဟီး…..နေရတာ သိပ်ဆိုးတာပဲ… သိပ်ပြီး ဒုက္ခရောက်နေတယ်ကွာ… အမလေး… ခေါင်းတွေကလဲ အရမ်းမူးနေတယ်ကွ… အဲဒါပျောက်အောင်လုပ်ပေးပါဦး….””
မျက်နှာလေးရှုံ့မဲ့ရှုံ့မဲ့နှင့် ဖြစ်နေပါသည်….
“ဦးပေရယ်… ဒီဖျားနာလို့ ရောက်တဲ့ ဆင်းရဲ ဒုက္ခလောက်တော့ အသာလေးပါ…. အေးဆေး…..ခုချက်ခြင်းကို ပျောက်သွားချင်လား”
“ပျောက်ချင်တာပေါ့ …မောင်ဇောက်ထိုးရယ်… ဖြစ်နိုင်ရင် အဲဒီဒုက္ခကို ခုကို ပျောက်ချင်ပါတယ်… လုပ်ပါကွာ”
“အဲလိုဆို… တခါထဲ ချက်ခြင်း သေသွားတဲ့ဆေး ထိုးပေးလိုက်မယ်နော်”
“ဟေ့ … မောင်ဇောက်ထိုး… ဦးပေကို မနောက်နဲ့ကွာ… ဦးပေ သိပ်ခံစားနေရတယ်၊ သိပ်ဆင်းရဲနေတယ်။”
“နောက်တာ မဟုတ်ပါဘူး.. ဦးပေရဲ့။ ခုနေ တကယ် ဦးပေသေသွားခဲ့ မယ်ဆိုရင်… ခုလို ဖျားနာတဲ့ ဆင်းရဲဒုက္ခတွေ ခံစားရပါဦးတော့မလား။ အဲဒီဒုက္ခတွေ ချက်ခြင်းငြိမ်းသွားမှာနော်…”
“ဟာ… ဒေါက်တာ ဇောက်ထိုးရဲ့… ငါဒေါက်တာကြီးပဲ..ဆိုပြီး ပြောတိုင်းဟုတ်ပြီလို့ မထင်ပါနဲ့… ဒေါက်တာကြီးရဲ့။ ဒို့က ဒေါက်တာဘွဲ့မရပေမယ့် ဒီလောက်ကြီးတော့ မ“အ”ပါဘူး။”
ဦးပေသည် အတန်ငယ် စိတ်တို ဒေါသထွက်လာပါတော့သည်။
“ဒီမယ် မောင်ဇောက်ထိုးရဲ့ .. ခုဦးပေမှာက လူမှာ ငှက်ဖျားလာဖြစ်လို့ ဆင်းရဲတာပါကွ…ဒါကို မင်းက အဲဒီ ဆင်းရဲတွေ မခံရအောင်လို့ဆိုပြီး လူသေသွားအောင် သေဆေးထိုးလိုက်လို့ လူသေသွားရင် ဆင်းရဲဒုက္ခတွေ မခံစားရတော့ဘူးဆိုတာတော့……… ဒါကတော့ မင်းပြောမှလားကွ။
ကဲ..ထာပါတော့… မင်းပြောသလို.. လူမရှိလို့ ဆင်းရဲဒုက္ခတွေ မခံစားရတော့ပါဘူးဆိုရင်… ချမ်းသာတဲ့ သုခကိုရော လူမှ မရှိတော့တာ ဘယ်သူက ခံစားရတော့မှာလဲ…
လူဆိုတာ ရှိနေမှ.. ချမ်းသာတဲ့ သုခဆိုတဲ့အရာကိုလဲ ခံစားနိုင်မှာ မဟုတ်လား။
လူပျောက်ချင်တာ မဟုတ်ဘူးကွ… လူမှာဖြစ်တဲ့ ရောဂါ ပျောက်ချင်တာ..
လူမှာဖြစ်တဲ့ ရောဂါပျောက်သွားပြီး လူလေးကျန်နေမှ သုခဆိုတာတွေကို လူက ခံစားနိုင်မှာပေါ့….
လူပါပျောက်သွားရင်… ဒုက္ခလဲ မခံစားရတော့ဘူးဆိုပေမယ့် သုခကိုရော ဘယ်သူက ခံစားတော့မှာလဲ… မင်းစဉ်းစားစမ်းပါ …
ဒုက္ခဖြစ်စေ… သုခဖြစ်စေ… ခံစားတယ်ဆိုတာ ခံစားသူဆိုတာ ရှိမှဖြစ်တာကွ။ ခု….ငါမင်းဆီဆေးလာကုတာက လူပျောက်သွားအောင် လာကုတာ မဟုတ်ဘူး။ လူမှာ လာဖြစ်တဲ့ ရောဂါပျောက်သွားအောင် လာကုတာ။ မင်းဒေါက်တာ လုပ်ရမယ့်အလုပ်က… ငါ့ရဲ့
ဟောဒီခန္ဓာကိုယ်ကြီးကနေ ငှက်ဖျားဆိုတဲ့ ရောဂါ ပျောက်ထွက်သွားအောင်လုပ်ရမှာ….
မင်းဟာ ခန္ဓာကိုယ်မှာ ရောဂါ မကပ်အောင်… ကပ်လာရင်လဲ ရောဂါပျောက်အောင် လုပ်ပေးရတဲ့ ဆရာဝန်”
“ဟဲဟဲဟဲ.. ဦးပေကလဲ စိတ်တွေတိုလိုက်တာ.. ချွေးတွေတောင်ထွက်လာပြီ…
ကျွန်တော်က ခန္ဓာကိုယ်မှာ ရောဂါမကပ်အောင် ရောဂါပျောက်အောင်ကုတဲ့ ဆရာဝန်ဆိုတော့ … ဘယ်ဆရာဝန်တွေကရော.. ဘာတွေ ကုသေးလို့လဲ”
“အော်မယ် မောင်ဇောက်ထိုးရဲ့… ဒို့ဘုရားက တော့ စိတ်မှာ လာကပ်တဲ့ ကိလေသာ ရောဂါကို ပျောက်အောင်ကုတဲ့ ဆရာဝန်ကွ။ လူ့စိတ်တွေမှာ ကိလေသာရောဂါ လာကပ်ရင် အဲဒီကိလေသာရောဂါကို ဒို့ဘုရားက စိတ်ကနေ ပျောက်သွားအောင် ကုပေးတယ်ကွ..
မင်းဇောက်ထိုးက ခန္ဓာကိုယ် ကနေ ရောဂါပျောက်အောင် ကုတဲ့ဆရာဝန်။
ဒို့ဘုရားက.. စိတ်ကနေ.. ကိလေသာ ရောဂါပျောက်အောင် ကုတဲ့ဆရာဝန်.
မင်းလဲ ရောဂါပဲ ပျောက်အောင်ကု.. လူမပျောက်စေနဲ့။
ဒို့ဘုရားလဲ.. ကိလေသာပဲ ပျောက်အောင်ကုတာ လူပျောက်အောင်ကုတာ မဟုတ်ဘူး။
မင်း..ဦးပေကို ဆေးကုပေးမှာလား.. ထပ်ပြီး စကားများခိုင်မှာလား.. ဒါပဲပြော.. ””
““ကျွန်တော် ရောဂါကိုပဲ ပျောက်အောင်ဆေးထိုး..ဆေးပေးလိုက်ပါမယ်.. ဦးပေ။ ကျွန်တော်ဆေးပေးလိုက်လို့ ပျောက်တာဆိုတာတော့ မမေ့ပါနဲ့ ဦးပေ…””
“ဟေ့… ဒေါက်တာ မောင်ဇောက်ထိုး… မင်းဘယ်လောက်ဆေးပေးပေး.. ဘယ်နိုင်ငံက ဆေးပေးပေး.. ငါမသောက်ရင်… ငါလက်မခံရင်.. ရောဂါ မပျောက်နိုင်ပါဘူးကွ။
ဒီမယ် မောင်ဇောက်ထိုး…. မင်းဟာ ဆရာဝန်ပါကွ.. ပျောက်စေဆရာ မဟုတ်ဘူး။ ဆရာဝန်ဆိုတာ.. လူမှာ ဘာရောဂါဖြစ်တယ်။ ဘယ်ဆေးနဲ့တဲ့တယ်.. ဘာနဲ့ မတဲ့ဘူးရှောင်ရမယ်ဆိုတာ သိရုံသိတာပါကွ။
ရောဂါပျောက်ဖို့က ငါကိုယ်တိုင် ဆေးသောက်တာတွေ.. ရှောင်ကြည်တာတွေ .. လိုက်နာတာတွေ လုပ်မှာ ပျောက်မှာပါကွ….
မင်းလို ဆရာဝန်မပြောနဲ့.. ဒို့ဘုရားရှင်ကတောင်.. “အတ္တာ ဟိ အတ္တနော နာထော”ဆိုပြီး မှာခဲ့တာ… ငါ့ဘုရားကို အားကိုးလို့ မမှာခဲ့ဘူးကွ….
21 comments
Khaing Khaing
July 24, 2012 at 2:22 pm
အော် ဒေါက်တာဇောက်ထိုး ……… တရားပြနေတာပါလား ……… ဈေးရောင်းသူကရောင်းပေမယ့် ဝယ်သူကမဝယ်တော့ ဘာမှမရဘူးပေ့ါလေ …….
ဇောက် ထိုး
July 24, 2012 at 2:34 pm
သဗ္ဗေ သတ္တာ ကမဿကာ..ပေါ့နော်….
ပေးကား ပေး၏.. မရ…
ကြွေးကား ကြွေး၏ မဝတဲ့။
မမ အညာသူ
July 24, 2012 at 3:31 pm
ဒေါက်ချာဇောက် အယ် မှားလို.ဒေါက်တာဇောက်ရဲ့စာသားကတော့တကယ်ကိုရေရေလည်လည်လန်းတယ်ဗျာ
ဒေါက်တာဇောက်ကိုဆေးညွန်းလေးတောင်းချင်လို့ပါ
စိတ်ညစ်ရင်စိတ်ညစ်ပျောက်အောင် ဘာဆေးစားရမလဲဟင်
ဇောက် ထိုး
July 24, 2012 at 5:15 pm
မိညာ… စိတ်ညစ်ပျောက်ဆေးလိုချင်တယ်ဆိုရင်တော့…. ဘယ်သွားလို့စိတ်ညစ်တာလဲ… ဘာစာလို့ စိတ်ညစ်တာလဲ… ဆိုတဲ့ အကြောင်းတရားတွေလဲ သိမှ ဖြစ်မှာပေါ့ဟဲ့…
ဘယ်ပစ္စည်းညစ်ညစ် လျှော်ဖွတ်လို့ရတယ်မှတ်တယ်။ ဒါပေမယ့် စိတ်ညစ်တာကတော့
စိတ်လေး..စိတ်ထိုင်း… စိတ်လေ.. စိတ်လွင့်… ဆိုပြီး စိတ်ရဲ့ အညစ်အကြေး ကိလေသာ ၁၀-ပါးထဲမှာပါတယ်။
အဲဒီ စိတ်ညစ်လို့ ရလာမယ့် အကျိုးတရားတွေကို စဉ်းစားကြည့်စမ်း…
အဲဒီလို ကြည့်တဲ့အခါ…
မှန်မှန်ကန်ကန် မြင်အောင်ကြည့်…
မှန်မှန်ကန်ကန်… စဉ်းစားစမ်း..အဲဒီ အသိညာဏ်နှစ်ပါး ရှေ့ဆောင်ထားပြီး..
စိတ်ညစ်စရာ အလုပ်တွေ… စိတ်ညစ်စေမယ့် အပြောတွေ..အနေအထိုင်တွေ.. ရှောင်..
စိတ်ကို မညစ်အောင် သတိလေးထားပြီးစောက်ရှောက်..
စိတ်ညစ်မှုဖြစ်လာရင် ကြိုးစားပြီးရုန်းထွက်… စိတ်ကိုမှန်တဲ့ဘက်ရောက်ကြိုးစား…
စိတ်ကို မညစ်အောင်နေမယ်… ဆိုတဲ့ ဦးတည်ချက်ကို ငြိမ်နေပစေ… ဦးတည်ချက် ပျောက်မသွားစေနဲ့…. ဒါဘဲ.
ခပ်မိုက်မိုက် ကောင်မလေး
July 24, 2012 at 3:50 pm
ကောင်းလိုက်တာ အန်ကယ်ဇောက်ရယ်…
အဖျားကို ဆေးထိုးဆေးပေးလိုက်လို့ ပျောက်တာမဟုတ်ဘူး…
ကိုယ်တိုင်လက်ခံမှ အဖျားပျောက်မယ်…
ရောဂါကိုကုတဲ့ဆရာဝန် ရောဂါပျာက်အောင်ကုရမယ်…
ငါတို့ဘုရားက စိတ်ထဲက ကိလေသာပျောက်အောင်ကုတာ…
င့ါဘုရားကို အားကိုးလို့မရဘူး….
မိမိ ကိုယ်သာအားကိုးရာပေါ့နော်….
ဖတ်ကြည့်သွားတယ်ဗျာ…
မိုက်လေး လက်မထောင်သွားပါဂျောင်းးးးးးးးးးးးးးးးးးးးးးး
ဇောက် ထိုး
July 24, 2012 at 5:23 pm
ko khin kha ရေ… ဒေါက်တာ ချက်ကြီးက နာမည်ကြီးတာထင်ပါတယ်ဗျာ…
ဒေါက်တာ ဇောက်ထိုးက နာမည်မရှိပါဘူး…
လူမှားသိတာဖြစ်မှာစိုးလို့နော်… ဟီးးးးးးးးး
အားပေးတာ ကျေးဇူး..နော်
ဇောက် ထိုး
July 24, 2012 at 5:33 pm
ဟဲ့ ခုထိ မလိမ်မာသေးတဲ့ ကောင်မလေး… လိုင်းက မကောင်းတော့ စာတွေက ဟိုရောက် ဒီရောက်နဲ့…
လူမှာ ငှက်ဖျားရောဂါဖြစ်ရင်… လူကို ဆင်းရဲစေတယ်။
ဒါပေမယ့် ..ငှက်ဖျားရောဂါဟာ …. လူတော့မဟုတ်ဘူး….
လူချမ်းသာသွားအောင်က… ငှက်ဖျားရောဂါကို လူကနေ ဖယ်ထုတ်ပစ်ရမှာ…ဖျောက်ပစ်ရမှာ..
လူကို မဖျောက်ရဘူး..
လူဆိုတာ မရှိရင်… ဒုက္ခ.ဆိုတာမခံစားရပေမယ့်.. သုခ..ဆိုတာလဲကိုလဲ ခံစားနိုင်တော့မှာ မဟုတ်ဘူး။
ငါ..သူတစ်… ယောကျာ်း… မိန်းမ..မရှိ။ အားလုံးဘာမှမရှိ… ဓာတ်ကြီးလေးပါသာရှိ၏….
နိဗ္ဗာန်ကို ရချင်၏.။ ချမ်းသာကိုလဲ ခံစားလို၏။
နှင်းဆီ ငုံ
July 24, 2012 at 4:16 pm
မှန်ကန်စွာ လမ်းညွှန်မယ့်သူလည်းရှိမှ လမ်းညွှန်မှုကိုနာခံတဲ့သူလည်းရှိမှ အရာရာဟာအောင်မြင်မှာပါ
ကျေးဇူးပါ ဦးဇောက်ရေ …
ဇောက် ထိုး
July 24, 2012 at 5:39 pm
ဘုရားက စိတ်ကို ကုတဲ့ ဆရာဝန်။ စိတ်မှာဖြစ်တဲ့ ကိလေသာရောဂါကို ကုတာ…
ဘုရားဝမ်းချုပ်တော့ ဘုရားကို ဆရာဇီဝက..က ဝမ်းသွားဆေးတိုက်တယ်။
ဆရာဇီဝကက… ဘုရားခန္ဓာကိုယ်ကို ကောင်းအောင်ကုပေးတာ….ကိုယ်ကု ဆရာဝန်။
ဘုရားက… ဆရာဇီဝကရဲ့ စိတ်မှာ လောဘ ဒေါသ စတဲ့ကိလေသာတွေကိုပျောက်အောင် ကုပေးတာ… စိတ်ကိုကုတဲ့ဆရာဝန်….
တရားတွေက ဆေးလုံးတွေ…
ဆရာဝန် ဘယ်လောက်ကောင်းကောင်း…… ဆေးတွေ ဘယ်လောက်ကောင်းကောင်း…
ကိုယ်တိုင် ဆရာဝန်စကားနားမထောင်… ဆရာဝန်ပေးတဲ့ဆေး မသောက်… အရှောင်ခိုင်းတာ မရှောင်… ရင်… ရောဂါပျောက်မည်မဟုတ်။
ko khin kha
July 24, 2012 at 4:25 pm
ဒါကြောင့်လည်း ဒေါက်တာဇောက်ထိုး ဒေါက်တာဇောက်ထိုး လို့နံမည်ကြီးနေတာကိုး။
အရီးခင်လတ်
July 24, 2012 at 9:10 pm
ဖောက်သည်ကြီး ဖြစ်နေမှတော့ အဝင်မှာ ဦးဆုံး မန့်ပါတယ် ဗျို့။ 🙂
မှန်ပါတယ်။
ရောဂါ ဖြစ်လာရင် ဘယ်သူမှ ဒီရောဂါကြီး ကို မွေးမထား ချင်ပါဘူး။
တစ်ချို့ တကဲ့ သိပ္ပံနည်း မဟုတ်တဲ့ တစ်ခြားနည်း တွေ နဲ့လဲ ကုကြပါတယ်။
ပန်းသီး အဖေကြီး ဆိုရင် သူကသာ ရှေ့ပြေးနည်းပညာ တွေ ထုတ်တယ်။
သူရောဂါကို အသေအချာ မကု ခဲ့ လို့ နေသင့်သလောက်မနေရရှာဘူး လို့ လဲ ဆိုကြပါတယ်။
ဒီတော့ ဆရာဝန် ဒေါက်တာ ဇောက်ထိုး ရဲ့ ရောဂါရရင် မှန်ကန်တဲ့ နည်းနဲ့ ဆေးကု မှ ပျောက်မှာ ဆိုတာကို လက်မထောင်ပြီး အားပါးတရ ထောက်ခံပါတယ်။
ကျွန်မ တို့လဲ ကိုယ့်ကြီးပြင်း ခဲ့တဲ့ မြန်မာပြည် ပြန်မယ် ဆိုတိုင်း ကာကွယ်ဆေး ထိုးရပါတယ်။
ကာကွယ်ဆေးမှ တစ်မျိုး မက ပါဘူး။ ရ မျိုးလောက် ရှိပါတယ်။
တစ်ချို့ က တစ်နှစ်ခံ၊ တစ်ချို့က ငါးနှစ်ခံ၊ တစ်ချို့ က တစ်ဆယ်နှစ် ခံ၊ တစ်ချို့က တစ်ခါ ထိုး ပြီး ပြီးရော။
အဓိက ငှက်ဖျား ပါပါတယ်။
ဒီတော့ တစ်ချို့ ဟာတွေကျ ဖြစ်မှ ကုရတာ ထက် မဖြစ်ခင် ကြိုကာကွယ်တာ အကောင်းဆုံးပါဘဲ။
ရောဂါဖြစ်ပြီးမှ ဆိုရင်တော့ ရာနှုန်းပြည့် ပုံမှန် ပြန်ကောင်း ဖို့ မလွယ်ဘူး။
ရောဂါပေါ် မူတည်ပြီး သောက်ရ တဲ့ဆေးတိုင်း မှာ ဘေးထွက် ဆိုးကျိုး ရှိမယ်ထင်ရဲ့။
ငှက်ဖျား ကြိုတင်ကာကွယ်တာ နဲ့ ပါတ်သက်ပြီး အသိ တစ်ယောက်အကြောင်း ပြောချင်ပါရဲ့။
သူက ဘူမိဗေဒ ကျောင်းသား ဘဝ ထဲ က ကွင်းဆင်းတော့ သွားရတဲ့ နယ်တွေမှာ ငှက်ဖျား ရှိပါတယ်။
သူတို့ကျောင်းတုန်းက ငှက်ဖျား ကာကွယ် ဆေး က အရက် ဆို ဘဲ။
(လူတိုင်း ကို မဆိုလိုပါ။ လူတိုင်း မဟုတ်ပါ)
ဒါနဲ့ ကျောင်းလဲပြီး ရော အရက်လဲ စွဲပါတယ်။ အလုပ်ဝင် ရင်း နယ် မှာ ငှက်ဖျား လဲ ရပါတယ်။
ဒါနဲ့ သေကောင်ပေါင်းလဲ ဖြစ်တော့ မှ ငှက်ဖျား ဆေး တွေ သောက်ပြီး လူက ပြန်ကောင်းသွားပေမဲ့ ဦးဏှောက် ကို အလုပ်ပေး လုပ် လို့ မရတော့ဘူး။
ဒါနဲ့ အလုပ် မလုပ်ရတော့ ဘူးပေါ့။
ကျွန်မ ကတော့ အရက် နဲ့ ဆေး တွဲ ရက် မတဲ့ ဖြစ်သွားတယ် ထင်တာဘဲ။
တစ်ချို့ အရက်ဖြတ် သူတွေ သောက် ရတဲ့ ဆေး က အရက်ပြန်သောက်ရင် လူကို ပိုပြီး ဆိုးစေတာ လို ဖြစ်မလားဘဲ။ ရမ်းထင် တာပါ။ 😀
ဇောက် ထိုး
July 24, 2012 at 9:31 pm
မေတ္တာဆိုတာ မှန်ပမာ…တဲ့… အလျှားအနံ မရှိပေမယ့်… အသွားအပြန်သဘောရှိပါတယ်ဆို…ဟဲဟဲ…
အရီးပြောတာ သိပ်ကောင်းတယ်။
ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်တာ ကောင်းတယ်.. ရောဂါဖြစ်မှ ဆေးသောက်ရင် ဘေးထွက်ဆိုးကျိုးလြဲဖစ်နိုင်တယ်… ဒါဟာ အလွန်သင့်မြတ်ပါတယ်။
ကြိုးစားရမယ့် ဝိရိယ လေးပါးမှာ …
မဖြစ်သေးတဲ့ မကောင်းမှုတွေ မဖြစ်အောင်…
ဖြစ်ပြီးသား မကောင်းမှုတွေဆိုရင်လဲ နည်းပါပြီး ပပျောက်သွားအောင်….
မဖြစ်သေးတဲ့ ကောင်းမှုတွေ ဖြစ်လာအောင်…
ဖြစ်ပြီးတဲ့ ကောင်းမှုတွေလဲ များပြားလာအောင် အားထုတ်ရမယ်တဲ့…
ဆေးလိုပြောရရင်တော့… မဖြစ်သေးတဲ့ ရောဂါတွေ မဖြစ်အောင်..မဝင်အောင်။
ဖြစ်ပြီး ဝင်ပြီးဆိုတဲ့ ရောဂါတွေကိုလဲ… ပပျောက်သွားအောင်….
ကိုယ့်မှာ မဖြစ်သေး မရသေးတဲ့ ကျန်းမာရေးတွေ ဖြစ်လာရလာအောင်…
ရနေတဲ့ ကျန်းမာရေးကိုလဲ ကောင်းသထက်ကောင်းအောင် အားထုတ်ရမှာပေါ့ အရီးရဲ့။
အော် …. ဒါနဲ့ ငှက်ဖျားကို အရက်နဲ့ကုတယ်ဆိုတာ မသင့်မြတ်ပါဘူး။ ဆရာဝန်နဲ့ပဲ ပြသင့်တယ်။
ရောဂါတစ်ခုဖြစ်ပြီးဆိုရင်…
ဆရာဝန်မှန်ဖို့လိုတယ်….
ဆေးလဲ မှန်ဖို့လိုတယ်…
ဆရာဝန်မှားမယ်…. ဆေးမှားမယ်ဆိုရင် သွားပြီ… သေပြီသာမှတ်…
ထိုအတူပဲ…
လူမှာ ကိလေသာရောဂါဖြစ်ပြီဆိုရင်..
ဆရာဝန်နဲ့တူတဲ့ တရားပြဆရာ မှန်ဖို့လဲ သိပ်အရေးကြီးတယ်။
နောက်ဆေးနဲ့တူတဲ့ တရားလဲ မှန်ဖို့ သိပ်အရေးကြီးတယ်။
ဘဝလွတ်မြောက်ရေးမှာလဲ…
ဆရာမှားပြီ… ဆေးမှာပြီ… တရားပြသူ မှားပြီ… တရားမှားပြီဆိုရင်…
အရီးရေ … ကျွန်တော့်ပို့စ်မှာ လိုသွားတဲ့ အချက်တွေကို ထောက်ပြလိုက်သလိုပဲ…. ကျေးဇူးနော်…
ဆေးကိုလဲ လှုပ်သောက်ပါတယ်နော်… စိတ်ပူနေမှာစိုးလို့… ဟီးးးးးးးးးးးးးးးးးးးးးးး
မောင်ပေ
July 24, 2012 at 10:02 pm
အကြမ်းပဲ ဖတ်သွားသေးတယ် အူးဘဇင်းရေ
နက်ဖန်ခါမှ
သေချာဖတ်ပြီးမှ
အူးဘဇင်း ပေးချင်တဲ့ တရားသဘောကို
သေချာ ဝင်လေ့လာတော့မယ်
ဂွတ်နိုက်ပါ ဖလာ့
ဇောက် ထိုး
July 25, 2012 at 6:52 am
သူများပြောရင် တရားချည်းပဲ ထင်နေတယ်။
သူများက အိမ်ထောင်တော် ကျတာမဟုတ်သေးတဲ့ ကလေးနော်…
သန်းထွဋ်ဦး
July 24, 2012 at 10:15 pm
မိမိကိုယ်သာ အားထားရာ။
ဇောက် ထိုး
July 25, 2012 at 6:48 am
အတ္တာ ဟိ အတ္တနော နာထော…. ကိုယ့်ကိုယ်ကို အားကိုး.
ကော ဟိနာထော ပရောသိယာ….. ကိုယ်မှ တပါး ဘယ်သူ့အားကိုးလို့ဖြစ်မှာလဲ..
အတ္တာနာ ဟိ သုဒန္တေန…. ကိုယ်ကိုကို ကောင်းအောင်ယဉ်ကျေးအောင် ဆုံးမနိုင်ရင်..
နာထံ လဘတိ ဒုလ္လဘံ.. ရခဲတဲ့ ကိုးကွယ်ရာကို ရတာပဲ။ ကိုယ်ကွယ်ရာအစစ်ပဲ။
သစ် တည်
July 24, 2012 at 10:49 pm
ပျောက်မာတိတယ်
တကယ်လဲပျောက်မာဘဲ
ဘာချစ်ချစ် ကွာ………….။“
ဇောက် ထိုး
July 25, 2012 at 6:45 am
သစ်တည်… ပျောက်မာတိတယ် ဆိုတာ ဘာရဲဟင်..
ရောဂါ ပျောက်မာရား…
အသက်ပျောက်မာရား…
မောင်ပေ
July 25, 2012 at 10:17 am
ဦးပေ တစ်ယောက်ညသန်းခေါင်ယံအချိန်တိုင်အောင်
ကောင်းကင်ကို ပက်လက်လှန်ကြည့်ရင်း ဂျိုသွားဂျိုလာ နတ်ခတ်များအိ အနေအထားများ ကို ရှေးဆရာသမားများအိ ပညာရပ်များဖြင့် တွက်ကြည့်ပြီးသောအခါ
ဟေး….အူးဘဇင်းဇောက်နဲ့ ကပေါက်ဖော်
ဗျို့…. ဗျ…. (၂ယောက်လုံး ထူးသည်)
မင်းတို့ချမ်းသာမယ့် အချိန်ကာလကိုရောက်ဖို့ တိုက်ဆိုင်နေပြီ
ဘယ်လိုလဲဗျ ပြောပြပါဦးဗျ…. စိတ်ဝင်စားသွားပြီနော်… အတည်ပြောနော် ။
ဒီလိုကွ… နတ်ခတ်တွေကို ငါကြည့်ရင်း ရရက်သားသမီးတွေ အပေါ်သက်ရောက်မှုကို တွက်မိတာ .. မင်းတို့၂ယောက် နက်ဖန်ကြရင် ထီထိုးကြရမယ်ကွာ.. ပေါက်ဖော်က ကြာသပတေးနံနဲ့ နာမည်ပေးတဲ့ ထီဆိုင်က ထိုးရမယ်… အူးဘဇင်းကတော့ အင်ဂါနံနဲ့ဆိုင်မှာထိုး….
ဟင်း…ဘာများပါလိမ့်လို့… ထီထိုးခိုင်းတာကိုများ (၂ယောက်လုံး စိတ်လျှော့သွားသည့် အသံဖြင့်)
တစ်ကယ်ပြောနေတာ.. မင်းတို့နေ့နံတွေနဲ့ အခု နတ်ခက်အနေအထားနဲ့ တိုက်ကြည့်တော့ ၂ယောက်လုံး ငွေအများကြီးရမယ့် အချိန်ဆိုပြီး ပြနေတာ သွားထိုးကြပါကွာ။
နောက်နေ့
ပေါက်ဖော်ကတော့ မထိုးဖြစ်
အူးဘဇင်းကတော့ ငါတို့ချမ်းသာဖို့ပဲလေဟု တွေးကာ ၁ဝစောင်တွဲထီကို ထိုးဖြစ်ခဲ့သည်။
ထိုလကုန်ပြီး နောက်လဆန်း၁ရက်နေ့။ အူးဘဇင်း အိမ်ရှေ့တွင် လူတစ်ယောက် အပြေးအလွှားဖြင့်
အူးဘဇင်း ရှိလားဗျို့
အေးရှိတယ် ငါပဲ… ဘာကိတ်စလဲ
အူးဘဇင်း ထိုးထားတဲ့ ထီ၁ဝစောင်က သိန်း၁၀၀ဝဆုကြီးပေါက်လို့ လာအကြောင်းကြားပေးတာပါ..ဟူး..မောတာ.. ကျုပ်ကိုမုန့်ဖိုးပေးနော
ဟေ…တစ်ကယ်ပေါက်တာလားဟ .. မနောက်နဲ့နော်
လာလာ လက်မှတ်ယူပြီး အခုလိုက်ခဲ့…
ဇါတ်သိမ်းသော် ထီပေါက်ပြီး လုပ်ငန်းများလုပ်ကာ ချမ်းသာသွားသော အူးဘဇင်းသည် သူရှာဖွေကျင့်ကြံနေသော ဗုဒ္ဓ၏ တရားသဘောများ အနှစ်များကို မန်းတလေးဂေဇက်တွင် အေးအေးလူလူ ပြန်မျှပေးနေသည်
ပေါက်ဖော်မှာတော့ ချမ်းသာခြင်းအကြောင်း ကြုံခဲ့ရသော်လဲ ကိုယ်၌အားမစိုက်ခဲ့ရလေချင်းဟု ယူကြုံးမရဖြစ်ကာ အဖြူနဲ့ပဲ ၂ပါးသွားနေတော့လေသတည်း။
ဇောက် ထိုး
July 25, 2012 at 11:48 am
သာဓု…..သာဓု….. သာဓု……………ပါ…ဦးပေ။
ဟာ…. ဟုတ်ပါဘူး… အစပ်အဟတ်က လွဲလိုက်တာ လွန်ပါရော…
““အူးဘဇင်း အိမ်ရှေ့တွင် လူတစ်ယောက် အပြေးအလွှားဖြင့်
အူးဘဇင်း ရှိလားဗျို့””တဲ့…
ဘယ်နှယ် … အိမ်ရှေ့သွားပြီး ဦးဘဇင်းရှိလားလို့…. ဟီးးးးးးးးးးးးးးးးးးးး
ဦးပေ နက္ခတ်ပညာကျွမ်းပုံရတယ်…. ဟဲဟဲ….. ကျွန်တော်အားတဲ့နေ့မှာ ဦးပေကို ချမ်းသာနည်းစနစ်ပေးမယ်…. ဟဲဟဲ…
အရီးခင်လတ်
August 1, 2012 at 2:46 am
ဒေါက်တာကြီး ခရီး လွန်နေတာလားလို့ မေးကြည့်တာ ပါ။
ပျောက်နေလို့။ 🙂