ကျွန်တော်မြင်မိတဲ့ လောကီ နဲ့လောကုတ္တရာ

ဇောက် ထိုးAugust 5, 20121min94311

ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ လူတိုင်းလိုလို ပြောနေကြတဲ့…. စကားတစ်လုံးရှိပါတယ်။ အဲဒါက “လောကီ နဲ့ လောကုတ္တရာ” ဆိုတဲ့ စကားပါပဲ။
လောကီ လောကီလို့ ပြောနေကြပေမယ့် လောကီဆိုတာ ဘာလဲ…ဆိုတာ သေချာစဉ်းစားကြည့်တော့ သိသလိုလိုနဲ့ မသိဖြစ်နေတတ်ကြပါတယ်။
လောကီဆိုတာ ဘာလဲ… လောကုတ္တရာဆိုတာ ဘာလဲ…

တချို့လူတွေက ဘုန်းကြီးတွေကိုလျှောက်ကြတယ်.. တပည့်တော်တို့က လောကီနယ်သားတွေဆိုတော့……………..
အဲလိုဆိုရင်.. လူတွေက လောကီနယ်သားတွေ…
ဘုန်းကြီးတွေက လောကုတ္တရာနယ်သားတွေလား… သင်္ကန်းဝတ်လိုက်တာနဲ့ … အဝတ်လေးပြောင်းလိုက်တာနဲ့ လောကုတ္တရာနယ်ထဲရောက်သွားတာလား…..

လောကီနယ်ဆိုတာကတော့ ဗုဒ္ဓဘာသာအရ ရောက်ချင်ရမယ့်နယ်တော့ မဟုတ်ဘူး။
လောကုတ္တရာနယ်ကတော့………….လူတွေရောက်ရမယ့်နယ်။ ရောက်အောင်သွားရမယ့်နယ်။ ဘုရားရောက်စေချင်တဲ့ နယ်။ အဲဒါတော့ သေချာတယ်။

တချို့က ပြောကြပြန်တယ်.. ဘုရားက လောကုတ္တရာ တရားတွေ.. ဟောခဲ့တာတဲ့။ ဒါပေမယ့် လောကီကြီးပွားရေး တရားတွေလဲ ဟောခဲ့ပါတယ်တဲ့။
ဒီစကားကတော့ စဉ်းစားစရာကြီး…. လောကီကြီးပွားနေရင်…ဘယ်လိုလုပ်လောကီက လွန်မြောက်နိုင်မှာလဲ… ကျွန်တော်စဉ်းစားမိတာပါ။

တချို့ကလဲ ဒီလိုပြောကြတယ်။ ဘုရားက လောကီ လောကုတ္တရာ နှစ်ဖြာကြီးပွားရေးတရားတွေဟောခဲ့တာတဲ့။
ဟုတ်သလိုလိုတော့… ရှိသလိုပဲ။
စဉ်းစားလိုက်တော့ တမျိုးကြီးပဲ….
အဲလိုဆို လောကီ..လောကုတ္တရာကို ခွဲပြောမနေနဲ့တော့…

နောက်တချို့ကပြောသေးတယ်…ဘုရားက လောကီစီးစိမ်တွေကို တံတွေးပေါက်လောက် သဘောထားတာတဲ့။
နောက်တခါ အဲဒီလောကီကြီးပွားရေးတရားတွေလဲ
လမ်းညွှန်ခဲ့တယ်တဲ့။

ကိုယ်ရောက်အောင်သွားရမယ့် ကိုယ့်ဘဝရဲ့ပန်းတိုင်နယ်ဖြစ်တဲ့ လောကုတ္တရာနယ်ကို မသိရင်….။ ပီပီပြင်ပြင် မမြင်ရရင် ဘယ်လိုရောက် အောင် သွားကြမလဲ။

ကိုယ်ရုန်းထွက်ရမယ့် လောကီနယ်ကို ပီပီပြင်ပြင်မမြင်ရရင် ပီပီပြင်ပြင်မသိရင် ဘယ်လိုရုန်းထွက်ကြမလဲ…..

ဒီလိုဆို… လောကီနယ်ဆိုတာ ဘယ်နေရာ ဘယ်ဒေသလဲ။ လောကုတ္တရာနယ်မြေဆိုတာကကော ဘယ်နေရာ ဘယ်ဒေသလဲ….

ကျွန်တော်တို့ နယ်မြေကို ခွဲခြားပြီး ရှင်းအောင်ပြဖို့ခက်နေရင် .. အဲဒီနယ်မှာနေကြတဲ့ ပုဂ္ဂိုလ်တွေကိုကြည့်ပြီး ခွဲကြအောင်……………

နေတဲ့ ပုဂ္ဂိုလ်အရ ပြောမယ်ဆိုရင်… ပုထုဇဉ်တွေဟာ လောကီနယ်ထဲမှာ နေတာ။ လောကီနယ်သားတွေ…..
သောတာပန်..သကဒါဂါမ်..အနာဂါမ်..ရဟန္တာဖြစ်တဲ့ အရိယာတွေက … လောကုတ္တရာနယ်ထဲမှာ နေတဲ့ ပုဂ္ဂိုလ်တွေ။ လောကုတ္တရာ နယ်သားတွေ။

လူလူ…ဘုန်းကြီးဘုန်းကြီး ပုထုဇဉ်ဆိုရင် လောကီနယ်သားပဲ။ လောကီနယ်အတွင်းကလူပဲ။
လူလူ ဘုန်းကြီးဘုန်းကြီး အရိယာ ဆိုရင် လောကုတ္တရာနယ်သားပဲ။ လောကုတ္တရာနယ်အတွင်းကလူပဲလို့… နားလည်မိ ပါတယ်။

အဲလိုဆိုရင် တဆင့်တက်ကြဦးစို့…. ပုထုဇဉ်ဆိုတာ ဘယ်လိုဟာလဲ… ကိလေသာတွေ အပြည့်ရှိတဲ့သူ…… အဲဒီသူဟာ ပုထုဇဉ်… လောကီနယ်သား…..

အရိယာဆိုတာ… ကိလေသာ အနည်းနဲ့ အများ ကင်းစင်နေသူ အဲဒါက အရိယာ….အဲဒီအရိယာရဲ့ နယ်က လောကုတ္တရာနယ်…ဒါပါပဲ။

ဒီလိုဆိုရင် လောကီနယ်နဲ့ လောကုတ္တရာနယ်ဆိုတာ ..“ကိလေသာ”ဆိုတဲ့ စည်းလေးပဲခြားထားပါတယ်။

လောကီဆိုတာ…. လောဘ ဒေါသ မာန စတဲ့ ကိလေသာတွေနဲ့ ပုထုဇဉ် လူတွေ နေတဲ့နယ်။ လူမှာ ကိလေသာတွေရှိနေရင် ပုထုဇဉ်……………လောကီနယ်သား။

လောကုတ္တရာဆိုတာ… လောဘ ဒေါသ မာန စတဲ့ ကိလေသာတွေမရှိတဲ့ အရိယာ လူတွေနေတဲ့နယ်။
လူမှာ ကိလေသာမရှိရင်………..နည်းပါးရင် အရိယာ…………လောကုတ္တရာနယ်သား………..

အင်္ဂုလိမာလကြီး… ဘုရားနဲ့မတွေ့ခင်အချိန်လေးထိ..လူတွေသတ်ပြီး လောဘ ဒေါသ မာနတွေနဲ့လှုပ်ရှားနေခဲ့တဲ့ ပုထုဇဉ်ကြီး.. လောကီနယ်သားကြီးပေါ့။

ဘုရားနဲ့တွေ့လို့..ပြောဟောလိုက်တာနဲ့ လောဘ ဒေါသ မာနတွေကင်းပြီး အရိယာဖြစ်သွားတယ်။ ချက်ခြင်း လောကုတ္တရာနယ်ကိုရောက်သွားတယ်။

လူကလဲ ဒီလူပဲ။
နေရာကလဲ ဒီနေရာပဲ။
ဒီလူ…ဒီနေရာ..လေးမှာပဲ လောကီနယ်ကနေ လောကုတ္တရာနယ်ကို ချက်ခြင်းပြောင်းသွားတယ်။

အဲလိုဆို..လောကီနယ်…လောကုတ္တရာနယ်ဆိုတာ…သီးသန့်နယ်မြေတစ်ခုလား…….. လူမှာပြောင်းလဲသွားတဲ့ အနေအထားသတ်မှတ်ချက်တစ်ခုလား။
ပြောင်းသွားတယ်ဆိုတာကလဲ..လူမှာ ကိလေသာရှိခြင်းနဲ့ မရှိခြင်းလေးပါပဲလား……

လူသတ်နေတဲ့ အင်္ဂုလိမာလကြီး..ဘုရားနဲ့မတွေ့ခင်အရင်နေ့တွေမှာလဲ ထမင်းစား…ရေသောက်…စတဲ့ လူ့လိုအပ်ချက် အလုပ်တွေလုပ်နေတာပဲ။
ဘုရားနဲ့တွေ့တဲ့နောက်..အရိယာဖြစ်သွားတော့လဲ … ထမင်းစား ရေသောက်စတဲ့လူ့အလုပ်တွေ လုပ်နေတာပါပဲ…… အဲလိုဆိုရင် ဘာကွာခြားသွားတာလဲ…

လောကီနယ်သားပုထုဇဉ်တုန်းက… ကိလေသာတွေနဲ့ လောဘဒေါသတွေနဲ့ ထမင်းစားတယ်။ ရေသောက်တယ်။ ကိလေသာတွေနဲ့ ပြောဆိုတယ်။ ကိလေသာတွေနဲ့ သွားလာလှုပ်ရှားတယ်။

ဘုရားနဲ့တွေ့ပြီးလို့ အရိယာဖြစ်သွားတော့ ကိလေသာတွေနဲ့ မစားတော့ဘူး။ မသောက်တော့ဘူး။ ပြောဆိုတာ.. သွားလာလှုပ်ရှားတာ..တွေမှာ ကိလေသာတွေ မပါတော့ဘူး။

ပုထုဇဉ်ကနေ အရိယာဖြစ်သွားတယ်ဆိုတာ… မစားတော့တာ…. မသောက်တော့တာ… စကားမပြောတော့တာ….. ဘာမှမလုပ်တော့တာ မဟုတ်ဘူးလို့ …. နားလည်မိပါတယ်……
လူဟာ အဲဒီအလုပ်တွေကို မလုပ်လို့မဖြစ်ဘူး….
အဲဒီလုပ်တဲ့အလုပ်တွေထဲမှာ စားတာ..သောက်တာ…ပြောတာ…လှုပ်ရှားတာတွေထဲမှာ လောဘ..ဒေါသ..မာနစတဲ့ မရိုးသားတဲ့စိတ်တွေနဲ့ မလှုပ်ရှားတော့တာ…

အင်္ဂုလိမာလကြီးမှ မဟုတ်ဘူး။ ပဉ္စဝဂ္ဂီ ငါးဦးလဲ ဒီအတိုင်းပဲ။ ဘုရားနဲ့မတွေ့ခင်အချိန်လေးအထိ… ကိလေသာတွေနဲ့ပုထုဇဉ် လောကီနယ်သားတွေ…

ဘုရားနဲ့တွေ့လို့တရားနာပြီးတော့… ၄-၅ရက်နဲ့ ကိလေသာကင်းတဲ့ အရိယာ လောကုတ္တရာနယ်ထဲရောက်သွားတာ။
ဒီပုဂ္ဂိုလ်တွေ…ဒီနေရာမှာပဲ… နယ်ပြောင်းသွားတာ။ နယ်ပြောင်းသွားလို့ စားတာ သောက်တာ ပြောတာဆိုတာတွေ မလုပ်တော့တာ မဟုတ်ဘူး။ ပုံမှန်အတိုင်းလုပ်နေတာပါပဲ။ ဒါပေမယ့် သူတို့ရဲ့ စားတာ သောက်တာ ပြောတာဆိုတာတွေထဲမှာ ကိလေသာတွေ မပါတော့တာ…..

ဒီရဟန်းတွေမှ မဟုတ်ပါဘူး။ သောတာပန်…သကဒါဂါမ်… အနာဂါမ်လူတွေလဲ ဒီအတိုင်းပါပဲ။ အဲဒီသောတာပန် သကဒါဂါမ် အနာဂါမ်လူတွေလဲ.. လူတွေလို စားသောက် ပြောဆို လုပ်ကိုင်နေကြတာပါပဲ။ ဒါပေမယ့် သူတို့ဟာ ကိလေသာတွေ နည်းပါးပြီး..သို့မဟုတ် ကင်းပြီး စားသောက်ပြောဆို လှုပ်ရှားနေကြတာ။ ကျွန်တော်ယူဆမိတာ စဉ်းစားမိတာကို တင်ပြတာပါ။
ဒီအယူအဆဟာ ဘယ်စာအုပ်ထဲမှာမှ ဒီလိုမျိုးတော့ မတွေ့သေးပါဘူး။ ကျွန်တော်စဉ်းစားမိတာကို တင်ပြကြည့်မိတာပါ။

လူကတော့ လူပါပဲ။ လူကို မဏ္ဍိုင်ထားပြီး… လောကီ နဲ့ လောကုတ္တရာကို ဟိုဘက်နယ် ဒီဘက်နယ်ခွဲခြားရမှာလို့ယူဆပါတယ်။

ဆိုကြပါစို့…..
စပါးစိုက်တာ…. လူ့အလုပ်ပါ။ လောကီအလုပ်လဲ မဟုတ်ဘူး။ လောကုတ္တရာအလုပ်လဲ မဟုတ်ပါဘူး။
အဲဒီစပါးစိုက်မှုအပေါ်မှာ အလုပ်သမားတွေ မတရားခိုင်းမယ်။ ဒေါသတွေနဲ့ငေါက်မယ်။ လောဘတွေနဲ့ ငွေနှိမ်ပေးမယ်။ အချိန်ပိုခိုင်းမယ်ဆိုရင်… အဲဒီအလုပ်ဟာ ကိလေသာတွေနဲ့မို့ လောကီအလုပ်ပါ။ လူတွေကို ဆင်းရဲစေပါပြီ။ လူ့လောကကိုညစ်နွမ်းစေပါပြီ။ အဲဒါ ဘုရားမကြိုက်တဲ့အလုပ်။ ပုထုဇဉ်တွေရဲ့ အလုပ်။ လောကီနယ်သားတွေရဲ့ အလုပ်။

အဲဒီ စပါးစိုက်တဲ့ လူ့အလုပ်ကို… တန်ရာတန်ရာပေးခိုင်းတယ်။ မတရားမခိုင်းဘူး။ ဒေါသတွေ…ငါအလုပ်ရှင်ပဲ ဆိုတဲ့ မာနတွေနဲ့ မခိုင်းဘူးဆိုရင်…. အဲဒီ စပါးစိုက်တဲ့ အလုပ်ကို လောကုတ္တရာအလုပ်လို့ ယူဆပါတယ်။ အဲဒီအလုပ်တွေဟာ လူတွေကို ကောင်းကျိုးတွေ တိုးပွားစေပါလိမ့်မယ်။ ငြိမ်းချမ်စေပါလိမ့်တယ်။ အဲဒါ ဘုရားလုပ်စေချင်တဲ့ အလုပ်။ အရိယာတွေအလုပ်။ လောကုတ္တရာနယ်သားတွေအလုပ်။

ဝိသာခါတို့… အနာထပိဏ်တို့… ဖခင်သုဒ္ဓေါဒနဘုရင်တို့စတဲ့ အရိယာလူတွေ…လောကုတ္တရာနယ်သားတွေ အများကြီးပါ။ အဲဒီသူတွေလဲ လူတွေဖြစ်တော့ လူ့အလုပ်တွေလုပ်ကြမှာပါ။

သူတို့ဟာ လောကုတ္တရာနယ်ထဲမှာ…လောကုတ္တရာနယ်သားတွေဖြစ်တော့ သူတို့လုပ်တဲ့အလုပ်ဟာ လောကီအလုပ်တွေလုပ်ပါဦးမလား….. သူတို့လဲ ဘုရင်ဆိုတော့…အုပ်ချုပ်တာ…. လူဆိုတော့…..စိုက်တာပျိုးတာ..ရောင်းတာဝယ်တာ… ချက်တာပြုတ်တာ..စတာတွေလုပ်မှာပါ။ သူတို့လုပ်တဲ့ အဲဒီအလုပ်တွေကို လောကီအလုပ်တွေလို့ပြောမှာလား….သူတို့က လောကီနယ်သားတွေ မဟုတ်တော့ပါဘူး…..
လောကုတ္တရာနယ်ထဲက လောကုတ္တရာနယ်သားလူတွေက လောကီအလုပ်တွေလုပ်တယ်လို့ ပြောလို့သင့်ပါ့မလား……

ဘုရားက လူတွေကို အရိယာတွေဖြစ်စေချင်တာပါ။ လူသားအားလုံး အရိယာဖြစ်ရေး…ပါ။ အဲဒီလို လူသားအားလုံးအရိယာဖြစ်ဖို့အတွက် လမ်းညွှန်တဲ့တာဝန်ထမ်းဆောင်ဖို့ သံဃာတွေကို ထားခဲ့တာပါ။ ဝါကျွတ်ရင် ခရီးလှည့်ပြီးကို တရားဟောရမယ်လို့မိန့်မှာထားခဲ့ပါတယ်။

လူသားအားလုံး လူ့အလုပ်တွေကို …. လောကီအလုပ်တွေဆိုပြီးစွန့်မှ လောကုတ္တရာနယ်သားအရိယာဖြစ်မှာဆိုရင်.. လူတွေ အရိယာဖြစ်ခွင့်ရှိပါဦးမလား……

လောကုတ္တရာနယ်သူ… သောတာပန်..အရိယာဖြစ်တဲ့ ဝိသာခါ။ တရားနာရင်း ဖိုမစိတ်ဖြစ်လို့ အိမ်ပြန်နေသေးတယ်လို့မှတ်တမ်းရှိတယ်ဆိုတာ ကြားဖူးပါတယ်။ အဲဒီဖိုမစိတ်ကို လောကီစိတ်လို့ပြောမလား..။ အဲလိုဆို ဝိသာခါဟာ လောကီနယ်မှာနေသူမဟုတ်တဲ့ အရိယာဖြစ်နေပါပြီ…. စဉ်းစားမိတာပါ..

လောကုတ္တရာနယ်က အရိယာဖြစ်သူဝိသာခါက လောကီအလုပ်ဆိုတဲ့အလုပ်ကိုလုပ်ပါဦးမလား……
လောကီအလုပ်လုပ်နေသူကိုကော… လောကုတ္တရာနယ်သားလို့ပြောလို့ရပါမလား…..

ကဲစာရှေသွားပါပြီ….. အတိုချုံးပြီး ကျွန်တော်ယူဆချက်ကိုတင်ပြရသော်…
စိုက်တာ..ပျိုးတာ..ရောင်းတာ..ဝယ်တာ…စားတာ..သောက်တာ…သည် လူ့အလုပ်ဖြစ်သည်။ လောကီလဲ မဟုတ်။ လောကုတ်လဲမဟုတ်။

အဲဒီ …စိုက်မှု..ပျိုးမှု..ရောင်းမှု..ဝယ်မှု..စားမှု..သောက်မှု…လုပ်ငန်းတွေမှာ လောဘတွေ ဒေါသတွေ..မာနတွေနဲ့ လုပ်မယ်..ကိုင်မယ်…ပြောမယ်..ဆိုမယ်… ဆက်ဆံလုပ်ကိုင်မယ်ဆိုရင် အဲဒီအလုပ်တွေဟာ ကိလေသာတွေနဲ့ လုပ်လို့ လောကီအလုပ်ဖြစ်သွားပါတယ်။ အဲဒီလိုလုပ်ရင် လူတွေအမှန်ဆင်းရဲကြပါလိမ့်မယ်။ လူ့လောကကြီးညစ်နွမ်းသွားပါလိမ့်မယ်။

အဲဒီ …စိုက်မှု..ပျိုးမှု..ရောင်းမှု..ဝယ်မှု..စားမှု..သောက်မှု…လုပ်ငန်းတွေမှာ လောဘတွေ ဒေါသတွေ..မာနတွေ မပါဘဲ….လုပ်မယ်..ကိုင်မယ်…ပြောမယ်..ဆိုမယ်… ဆက်ဆံလုပ်ကိုင်မယ်ဆိုရင် အဲဒီအလုပ်တွေဟာ ကိလေသာတွေမပါလို့ လောကုတ္တရာအလုပ်ဖြစ်သွားပါတယ်။ အဲဒီလိုလုပ်ရင် လူတွေအမှန်ချမ်းသာကြပါလိမ့်မယ်။ လူ့လောကကြီးငြိမ်းချမ်းသွားပါလိမ့်မယ်။

ရွှေတွေ ငွေတွေ ကားတွေ တိုက်တာခြံမြေတွေ ဟာ သတ်မှတ်ချက်အရလူတွေအမှန်လိုအပ်တဲ့ လူ့ပစ္စည်းဥစ္စာတွေပါ….
လောကီပစ္စည်းလဲ မဟုတ်။ လောကုတ္တရာပစ္စည်းလဲ မဟုတ်ပါ။

အဲဒီပစ္စည်းတွေကို လောဘတွေ ဒေါသတွေ မာနတွေနဲ့ ရှာဖွေမယ်။ စုဆောင်းမယ်…သိမ်းဆည်းမယ်။ သုံးစွဲမယ်ဆိုရင် လောကီပစ္စည်းသုံးစွဲမှုဖြစ်ပါတယ်။ သုံးစွဲသူလူတွေကို ဆင်းရဲစေပါလိမ့်မယ်။ လူ့လောကကြီးညစ်နွမ်းသွားစေပါလိမ့်မယ်။

အဲဒီရွေငွေကားတိုက်တာခြံမြေတွေကို လောဘတွေ ဒေါသတွေ မာနတွေမပါပဲ ရှာဖွေမယ်..စုဆောင်းမယ်…သိမ်းဆည်းမယ်..သုံးစွဲမယ်..ဆိုရင် အဲဒါလောကုတ္တရာသုံးစွဲမှုဖြစ်ပါလိမ့်မယ်။ လူတွေကို ငြိမ်းချမ်းစေပါလိမ့်မယ်။

လူဆိုတာ မရှိမှ လူ့လောကကြီးငြိမ်းချမ်းမှာလား……
လူတွေမှာ ကိလေသာတွေ မရှိမှ လူ့လောကကြီးငြိမ်းချမ်းမှာလား…….

ဒါဟာ တရားရရေး မရရေးနဲ့ မဆိုင်သေးပါဘူး။ လောကီနယ်နဲ့ လောကုတ္တရာနယ်ကို မြင်ရုံလေး ရှာဖွေကြည့်မိတဲ့ သဘောပါ။
လောကုတ္တရာရောက်ရေး နဲ့လဲ မဆိုင်သေးပါဘူး။ လောကုတ္တရာချမ်းသာနဲ့လဲ မဆိုင်သေးပါဘူး။ သွားရမယ့်နေရာကိုသာ ကြည့်မိခြင်းပါ။

ကျွန်တော့်အတွေး ကျွန်တော့်အမြင်လေးကို မေတ္တာရှေ့ထားပြီး ဝိုင်းဝန်းဆွေးနွေးဝေဘန်ထောက်ပြနိုင်ပါတယ်ခင်ဗျာ…
ကျွန်တော့်အတွေး..အမြင်များကို ကျွန်တော့်မိတ်ဆွေတွေကို ချပြခြင်း..မျှဝေခြင်းဖြစ်ပါကြောင်း………………….

ဒီစာစုမှာ “လောဘ” အရကောက်လွဲမှားနေရင်… လက်မခံနိုင်တာတွေ ဖြစ်လာနိုင်ပါတယ်…

11 comments

  • မောင်ပေ

    August 5, 2012 at 10:01 pm

    သာဓု သာဓု သာဓု ပါ
    အူးဘဇင်းဇောက်ရေ
    တစ်ကယ်ပါ
    လောကီ နဲ ့လောကုတ္တရာ ကို အခုမှခွဲခြားသိရတယ်ဗျား
    အရင်တုန်းက ဆောင်းဦးလှိုင်ရဲ ့သီချင်းထဲမှာတောင် ကြားခဲ့ဖူးသေးတယ်
    “ ဒီလောကီသားမို ့.. ရှောင်လွဲရန် ခက်လို ့.. ” ဆိုတာလေ
    ကျွန်တော်တို ့နေ ့စဉ် အလုပ်လုပ်ကြရာမှာ ငွေရှာကြရာမှာလဲ
    လောဘကို တတ်နိုင်သမျှ လျှော့နိုင်ဖို ့လိုအပ်ပါတယ်
    လောဘစိတ်ရှိနေရင် အမှန်ကို မမြင်နိုင်တော့ဘဲ အမှားတွေ ဆုံးရှုံးရာအကြောင်းများနဲ ့ပဲ နစ်နာကြရတာကလား။ နော…
    ကျွန်တော့်ကို ကျောက်စိမ်းပညာသင်ပေးတဲ့ ဆရာသမားကတော့ နေ ့စဉ် အိမ်ကနေ အလုပ်ကို မသွားခင်မှာ ကိုယ်သွားမယ့် လုပ်ငန်းခွင်က ရှိသမျှလူ တိရစ္ဆာန် ၃၁ဘုံသားအားလုံးကို မေတ္တာပို ့ပါတဲ့ ။
    နောက်ပြီး ငါဟာ ငွေရှာဖို ့သွားတာမဟုတ်ဘူးလို ့ ခေါင်းထဲထည့်ထားရင် ငွေရှာတဲ့ နေရာမှာ အဆင်ပြေမှုတွေ အများကြီးတွေ ့ရပါလိမ့်မယ်တဲ့ဗျာ။

    • koyo

      August 6, 2012 at 8:34 am

      အော်…တော်ပါပေ့ တော်ပါပေ့ လွန်ခဲ့သောနှစ်(၂၅၀၀)ကျော်ကစကားကို အခုလောက်
      စာကြောင်းအရေအတွက်နဲ့ သဘောပေါက်တာတော့ အားကျတယ်ဗျာ။ ကိုရိုးတော့ လောကီ
      လည်းမသိ၊ လောကုတ္တရာလည်းမသိ။ ကိုရိုး စပါးစိုက်ကြည့်မယ်။ တကမ္ဘာလုံးကလူတွေ စားဖို့
      ဆိုတဲ့ စိတ်ထားနဲ့ စိုက်မယ်။ ကောက်စိုက် ပျိုးနှုတ်သူတွေကိုလည်း ကိုရိုးရဲ့ လုပ်ဖော်ကိုင်ဘက်
      တွေလို့ သဘောထားမယ်။ ကိုရိုးလယ်ကထွက်တဲ့ဆန်တွေကို တကမ္ဘာလုံးကလူတွေ အဆင်ပြေ
      ပြေစားသုံးနိုင်ဖို့ဆိုတဲ့ထားနဲ့ ဖြန့်ဝေမယ်။ ရလာတဲ့ ငွေကြေးကို ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့
      အချိုးကျ မျှဝေသုံးစွဲမယ်။ အဲလိုမျိုး ကိုရိုး စပါးစိုက်မယ်။ ကိလေသာတွေ လောကုတ္တရာတွေ တ
      ပည့်တော် နားမလည်ပါ ဦးဇင်းဇောက်ဖရ။ ဦးဇင်းဇောက်တို့ ဘာသာရေးစကားနဲ့ ဆိုရင် တပည့်
      တော်ရဲ့ ကောက်စိုက်နည်းကို ဘယ်လိုခေါ်လို့ရနိုင်မလဲ ဘုရာ့ …။ ဦးတင်ပါတယ် ဘုရာ့…။

      • နွေဦး

        August 6, 2012 at 11:38 am

        ဟိုဘာသာတခုကတော့ “ကိုယ်စိုက်သောအပင် ကိုယ် ရိတ်သိမ်းရတယ်” လို့ဆိုတာပါဘဲ..။
        စပါးစိုက်တော့စပါးရမယ် ။စေတနာပါတော့ ကိုယ်လဲစား သူများလဲစားပေါ့ .
        စေတနာမရှိတော့ ကိုယ်တွက်ဘဲထားပြီး သူများတကာ စားရမှာမဟုတ်ဘူး ။
        လုပ်ဆောင်ချက်တွေရဲ့”နောက်က စေတနာ “ကိုကြည့်ပြီးတော့မှ ကိုရိုးရဲ့ ကောက်စိုက်နည်းကို အမည်ပေးနိုင်မှာပါ ။
        လုပ်ဆောင်ချက်တွေရဲ့ “ရှေ့ က ဆန္ဒ ” ကို ကြည့်ပြီး ကောင်းသည် ဆိုးသည် လို့ ဆုံးဖြတ်ခြင်း မပြုသင့်ပါ ။

  • ဇောက် ထိုး

    August 5, 2012 at 10:13 pm

    အားပေးတာ ကျေးဇူးပါ ဦးပေ… အဆင်ပြေတဲ့တနေ့မှာတော့ ကျွန်တော်
    “လောဘ”ဆိုတာလေးကို ရှင်းပြချင်ပါသေးတယ်။
    ဒီနေ့ လူတွေက လောဘဆိုတာကို လိုချင်တာလို့သာမန်ပဲသိနေကြပါတယ်.. ဆန်လိုချင်တာလောဘလား..
    ကားလိုချင်တာ လောဘလား…
    မြေလိုချင်တာ လောဘလား…
    အဲဒါတွေ မလိုချင်ရင်… လူတွေ တကယ်ချမ်းသာသွားမှာလား…
    ယနေ့ ဆရာတော်တွေက လောဘဟာ မကောင်းဘူး…လူကိုဆင်းရဲစေတယ်..လို့ညွှန်ပြနေကြပါတယ်…
    ဒါဟာ အမှန်ပါ… ဒါပေမယ့် လောဘဆိုတာ ဘယ်လိုလိုချင်မှုလဲ…… စဉ်းစားမိတာလေးကို အဆင်ပြေတဲ့ တနေ့တော့ တင်ပြဆွေးနွေးကြသေးတာပေါ့နော်….

    • နွေဦး

      August 6, 2012 at 12:04 pm

      လိုအပ်တာနဲ့ လိုချင်တာ ကို အရင်ခွဲ..
      လိုအပ်တာကို စွဲလမ်းမိရင် လောဘ..
      လိုချင်တာကို မစွဲလမ်းရင် လောဘ မဖြစ်..
      ဒါဆို စွဲလမ်းခြင်းက လောဘ အရင်းခံလား..
      စွဲလမ်းတယ်ဆိုတာက ” ဆန် ကား မြေ “ဆိုပြီး သိတာကိုး..
      သိလို့ လိုချင်တယ်မလား..
      ဒါဆို သိတာက လောဘ ရဲ့ အရင်းခံလား…
      သိဖို့ဆိုတာလဲ သင်ရတာကိုး.. လူဖြစ်လာကထဲက ကိုယ်တိုင်သိတာ ဘာမှမရှိဘူး..
      သင်ပေးလိုက်တဲ့အတိုင်း စွဲပြီး ကြီးပြင်းလာကြတာ..။
      အဲသည် မူလ အစွဲကို ကိုယ်သိတာ တွေ့တာ ကြုံတာတွေနဲ့ ပြုပြင်ရင်း အသိတွေ တိုးပွါးလာရတယ် ။
      အဲဒီတော့ အဲဒါတွေက လောဘ အရင်းခံဖြစ်သလား ။
      ဒီနေရာမှာ အသိတရား ဆိုပြီး ကောင်းသည် မကောင်းပါ ဆိုတာတွေကို ခွဲခြားတတ်တာတွေ ပါလာပြီ..။
      ဒါကို စဉ်းစားဆင်ခြင် ဉာဏ် လို့ပြောကြတယ် ။
      ဒါလေး တွေ့တော့မှ ဘယ်ဟာက လောဘ ဖြစ်တယ် ဘယ်ဟာကတော့ လောဘ မဖြစ်လောက်ဘူးဆိုပြီးသိနိုင်မှာပါ..။

      ဦးဇောက်ထိုးရဲ့ “တင်ပြ” ဆွေးနွေးလာမဲ့နေ့ကို စောင့် ဖတ်နေပါ့မယ်..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 5, 2012 at 10:32 pm

    ဘယ်လိုမှတော့ သဘောမထားပါနဲ့ ကိုယ်ဒေါ်ရယ်
    ( လောကီဆိုတာ…. လောဘ ဒေါသ မာန စတဲ့ ကိလေသာတွေနဲ့ ပုထုဇဉ် လူတွေ နေတဲ့နယ် )
    ဟုတ်သလိုလိုနဲ့ မပြည့်စုံလို့
    လောကီဆိုတာ တဏှာ၊ မာန ကို အစွန်းမရောက်အောင်နှင့် ဒိဌိ ( အယူလွဲခြင်း ) မဖြစ်အောင်
    ( အယူလွဲခြင်းဆိုတာကတော့ အတော်နက်ပါတယ် )
    တစ်နည်း
    ခန္ဓာနောက်က တဏှာ၊ မာန၊ ဒိဌိ အဲ့သည် ( တရား ) သုံးမျိုး မလိုက်အောင် ( ဝါ ) မလိုက်ဘဲ
    နေတဲ့ သတ္တဝါ ( သတ္တလောကသား ) ကိုဆိုလိုတယ်လို့
    ဘာဒဲ့
    ဝီစကီလား ဝီဒီပီလား တစ်ယောက်ရေးပီးတစ်ယောက်ပြင်တဲ့ ဟာကြီးလို ဝင်ပျင်ဘာဒယ်
    ပြေးဘီ…………………..

    • ဇောက် ထိုး

      August 6, 2012 at 7:01 am

      ကိုယ်မိုက်ကယ်ဂျော်နီရေ… ကျွန်တော်စာစုမှာ လောဘ ဒေါသ မာန စတဲ့…ဆိုပြီး ပါပါတယ်ဗျာ..
      စတဲ့ ဆိုတော့ မာန တို့ ဒိဋ္ဌိ တို့ပါပြီးသားပါ… စိတ်ရဲ့အညစ်အကြေးကိလေသာမှန်သမျှ အားလုံး ပါပါတယ်။ တဏှာဆိုတာကတော့ ကိလေသာရဲ့ ခေါင်ချုပ်လို့ပြောရမယ်ထင်ပါတယ်။
      ခန္ဓာနဲ့ပတ်သက်ရင်တော့ ကျွန်တော် မရှင်းတတ်ပါဘူး… အားလုံးလဲ အဲဒီအပိုင်းကိုတော့ နားလည်ပြီးသားတွေလဲဖြစ်နိုင်ပါတယ်….

  • Min Lwin

    August 6, 2012 at 5:03 am

    Here is a few question please !
    လောကုတ္တရာ can it be translate as ‘reality’ or what Plato said, the realm of “ideal forms” or “the sun” “the wise”?
    လောကီ is same as what i used to understand as the realm where people living and acting with conscienceless, acting amoral behaviors, such as psychopath (may be sociopath would be more appropriate). Btw,
    Your topic is so interesting. i always wonder how to comprehend these ideas into words, but, it really hard. I still immature, need alot of practicing on writing as well as knowledge. THnak you

  • ဇောက် ထိုး

    August 6, 2012 at 7:10 am

    ဟုတ်ကဲ့… ကိုမင်းလွင်ပြောတာကို ကျွန်တော် နားမလည်ပေမယ့်… ဝင်ရောက်ဖတ်ရှု မှတ်ချက်ပြုသွားတာကိုပဲ ကျေးဇူးတင်ပါတယ်ဗျာ…

  • မိုးတိမ်

    August 6, 2012 at 8:27 am

    ကျုပ်ကလဲ ထပ်ပြောရရင် ကိုယ့်ကိုယ်ကိုယ်သိပါ။
    ဦးဇင်း(အားနာလို့ခေါ်တာ)ရှက်သင့်ပါပြီ။
    အင်းတော်တော်များများကတော့ရိပ်မိနေပြီထင်တာပါပဲ။
    ရှင်းရှင်းပြောရရင် ခင်ဗျားဟာ ဘာဖြစ်ဖြစ် အဲလိုမလုပ်သင့်ဘူး။
    ခင်ဗျားတစ်ကယ်ဘုန်းကြီးဆိုရင် စာသင်တိုက်၊ဘယ်မှာသီတင်းသုံးတယ်ဆိုတာပြောပါ။
    ဘုရားရှင်ရဲ ့ သာဝကဟာ အင်တာနက်သုံးဖို့မပြောနဲ့(ဝိနည်းအရ) အိမ်သာတက်၊ဆွမ်းစား၊…..
    အကျဉ်း ၇၇၂ သွယ်ဆိုလားပဲဗျ။ရှင်းရှင်းပြောမယ် ခင်ဗျား ဘုန်းကြီးဖြစ်တောင်ကျုပ်မလေးစားဘူး။
    ခင်ဗျားဟာ ဘုန်းကြီးဆိုရင် ပူးသတ်နေတယ်ပဲယူဆတယ်။ကျုပ် ကိုးကွယ်ရာကို ခင်ဗျားအရှက်မရှိ
    လာဖျက်ဆီးတယ်။ထပ်ပြောမယ် မင်းကဘုန်းကြီးမဟုတ်ဘူး။ဒီတော့ ငါဆဲတယ်၊မိုက်ရိုင်းတယ်ကွာ
    (မင်းကစလာလို့) -ီးဘဲ။

    ဦးပေ………စွတ်တင်မနေနဲ့ ဒီကောင့်ကွန်မန့်တွေ စာတွေလဲသေချာဖတ်။အစက သာဓုခေါ်မိတဲ့ပါးစပ်
    ဖြတ်ရိုက်ချင်နေတယ်။

  • maungmoenyo

    August 6, 2012 at 9:54 am

    ဂေါတမက သံသရာမှာလည်ကြောင်း မပြောဟောခဲ့ပါဘူး။ သံသရာကလွတ်ကြောင်းကိုဘဲဟောပြောခဲ့ပါတယ်။ ဒီနေရာမှာလည်းသူကဟောလို့ဖြစ်ရတာ၊ တည်ရှိရတာမဟုတ်ပါဘူး။ နိဗ္ဗာန်အပါအဝင် ဘုံ(၃၁ဝနဲ့ဖြစ်တည်နေဆဲပရမတ်တွေဟာ ဂေါတမကဟောလို့ဖြစ်ရတည်ရတာမဟုတ်၊ ဖြစ်တည်နေကြောင်းကို သူက သက်သေထူခဲ့တာကိုး။
    ဘာနဲ့တူလဲဆိုတော့ မောင်မိုးညိုတို့ငယ်စဉ်က ပထဝီသင်တဲ့ဆရာက ကမ္ဘာကြီးလုံတဲ့အကြောင်း သက်သေထူပြခဲ့တာက၊ ဆရာထူပြလို့ ကမ္ဘာလုံရတာမဟုတ်၊ ကမ္ဘာကအစကနဥိးကတည်းပ လုံးနေရတာပါ။ ထိုနည်းတူဘဲ ဂေါတမက သစ္စာ(၄)ပါးကအစ တည်နေတဲ့ပရမတ်တွေကို ရှင်းပြခဲ့တယ်။ ဒါတွေအားလုံး သက်ရှိအားလုံးကမခံမနေရခံစားနေကြရတာ အတောမသတ်နိုင်ဘဲလေ။ ဒါတွေကလွတ်ရာ နိဂြောဓ ဆိုတာရှိကြောင်း၊လွတ်မြောက်နိုင်တဲ့ မဂ္ဂင်(၈) နည်းကိုလည်းဖေါ်ပြပေးခဲတာဘဲ။ ပြောရလွယ်သလောက် ဖြစ်ရခက်ပါတယ်။
    ဆိုခဲ့တဲ့ သောတာပန်ကအစ၊ သဂဒါဂမ်နဲ့ အနာဂါမ်တွေထိပေါက်ရောက်နေကြသူတွေ သတ္တလောကထဲရှိနေပါတယ်။ ကိုယ်ကိုယ်ကိုသာဖေါ်မပြောကြတာပါ။ မြေရှိုးမိုးပျံ တန်ခိုးရှိတာတွေကို ဆိုခဲ့တဲ့ နိဗ္ဗာန်ရောက်ရေးအဆင့်ဆင့်သော ကဏ္ဍတွေနဲ့ရောရှက်မသွားကြဘို့လိုပါတယ်။
    တကယ်ကြည့်တော့ ပရမတ်တရားအားလုံး၊ ဂေါတမကဟောသမျှ၊ သင်သမျှ အားလုံးသစ္စာ(၄)ပါးနဲ့ချုပ်ကြောင်းပါ။

Leave a Reply