Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရေးမြို့ရောက်တုန်း ဟိုရိုက် ဒီရိုက် (၁)

weiweiJune 12, 20123min51419

ထားဝယ်သွားတဲ့အခါ မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းအတိုင်း သွားရပါတယ်။ မော်လမြိုင်ကနေ ရေးကို မိုင် ၁၀ဝ နဲ့ ရေးကနေ ထားဝယ်ကို မိုင် ၁၀ဝ ရှိပါတယ်။ ထားဝယ်ကနေအပြန်နောက်ကျသွားတာကြောင့် လမ်းခုလတ်ဖြစ်တဲ့ ရေးမြို့မှာ တစ်ညဝင်အိပ်ခဲ့ရပါတယ်။ မနက်မိုးလင်းတော့ မြို့ထဲမှာ ဘုရားတွေလျှောက်ဖူးရင်း ဟိုရိုက် ဒီရိုက် ရိုက်ခဲ့တာလေးတွေ တင်ပေးလိုက်ပါတယ် … ဘုရားနံမည်တွေ မေ့နေပြီမို့ ဒီအတိုင်းပဲ ကြည့်ကြပါလို့ မေတ္တာရပ်ခံပါတယ် ..

ပုံ (၁)
ပုံ (၂)
ပုံ (၃)
ပုံ (၄)
ပုံ (၅)
ပုံ (၆)
ပုံ (၇)
ပုံ (၈) အင်ကြင်းပန်း
ပုံ (၉)
ပုံ (၁၀)
ပုံ (၁၁)

ကျွန်မတို့ ညဘက်ရောက်သွားတဲ့ ရေးမြို့လေးက တော်တော်လေးစည်ကားပါတယ်။ မြို့အနေနဲ့ သိပ်အကျယ်ကြီးမဟုတ်ပေမယ့် ဘုရားစေတီတွေမှာ မီးအလင်းရောင်အပြည့်နဲ့ ဈေးဆိုင်တွေ စားသောက်ဆိုင်တွေမှာလဲ လူတွေအပြည့်နဲ့ စီးပွားရေးကောင်းမွန်တဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ရေးမြို့မှာ ဟိုတယ်မရှိပါဘူး။ တည်းခိုခန်း ခပ်သေးသေးလေးတွေပဲ ရှိတယ်။ တည်းခိုခန်းတစ်ခန်းကို စုံစမ်းပြီး အဲဒီကိုပဲ သွားတည်းခဲ့တယ်။ အဲယားကွန်းပါတာ ၂ ခန်းပဲ ရှိတယ်လို့ပြောပါတယ်။ နောက်ထပ်ရွေးစရာ တည်းခိုခန်းထပ်မရှိတော့တာကတစ်ကြောင်း အချိန်ကလဲ တော်တော်နောက်ကျနေတာကြောင့် အဲဒီမှာပဲ တည်းဖြစ်ခဲ့တယ်။ ၂ ယောက်ခန်းတစ်ခန်းကို ၇၀၀ဝ ထောင်ကျပ်ပေးရပြီး အဲယားကွန်းအတွက် မီတာသီးသန့်တပ်ထားပေးပါတယ်။ ဖွင့်ချင်ရင်ဖွင့်သလောက်မီတာခ သီးသန့်ထပ်ပေးရမယ်လို့ပြောတယ်။ မီတာခကလဲ တစ်ယူနစ်ကို ၅၅ဝ ကျပ်ဆိုလု့ိ တော်တော်အံ့ဩသွားခဲ့သေးတယ်။ အစိုးရပေးတဲ့မီတာမဟုတ်ပဲ သီးခြားကုမ္ပဏီတွေကတစ်ဆင့် ဖြန့်ပေးတာမို့လို့ အဲဒီလောက်တောင် ဈေးကြီးတာပါတဲ့။ ရာသီဥတုက သင်္ကြန်အချိန်ပေမယ့် အတော်လေးနေသာထိုင်သာရှိလောက်အောင် အေးမြနေတာမို့ အဲယားကွန်းမဖွင့်တော့ပဲ ဒီအတိုင်းပဲ အိပ်ခဲ့ကြပါတယ်။

နောက်တစ်နေ့မနက် ရေးမြို့မှာ မနက်စာစားပြီး မြို့ထဲမှာရှိတဲ့ ဘုရားတွေကို လျှောက်လည်ခဲ့တယ်။ နံမည်ကြီးတဲ့ ဘုရား ၄ နေရာကို ဘုရားဖူးခဲ့ပြီးမှ မော်လမြိုင်ကို ပြန်ခဲ့ပါတယ်။

19 comments

  • စနေ

    June 12, 2012 at 12:19 pm

    မဝေရဲ့ ရေးမြို့လေးကို ဝင်လည်သွားပါတယ်ရှင့် …
    ရွာထဲက ဓါတ်ပုံဆရာတွေ ကောင်းမှုနဲ့ မြန်မာပြည်က
    မြို့တော်တော်များများကို ရောက်ဖူးသွားပါတယ်ရှင် …….
    ပန်းလဲ ခူးသွားပါတယ် ……… 🙂

  • Ma Ei

    June 12, 2012 at 12:45 pm

    ပန်းလေးတွေ လှလိုက်တာ…
    ကူးထားလိုက်တယ်နော်…
    အင်ကြင်းပန်း crazy မို့ပါ…

  • pooch

    June 12, 2012 at 12:54 pm

    မဝေရေ အင်ကြင်ပန်းက မွှေးနေမှာပဲ။ တသက်နဲ့တကိုယ် အင်ကြင်းပန်းနဲ့ အပင်ကို ၂ ခါပဲ မြင်ဖူးတယ်။
    တခါက မော်လမြိုင် က ဘုန်းကြီးကျောင်းဝင်းကြီးထဲမှာ။ တဝင်းလုံးထဲမှာ အပင်တွေ တော်တော်များတယ် မှတ်တယ်။ တခြားအပင်ကြီးတွေရော။ အေးပြီး မွှေးနေတာ။ မြေပေါ်ကြွေနေတာတွေကလည်း အများကြီး။

    ကျမဆို ပျော်လွန်းလို့ ကြည့်ပြီး တဝင်းလုံး လျှောက်သွားနေခဲ့တာ။
    တခါက ရန်ကုန်က ဘုရားတဆူမှာ ( နာမည်မေ့နေလို့) ငါးထပ်ကြီးလား ခြောက်ထပ်ကြီး ဘုရားလား မှတ်တယ်။

    အင်ကြင်းပန်းပုံလေးတွေ ကို ဝမ်းသာအားရ သိမ်းသွားပါတယ် မဝေ။

    • weiwei

      June 12, 2012 at 1:23 pm

      အင်ကြင်းပင်ကြီးက အကြီးကြီးပါ … မွှေးအီနေအောင် မွှေးပါတယ် …
      ကျွန်မအဖေက အရမ်းမွှေးနေတဲ့ အခုပို့စ်ထဲက အင်ကြင်းပန်းတွေကို အတုလို့ပြောပါတယ် ..
      အင်ကြင်းပန်းအစစ်ရဲ့အနံ့က တော်တော်ဆိုးပါတယ်တဲ့ …

  • ညလေး

    June 12, 2012 at 1:06 pm

    မမဝေ….
    ပန်းလေးတွေအရမ်းလှတယ်နော် ……
    ပုံ10 ကပန်းလေး သိပ်သိပ်လှ
    ရေလယ် က “ဘုရား”ကိုလဲဖူးသွားပါ တယ် မမဝေ…..

  • aye.kk

    June 12, 2012 at 1:20 pm

    မဝေ,…
    ကျေးဇူးပါ..။
    အရမ်းကောင်းမွန်တဲ့လက်ရာလေးတွေပါ..
    မဝေ,ဦးပေါက်တို ့ကိုအားကျမိတယ်..
    ကြည်နှူးစရာတွေ ့မြင်ရတာရယ်..
    အင်ကြင်းပန်းအလှကအသက်ဝင်တာရယ်..
    ကူးယူသွားပါတယ်နော်..။။

  • MaMa

    June 12, 2012 at 2:16 pm

    အင်ကြင်းပန်းတွေ လှလိုက်တာ။
    ရေးမြို့က သပ်ရပ်လှပတယ်နော်။
    ဒီနှစ်တော့ ဝေဝေ ခရီးသွားနေသည်လို့ ….. 🙂

    • weiwei

      June 12, 2012 at 6:40 pm

      ရေးမြို့က သန့်ရှင်းသပ်ယပ်ပါတယ် …
      နောက်ထပ် ဘုရားပုံလေးတွေ ထပ်တင်ပါအုန်းမယ် …

  • blackchaw

    June 12, 2012 at 2:27 pm

    အင်း…။
    ခုတစ်လော
    အန်တီဝေ တစ်ယောက်
    ထားဝယ်ကို မကြာမကြာရောက်နေပုံထောက်ရင်
    တစ်ခုခုတော့ တစ်ခုခုပဲ…။
    စီးပွားရေးလား၊
    ဘာသာရေးလား၊
    လူမှုရေးလား၊
    အေးလေ တစ်ခုခုတော့ တစ်ခုခုပါပဲ ဆိုတာ
    တစ်ခုခုပဲ ဖြစ်ရမှာပေါ့နော့…။
    :mrgreen:

    • weiwei

      June 12, 2012 at 6:38 pm

      တစ်ခုခုကတော့ ခရီးသွားရတာ အလွန်ဝါသနာပါတဲ့ ကျွန်မအဖေကြောင့်ပါပဲ …
      ထားဝယ်ကိုသွားလည်မယ်ဆိုပြီး ထားဝယ်အထိကားကိုမောင်းသွားပြီးမှ မလည်ချင်တော့ဘူးဆိုပြီး ချက်ခြင်းပြန်လာပြီး ပုဂံသွားမယ်ဆိုတာနဲ့ သင်္ကြန်ပိတ်ရက်မှာ ထားဝယ်နဲ့ အညာ နှစ်နေရာလုံး ရောက်ခဲ့တယ် …
      ကားလည်းပင်ပန်း လူတွေလဲပင်ပန်းဖြစ်ခဲ့ရပါတယ် …

  • manawphyulay

    June 12, 2012 at 2:50 pm

    မမဝေကရော အင်းကြင်းပင်နဲ့အတူ ဓာတ်ပုံတွေရိုက်မလာဘူးလားဟင်။ ဟိုရိုက်ဒီရိုက်တွေကို ဟိုက ဒီက ဘုရားတွေနဲ့အတူ ဖူးမြော်သွားပါတယ်နော်။ အရမ်းကံကောင်းတယ် ရေးမြို့လည်း ရောက်သလို မယ်ဆိုင်ဈေးလည်း ရောက်ခဲ့ရတယ်။

  • Crystalline

    June 12, 2012 at 3:05 pm

    နေချင်စရာကောင်းမယ့်မြို့လေးတစ်မြို့ဖြစ်မယ်ထင်တယ်…အင်ကြင်းပန်းလေးတွေအတွက်တော့ တကယ့်ကိုကျေးဇူးပါ…ကြားသာကြားဖူးပြီးတခါမှမမြင်ဖူးလို့…အခုပုံထဲမှာမြင်ဖူးတာပထမဆုံးပဲ…အစိမ်းသိး လေးတွေကအဖူးတွေဖြစ်မလားပဲ..

  • ba gyi

    June 12, 2012 at 3:08 pm

    မဝေခင်ဗျား–
    အင်ကြင်းပန်းခိုင်ကြီးတွေ၊ပန်းပွင့်ကြီးတွေ ၊
    ကြွ ရွပြီး လှအောင်ရိုက်ထားတာလွှတ်ကောင်းပါ့ဗျား။

  • Khaing Khaing

    June 12, 2012 at 3:18 pm

    မဝေရေ ဘုရားနံမည်လေးသိရရင်သိပ်ကောင်းမှာပဲနော် …….. အင်ကြင်းပန်းတွေက တော်တော် လှတယ်နော် ……..

    • weiwei

      June 12, 2012 at 6:43 pm

      ဘုရားနံမည်က ကျွန်းဦးဖောင်တော်ဦးဘုရားလို့ ထင်ပါတယ် … နံမည်ကို မှတ်ခဲ့ပေမယ့် အချိန်နဲနဲကြာသွားလို့ မသေချာတော့လို့ပါ …

  • shwe kyi

    June 12, 2012 at 3:20 pm

    ရင်ကိုအေးချမ်းစေပါတယ်မဝေ ကျေးဇူးပါ။

  • SOE HLA TUN

    June 13, 2012 at 8:26 am

    မဝေ..ဘုရားနံမည်က.. ရေးရေလယ်ဘုရား..လို့ခေါ်ပါတယ်.
    ကျနော်ကရေးသားမို့လို့သိတာပါ.

    • weiwei

      June 13, 2012 at 9:27 am

      ကျေးဇူးတင်ပါတယ် ကိုစိုးလှထွန်းရေ …
      နောက်ထပ်ဘုရားပုံတစ်ချို့တင်ဖို့ရှိသေးတယ် …

Leave a Reply