ပုဂံခေတ်နှောင်းပိုင်း (၁၂၈၃) မြန်မာ-မွန်ဂို စစ်ပွဲများ(အပိုင်း ၂)
(ဒီဆောင်းပါးဟာ ပုဂံခေတ်နှောင်းပိုင်း (၁၂၈၃) မြန်မာ-မွန်ဂို စစ်ပွဲများ(အပိုင်း ၁) ရဲ့အဆက်ဆောင်းပါး ဖြစ်ပါတယ်။)
နရသီဟပတေ့မင်းဟာ အဲဒီလို မွန်ဂိုဘုရင် ကူဗလေခန်နဲ့ ပြဿနာတတ်ပြီး မွန်ဂိုတပ်တွေ မြန်မာနိုင်ငံတွင်းကို ချီတတ်လာပေမယ့် ချက်ချင်းချီလာနိုင် တာတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ တခြားစစ်မျက်နှာတွေလည်း ဖွင့်ထားလို့ပါ။ ၁၂၇ရ မှာ မြန်မာတပ်နဲ့ မွန်ဂိုတပ်တို့ မြန်မာနိုင်ငံ မြောက်ပိုင်း နယ်စပ်အနီးမှာ တိုက်ပွဲဖြစ်ပွားပါတယ်။ မွန်ဂိုမြင်းတပ်နဲ့ မြန်မာဆင်တပ်တို့ ပထမဆုံးတိုက်တဲ့ တိုက်ပွဲဖြစ်ပါတယ်။ ပထမဆုံးတိုက်တုန်းကတော့ မြန်မာက စစ်ရေးသာတယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ မြင်းတွေက ဆင်ကိုလန့်ပြီး တောထဲကို ဆုတ်ပြေးပါတယ်။ ဒီမှာတင် မွန်ဂို လေးသည်တော်တွေက မြင်းပေါ်ကဆင်းပြီး သစ်ပင်တွေကို အကာအကွယ်ယူပြီး မြှားမိုးရွာပါတယ်။ သစ်လုံးကြီးတွေကို မီးရှို့ပြီး တွန်းပေးတဲ့အခါ ဆင်တွေက မီးရောင်မြင်ပြီး နောက်ဆုတ်တဲ့ အခါမှာ မွန်ဂိုမြင်းတပ်ကလည်း အနားမကပ်တော့ပဲ ဘေးနှစ်ဖက်ကနေ မြှားနဲ့ ဝိုင်းပစ်ပါတယ်။ မြန်မာစစ်သည်တွေက မွန်ဂိုတွေလို သံချပ်ကာ ဝတ်လေ့မရှိလို့ ကြာတော့အထိနာပါတယ်။ ဒီပထမ စစ်ပွဲငယ်မှာ မြန်မာတွေ စစ်ရေးနိမ့်ပါတယ်။(မြန်မာတွေ တိုက်လေ့ရှိတာက ဆင်တပ်နဲ့ အနားကပ်ပြီး လှံနဲ့ ပစ်တတ်တာ ဖြစ်ပါတယ်။ မြင်းစီးပြီး မြှားပစ်တာကတော့ မွန်ဂိုတွေက ပိုကျွမ်းပါတယ်။)
ဗန်းမော်မြို့ တဘက်ကမ်းမှာ ရှိတဲ့ ငဆောင်ချမ်းခံတပ်ကို နောက်တနှစ် ၁၂၇၈ မှာမြန်မာတွေက ထပ်အားဖြည့်ပြီး တပ်စွဲလိုက်ပါတယ်။ ကချင်ပြည်နယ်ရဲ့ အဲဒီနေရာဟာ တရုတ်နဲ့ မြန်မာ စစ်ဖြစ်တိုင်းမှာ အရေးကြီးတဲ့ စစ်လမ်းကြောင်း ဖြစ်လာလေ့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်ရဲ့ အရေးကြီးတဲ့ ထိုးစစ်တိုင်းဟာ မြောက်ပိုင်းချီစစ်ကြောင်း အနေနဲ့ မြန်မာနိုင်ငံထဲကို ဝင်ဖို့ ကြိုးစားလေ့ရှိပါတယ်။ ဗမာနဲ့ ကချင်စစ်သည်တွေက တရုတ်ရဲ့ မြောက်ပိုင်းချီစစ်ကြောင်းကို ထိန်းချုပ်နိုင်ရင် ကျန်နေရာတွေက ဝင်လာတဲ့ စစ်ကြောင်းတွေကိုလည်း ကျန်မြန်မာတပ်တွေက ချေမှုန်းနိုင်ပြီး မြန်မာတွေ စစ်ရေးသာလေ့ ရှိပါတယ်။ အဲဒီမြောက်ပိုင်းချီ စစ်ကြောင်းကို မထိန်းချုပ်နိုင်ရင် မြန်မာတွေ အကြပ်အတည်း တွေ့လေ့ရှိတာကို တွေ့ရပါတယ်။
မွန်ဂိုတွေမှာ အခြားစစ်မျက်နှာတွေ များလွန်းလို့ မြန်မာစစ်မျက်နှာကို ၆ နှစ်လောက် ဆိုင်းငံ့ထားပြီး ၁၂၈၃ မှာအင်အားအလုံးအရင်းနဲ့ မြန်မာကို နှိမ်နှင်းဖို့ ချီတတ်လာပါတော့တယ်။(မြန်မာကို မတိုက်ခင်မှာ ဂျပန်ကို ဝင်တိုက်နေတာ ဖြစ်ပါတယ်။) မွန်ဂိုတပ်တွေရဲ့ အင်အားနဲ့ ပက်သက်ပြီး ကွဲနေတဲ့အဆိုတွေတော့ ရှိပါတယ်။ အင်အားက မြန်မာတွေထက် ပိုများတယ်ဆိုတာတော့ သေချာပါတယ်။ မှန်နန်းရာဇဝင်အရ မြင်းသည်ခြောက်သန်း ခြေသည်နှစ်ကုဋေလို့ ရေးပါတယ်။(အလွန်များပါတယ်)
ရွှေကြက်ယက်ဘုရား ကျောက်စာမှာတော့ ၁၂ သိန်းလို့ရေးတယ်လို့ ဆိုပါတယ်။(ကိုးကား-သန်းထွန်း ၇၅ မွေးနေ့လက်ဆောင် ရှာရှာဖွေဖွေ မြန်မာ့သမိုင်း အတွဲ ၂) တရုတ်မှတ်တမ်းကတော့ ၁၂၀၀ဝ လို့ဆိုပါတယ်။(ဒါကျတော့ နည်းလွန်းတယ် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာတွေ အချင်းချင်းတိုက်တဲ့ မြို့ပြနိုင်ငံချင်း ဖြစ်တဲ့စစ်ပွဲတွေတောင် ဒီထက်အင်အားများလို့ပါ။ ကျနော့်အမြင် တကယ့်အင်အားက ဒီအဆို ၂ ခုကြားထဲမှာ ရှိနိုင်ပါတယ်။ ကျနော့်အထင်ကို ပြောတာဖြစ်ပါတယ်။ ကွဲပြားတဲ့ ၂ ဘက်အဆိုတွေကို တင်ပြပြီးလို့ စာရေးသူရဲ့ သဘောထားကို ပြောတာဖြစ်ပါတယ်။ စာဖတ်သူတွေကလဲ ကိုယ်နှစ်သက်ရာ လက်ခံနိုင်ပါတယ်။ ကြားအဆိုကတော့ ခေတ်စောလွန်းလို့လား မသိပါ။ အခုချိန်ထိ ကြားအမြင်ရှာလို့ မရသေးပါ။)
မွန်ဂိုကျူးကျော်စစ်ကို ပိတ်ဆို့တိုက်ခိုက်ဖို့ နရသီဟပတေ့မင်းက စစ်သူကြီးအန န္တပစ္စည်းနဲ့ ရန ္တပစ္စည်းတို့ကို စစ်သည် ၄၀၀၀၀ဝ နဲ့လွှတ်ပြီး ငဆောင်ချမ်းခံတပ်ကို ကျုံး မြောင်း မြို့ရိုး အပြည့်အစုံနဲ့ ခိုင်ခံအောင် ပြင်ဆင်ပါတယ်။ မွန်ဂိုတရုတ်တပ်တွေ ရွှေလီမြစ်ကို ကူးတတ်မလာအောင် သုံးလတိုင်တိုင် တိုက်ခိုက်ပါတယ်။ တရုတ်ဥတည်ဘွား(ကူဗလေခန်) ကလဲ ဒီလှိုင်းတတ်သလို တပ်တွေ တတပ်ပြီးတတပ် စေလွှတ်တိုက်ခိုက်ပါတယ်။ လူတသိန်းကျရင် နှစ်သိန်းရောက်လာတယ်။ ဒီလိုနဲ့ မြန်မာတွေ လက်ပန်းကျလာပြီး ရန်သူဟာ မြစ်တဘက်ကမ်းကို အောင်မြင်စွာ ကူးတတ်နိုင်ပြီး ငဆောင်ချမ်းခံတပ် ကျပါတယ်။
၁၂၈၃ စက်တင်ဘာမှာ ရောက်လာတဲ့ ရန်သူမွန်ဂိုတပ်တွေက ငဆောင်ချမ်းကို ၃ ဒီဇင်ဘာ ၁၂၈၃ မှာသိမ်းယူလိုက်ပါတယ်။(ကိုးကား ဒေါက်တာသန်းထွန်း မြန်မာ့သမိုင်းပုံ)
(ဒီနေရာမှာ ထူးထူးဆန်းဆန်းလေးတွေ စိတ်ဝင်စားတတ်တဲ့ မိတ်ဆွေများအကြိုက် ထည့်ရေးချင်တာက အဲဒီလို ငဆောင်ချမ်းမှာ မြန်မာနဲ့ တရုတ်တပ်တွေ အသဲအသန်တိုက်နေကြတုန်း ကောင်းကင်မှာလည်း မြန်မာနတ်တွေနဲ့ မွန်ဂိုတရုတ်ဘက်ကနတ်တွေ တိုက်ကြပါတယ်တဲ့။ ဦးကုလားရာဇဝင်မှာ ပါပါတယ်။ ငဆောင်ချမ်းခံတပ် ကျတာကိုလည်း ဆက်သားမရောက်ခင် ဘုရင်က ကြိုသိနေပါတယ်တဲ့။ ဘာလို့လဲဆိုတော့ တေပသင်နတ်(ငတပါးသင်နတ်ဟုလည်းဆို) ကနရသီဟပတေ့မင်း ကိုးကွယ်တဲ့ မင်းဆရာတော်ကို ပုဂံတပ်တော် အရေးမလှဖြစ်ရကြောင်းနဲ့ နတ်ချင်းတိုက်ရာမှာလည်း ဟိုဘက်က ပစ်လိုက်တဲ့မြှား သူ့လက်ကိုမှန်လို့ ဒဏ်ရာရကြောင်း ညတွင်းချင်း လာလျှောက်တယ်လို့ ဆိုပါတယ်။
လူမပြောနဲ့ နတ်တောင် တကယ်ဖြစ်လာတော့ မျိုးချစ်စိတ်နဲ့ ဆော်ပလော် တီးတဲ့သဘောပါ။ နတ်သဘင်အစည်းအဝေးတို့ ဘာတို့ကျတော့ လူကြားကောင်းအောင် အဲလေ နတ်ကြားကောင်းအောင် နိုင်ငံတကာနတ်ဝါဒတို့ နတ်မျိုးနတ်နွယ်ချင်း မခွဲခြားပဲ ချစ်ခင်ရမယ် ဘာညာပေါ့ဗျာ။ ရာဇဝင်ထဲမှာလည်း ပါပြီး ထူးဆန်းတာတွေ ကြိုက်တတ်တဲ့ မိတ်ဆွေများ အတွက်ပါ။ မယုံသူများလည်း မယုံပဲ နေနိုင်ပါတယ်။ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ နှစ်လောကတိုက်ပွဲ ဆိုတဲ့စာအုပ်မှာလည်း ဒီသဘောမျိုး ဖတ်ဖူးပါတယ်။)
ငဆောင်ချမ်းကျပြီး တပတ်လောက်အကြာမှာ ကောင်းစင်ခံမြို့ ကျပါတယ်။ မွန်ဂိုတရုတ်တပ်တွေဟာ တောက်လျှောက် စုန်ဆင်းလာပြီး တကောင်းကို ဇန်နဝါရီ ၁၂၈၄ မှာသိမ်းယူလိုက်ပါတယ်။ နရသီဟပတေ့မင်းက ပုဂံကနေ ခုခံဖို့စဉ်းစားပါတယ်။ အဲဒီမှာ ပြဿနာ ဖြစ်လာတာက ပုဂံမြို့ရိုးက နိမ့်ပါတယ်။ ဘာလို့လဲဆိုတော့ အနော်ရထာလက်ထက် ပုဂံအင်ပါယာ တန်ခိုးကြီးချိန်ကစပြီး ကျန်ပတ်ဝန်းကျင် နိုင်ငံတွေက ပုဂံကိုထိုးစစ်ဆင်ဖို့ မစဉ်းစားရဲလို့ မြို့ရိုးကို ခံစစ်အတွက် လုပ်မထားပါဘူး။ အခုမြို့ရိုးကို ထပ်မြှင့်ဖို့လုပ်တော့ အုတ်ဖုတ်ဖို့ အချိန်မရလို့ ဂူ ကျောင်း ဘုရား စေတီအဟောင်းတွေကို ဖျက်ပီး အုတ်ယူစေလို့ နရသီဟပတေ့မင်းက အမိန့်ပေးပါတယ်။ ဂူကြီးတထောင် ဂူငယ်တသောင်း အုတ်ကျောင်းသုံးရာ ဖြိုဖျက်ရပါတယ်။
ဂူကြီးတဆူထဲက ကြေးနီပြားနဲ့ နမိတ်ဟောစာကို ရပါတယ်။ နမိတ်ဟောစာက သားမွှာဘ(အမြွှာကလေး များရဲ့ဖခင်) လက်ထက်မှာ ပုဂံပျက်မယ်လို့ ရေးထားတာတွေ့လို့ ထိတ်လန့်ပြီး မိဖုရားတွေ ကိုယ်လုပ်တော်တွေကို စစ်ဆေးတော့ မိဖုရားငယ်တဦးမှာ မကြာခင်ကပဲ သားအမြွှာမွေးထားတာ တွေ့လို့ စိတ်လျှော့ပြီး အောက်ပြည်အောက်ရွာကို ရေကြောင်းကနေ ထွက်ပြေးဖို့ စီစဉ်တယ်။ နရသီဟပတေ့က ရွှေဖောင်တော်စီးပြီး ပုသိမ်အထိစုန်ဆင်းတယ်။ စစ်သူကြီး အန္တပစ္စည်းနဲ့ ရ န္တပစ္စည်းတို့က(အုတ်လှကြီး အုတ်လှငယ်) တို့က ဖလဲမှာ တောင်ခြေကိုတန်းပြီး ခံတုတ်နှစ်ဆင့်နဲ့ ခံတပ်လုပ်ပြီး မွန်ဂိုတရုတ်တွေကို တိုက်ရပါတယ်။ စွမ်းစွမ်းတမံတိုက်ပေမယ့် အန ္တနပစ္စည်းကျဆုံးသွားလို့ ရ န္တပစ္စည်းက စနစ်တကျ တပ်ဆုတ်ပြီး ပုဂံကိုကာကွယ်ဖို့ ပြန်လာတော့ ဘုရင်ကြီးက မရှိတော့ပါဘူး။ ထွက်ပြေးသွားပါပြီ။ အဲဒီအချိန်ကစပြီး နရသီဟပတေ့မင်းဟာ တရုတ်ပြေးမင်းလို့ မြန်မာတွေ ခေါ်တာကို ခံရပါတယ်။(ကိုးကား မှန်နန်းရာဇဝင် ပတွဲ)
နောက်ပြီး သူဟာ ပုသိမ်မှာ စစ်ပြေးပြီးနေတုန်းက ပုဂံတုန်းကလို ဟင်းခွက်သုံးရာ မဆက်နိုင်လို့(ဟင်းခွက် ၁၅ဝ သာဆက်သနိုင်လို့) မျက်နှာကို ဖျင်လက်(အကျင်္ ီလက်) နဲ့ဖုံးပြီး “ငါဆင်းရဲလှ ချည်လား” လို့ပြောပြီး ငိုတဲ့အတွက် မိဖုရားစောက လောကဓံကို ဘယ်သူမှ မလွန်ဆန်နိုင်ကြောင်း တရားပြရတယ်လို့ ဆိုပါတယ်။(သူ့လိုသာဆို နေ့တိုင်းကို ငိုရမှာ သေချာပါတယ်။)
မွန်ဂိုတပ်တွေကလည်း ပုဂံနေပြည်တော် ကိုဝင်တပ်စွဲပြီး ဖျက်ဆီးလို့ အတော်လေး ပျက်စီးတယ်လို့ မြန်မာရာဇဝင်မှာ ရေးပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံ အထက်ပိုင်းကို တရုတ်ပိုင် ကျဲန်ဂ်မိယန် (Cheng-mien) ပြည်နယ်အဖြစ် ကျေငြာလိုက်ပါတယ်။(ဒေါက်တာသန်းထွန်း၏ မြန်မာ့သမိုင်းလစ်ကွက်များ စာအုပ်မှ) မွန်ဂိုတပ်တွေကလည်း တကောင်းမှာ တပ်စွဲထားလိုက်ပါတယ်။
မြန်မာတွေသာ ကံမကောင်းရင် အမျိုးသားရေး စိတ်မရှိခဲ့ရင် ဇတ်လမ်းက မသန်းဖြစ်ပြီး အဲလေ အဲဒီနေရာတင် ပြီးသွားပြီး တရုတ်ပြည်နယ် တောက်လျှောက် ဖြစ်သွားမှာပါ။ ဒါပေမယ့် ဇတ်လမ်းက အဲဒီတင် ပြီးမသွားပါဘူး။
အားပေးဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။
53 comments
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
June 2, 2012 at 10:43 pm
တရုတ်ပြေးမင်းက ကြိုပြေးနေတာကိုးနော် ကိုစံလှကြီးရေ။ဘုရင်ပီသပါဘိသနှယ့်။
ဟီးးးး အားပေးဖတ်ရှုသွားပါ၏။
San Hla Gyi
June 3, 2012 at 7:53 am
ဟုတ်တယ် ကိုသန်းထွဋ်ဦးရေ
သူအဲဒီလို ခေါင်းဆောင်မပီသလို့ အရည်အချင်းမရှိလို့ ပုဂံနိုင်ငံတော် ပျက်စီးခဲ့တာပဲ။ ကျနော်ကတော့ ကိုယ့်ကိုကိုယ် အထင်ကြီးတယ်ပဲပြောပြော ဘဝင်မြင့်တယ်ပဲဆိုဆို တခါတလေတော့ စိတ်ကူးယာဉ်ကြည့်တယ်။ အဲဒီကိစ္စတုန်းက သူမဟုတ်ပဲ သူ့နေရာမှာ ဘုရင့်နောင်တို့ ဦးအောင်ဇေယျတို့လို လူမျိုးတွေဆိုရင် ဒီကိစ္စက တော်တော်ကြည့်ကောင်းမှာပဲ။ မွန်ဂိုအင်ပါယာကြီး အင်အားကြီးတယ်ပဲ ထားပါတော့။ ဒီအကြောင်းကို နောက်ပိုင်းဆက်ရေးတဲ့ ကိစ္စတွေမှာ ပါလာနိုင်တယ်။
San Hla Gyi
June 3, 2012 at 7:54 am
အမြဲတမ်း ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကြောင်ကြီး
June 2, 2012 at 10:49 pm
ရွာထဲဂ တရုတ်ကူမြူနစ်ပါတီကေဒါ မြစ်ဆုံရေကာတာ စီမံကိန်း ဖြစ်မြောက်ရေး ဝါဒဖြန့်ချီရေးမှူး ကြေးမုံဂျီးဃိုလည်း ကျုပ်တို့ဒတွေ မျိုးချစ်စိတ်ရှိရှိနဲ့ ဝိုင်းဝန်းနှိပ်ကွပ် ပစ်ရမယ်ဗြ။ မြန်ပြည်ဘွားစစ်စစ် မိုးစက်ဂလေးအတွက်တော့ ကြောင်ကြီး အသက်နဲ့လဲပီး တာဝန်ယူဗာဒယ်။ 😳
San Hla Gyi
June 3, 2012 at 7:55 am
ကိုကြောင်ကြီးရဲ့ ပို့စ်တွေက ခန့်ခန့်လေးနဲ့ ပြုံးရလို့ အလွန်နှစ်သက်ကြောင်းပါ။ တရုတ်ကူမြူနစ်ပါတီ ကေဒါ မြစ်ဆုံစီမံကိန်း ဖြစ်မြောက်ရေး ဝါဒဖြန့်ချိရေးမှူး ကြေးမုံကြီးကို မျိုးချစ်စိတ်အပြည့်နဲ့ နှိပ်ကွပ်နေတာတွေ ကိုလည်း အမြဲတမ်း အားပေးနေကြောင်းပါ ဟဲ ဟဲ။
windtalker
June 2, 2012 at 11:43 pm
တော်တော် ဖတ်လို့ကောင်းပြီး ဗဟုသုတ လဲ အများကြီးရလိုက်ပါတယ်။
ကိုကြောင်ကြီးရဲ့ မျိုးချစ်စိတ်ကတော့ အံ့မခန်းဘဲ
အသက်နဲ့လဲပီး တဲ့
San Hla Gyi
June 3, 2012 at 7:55 am
ကို windtalker ရေ
အမြဲတမ်း လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဦးဦးပါလေရာ
June 3, 2012 at 12:03 am
ရှေးက ရေးထားတာတွေက အရေအတွက်ကတော့ အများကြီးကွဲပြားနိုင်ပါတယ်။
ယူရမှာက အဖြစ်အပျက်ကိုသာ လို့ ယူဆမိပါတယ်။
ဒီဆောင်းပါးနဲ့ သိပ်မဆိုင်တာလေး ပြောရရင်
မွန်ဂိုတွေက စစ်တိုက်တာ တော်တော်ကြီး တော်ပါတယ်။
စစ်တိုက်လို့ နိုင်ပြီးရင်သာ ဘာဆက်လုပ်ရမှန်းမသိတာ..။
အဲဒါကြောင့် သူ့အင်ပါယာကြီး သိပ်မကြာလိုက်တာဖြစ်မယ်ထင်တယ်..။
မွန်ဂိုတွေစစ်တို်က်ရာမှာ နိုင်စေတဲ့ (ရန်သူကြောက်လန့်တုန်လှုပ်စေတဲ့) အချက်တခုက
အလွန်ရက်စက်တာပဲဖြစ်တယ်လို့ ဆရာတဦးက ပြောဘူးတယ်။
ဒါကြောင့် မွန်ဂိုသံကြားရင်ကို ကြောက်ပြီး တဝက်ရှုံးနှင့်တယ်လို့ ဆိုပါတယ်။
အဲဒါကို နားလည်သွားတဲ့ နောက်ပိုင်း ပဒေသရာဇ်တွေဟာ စစ်တိုက်ရင် အလွန်ရက်ရက်စက်စက်လုပ်တာကို
အတုယူမှားကြပါတော့တယ်လို့ ဆိုပါတယ်။
San Hla Gyi
June 3, 2012 at 7:56 am
ဦးဦးပါလေရာရေ
အခုလို လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မတွေ့တာတောင် အတော်ကြာပြီ။ မွန်ဂိုတွေ စစ်တိုက်တော်တာ အမှန်ပါ။ တိုက်ပြီးသား ဒေသတွေက အဆင့်မြင့်ပြီးသာ ယာဉ်ကျေးမှုတွေကိုလည်း သူတို့အတွက် အသုံးချတတ်ပါတယ်။
အမှန်တော့ မွန်ဂိုအင်ပါယာကြီးက ကြာရှည်တည်တံ့ခဲ့ပါတယ်။ မွန်ဂိုအင်ပါယာကြီးဟာ ဂျင်ဂစ်ခန်လက်ထက် ၁၂၀၆ ကနေ မြေးတော် ကူဗလေခန်လက်ထက် ၁၂၉၄ အထိ တစုတစည်းတည်းသော အင်ပါယာနိုင်ငံကြီးအဖြစ် နှစ်ပေါင်း ၉ဝကျော်ကြာ တည်တံ့ခဲ့ပါတယ်။ ကူဗလေခန် နောက်ပိုင်းမှာ လေးပိုင်းကွဲသွားပေမယ့် တရုတ်မှာ နှစ်တရာနီးပါး ရုရှမှာနှစ်သုံးရာနီးပါး နဲ့ အာရှအနောက်ပိုင်း ဒေသတွေကိုလည်း တော်တော်ကြာကြာ အုပ်ချုပ်ခဲ့ပါတယ်။ သမိုင်းမှာ မွန်ဂိုတွေ နေမွန်းတည့်ချိန်ပေါ့ဗျာ။
အလွန်ရက်စက်တာတော့ မှန်ပါတယ်။ ကူဗလေခန်ရဲ့ ဖခမည်းတော် နာမည်ကိုက ရွှေပလ္လင်စံတူလီပါ။ ဘာလို့လဲဆိုတော့ မြို့ကြီးတမြို့ကို သိမ်းအပြီးမှာ မွန်ဂိုစစ်သားတွေက မြို့ကိုဖျက်ဆီး လူတွေကိုသတ်ဖြတ် လုပ်နေတာတွေကို မြို့လည်မှာ ရွှေပလ္လင်ကြီး တလုံးချပြီး အဲဒီအပေါ်ကနေ ရှုစားနေခဲ့လို့ ဒီနာမည်ရခဲ့ပါတယ်။ ကျနော်တို့ မြန်မာတွေ ဆိုးတယ်ဆိုတာက တကယ်တမ်း ခေတ်ပြိုင်မှတ်တမ်း တွေနဲ့တိုက်ကြည့်တော့ စစ်အောင်နိုင်သူတွေ ဖြစ်ပေမယ့် ထင်သလောက် မရမ်းကားခဲ့တာ တွေ့ရတယ် ထင်ပါတယ်။(ဥပမာ ယိုးဒယားကိစ္စ သူတို့ဘာသာ သူတို့ရေးတာလေး တွေတော့ ရှိပါတယ်။ ချဲ့ကားထားတာတွေ လည်းအတော်လေး ပါပါတယ်။ စစ်နိုင်သူတွေ ဆိုတာတော့ ပြောစရာ ရှိစမြဲပေါ့။)
တကယ်တမ်း စစ်တိုက်ရင်လည်း သူသူကိုယ်ကိုယ် ဒီအတိုင်းပဲ တိုက်ကြပါတယ်။ ဒါပေမယ့် ကွာတာလေးတွေလည်း ရှိပါတယ်။ ဥပမာ နပိုလီယံ စစ်တိုက်ပေမယ့် လူသတ်စခန်းတွေ မထားခဲ့ပါဘူး။ ဟစ်တလာကျတော့ စစ်အောင်နိုင်ရေးနဲ့ မဆိုင်တဲ့ လူသတ်စခန်းတွေ ထားပြီး သာမန်အရပ်သားတွေကို အများကြီး သတ်ခဲ့ပါတယ်။ နောက်ပိုင်း အကျယ်ချဲ့ ပြောပါမယ်။
NAJA
June 3, 2012 at 12:32 am
အရှိန်တော့ တော်တော်လေးရလာပြီဗျာ ကိုစံလှကြီး.. နောက်အပိုင်းဆက်တွေမြန်မြန်လေးလာရင်ကောင်းမယ်ဗျို ့ ဒီအပိုင်းဆက်တွေကို ပုဂံကနေ ကုန်ဘောင်ခေတ်နှောင်းအထိ ဆန့်နိုင်သမျှသာဆန့်ပါလို့တောင်းဆိုချင်တယ်ဗျာ ကျွန်တော်တို့သာမန်လူတွေဖတ်တဲ့သမိုင်းထဲက highlight မလုပ်တဲ့အကြောင်းအရာတွေကို အချက်အလက်အားဖြင့်မခိုင်မာသော်လဲ ထည့်ထည့်ပေးတာပိုကောင်းတယ်ထင်ပါတယ်…
ဒါထက် ကျွန်တော်တို့အများစုသိတဲ့ ကနောင်မင်းသားကြီးရေမြုပ်ဗုံးဆက်မလုပ်ဖြစ်တာ ဆရာတော်ကြီးရဲ့ပရောဂပါမပါလေး နဲနဲလောက်ရှင်းပြပါလားဗျာ… မိတ်ဆွေတစ်ယောက်က မဆိုင်ဘူးပြောသွားလို့ပါ..
San Hla Gyi
June 3, 2012 at 7:58 am
ကို NAJA ရေ
တနှစ်တခါ ပေါ်လို့လာ NAJA ကတုံးလူမမုန်း အဲလေ ဝါဝါကတုံး လူမမုန်း ဆိုသလိုပါပဲလား။ နောက်ပိုင်း အဆက်တွေကို မြန်အောင်ကြိုးစားပေမယ့် သိပ်မြန်ဖို့တော့ မလွယ်ဘူး ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ ရသမျှ အချိန်လေးမှာ ကိုယ်ရေးကိုယ်တာလေးတွေ ပြီးတာနဲ့ အချိန်လုပြီး စာအုပ်တွေ မှတ်တမ်းတွေကို ပြန်ကြည့်ရလို့ပါ။ ပုံမှန်လောက်ပဲ သွားနိုင်ပါလိမ့်မယ်။ ဒါတောင် ရေးတာမှာ လိုတာတွေကိုလည်း အချိန်နဲ့ ကျနော်ရဲ့ အားနည်းမှုအနေနဲ့ သည်းခံပြီး ဖတ်ရှုပေးကြပါ။
ကနောင်မင်းသားကြီး ရေမြှပ်ဗုံး မလုပ်ဖြစ်တဲ့ ကိစ္စက တော်တော် ပြောကြပါတယ်။ ဒါပေမယ့် ကျနော့်အမြင်ကတော့ အဓိက တာဝန်ရှိသူဟာ ဆရာတော်ကြီးတွေ မဟုတ်ပဲ မင်းတုန်းမင်းကြီးလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက အဓိက အဆုံးအဖြတ် ပေးရသူပါ။ တခါတရံ တိုင်းပြည် အုပ်ချုပ်သူဟာ အများနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ တကိုယ်ရည် ခံစားချက်နဲ့ ဆုံးဖြတ်လို့ မရပါဘူး။ သူက တာဝန်အရှိဆုံး ခေါင်းဆောင် ဖြစ်လို့ပါ။
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ မြန်မာပြည်ရဲ့ နယ်နမိတ်တွေကို ပြန်စုစည်းတဲ့ စစ်ပွဲတွေတုန်းက ဒီလိုပဲ ဆရာတော်ကြီးတွေက စစ်ပွဲတွေကို သတ္တဝါတွေ အကျိုးအတွက် ရပ်ဖို့ တိုက်တွန်းဖူးပါတယ်။ ဒါပေမယ့် ဦးအောင်ဇေယျက အနော်ရထာနဲ့ ဘုရင့်နောင်ရဲ့ မြန်မာနိုင်ငံ နယ်နမိတ်တွေကို ပြန်ရအောင် လုပ်မယ်လို့ ဆုံးဖြတ်ပြီးပါပြီ။ ဒါကြောင့် သူက ဆရာတော်ကြီးတွေကို လှူဖွယ်ပစ္စည်းတွေ လှူဒါန်းပြီး ရိုသေ ယာဉ်ကျေးသော်လည်း ပြတ်သားတဲ့ လေသံနဲ့ ဆရာတော်ဘုရားတို့ တပည့်တော် ဆုံးဖြတ်ပြီးပါပြီ။ ဒါကြောင့် ဒီကိစ္စကို သဘောတူလို့ မဖြစ်ပါဘူးလို့ လျှောက်လိုက်ပါတယ်။ ဆရာတော်ကြီးတွေလည်း နောက်ဆက်ပြီး မပြောတော့ပါဘူး။
တချို့ကိစ္စတွေက သူ့အကန့်နဲ့ သူပေါ့ဗျာ။ ခွဲကြည့်ရမှာ ဖြစ်သလို ခေါင်းဆောင်အနေနဲ့လည်း အများနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ ဆုံးဖြတ်ချက်ကို ရဲရဲချဖို့လိုတယ် ထင်လို့ပါ။ ပြောရင်းနဲ့ ကျနော်တောင် မာနကြီးသော ကိုယ့်ကိုကိုယ် အထင်ကြီးသောတို့ ရက်စက်သူကြီးတို့ ဘွဲ့တွေတော်တော် ရနေပြီ ထင်တယ်ဗျို့။
NAJA
June 3, 2012 at 10:16 am
တစ်နှစ်တစ်ခါပေါ်ဆို.. ဒီရက်ပိုင်းဖတ်သမျှက လူသတ်၊ မီးရှို့တွေပဲများနေလေတော့ ကိုစံလှကြီးပိုစ့်ဖတ်ရတာ ဓါတ်စာစားလိုက်ရသလိုပါပဲ သဘောတွေ ့လွန်းလို့ဝင်လျှာရှည်လိုက်မိတာပါဗျာ… သဂျီးရဲ ဖီလားဒယ်ဖီယာကလဲ သူများတင်မှ သူကတင်လို့ရတာဆိုတော့ကာ သူ့ကိုတောင်တောင်းမရလို့…
San Hla Gyi
June 3, 2012 at 2:37 pm
ဟုတ်ပါတယ် ကို NAJA ရေ
ကျနော်ကလဲ တမင်နောက်လိုက်တာပါ။ စိတ်မရှိပါနဲ့။ ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်။ ဝင်လျှာရှည်တယ်ဆိုလဲ ကျနော့်အတွက် အတွေးအမြင် အသစ်တခု ရတတ်ပါတယ်။ ကျနော်ကလဲ မေးသူရှိမှ စဉ်းစားမိလို့ပါ။ နောက်လဲ အားပေးနိုင်ပါတယ်။ အမှန်တော့ ကိုနာဂျာ မသိလို့ပါ။ ကျနော်ရဲ့ စာပေမောင်နှမလေး မသဲနှင်းအိမ်နဲ့ ကိုနာဂျာ ဟိုတလောတုန်းက ကျနော့်နာမည်ကို ပို့စ်တခုမှာ ပြောနေသံကြားတုန်းက ကျနော်က တချိန်လုံး ထိုင်ဖတ်နေတာပါ။ တကယ်ပြောတာပါ။ ၂ယောက်စလုံး ကျနော့်နာမည်ကို ပြောနေလို့ ကျနော်က ဒေါက်တာသန်းထွန်း ပြောသလို ငါဒီမှာဟေ့ ဆိုပြီးတောင် ထွက်ပြီး ရပ်ပြချင်သေးတယ်။ ဘာလို့အဲဒီကွန်မန့်တွေကို သေသေချာချာ ဖတ်တာလဲဆိုတော့ မသဲနှင်းအိမ်ရဲ့ ကွန်မန့်တွေက တော်တော် အကွက်စေ့လို့ပါ။ ကျနော့်ကို အားလဲပေးဖူးလို့ လိုအပ်ရင်လဲ ကျနော်ကိုယ်တိုင် ဝင်ဖိုက် အဲလေ ဝင်ဆွေးနွေး ပေးမလို့ပါ။
နောက်တော့ သူကချည်းပဲ တချက်ချင်း ထောက်ပြနေလို့ မလိုအပ်ဘူးဆိုပြီး မဝင်ပဲနေခဲ့တာပါ။ အခုတလော သူတောင် ပျောက်နေသလိုပဲ။ နောက်လဲ အားပေးပါအုံးဗျာ။
ကြောင်ကြီး
June 3, 2012 at 10:57 am
ကျနော်လည်း ကနောင်မင်းသား ဗုံးခွဲတာကို ဘုန်းကြီးတွေတားလို့ စစ်ရှုံးတယ်ဆိုတာ လက်မခံဘူး။ လူတွေစိတ်ဝင်စားအောင် ပြောဒါလို့ထင်တယ်။ တိုင်းပြည်တိုးတက်စေဂျင်တဲ့ စေတနာအနေနဲ့ ပြောဂျတာများလို့ ပြန်လှန်အငြင်းရ ခက်တယ် သို့သော် နောက်ပိုင်း မိုးပြားဂိုဏ်း ပစ်စုတ်ပံဂိုဏ်း ဇိမ်ဂိုဏ်းတွေ ထကြွသောင်ကျန်းလာတဲ့ အခုလို အချိန်မျိုးကြတော့ သိပ်မနိပ်လှဘူး။ အချိန်ကာလကို ပြန်ကြည့်ပါ။ အင်္ဂလိပ်က စစ်နှစ်ပွဲ တိုက်ပီးလို့ နိုင်ငံအောက်ပိုင်း တခုလုံးကို သိမ်းပီးဘီ။ မြန်မာဘုရင်အတွက် ပင်လယ်ထွက်ပေါက် မရှိလော့ဝူး။ အထက်ပိုင်းမှာဂ ရှမ်းကချင်တွေ.. သူတို့တဖက်ခြမ်းမှာဂ မြစ်ဆုံရေကာတာစီမံကိန်း ဝါဒဖြန့်ချီရေးမှူး ကူမြူနစ်ကေဒါ ကြေးမုံဂျီးအမျိုး တရုတ်ကြီးရှိနေဒယ်။ အင်္ဂလိပ်တပ်တွေ အလုံးအရင်း ရောက်နေပီ။ နိုင်မယ်ဆိုဒါလည်း သေချာနေပီ။ ဘယ်သူဂ ဒီအခြေအနေမျိုးမှာ နောက်ဆုတ်တော့မှာလဲ။ ဒုတိယနဲ့ တတိယ စစ်နှစ်ပွဲအကြား အချိန်နည်းနည်းကြာသွားတာ ပြင်သစ်နဲ့အင်္ဂလိပ် အာဖရိကမှာလား အင်ဒိုချိုင်းနားမှာလား အပြိုင်စစ်ခင်းနေဂျ၊ အိန္ဒိယမှာ စစ်ပါရီအရေးအခင်း စတာကြောင့်လို့ ဖတ်ဖူးတယ်။ နောက်တချက်က ပြင်သစ်နဲ့ ပေါင်းပီးအင်္ဂလိပ်ကို ပြန်ချဖို့ လုပ်နေတာ အင်္ဂလိပ်တွေ သိတယ်။ အင်ဒိုချိုင်းနား၊ အာဖရိက ဒေသတွေရဲ့ ကိုလိုနီအပြိုင်နယ်ချဲ့ပွဲမှာ ပြင်သစ်ကို အင်္ဂလိပ် အနိုင်ရလိုက်ပီးနောက် ဘယ်ကောင်မှ ကြောက်စရာ မလိုတော့ဝူး။ မြန်မာဘုရင်တွေ အလျော့ပေးလည်း အကြောင်းအမျိုးမျိုးပြ သိမ်းမှာဗဲ။ တတိယစစ်ဖြစ်ခဲ့တာလည်း အင်္ဂလိပ် သစ်ခိုးထုတ်တာကို မြန်မာဖက်က ဒဏ်တပ်တာ အကြောင်းပြပီး သိမ်းခဲ့တယ်မှတ်တယ်။ စစ်မတိုက်ခဲ့ရင် သီပေါမင်း ရတနာဂီရိကို အပို့ခံချင်မှ ခံရမယ်၊ သို့သော် ထီးနန်းဆင်းပေးရမှာတော့ သေချာတယ်။
သဂျီတို့လို ငါ့စဂါးနွားရ ပြောသူတွေကြောင့် သမိုင်းအမြင် ရှုပ်ထွေးမှုများ ဖြစ်နေရဒါဖြစ်တယ်။ သူ့ဂိုဝိုင်းဆဲဂျပါ။
San Hla Gyi
June 3, 2012 at 2:38 pm
ဟုတ်တယ် ကိုကြောင်ကြီးရေ
ကိုကြောင်ကြီး ပြောတဲ့အတိုင်းပါပဲ။ နောက်ပိုင်းတောင် ရေးဖြစ်အုံးမလား မသိဘူး။ လောလောဆယ် ကျနော်က ကိုကြောင်ကြီး ပြောတဲ့ ကြေးမုံကြီးတို့ အမျိုးတွေအကြောင်း အရင်ပြောချင်နေလို့ပါ။ ဒါကြောင့် လောလောဆယ် အဲဒီအစကို ဆွဲမထုတ်ချင်သေးဘူး။ ဆွဲထုတ်ရင် အဲဒီကလဲ အများကြီး ထွက်လာနိုင်တယ်။
သဂျီးကိုတော့ ဆဲလို့ မဖြစ်သေးပါဘူးဗျာ။ ကိုကြောင်ကြီးက သူငယ်ချင်းမင်းဖြစ် ဆိုသလို ပြောမနာ ဆိုမနာပေမယ့် ကျနော်ပြောဖူးသလို သူဟာ စိတ်ကောင်းရှိ သီလမြဲ ဝိပဿနာစွဲ ထူးကဲသူတယောက်ပါ။ စိတ်ဓတ်တွေရော လုပ်ရပ်တွေရော ပြောပုံဆိုပုံတွေရော အထင်ကြီးစရာကောင်းတဲ့ လူတယောက်ပါ။
ကိုကြောင်ကြီး ကြည့်ရတာ ကြေးမုံကြီးနဲ့ ကျောင်းတော်က ရန်စတွေများ ရှိခဲ့တယ်ထင်တယ်။
ကိုရင်မောင်
June 3, 2012 at 5:32 am
ကိုစံလှကြီးရေ အားပေးနေပါတယ်….
( မြန်မာနိုင်ငံ အထက်ပိုင်းကို တရုတ်ပိုင် ကျဲန်ဂ်မိယန် (Cheng-mien) ပြည်နယ်အဖြစ် ကျေငြာလိုက်ပါတယ်) ဆိုတာကြောင့် ထင်တယ်
ခုချိန်ထိ တချို့တရုတ်တွေကပြောနေကြတုန်း
မင်းတို့နိုင်ငံကို အယင်ကငါတို့ပိုင်တာဆိုဘဲ..
တော်တော်သဘောကျဘို့ကောင်းတဲ့တရုတ်တွေ….
San Hla Gyi
June 3, 2012 at 7:59 am
ကိုရင်မောင်ရေ
အားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ အဲဒါကတော့ တရုတ်တွေ ကိုယ်လိုရာ ဆွဲပြောတာပါ။ နောက်ပိုင်း ဆက်ရေးရင် ပါလာပါလိမ့်မယ်။
ကြောင်ကြီး
June 3, 2012 at 10:38 am
ကြေးမုံဂျီးဂို စောင်းပြောနေဒါလား..။ သူဂ မြစ်ဆုံရေကာတာဆောက်ခွင့်ရရင် ကျေနပ်ပီဒဲ့။ သစ်က ခုတ်လို့ကုန်ပီလေ။ ကျောက်သံပတ္တမြားတွင်းတွေဂလည်း ဟောက်ပက်ဖြစ်နေပီ။ သဘာဝဓာတ်ငွေ့ဂလည်း ပိုက်လိုင်းသွယ်ပီးသွားပီ။ ကြေးမုံဂျီးရေ ကြည့်လုပ် ကြည့်လုပ်….။
captainamerica
June 3, 2012 at 9:09 am
ကူဗလိုင်ခန်ရဲ.ဖခင်ရွှေပလ္လင်စံတု(လ်)အကြောင်းကြားဖူးတယ်။အိုက်ဘွဲ.ရတာအာဖဂန်နစ္စတန်ဘက်မှာ
တိုက်ရင်းရလာတယ်ဆိုဘဲ။ဒေသခံလူမျိုးနွယ်စုတွေက ပြင်းပြင်းထန်ထန်ခုခံလို.ဂျင်ဂစ်ခန်ရဲ.လက်ရွေးစင်
တပ်သား ၃ ၄၀ဝလောက်ကျသာွးလို.ဆိုဘဲ။သူကတပ်တွေအားလုံးဦးစီးရတဲ့စစ်ဦးစီးချုပ်တာဝန်ယူထားရတယ်ဆိုပဲ။အဲလိုလက်ရွေးစင်စစ်သည်တွေကျသာွးလို.သူ.ဖခင်ဂျင်ဂစ်ခန်ကသူကိုပြင်းပြင်းထန်ထန်ဆူပီး သတိပေးခံရတယ်ဆိုပဲ။အိုက်ဒါနဲ.ပဲ မြို.ကိုသိမ်းမိတော့ မြင်မြင်သမျှအကုန်သတ်ဆို
ပီးဖြစ်ကုန်တာပဲ။ဟုတ်လား မဟုတ်လားတော့သေချာမသိဝူးဗျ။မှားရင်လည်းပြန်ပြင်ပေးကြပါ။
မွန်ဂို အင်ပါယာအကြောင်းကိုစိတ်တော်တော်ဝင်စားပါတယ်ဗျ။ပို(စ်)ပေးတဲ့ကိုစံလှကြီးကိုလည်းကျေးဇူးတင်
ပါတယ်။
San Hla Gyi
June 3, 2012 at 2:39 pm
အင်း ပထမဆုံး အကြိမ်လာရောက် အားပေးတာ ကျေးဇူးတင်ပါတယ်။ ကျနော် ခင်ဗျားရေးတဲ့ ကွန်မန့်လေးတွေကို သတိထားမိနေတာ ကြာပါပြီ။ အဲဒီလို ဘွဲ့ရခဲ့တာ ဖြစ်နိုင်တဲ့ မြို့ ၂ မြို့ ရှိပါတယ်။ နိစပူရလို့ခေါ်တဲ့ အီရန်ဘက်မှာ ရှိတဲ့မြို့တမြို့နဲ့ မေရဝ သို့မဟုတ် Merv လို့ခေါ်တဲ့ တာမင်နစ်စတန်ဘက် မှာရှိတဲ့ မြို့တမြို့ ဖြစ်ပါတယ်။(ဒါပေမယ့် ရက်စက်ပုံကတော့ ၂ မြို့စလုံးမှာ အတူတူပဲ ဖြစ်ပါတယ်။) ကျနော်ဖတ်ဖူးတဲ့ စာအုပ်ထဲမှာက မေရဝမြို့လို့ ရေးထားပါတယ်။ မြို့ပုံစံက စာအုပ်ထဲမှာရော မြေပုံထဲမှာရော အဝိုင်းဖြစ်ပါတယ်။ အဲဒီအချိန်က အင်မတန် သာယာပြီး စာကြည့်တိုက်တွေလည်း အများကြီး ရှိတယ်လို့ သိရပါတယ်။
ကျနော်ဖတ်ဖူးတာတော့ တူလီဟာ ဒီစစ်ဆင်ရေးမှာ သူ့ယောက်ဖတော်(သူ့အမတော်ရဲ့ ခင်ပွန်း) ကျဆုံးသွားလို့ ဒေါသထွက်ပြီး လက်စားချေတာလို့ သိရပါတယ်။ တမြို့လုံးကို လက်မှုအနုပညာသည် ၃၀ဝ လောက်ပဲ ချန်ထားပြီး သတ်ပစ်လိုက်တာ တသန်းနီးပါးတောင် အသတ်ခံရတယ်လို့ အဆိုရှိပါတယ်။ မွန်ဂိုစစ်သား တယောက်ကို လူ သုံးရာ သို့မဟုတ် လေးရာလောက် တာဝန်ယူပြီး သတ်ရတယ်လို့တောင် ဆိုပါတယ်။ တကယ်တော့ အဲဒီခေတ်က သူတို့နဲ့ တိုက်တဲ့ နိုင်ငံတိုင်း အဲဒီလို ခံရပါတယ်။ အားလုံးနီးပါး သူတို့ကို မယှဉ်နိုင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ မြန်မာတွေကျတော့ ပုဂံနေပြည်တော် ကျသွားပေမယ့် သူတို့ကိုခုခံပြီး တိုက်ခိုက်တဲ့အပြင် အဲဒီလို အဖြစ်ဆိုးမျိုး မကြုံခဲ့ရပါဘူး။ ပြီးတော့ အဲဒီအချိန်မှာ မြန်မာတွေရဲ့ အင်အားက အကောင်းဆုံး အခြေအနေမှာ ရှိမနေပါဘူး။ ကျနော်ကတော့ ကိုယ့်ဘိုးဘေးတွေကို တခါတလေ အတော်လေး အထင်ကြီးမိပါတယ်။
ခင်ဗျား ပြောသလို မြန်မာတွေဟာ ကြီးကျယ်တယ်ဆိုရင်လဲ ခံရမှာပဲ။
မိုးတိမ်
June 3, 2012 at 9:12 am
ကိုစံလှကြီး ဆက်ရေးပါခင်ဗျာ။
မြန်မာတွေ စစ်နိုင်တုန်းက အခြားသောဘုရင်တွေလောက် မရက်စက်ခဲ့ပါဘူး။
ယိုးဒယားတွေက ဇာတ်မနာနာအောင်ချဲ ့ကားရေးထားတယ်ဗျ။
တရုတ်ဆိုတဲ့ အယုတ်တမာကောင်တွေကိုလဲ အင်အားမညီတဲ့ကြားကနိုင်ခဲ့ပါတယ်။
အခုတော့ တရုတ်၊ကုလား၊ယိုးဒယား၊ဘင်္ဂလား တစ်ကောင်မှ မြန်မာအပေါ်မကောင်းခဲ့ဘူးဗျ။
ကျွန်တော်တို့ သွေးစည်းညီညွတ်ကြဖို့လိုနေပြီထင်ပါကြောင်းးးးးးးးးးး
San Hla Gyi
June 3, 2012 at 2:40 pm
ကိုမိုးတိမ်ရေ
အားပေးတဲ့အတွက် ကျေးဇူးပါ။ ဒီလိုပါဗျ။ မျိုးချစ်စိတ်မှာ အတိုင်းအတာ ရှိပါတယ်။ လိုတာထက် ပိုသွားရင်လဲ ဖက်ဆစ်ဖြစ်သွားတတ်တယ်။ ကျနော်က ဒီလိုရေးတာဟာ သူတို့အပေါ်မှာ မောက်မာဖို့ အငြိုးထားဖို့ မဟုတ်ပါဘူး။ ဒီလိုပဲ သူတို့က ကိုယ့်ရဲ့ ဘိုးဘေးတွေကို မဟုတ်တာတွေ ပြောပြီး စော်ကားလာရင်လဲ ခုခံနိုင်အောင်ပါ။ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ပါ။
ကျနော်တို့ မြန်မာတွေ အကုန်မှန်တယ် လို့ပြောတာ မဟုတ်ပါဘူး။ ပြောရင်းနဲ့ ကျနော်လဲ မကြာခင် မျက်ကန်းမျိုးချစ် ဆိုပြီး ဘွဲ့တခု ထပ်ရအုံးမယ်ထင်တယ်။
Azzurri
June 3, 2012 at 9:30 am
မမန့်ဖြစ်ပေမယ့် တောက်လျောက် ဖတ်ဖြစ်လာကြောင်း ရယ် အားပေးစောင့်မျှော်နေကြောင်းရယ် သတင်းပို့ပါတယ်ဗျာ
ခင်တဲ့
ဂီ
San Hla Gyi
June 3, 2012 at 2:40 pm
ကိုဂီရေ
အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။
ဆူး
June 3, 2012 at 10:38 am
စိတ်ဝင်စားလွန်းလို့ ဖွင့်ထားပြီး အလုပ်လုပ်လိုက် ပြန်ထိုင်ဖတ်လိုက်နဲ့ ဒီစာတပုဒ်ကို ဖတ်ဖို့ ၃ကြိမ်လောက် ဖတ်လိုက်ရပါတယ်။
နောက်ထပ် ဘိုးဘွားတွေ ပြန်လည် စုစည်းပြီး ပုဂံကို ပြန်လည် သိမ်းယူခဲ့တာလေး ဇတ်လမ်းဆက်ပါအုန်း။
အဲဒီ အပိုင်းကို ပိုစိတ်ဝင်စားပါတယ်။
San Hla Gyi
June 3, 2012 at 2:41 pm
ဆူးရေ
အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အပိုင်း ၃ မှာ အပြီးသတ် စုံအောင်ရေးနိုင်ဖို့ ကြိုးစားနေပါတယ်။
ကြောင်ဝတုတ်
June 3, 2012 at 10:47 am
သမိုင်းစိတ်ဝင်စားသူတစ်ယောက်နေနဲ့…
ဖတ်လျက် ဖတ်မြဲပါ… ကိုယ်နားလည်တတ်ကျွမ်းတဲ့ဘာသာရပ်မဟုတ်လို့ ဝင်မရှုပ်တာပါခင်ဗျာ…
ရွာသားငရှုပ်
ကြောင်ဝတုတ်
San Hla Gyi
June 3, 2012 at 2:42 pm
ကိုကြောင်ဝတုတ်ရေ
အားပေးတဲ့အတွက် ကျေးဇူးပါ။ ကျနော်လဲ သိပ်သိလို့ မဟုတ်ပါဘူး။ ဖတ်ဖူးထားသမျှ လေးတွေကို မိတ်ဆွေတွေ အပျင်းပြေ ဖတ်နိုင်အောင်ပါ။ နောက်တပုဒ်ကျရင်တော့ ကျနော်လဲ ဒေါသကြီးသော ကိုယ့်ကိုကိုယ် အထင်ကြီးသော မဟာဓမ္မရာဇာ san hla gyi မင်းတရားကြီး ဆိုပြီး ဘွဲ့တော်တခု ခံယူရင် ကောင်းမလားပဲ။
ဓါးငမိုး
June 3, 2012 at 2:47 pm
မဟာဓမ္မရာဇာတော့ မလုပ်နဲ့ဗျာ ..
တော်ကြာ မဟာရာဇာကြီးက ..
သူ့နာမည်ထင်ပြီး လာကြည့်နေပါဦးမယ် … 😀
ဆူး
June 3, 2012 at 2:54 pm
မဟာရာဂျာ (မြတ်သော မင်းကြီး) ဆိုပြီး ဘာသာပြန်တာတော့ ပါဠိမှာ ကြားဖူးတယ်။ (ဘုန်းကြီး တရားခွေမှာ)
ဓါးငမိုး
June 3, 2012 at 1:07 pm
ဇာတ်လမ်းက မသန်း ဖြစ်မသွားတော့
စိတ်ဝင်စားဖို့တော့ ကောင်းလာပြီဗျို့ …
အပေါ်က အကြောင်းအရာတွေမှာ မွန်ဂိုတပ်တွေက ပုဂံနေပြည်တော်ထိအောင် ဝင်ပြီး တပ်စွဲခဲ့တယ်ဆိုတော့ မွန်ဂိုတပ်တွေရဲ့ အင်အားက ကြောက်ခမန်းလိလိလို့ ပြောရမလားပဲ …
နောက်ပိုင်း မြန်မာတွေက မွန်ဂိုတွေကို ဘယ်လို ပြန်တိုက်ထုတ်ပစ်လဲဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းသွားပြီ …
နောက်လာမယ့် အပိုင်းကို စောင့်မျှော်လျက်ပါ ကိုစံလှကြီး ခင်ဗျာ …
San Hla Gyi
June 3, 2012 at 2:43 pm
ကိုဓားငမိုးရေ
အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။
ဆူး
June 3, 2012 at 3:24 pm
အပိုင်း ၃ အထိ ပြီးရင် အော်ဒါ တပ်လိုက်အုန်းမယ် ဆရာရေ.. ဗိဿနိုး နဲ့ ဒွတ်တဘောင် နန်းဆက် အကြောင်း ထူးခြားမှုလေး များ ရှိရင် ရေးပေးပါအုန်းနော်။ ဘီလူးမက မွေးတဲ့ မောင်နှမ ဆိုလား ကြားဖူးတယ်။ တနေရာစီ ရောက်သွားပြီး နောက်မှ ပြန်လိုချင်လို့ စစ်မျက်နှာ ဖွင့်ပြီး အရချိုင်တယ်ဆိုလားကြားဘူးတယ်။ ဟုတ်မဟုတ်တော့ သိဘူး။
ဒွတ်တဘောင် မင်းဆက် အကြောင်းတော့ မသိဘူး ဗိဿနိုးကတော့ အခုထိ မကျွတ်သေးလို့ မဟာမြိုင်မှာ ကြီးစိုးနေတယ်။ အခု သတင်းကြားတာ တခု ရှိသေးတယ်။ မဟာမြိုင်ထဲမှာ သဲဖြူကျောင်း ဆရာတော်က စေတီတည်နေတယ်။ တောခေါင်ခေါင်မှာတော့ ဟုတ်တော့ ဟုတ်သား ဘယ်က လူတွေ လှူကြလဲတော့ မသိဘူး အလှူအတန်းတွေ ရှိလို့ စေတီတည်နိုင်တာ ပြောရမှာပေါ့။ ဗိဿနိုးက မပူနဲ့ စေတီသာ တည်ပေး သူရဲ့ အခြံအရံတွေ ဆွေဟောင်းမျိုးဟောင်းတွေ လာလှူလိမ့်မယ်ပြောတယ်။
အဲဒီမှာ ဗိဿနိုး ပုံတူ ထု ထားတဲ့ ပလာစတာ ရုပ်ရှိတယ်။ စေတီ တည်ပေးတဲ့ ဆရာတော် အဲဒီ မှာ အဓိဌာန်လိုက်လို့ မှန်ထဲမှာ ပေါ်လာတာကို ဓါတ်ပုံရိုက်ပြီးတော့ ပလာစတာ ရုပ်လုပ်ထားတာ ခပ်ချောချောရယ်.. မျက်နှာဝိုင်းဝိုင်း ခေါင်းဆောင်းက ဒေါင်းမြီးလေးတွေနဲ့.. ဂေဇက် လိုဂို ပုံစံမျိုး.. အခုခေတ် မင်းသမီး (နတ်သမီး) ခေါင်းဆောင်းနဲ့ ခပ်ဆင်ဆင် ပုံ နည်းနည်းလေးပဲ ကွဲတယ်။ အစိမ်းရောင် ဝမ်းဆက်နဲ့ ဖြစ်နေတယ်။ တချို့ မြင်ဖူးတဲ့ သူတွေ ပြောတဲ့ အရောင်နဲ့တော့ တူတယ်။
အဲဒီ ဓါတ်ပုံတော့ မြင်ဖူးတယ် သူများ ကင်မရာထဲမှာ ယူလာဖို့ အဆင်မပြေလို့ ကြည့်ပဲ ကြည့်ခဲ့တယ်။ နောက်ပြီး အဲဒီမှာ သစ်ပင်ကြီး တပင်ရှိတယ် အပင်က တော်တော် ကြီးတယ်။ တောထဲမှာ ဆိုတော့ သစ်ပင်ကြီးတွေကတော့ အများကြီး ရှိတာပေါ့ နာမည် ပြောတော့ ပြောတယ် မေ့နေလို့.. အဲဒီ သစ်ပင်ကြီးရဲ့ ပင်စည် ကို တီးလိုက်ရင် စည်သံလို ဘောင်ဘောင် သံ ထွက်လာရင် အဲဒီ သစ်ပင်ကြီး အောက် ကို တူးလိုက်တာနဲ့ ဗိဿနိုး အလောင်း ထွက်လာမယ် အဲဒါကို သဂြိုလ်မှ ကျွတ်မယ်လို့ သတင်းကြားတယ်။ ဒါကတော့ နောက် အနှစ် ၂ဝ ပေါ့။
ဒါနဲ့ စကားမစပ် ပိုစ်နဲ့ ပတ်သတ်လို့ တွေးမိတာလေးပါ..
၂၀၀ရလောက်တုန်းက သီလရှင်တပါးနဲ့ လိုက်ပြီး ပုဂံမှာ အုတ်ကျောင်းပြင်တာ ရေစက်သွားချတယ်။ အဲဒီမှာလည်း ကျန်စစ်သားတို့ အနော်ရထားလို့ မကျွတ်လို့ အလှူအတန်း အမျှဝေပေးတယ်လို့ ပြောကြတယ်။ လူကြီးတွေ အလှူ အတွက် သွားလို့ ရေစက်ချလိုက်သွားတာပဲ ရှိတာသိပ်တော့ နားမလည်လှဘူး။ အဲဒီတုန်းက ပုဂံမင်းတွေ နန်းတော် နေရာ အုပ်ရိုးတွေ ဘာတွေတော့ ရောက်ခဲ့သေးတယ်။ အဓိက သီလရှင် က အမျှဝေတာတို့ ဘာတို့ လုပ်တာ ဘေးက ရပ်ကြည့်သဘောမျိုးပါပဲ။
နတ်တွေ စစ်ဖြစ်ကြတယ် ဆိုတော့.. အခုထိတောင် မကျွတ်သေးလို့ အမျှဝေ ရတယ် လို့ ပြောတဲ့ အတွက် သူတို့လည်း စစ်တွေ လိုက်တိုက်ချင် တိုက်ကြမှာ ပြောလို့တော့ ရဘူး။
ဆူး ရဲ့ အတွေးသက်သက်နော်။
San Hla Gyi
June 3, 2012 at 8:11 pm
ဆူးရေ
အဲဒီအကြောင်းလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အမှန်တော့ သမိုင်းပါ။ ဒါပေမယ့် ဘယ်လိုဖြစ်တာလဲ ဆိုတော့ အနော်ရထာနဲ့ သူ့အရင်က သမိုင်းတွေက ခေတ်ပြိုင်မှတ်တမ်း ရှာရခက်တယ်။ ဒါကြောင့် ပုံပြင်လဲ ဆန်နေလို့ မပြောလိုသေးပါဘူး။ ဘာကြောင့် ပုံပြင်ဆန်တာလဲ ဆိုတော့ ကိုယ့်သူရဲကောင်းရဲ့ အစွမ်းကို ချဲ့ပြောရာက ဖြစ်လာတာပါ။ ဒါပေမယ့် အဲဒီမှာလည်း တကယ်ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ ရှိပါတယ်။ နောက်ပိုင်းတော့ ထူးဆန်းထွေလာ ကြိုက်တတ်တဲ့ မိတ်ဆွေများနဲ့ သရဲအကြောင်းလေး ကြိုက်တတ်တဲ့ သူများအတွက် သီးသန့်တပုဒ်စီ ရေးပေးဖို့ စဉ်းစားထားပါတယ်။ ရေးဖြစ် မဖြစ်တော့ မသေချာသေးဘူးပေါ့။
ဘာလို့လဲဆိုတော့ လောလောဆယ် ဒီအကြောင်းတွေချည်းပဲ ပြောနေရင် ကျနော်ရဲ့ အချက်အလက်ပေါ် တည်ပြီးပြောတဲ့ ကိစ္စတွေရဲ့ ဦးတည်ချက်လွဲသွားနိုင်တယ်။ နောက်ပြီး ဒီကိစ္စတွေ ပါလာရင် ရှေးဘဝတွေ နောက်ဘဝတွေ ယုံတာတွေ မယုံတာတွေ ငြင်းတာခုန်တာတွေ ဖြစ်ပြီး ကံမကောင်းရင် ကိုယ့်ကိုကိုယ် ဘုရားထက်သိတယ်လို့ ထင်နေတဲ့ တိတ္ထိဂိုဏ်းဆရာကြီးတွေ ပါရောက်လာနိုင်တယ်။
နောက်ပြီး ဂေဇက်ရွာ၏ ဟိုအယူအဆ ဒီအယူအဆ ကွိကွအယူအဆ ဘာညာသာရကာ အယူအဆ စတဲ့ဆောင်းပါးတွေ ထွက်လာလိမ့်မယ်။ နောက်ပြီး တိတ္ထိဆရာကြီးတွေက ဟိုတုန်းကလို မည်းညစ်ညစ် သင်္ကန်းကြီးတွေ မုတ်ဆိတ်တွေနဲ့ မဟုတ်လောက်တော့ဘူး။ စတိုင်ကျကျ ဝတ်စားပြီး အယ်ဒီတာတို့ ဘာတို့ ပုံစံမျိုးနဲ့ လည်ပင်းမှာလည်း ကြောင်လျှာသီးတွေ ဘာတွေဝတ်ပြီး speaking တွေဘာတွေလည်း အမေရိကန် လေသံတွေနဲ့ ဘာတွေနဲ့ပေါ့။ ခေတ်ကလည်း ပြောင်းသွားပြီကိုး။
နောက်ပြီး ကျနော်က ဆရာမဟုတ်ပါဘူး ဆူးရဲ့။ တပည့်ပါ။ ကိုယ့်မိတ်ဆွေတွေက စိတ်အရိုးခံနဲ့ နောက်တာပဲဖြစ်ဖြစ် ခေါ်တာပဲဖြစ်ဖြစ် ပြဿနာမရှိပေမယ့် တော်ကြာ တိုင်းသူပြည်သားများအား အမြဲတမ်း ဆရာဟုခေါ်ခိုင်းတတ်သူ စိတ်ကြီးဝင်သော မဟာဓမ္မရာဇာ စံလှကြီး မင်းတရားကြီး အကြောင်းရေးပါတွေ ဘာတွေ ဖြစ်လာနိုင်တယ်ဗျ။ မဆူးပျော်အောင် နောက်တာပါ။
ဆူး
June 4, 2012 at 9:29 am
မကျွတ်ဆို အတွဲလိုက် အုပ်စုလိုက် ဖြစ်ချင်မယ် ထင်တယ်။
ပုဂံမှာ ဓါတ်ပုံရိုက်ရင်း စစ်သူကြီး ပုံ တခု ပေါ်လာလို့ ကန္နားတွေ ပွဲတွေ လုပ်ခဲ့ကြတဲ့ အကြောင်း ဒီမှာ ပိုစ် တခု ရှိဖူးတယ်။ မယ်ပု လား မသိဘူး ဘယ်သူလဲ တော့ မသိဘူး။
ရွာထဲမှာ ဓါတ်ပုံလေး ပြဖူးတယ်။
ဒိဌိကြီး ကြောင်လျှာသီးနဲ့ မျက်မှန်တပ်ပြီး ဆံပင် ခလယ်ခွဲနဲ့ အမေရိကန်လေသံ စပီကင်မှုတ်တယ် ဆိုရင်တော့ ကြောင်ကြီး လက်ကိုသာ ယုံယုံကြည်ကြည် အပ်လိုက်ပါ။
ကြောင်ကြီးက နယ်နယ်ရရတော့ မဟုတ်ဘူး ကြောင်သဘာဝ အတိုင်း တွေ့တဲ့ နေရာ သေးပန်းတတ်တယ်။ ကြောင်တပ်မတော်လွတ်ပြီး အဲလူ အိပ်ယာပေါ် တပည့်တွေ ကို စေခိုင်းလိုက်လိမ့်မယ်။ အဟိ..
ဒီမိုရွာကြီးမို့ အော်ချင်ရာသာ အော်ပါ ပြောချင်ရာသာ ပြောပါ။ ဒို့သဂျီး ဒီမိုဘယ်လောက် ကျသလဲဆိုရင် သူ့ကို ဆဲ ရင်လည်း ဟဲဟဲ ဟဲဟဲ လို့ ရီပြတတ်ပါတယ်။ မယုံရင် စမ်းကြည့်ပါနော်.. ဒီမို အစစ် ရေမရောဘူး အမေရိကန် ဥပဒေ စံနှုန်းကို လေးစားတယ် ဆိုပြီးသာ သူတပါး ကိုးကွယ် ယုံကြည်မှုကို နိပ်ကွပ်ဖို့ ကြိုးစားတတ်ပါတယ်။ တလားအုပတေ ကို လေးစားလိုက်နာသော သဂျီး အစစ်ပါ။
တော်ကြာ တရွာလုံး မှာ လူမိုက်က တယောက် တည်းရှိတာ အဲဒီ လူမိုက်က သူ့ကို ကြောက်လို့ ငြိမ်နေတယ် ထင်နေတာ ဖြစ်နေအုန်းမယ်။ လူမိုက် တယောက် ရမ်းကားတာ လူလိမ်မာ တွေ မစည်းလုံးလို့ ပါ လို့ သာပြောချင်ပါတယ်။
San Hla Gyi
June 4, 2012 at 7:19 pm
ပြောရအုံးမယ် ဆူးရေ
အတွဲလိုက် မကျွတ်တာဆိုလို့ သထုံပြည်ကို အုပ်ချုပ်သွားတဲ့ မင်းပေါင်း ၅၂ ဆက်ဟာ ဘယ်သူမှ မကျွတ်ဘူးတဲ့ဗျာ့။ သထုံတောတောင် စိမ့်မြိုင်တခိုမှာ သူ့အုပ်စုနဲ့သူ(မိဖုရား မှူးမတ်များပါ) တောစောင့်နတ် တောင်စောင့်နတ်တွေ နတ်စိမ်းတွေ ဖြစ်နေကြတယ်တဲ့။
အဲဒီတုန်းက သထုံပြည်ကလည်း အရမ်းသာယာတာတဲ့။ ကိုကြောင်ကြီးကတော့ ကြည့်ရတာ ပရိဗိုဇ် တက္ကတွန်းတွေကို ရှေးခေတ်က ဘုရင်တွေလို ရာဇဒဏ်တွေ ဘာတွေတောင် ပေးပြီး နှိမ်နှင်းမယ့်ပုံပဲ။
ဆူး
June 13, 2012 at 8:25 pm
အတွဲလိုက် မကျွတ်တဲ့ ကိစ္စ သထုံ အကြောင်း ပြောလို့ တခါတုန်းက ခရီးထွက်တုန်း တွေ့မိတဲ့ ဘုန်းကြီး တပါးဆီက တဆင့် ကြားမိတာလေး တခု ရှိတယ်။
မနူဟာမင်းကလည်း ပုဂံမှာ ဘုရားတည် မပြီးခင် လတ်စ မသတ်ခင်လေးတင်မှာ မြစ်ထဲ ခုန်ချပြီး ထွက်ပြေးရာက ရေနစ်သေဆုံးပြီး တောင်စောင့်နတ်ဖြစ်သွားတယ် ဆိုလား ပြောဖူးပါတယ်။ တောင်စောင့်နတ် ဘဝ နဲ့ မကျွတ်မလွတ်ဖြစ်ရခြင်းက ဘုရားတည်ပြီး ရေစက်မချရသေးလို့ စိတ်စွဲပြီး ဖြစ်သွားတာမို့ ရေစက်ချပွဲ လုပ်ပေးမယ် ဖို့ ရှိတယ် ဆိုတဲ့ အကြောင်း ပြောဖူးတယ်။
San Hla Gyi
June 14, 2012 at 9:03 pm
ဆူးရေ
မေးထားတာ တွေ့လို့ပါ။ အဲဒါကတော့ ဆရာတော်ကြီး အမှတ်မှားတာ ဖြစ်ပါလိမ့်မယ်။ မနူဟာမင်း မြစ်ထဲခုန်ချပြီး ပြေးတာ ရာဇဝင်ထဲမှာ မရှိပါဘူး။ ကျနော် သိသလောက် ပုဂံမှာပဲ အကျယ်ချုပ်နေရင်းနဲ့ နတ်ရွာစံပါတယ်။ နောက်ပြီး ဘုရားကိုလည်း ရေစက်ချသွားပါတယ်။ ရေစက်ချပွဲမှာ ဘဝသံသရာ ကျင်လည်သမျှ သူတပါးက နိုင်တဲ့ဘဝမှာ မဖြစ်ရလိုပါ လို့တောင် ဆုတောင်း သွားတယ်လို့ သိရပါတယ်။ မကျွတ်ဖူး ဆိုပေမယ့် တောင်စောင့်နတ်ကြီး ဆိုတဲ့အဆင့်က မနည်းပါဘူး။ နတ်စာရင်း ဝင်ဖြစ်ပါတယ်။ သိရသလောက် သထုံ နေမိန္ဒရတောင်မှာ လို့သိရပါတယ်။
B@LOO
June 3, 2012 at 11:30 pm
အဲဒီအချိန်ကစပြီး နရသီဟပတေ့မင်းဟာ တရုတ်ပြေးမင်းလို့ မြန်မာတွေ ခေါ်တာကို ခံရပါတယ်။မွန်ဂိုပြေးမင်းလို ခေါ်သင်တာကို
San Hla Gyi
June 4, 2012 at 7:04 pm
အင်း လူသစ်တယောက်လို့ ထင်ပါတယ်။ ဟုတ်ပါတယ်။ ကျနော်လဲ ဒီလိုပဲ ခေါ်သင့်ကြောင်းကို အပိုင်း ၁ မှာကတည်းက ရေးခဲ့ပြီးပါပြီ။ ဒါပေမယ့် ရှေးရာဇဝင်ရေးတဲ့ လူကြီးတွေကတော့ ကူဗလေခန်က တရုတ်ဧကရာဇ်ဘွဲ့ခံလို့ အလွယ်တကူနဲ့ တရုတ်ပြေးမင်းလို့ ရေးလိုက်တာပါ။ အချို့တရုတ်လူမျိုးတွေလည်း အဲဒါကို သံယောင်လိုက်ပြီး ပြောတတ်ပါတယ်။အမှန်တော့ သူတို့ကိုယ်တိုင်က အဲဒီအချိန်မှာ သူ့ကျွန်လို့ ပြောရမယ့် အနေအထားပါ။ သူတို့ မနည်းကို တော်လှန်ရပါတယ်။ ဒါတောင် မွန်ဂိုအင်ပါယာ တော်တော်ကို အင်အားနည်းသွားမှပါ။ အဲဒီအကြောင်းလည်း နည်းနည်း ရေးပေးဖို့ စဉ်းစားထားပါတယ်။(မှတ်ချက် တရုတ်နိုင်ငံနှင့် မြန်မာပြည် ဆက်ဆံရေးကို ပြောလိုခြင်း ဖြစ်ပါတယ်။ ပြည်တွင်းမှ မြန်မာပေါက် မိတ်ဆွေများ အသာနေပါ။ ကိုယ့်ကိုကိုယ် မြန်မာဟု ယူဆနိုင်သလို ကျနော့်အဘိုးကြီးရဲ့ တရုတ်သွေးသားတွေက ပြောနေလို့ပါ ဆိုရင်တော့ မတတ်နိုင်ပါ။)
အားပေးတဲ့အတွက် ကျေးဇူးပါ။
မောင်ဘလိူင်
June 4, 2012 at 11:04 am
ကိုစံလှကြီး ခင်ဗျာ..နရသီဟပတေ့မင်း စစ်ရှောင်တာ
ပြည်မြို့ နားက လှည်းကျ အရပ် ဆိုလားလို့…
ကိုစံလှကြီး ပို့စ်များကို ပုံမှန်ဝင်ဖတ်လေ့ရှိပါတယ်..
အားပေးပါတယ်ဗျာ။
San Hla Gyi
June 4, 2012 at 7:06 pm
ဟုတ်ပါတယ်ဗျ။ ကျနော်က အဲဒီမှာလဲ ကွဲပြားတဲ့ အမြင်ကိုပါ ပြဖို့ စဉ်းစားနေတုန်း စာစီရင်းနဲ့ ကျန်ခဲ့တာ ဖြစ်ပါတယ်။ ပြည်အနောက်ဘက်က လှည်းကျဆိုတဲ့ အရပ်ကို ထွက်ပြေးတိမ်းရှောင်တာ ဆိုတဲ့ အဆိုက ဆရာကြီး ဒေါက်တာသန်းထွန်းက ကျောက်စာလေ့လာချက်ကို ရေးထားတာပါ။ ကျနော်ရေးတာက အဲဒီနေရာမှာ မှန်နန်းရာဇဝင်ကို မူတည်ရေးပြီး ဆရာကြီးရဲ့ အမြင်ကိုလည်း ရေးမလို့ပါပဲ။ သမိုင်းက ခေတ်ပညာရှင်တွေရဲ့ တွေ့ရှိချက်တွေကို လေးစားရမှာ ဖြစ်သလို ရှေးပညာရှင်တွေရဲ့ အဆိုကိုလဲ မပစ်ပယ်သင့်လို့ပါ။
ပုံမှန်ဝင်ဖတ်လေ့ ရှိတယ်ဆိုလို့ ဝမ်းသာပါတယ်။ ကျနော်လဲ ကိုဘလှိုင်ကို တခြားပို့စ်တွေမှာ သတိထားမိပါတယ်။
pooch
June 4, 2012 at 7:03 pm
ကိုစံလှကြီးရေ နောက်ကျနေပေမဲ့ လာဖတ်သွားပါတယ်။ နောက်ရေးမဲ့စာလေးတွေလည်း မျှော်နေပါတယ်။
San Hla Gyi
June 4, 2012 at 7:18 pm
မ pooch ရေ
အမှန်အတိုင်းပြောရရင် မ pooch တို့လို ပုံမှန်ဖတ်နေကျ မိတ်ဆွေတွေက လာဖတ်ရင် အလွန်ဝမ်းသာပါတယ်။ နောက်လဲ ဖြေးဖြေးမှန်မှန်လေးတော့ ရေးမှာပါ။ မြန်ဖို့တော့ မလွယ်ပါဘူး။ ကိုယ်ရေးကိုယ်တာလေးတွေ ပြီးရင် တင်ရတာဖြစ်လို့ များသောအားဖြင့် weekend ကျမှတင်ဖြစ်တာ များပါတယ်။ အမှန်တော့ မ pooch ရေးရင် ကျနော့်ထက် အများကြီး ပိုကောင်းမှာပါ။ ဒါသေချာပါတယ်။
သဲနှင်း အိမ်
June 5, 2012 at 8:51 pm
ကိုစံလှကြီးရေ…
ခုမှပဲအားလို့ လာဖတ်မိတယ်။ ကောင်းပါတယ်ရှင်။ သူ့ကို အဆိပ်ခတ်တဲ့ မိဖုရားစောလုံကို ကျပ်စင်တင်ပြီးသတ်တာလည်း အဲဒီ နရသီဟပတေ့မင်းပဲထင်တယ်။ သူ့အကြောင်းလေးတွေကိုလည်း အားရင် ရေးပါဦးရှင်။
လေးစားစွာဖြင့်
San Hla Gyi
June 6, 2012 at 7:22 pm
မသဲနှင်းအိမ်ရေ
တကယ့်ကို မျှော်တုန်းမျှော်ဆဲ သူလည်းရောက်လာ ဆိုသလိုပါပဲလားဗျာ။ ကျနော်ကလည်း ကျနော်ရဲ့ စာပေမောင်နှမတွေ မိတ်ဆွေတွေ ရောက်လာရင် အလွန်ပျော်ပါတယ်။ အခုလည်း မသဲနှင်းအိမ် ရောက်လာတာ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ ဒီဝီဇံတပ်ကြီးတတပ် စစ်ကူ ရောက်လာသလိုပါပဲဗျာ။ ဟုတ်ပါတယ်။ မိဖုရားစောလုံ ကိုသံကျပ်စင်ပေါ် တင်ပြီး သတ်တာလည်း နရသီဟပတေ့ မင်းပါပဲ။ ကျနော်က ထည့်မပြောခဲ့တာက ဒီအကြောင်းနဲ့ တိုက်ရိုက်မဆိုင်လို့ပါ။ အဲဒါ မိဖုရားစောလုံက သူ့ကို ကွပ်မျက်ခါနီးမှာ ပါးကွက်အာဏာသားတွေကို တံစိုးလက်ဆောင်ပေးပြီး သံကျပ်စင်ကို ရ ရက်ကြာအောင် လုပ်စေပါသတဲ့။ အဲဒီ ရ ရက်အတွင်းမှာ တခြားကို စိတ်မရောက်ပဲ ဘုရားဂုဏ် တရားဂုဏ် သံဃာဂုဏ်တွေကို အာရုံပြုပြီး ရ ရက်စေ့လို့ သံကျပ်စင်ပေါ်ကို ဘုရား တရား အာရုံပြုပြီး တတ်တဲ့အခါ မီးတွေချက်ချင်း ငြိမ်းကုန်ပါသတဲ့။ ဒါနဲ့ အာဏာသားတွေက ခဏပြန်ဆင်းခိုင်းပြီး မီးတွေထပ်ရှို့ပြီး နောက်တကြိမ် တတ်ခိုင်းတော့လည်း မီးတွေငြိမ်းကုန်ပါသတဲ့။ ဒီလိုနဲ့ သုံးခါလုံးလုံး မီးတွေငြိမ်းကုန်ပြီး ၄ ကြိမ်မြောက်ကျမှ ဒီဝဋ်ကြွေးက မလွတ်နိုင်ဘူးဆိုရင် ဒီတခါ မီးလောင်ပါစေလို့ အဓိဌာန်ပြုပြီး စိတ်လျှော့မှ မီးလောင်ပြီး အနိစ္စရောက်ပါသတဲ့။
ဒီအကြောင်းကို နောက်မှ နရသီဟပတေ့မင်း သိတဲ့အခါ ယူကြုံးမရဖြစ်ပြီး ညဆိုရင် “စောလုံ စောင့်ပါခလှည့်လို့” ငိုယိုတတ်သတဲ့။ သူ့ကို လာရောက်ခစားပါ ပေါ့လေ။ ဒီအကြောင်းကို ယုံကြည်သူ ဗုဒ္ဓဘာသာဝင်များ ကြည်ညိုနိုင်အောင် ပြောတာဖြစ်ပါတယ်။ အခြားဘာသာဝင်တွေကို ဆွယ်တရားဟောတာ မဟုတ်ပါ။ ကိုယ်ကိုးကွယ်ရာ ခေါင်းဆောင် သို့မဟုတ် တမန်တော်ရဲ့ စကားကို ဆက်လက် နားထောင်နိုင်ပါတယ်။ တယောက်နဲ့ တယောက်ရန်ပြုရန် မဟုတ်ပါ။ ဘာကိုမှ မယုံကြည်ပဲ ကိုယ်ပိုင်အယူအဆ ထူထောင်လိုသူ တိတ္ထိဆရာကြီး ရှိရင်လည်း ဆက်လက်ပြီး အယူဝါဒများကို လွတ်လပ်စွာ တီထွင်ပါ။ ရောက်ပါလိမ့်မယ် တနေရာကို။
aungnng87
June 5, 2012 at 10:47 pm
ကိုစံလှကြီးရေ.. အခုမှဘဲ ရွာထဲကိုပြန်လာနိုင်တော့တယ်။ ရွာထဲရောက်ရောက်ခြင်း ကိုစံလှကြီးရဲ့ပိုစ့်ကိုစိတ်ဝင်တစားနဲ့ဖတ်မိတယ်။ ဖတ်လို့ကောင်းလိုက်တာ…။ နံပါတ်၃ကိုလည်း စောင့်ဖတ်မယ်နော်။ မွန်ဂိုတွေလက်အောက်က မြန်မာတွေ ဘယ်လိုလွတ်မြောက်လာလည်းဆိုတာ သိချင်လို့။ နံပါတ်၁ကိုလည်းပြန်ရှာလိုက်ဦးမယ်။ တော်တော်လေး ဗဟုသုတလည်းရပါတယ်။
San Hla Gyi
June 6, 2012 at 7:23 pm
ကို aungnng87 ရေ
ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်။ ကျနော့် Link လုပ်ရာမှာ http ဆိုတဲ့စာလုံးကို မှားယွင်းပြီး ၂ ခါနှိပ်မိလို့ ဖြစ်ပါလိမ့်မယ်။ အပိုင်း ၁ က ဆောင်းပါးရဲ့ အောက်က related posts ထဲမှာ လင့်ခ်ရှိပါတယ်။ ကျေးဇူးတင်ပါတယ်။
အရီး Khin Latt
June 6, 2012 at 5:56 am
ကျွန်မ အလွန် အားနည်းတဲ့ ဘာသာရပ်ဖြစ်လို့ ဝင်မဆွေးနွေးနိုင်တာမို့ ဖတ်ရုံဘဲ ဖတ်သွားခဲ့ပါတယ် ကိုစံလှကြီးရှင့်။
ဒီလို သမိုင်းကြောင်းတွေ နဲ့ ရွာထဲ မှာ စည်စည်ကားကား အားဖြည့်ထားလို့ ကျေးဇူးပါ။
ဝင်ဆွေးနွေးနိုင်ကြသူများ ကိုလဲ လေးစားပါတယ်၊
San Hla Gyi
June 6, 2012 at 7:23 pm
မခင်လတ်ရေ
လာရောက်အားပေးလို့ အလွန်ဝမ်းသာပါတယ်။ ကျနော်လဲ သိသမျှလေးကို ရေးပြတာပါ။ တကယ်တော့ အများကြီး မသိပါဘူး။ အများတမ်းလဲ အားပေးပါ ခင်ဗျာ။
San Hla Gyi
June 6, 2012 at 9:02 pm
မခင်လတ်ရေ
ဆောရီး စာလုံးပေါင်းမှားသွားလို့ပါ အမကြီးရာ။ အမြဲတမ်းလဲ အားပေးပါ အမတော်ကြီးခင်ဗျာ။
htoosan
June 14, 2012 at 11:14 pm
ကိုစံလှကြီးရေ .. မြန်မာနဲ့ ဘင်္ဂလားဒက်ရှ်ပြဿနာ .. ၁၉၈၂။၈၃ ဝန်းကျင်မှာဖြစ်ပြီး ဒုုက္ခသည်ဆိုပြီး ပြန်လက်ခံလိုက်ရတာတွေ သိရင်ရေးပေးပါဦး ။
San Hla Gyi
June 15, 2012 at 7:09 pm
ကိုထူးဆန်းရေ
လာရောက် တောင်းဆိုတဲ့အတွက် ကျေးဇူးပါ။ ကျနော် အဲဒီအကြောင်းကို တော့ရေးလိုစိတ် မရှိသေးပါဘူး။ ရေးနေတဲ့ သူတွေလဲ များလို့ပါ။ ရေးသူများပြီးသား အကြောင်းကို ရေးလိုစိတ် မရှိပါဘူး။ ကြုံရင်တော့ ကျနော့်သဘောထား ကိုကွန်မန့်လောက်နဲ့ ပြောဖြစ်မယ် ထင်ပါတယ်။ နောက်ပြီး သမိုင်းအနေနဲ့ ရေးတာက ကြီးကျယ်ခမ်းနားတဲ့ ကိစ္စတွေများပါတယ်။ ဒီရိုဟင်ဂျာတွေဟာ အခု မြန်မာပြည်ရဲ့ ပြဿနာ ဖြစ်ပေမယ့် သူတို့ကို သမိုင်းလုပ်ပြီး ရေးရလောက်အောင် မတန်ဘူး လို့ထင်လို့ပါ။ နောက်ပြီး ကျနော်ရေးချင်တဲ့ အခြားကိစ္စလေးတွေလည်း ရှိပါတယ်။ ဒါပေမယ့် နောက် ၂ပုဒ် ၃ပုဒ်လောက် ရေးပြီးရင်တော့ ဆက်တောင် ရေးဖြစ်ပါ့မလား မသိပါဘူး။ မဆုံးဖြတ်ရသေးပါဘူး။ မရေးဖြစ်တော့ လျှင်လည်း ခင်တဲ့မိတ်ဆွေတွေကို ပြောပြမှာပါ။