Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မလုံခြုံတော့ပြီ မြန်မာပြည်

asiamastersJune 7, 20121min64318

ကျွန်တော် အီတလီနိုင်ငံကိုရောက်ခဲ့စဉ်က အသေးအဖွဲရာဇဝတ်မှုတွေကိုသိပ်မတွေ့ရပါဘူး။ ဒါပေမဲ့ အီတလီနိုင်ငံမှာက အမေရိကမှာ ကြီးစိုးနေတဲ့ မာဖီးယားဂိုဏ်းတွေရဲ့အစနေရာဖြစ်တယ်။ အီတလီနိုင်ငံ တောင်ပိုင်း စစ္စလီကျွန်းကစခဲ့တဲ့ မာဖီးယားဂိုဏ်းတွေဟာ ဒုတိယကမ္ဘာစစ်မဖြစ်ခင် အခြေအနေထိ အမေရိကန်နိုင်ငံရဲ့ လောင်းကစားလုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေ၊ စားသောက်ဆိုင်နဲ့ ပြည့်တန်ဆာလုပ်ငန်းတွေအားလုံးကို ထိန်းချုပ်ထားခဲ့ကြတယ်။ အခုနောက်ပိုင်တော့ နဂိုကလောက် အင်အားသိပ်မပြနိုင်တော့ပါဘူး။ အမေရိကန်မှာ တရုတ်၊ ဗီယက်နမ်နဲ့ ကိုးရီးယား ဂိုဏ်းတွေရဲ့ အင်အားကြီးလာလို့ပဲပါတယ်။ သူတို့ကျူးလွန်တဲ့ အပြစ်တွေက လူသတ်၊ ပြန်ပေးဆွဲ၊ ငွေညှစ်၊ ဆက်ကြေးတောင်း၊ အလုပ်တွေကို အဓိကလုပ်ကြတာဖြစ်တယ်။

တောင်အာဖရိက နိုင်ငံကို ရောက်တော့ အခြေအနေကတစ်မျိုးဖြစ်ပါတယ်။ ရာဇဝတ်မှုအလွန်ထူပြောတာဖြစ်ပါတယ်။ သူတို့နိုင်ငံက စာရင်းဇယားတွေအရ မိနစ်တိုင်းမှာတောင် မုဒိန်းမှု ရှိတယ်လို့ဆိုပါတယ်။ ဘဏ်ဒါးပြတွေ၊ အုပ်စုလိုက်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အမြဲလိုလို ကျူးလွန်လေ့ရှိတယ်။ တစ်ချို့ ရာဇဝတ်မှုတွေကို ကျူးလွန်သူတွေက လူမဲတွေဖြစ်ပေမဲ့ အလွန်ကြီးမားတဲ့ ရာဇဝတ်မှုတွေရဲ့ နောက်ကွယ်မှာတော့ လူဖြူတွေရှိတတ်တယ်။

အမေရိကန်မှာလည်း ရာဇဝတ်မှုပေါင်းစုံ ဖြစ်ပွားလေ့ရှိတယ်။ ကလေးတွေကိုတောင် ကျောင်းကို စိတ်ချလက်ချမလွှတ်နို်င်ဘူး။ ခိုးမှုပေါင်းစုံ၊ ဒါးပြမှုပေါင်းစုံ၊ မုဒိန်းမှုမျိုးစုံဖြစ်တယ်။ ဒီလိုဖြစ်တာများတော့ လူတွေက အလွန်သတိထားလာကြတယ်။ တစ်ဦးနဲ့ တစ်ဦးကြည့်ရင် အမြဲသံသယ မျက်လုံးတွေရှိတယ်။

မလေးရှားနိုင်ငံရောက်တော့ မိတ်ဆွေတစ်ဦးနဲ့ထမင်းသွားစားဖြစ်တယ်။ ကားပေါ်က ဆင်းချိန်မှာ ကွန်ပျူတာအိတ်ကို ကားပေါ်မှာ ထားခဲ့မိတယ်။ ဒီအချိန်မှာ မိတ်ဆွေက ချက်ချင်း ကားတံခါးဖွင့်ပြီး ကွန်ပျူတာအိတ်ကို ပြန်ယူတယ်။ မလေးရှားမှာက ကားထဲမှာ ပစ္စည်းတစ်ခုခုတွေ့ရင် မှန်တံခါးခွဲပြီး ယူသွားဖို့များတယ်။ ဖြစ်ဖန်များတော့ သူတို့ အလွန်သတိထားလာကြပြီ။

မြန်မာနိုင်ငံမှာလည်း Political, Economics နဲ့ Social အပြောင်းအလဲတွေရှိတယ်။ လူငယ်တွေအတွက် မှန်ကန်တဲ့လမ်းက ပျောက်နေသေးတယ်။ အလုပ်လက်မဲ့တွေက အများကြီးရှိတယ်။ ဒါပေမဲ့ ဆင်ဆာမဲ့ ညစ်ညမ်းဗီဒီယိုလိုမျိုးတွေက ဘယ်လိုမှ မတားဆီးနိုင်ဘူး။ အရက်သေစာနဲ့စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးတွေကများလာတယ်။ လိုလားတောင့်တ စရာတွေများလာတယ်။ ဒီတော့ မြန်မာနိုင်ငံဟာလည်း လုံခြုံသေးရဲ့လားဆိုတာကို သေသေချာချာဆန်းစစ်ဖို့လိုပါတယ်။

မြန်မာနိုင်ငံ မလုံခြုံတော့ဘူးဆိုတာက အခုဒီနေ့ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ကြည့်ရင် သိနိုင်တယ်။ ဒီတော့ အန္ထရာယ်ကို ရှောင်ရှားနိုင်အောင် ပညာပေးဖို့လိုနေတယ်။ ကျေးလက်ဒေသတွေဟာ အမှုမဲ့၊ အမှတ်မဲ့ ပဲရှိသေးတယ်။ ဒါကြောင့် မိန်းကလေးတွေဆိုရင် လူခြေတတ်တဲ့နေရာတွေကို အချိန်မတော် တစ်ယောက်ထဲမသွားဖို့၊ အိမ်မှာ တစ်ယောက်ထဲရှိရင် ဘယ်သူမဆို တံခါးမဖွင့်ပေးဖို့ သင်ပေးဖို့လိုတယ်။ မိမိတို့ရဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေကို သေသေချာချာ သိမ်းဆည်းဖို့ ပညာပေးဖို့လိုတယ်။ နောက် ရဲတာဝန်ယူထားသူတွေကလည်း ရာဇဝတ်မှု ကျူးလွန်နိုင်ခြေရှိသူတွေကို မျက်ချေမပြတ်စောင့်ကြည့်ထားဖို့နဲ့ အမြဲ ပတ္တရောင်လှည့်ပေးဖို့ ဒါတွေအများကြီးလုပ်ပေးမှရတော့မယ်။ အားလုံးသိထားဖို့က မြန်မာနိုင်ငံဟာ မလုံခြုံတော့ဘူး။

18 comments

  • kai

    June 7, 2012 at 3:51 pm

    ပြောရရင်..ကျုပ်က..
    စင်္ကာပူမှာ.. ဘန်ကောက်မှာ.. ညကြီး ၁ချက် မြို့ထဲလမ်းလျှောက်သွားနေတာပဲ..
    ကားပြတ်ပေမဲ့.. လုံခြုံသလိုပဲ..

    တိုကျိုလည်း.. ညသန်းခေါင်.. အဲ.. မနက်၃-၄နာရီ.. မိန်းကလေးတွေ..မူးပြီလျှောက်နေတာမြင်ဖူးတယ်..
    လဲကျ..ပြန်ထ… လုံခြုံကြပုံ…..
    ယူအက်စ်လည်း..နာမယ်ကြီးနယူးယောက်လမ်းတွေကြား.. မနက်၂-၃နာရီလျှောက်တာပဲ..
    ရုပ်ရှင်တွေထဲကလို ..ရိုက်မလု…

    ရန်ကုန်ပြန်တော့.. မြို့ထဲမနက်..၃နာရီထလျှောက်မလို့ကြည့်ပါတယ်..
    ဟိုကတား..ဒီကတား.. မထွက်နဲ့.. စိတ်မချရဘူးတဲ့..
    အနည်းဆုံးတော့..လေလွင့် ခွေးတွေ.. လျှောက်သွားနေတော့.. ကိုက်နိုင်တာပေါ့..
    အဲ..
    မြို့ပြင်ဆင်ခြေဖုန်းရပ်ကွက်များတော့.. ပြောမနေနဲ့..
    ညဆို.. ကားနဲ့တောင် စိတ်မချရ..
    မိန်းကလေးတွေဆို.. ဘာဖြစ်သွားမယ်တောင်မှန်းမရ…

    ယူအက်စ်မှာ.. ရဲတွေက..စစ်ပြန်တွေလုပ်ကြတာများတယ်..
    မြန်မာပြည်လည်း.. စစ်ပြန်တွေ.. အလုပ်ရအောင်.. ရဲတွေထဲထည့်သင့်တာပေါ့..
    လာဘ်စားရခက်အောင်.. တစ်ကက်ဒဏ်ပေးစနစ်လုပ်သင့်တယ်..

    တကယ်ကတော့.. မြို့ပြတွေမှာ.. ရဲအင်အားမြှင့်လိုက်ရင်..ရာဇဝတ်မှုကျပါတယ်..
    တိုက်ရိုက်အချိုးကျတာပါ..
    အယ်လ်အေမှာ.. စမ်းသပ်တာ..အောင်မြင်တယ်..

    • char too lan

      June 7, 2012 at 4:07 pm

      အဲ့ဒါကြောင့်ပေါ့သဂျီးမင်းရ…. ဒေါ်အီတုံတို့ မလုံမခြုံ မပေါ့်တပေါ် ချွတ်ထားသယောင်ယောင် ဝတ်မထားသယောင်ယောင် တွေမြင်တိုင်း ဒေါကန်နေတာလေ…. အဲ့ဒါပါပဲသဂျီးမင်းရယ် .. မြန်မာမတွေဘာ့ကြောင့်ဘယ်လိုနေသင့်သလဲ ဘာ့ကြောင့်ဘယ်လိုနေရာတကျဝတ်စားသင့်သလဲ သဂျီးအခုပြောတဲ့အမှုနဲ့ကိုက်ပါတယ် … မြန်မာမိန်းကလေးကဘာမို့လို့ ဒါမျိုးမဝတ်ရမှာလဲ ဆိုတာမျိုးတွေ ့ဖူးလို့ပါ…

    • laypai

      June 7, 2012 at 4:25 pm

      သဂျီး ရေ ရဲအင်အားထပ်မြင့် မယ် ဆို ပါလား လက်ရှိ ရဲ တွေ ရဲ့ အရည်အချင်း အတိုင်း ၂ ဆ ထပ်မြှင့် မယ် ဆိုရင်
      ရဲ ၁၀ဝ မှာ ၉၉ ယောက် က လာဒ် စား သည် ၁ ယောက် သာ
      ၂ ဆ မြှင့် တော့
      ရဲ ၂၀ဝ မှာ ၁၉၈ ယောက် က လာဒ် စားသည် ၂ ယောက် လောက်တော့ အမှန်တရား ဘက်မှာ ရှိလာ မှာ ပေါ့ နော်။

      • pooch

        June 7, 2012 at 10:49 pm

        ဒီက ရဲတွေရဲ့ အခြေအနေနဲ့ဆို မရနိုင်သေးဘူး။ သူတို့ က သူတို့ ဆိုင်ရာနယ်က ပေါင်းစားနေတာ သူခိုး၊ ဂျပိုး ၊ ခါးပိုက်နှိုက်တွေနဲ့ ။ ဆက်ကြေးတောင်းပြီး။
        ဒါကြောင့်မို့ ရန်ကုန်မြို့လည်ခေါင်မှာ ဓားထိုး လူသတ်နဲ့ အတင့်ရဲတာ။

        တကယ်ဆို မပေါ်စရာ အကြောင်းမရှိဘူး။ သူတို့ နယ် မှာ ရှိတာ အကုန်သိပြီးသား ။ ပေါင်းစားနေလို့သာ။ နှစ်လုံး သုံးလုံးလည်း အတူတူပဲ။ ဆက်ကြေးကောက်ပြီး လုပ်စားနေကြတာ။

        ဒါကြီး မြေလှန်ဖို့က ခက်အုန်းမှာ။ မလှန်လို့ကလည်း မဖြစ်။ ဘယ်လိုများ လုပ်ကြမယ် မသိဘူး။
        ဟင်း…တွေးရင်းမောတယ်။

    • Shwe Tike Soe

      June 8, 2012 at 1:13 pm

      တဂျီး တားတို.ဆီမှာ စစ်ပြန်ဆိုတာ ရှိဘူးလေ… စစ်ပြေးပဲရှိတယ်
      ဒါမှမဟုတ် ပင်စင်စားတွေ ခန်.ရမလား……

  • ဘမျိုး ဘိုးတူ

    June 7, 2012 at 3:51 pm

    မလုံခြုံတော့တာ အမှန် မအေပေးတွေကလဲ အားလုံးပြစ်မှု ကျုူးလွန်ပြီးပြီဆိုမှပဲ
    အနံ့ခံပြီး ရောက်လာတတ်တာ ။

  • chityimhtoo

    June 7, 2012 at 4:07 pm

    မလုံခြုံလည်း အိမ်ထဲမှာသာစောင်ခြုံအိပ်နေကျ။

  • ahnyartamar

    June 7, 2012 at 8:32 pm

    မေတ္တာနဲ့နေရင်လုံခြုံပါတယ်။

  • မောင်ပေ

    June 7, 2012 at 8:40 pm

    ညစ်ညမ်း ဗီဒီယို ၊ ညစ်ညမ်း စာအုပ်
    ကျေးရွာနေ မသိမတတ်တဲ့ ရွာသူား တို ့မှာ ၊ အဲဒါတွေ ဖတ်ရတော့ ၊ ပိုဆိုးကုန်တယ်လို ့ထင်ပါတယ် ။
    အရပ်စကားပြောအရ
    မတ္တရာ ဘက်က ရွာတွေနဲ ့၊ ပုဂံညောင်ဦးဘက်က ကျေးရွာတွေမှာဗျာ ၊ မနက် လယ်ထွန်သွားဖို ့၊ နွားတွေထုတ်ရင် အသံမမြည်အောင် ထုတ်ရတယ်တဲ့ ။ နွားသံကြားသွားရင် ၊ အိမ်ရှင်ယောက်ျား အလုပ်မရှိတော့ဘူး ဆိုပြီး..တဲ့ ။ အရပ်စကားပေါ့ဗျာ ။

  • kai

    June 8, 2012 at 3:15 am

    ၅နှစ်လောက်တော့ကြာပါပြီ..
    မြန်မာပြည်က မိန်းကလေးတအုပ်.. တယောက်၂သောင်းကိုင်ပြီး…. ယူအက်စ်ကို.. မက်ဟီကိုနို်င်ငံဖက်ကဝင်ခဲ့ကြတယ်တဲ့..
    အဲဒါ.. လမ်းတလျှောက်.. ဖွက်ပြီးပါလာတဲ့၂သောင်းပြောင်ပြီးမှ. ယူအက်စ်ရောက်လာပါတယ်..

    ပြောပြတဲ့သူက.. လမ်းတလျှောက်အကြောင်းပြောပြတာ.. ကျုပ်မှာ.. ရင်တထိတ်ထိတ်..

    မက်ဟီကိုနယ်စပ်ရဲတွေဆိုတာ နိုင်ငံခြားသား သူတို့စကားမတတ်ရင်.. ယောက်ျားဆို.. အဝတ်ပါချွတ်ယူပြီး..ရဲစခန်းရှေ့ပစ်ထားတာတဲ့..

    ဘာရယ်မဟုတ်..
    သူများနိုင်ငံတွေမှာ.. ရင်ဆိုင်နေရတဲ့.. မြန်မာတွေအခြေအနေနဲ့.. ရဲ အကြောင်းရေးပြတာ…။
    =
    ဆိုတော့..
    နောက်ဆုံးအဖြေက..
    မြို့ပြလုံခြုံချင်ရင်… ရဲအင်အား ၂ဆတိုး.. ဖို့ပဲဖြစ်ကြောင်း.. 🙂

  • Wai Phyoe

    June 8, 2012 at 9:11 am

    သူကြီးရယ်အဲ့လောက်လဲမပာုတ်ပါဘူး အမေရိကားမှာ ကပလီတွေသောင်းကြန်းလို့မနိင်တာကိုလဲထည့်ပြောပါအုံး
    သူကြီးပြောပုံနဲ့ဆိုအမေရိကမှာဘာ ရာဇဝတ်မှူမှာမဖြစ်သလိုပဲ

  • char too lan

    June 8, 2012 at 11:09 am

    အမေရီးကားတော့မပြောတတ်ဘူး ဒီမှာတော့
    မြို့ပြလုံခြုံချင်ရင်ပြောင်းပြန်အချိုးကျပါမယ် ခည !! 🙂

  • asiamasters

    June 8, 2012 at 11:29 am

    ဲမြို့ပြရဲ့လုံခြုံရေးပဲ ဖြစ်ဖြစ်၊ ကျေးလက်ဒေသတွေရဲ့ လုံခြုံရေးပဲဖြစ်ဖြစ် ရဲ (Police) တွေရဲ့ အခန်းကဏ္ဍကအလွန်အရေးပါပါတယ်။ အဓိက ပြန်လုပ်ရမှာကတော့ လုံခြုံရေးစနစ်တွေဖြစ်ပါတယ်။ ရဲအင်အားလည်းလိုသလို၊ ရဲတွေရဲ့ စိတ်ဓါတ်နဲ့ အရည်အသွေးကလည်း အများကြီးလိုပါတယ်။ ဒီနေ့ရဲတွေရဲ့ အရည်အသွေးနဲ့စိတ်ဓါတ်တွေညံ့ဖြင်းနေတာအားလုံးအသိပဲ။ ဒီလိုဖြစ်နေတာ ရဲတပ်ဖွဲ့ဝင်တွေကြောင့်ချည်းပဲမဟုတ်ဘူး။ အစိုးရကြောင့်ပဲလည်းမဟုတ်ဘူး။ တစ်မျိုးသားလုံးက လမ်းပျောက်နေသေးတယ်။ ဘဝအတွက်ခံယူချက်၊ အဓိပယ်နဲ့ ရှင်သန်မှုတွေ ပျောက်ကွယ်နေတယ်။ ဘယ်သူ့ကို မှ ဘာမှ မယ်မယ်ရရ မသင်ပေးနိုင်ဘူး။ ဒီလိုအသိုင်းအဝိုင်းမျိုးမှာ ကြီးပြင်းလာရသူတွေဟာ ဒီလိုပဲဖြစ်မှာပဲ။ ဒါကြောင့် ရဲတပ်ဖွဲ့ရဲ့ သင်တန်းတွေကို သေသေချာချာ လေ့လာပြီး ပြန်ပြင်မှရမယ်။ သင်တန်းတစ်ခုဆိုတာက သုံးမျိုးအမြဲလိုတယ်။ ဒီ သုံးမျိုးကတော့ Knowledge, Skills, Attitude ဖြစ်တယ်။ Knowledge ဆိုတာက တော့ များများသိလာအောင်လုပ်ပေးရမယ်။ Skills တွေက မိမိလုပ်တဲ့အလုပ်ကို ကျွမ်းကျင်လာအောင် သင်ပေးရမယ်။ Attitude ဆိုတာက စိတ်နေသဘောထားနဲ့ခံယူမှုအပိုင်းကို လေ့ကျင့်ပေးရမယ်။ အခုမြန်မာနိုင်ငံက သင်တန်းတွေမှာ Attitude အပိုင်းက ပျောက်နေတယ်။ School တွေ၊ College တွေ၊ University တွေမှာလည်း ဒီ Attitude ကပျောက်နေတယ်။ လူ့ဘဝရဲ့ အဓိက ရည်ရွယ်ချက်တွေမဲ့နေတယ်။ ဒါတွေကို အားလုံးပြန်ပြင်မှရမယ်။ ပြီးရင် ပြည်သူလူထုကို လေ့ကျင့်သင်ကြားပေးရမဲ့အပိုင်းရှိတယ်။ အရှိကိုအရှိအတိုင်းပြောကြရတော့မယ်။ ကောင်းခြင်းနဲ့ ဆိုးခြင်းကို ခွဲခြားပြရတော့မယ်။

  • ဦးဦးပါလေရာ

    June 8, 2012 at 11:34 am

    နယ်မြေဒေသတခု လုံခြုံတယ်မလုံခြုံဘူး ဆိုတာ လတ်တလောရာဇဝတ်မှု့ဖြစ်ပွားနှှုံး သို့မဟုတ် လတ်တလောရာဇဝတ်မှု့ဖြစ်ပွားနို်င်တဲ့ အလားအလာလောက်နဲ့ တိုင်းပြီး ပြောလို့မရပါဘူး။
    အဲဒါက ထည့်တွက်သင့်တဲ့ အချက်တခုမျှသာဖြစ်ပါတယ်..။

    နယ်မြေဒေသတခု လုံခြုံတယ်မလုံခြုံဘူး ဆိုတာ မိမိအပေါ် ဘေးအန္တရယ်ကျရောက်နိုင်ခြေ နဲ့ တိုင်းမှ ပိုမှန်ပါမယ်။

    တကယ်တော့ ဒီနိုင်ငံသားရိုးရိုးလူတွေအဖို့ အပြင်ထွက်ထွက်/အိမ်ထဲနေနေ- တတ်နိုင်ရင် ကုတင်အောက်ဝင်ပုန်းနေဦးတော့ လုံခြုံမှု့မရှိပါဘူး…။

    ဘယ်တော့မှလုံခြုံမလဲဆိုတော့ နတ်ပြည်ရောက်မှလုံခြုံမယ်ထင်တယ်..။

    အင်း…. အဲဒါထက် အဆတရာမကပိုခက်တဲ့နည်းကတော့ –

    တရားဥပဒေ အမှန်တကယ်စိုးမိုးမှ လုံခြုံပါမယ် ။

  • SkyHeart WinKo

    June 8, 2012 at 1:38 pm

    (ဗမာပြည် နိင်ငံတော်လုံခြုံရေး တာဝန်ယူထားသူများ)
    ရှေ့မမှီ နှောက်မမှီ ဗမာပြည်၊ ရှေ့မသိ နှောက်မသိ ဗမာချစ်၊ တောင်မြောက်ဘယ်မှာ မသိပါများ၊
    ရန်ကုန်မှထွက်၍ နေပြည်တော်မှာ သေ၏။

  • etone

    June 8, 2012 at 4:50 pm

    မြန်မာပြည်မလုံခြုံတော့တာ … ဘယ်သူမပြု မိမိမှုလို့ ဆိုရတော့မလိုပါပဲ ။
    ပြည်တွင်းနေ လူတန်းစားတွေ အချောင်ခိုချင်စိတ်များလာတာမျိုး ၊ မှောင်ရိပ်ခို ဒုစရိုက်လုပ်တတ်လာမျိုးတွေ ၊ အကျင့်ပျက် လာဘ်စားမှုတွေ ရှိနေတာတွေကြောင့်လည်း …. လွတ်လပ်ရေးရပြီးသား နယ်မြေမှာမပြောနဲ့ … ကိုယ်လမ်းထဲတောင် အချိန်မတော် လမ်းထွက်မလျှောက်ရဲဘူး ။

    လုံခြုံမှုမရှိဘူးဆိုတာကတော့ …. ကာကွယ်မှု သေချာမပေးနိုင်လို့ပဲလို့ … ကျွန်မကတော့မြင်မိတယ် … ။
    ဥပမာ- ဒုစရိုက်မှု ကျူးလွန်သူတွေ ၊ ခိုးဆိုးနေတဲ့လူတွေကို ထိရောက်တဲ့ ဥပဒေမျိုးနဲ့ ဟန့်တားခြင်းမလုပ်တဲ့အခါ … အလွယ်ရတဲ့လမ်းကို လိုက်လာကြတယ် ။ သေမထူး နေမထူးတွေက အလုပ်မလုပ်ချင်တော့ပဲ … ပေါ့ပေါ့ပါးပါး ပိုက်ဆံ ရှာချင်လာကြတယ် ။ သူတပါးကို ထိခိုက်အောင် နည်းမျိုးစုံသုံးပြီး လုပ်ချင်လာကြတယ် ။ မြောင့်မတ်တဲ့ ဥပဒေနဲ့ ၊ ဘက်မလိုက်တဲ့ အရေးယူမှုတွေ လုပ်နိုင်လျှင်တော့ …. ဒီလို ကိစ္စတွေ လျော့ပါးသွားနိုင်ပေမယ့် ….. မထိန်းသိမ်းပဲ လွှတ်ထားနေလျှင်တော့ … ဒီထက်ပိုများဆိုးလာမလားပဲ … ဒါတောင် ကျွန်မတို့ နိုင်ငံမှာ တရားဝင်လက်နက် ကိုင်ဆောင်ခွင့်မရှိသေးလို့ ကံကောင်းတယ်လို့ ပြောရမယ် …. ။ 🙄

  • ကြောင်ကြီး

    June 9, 2012 at 11:30 am

    ရာဇဝတ်မှုများတာ အလုပ်အကိုင် အဆင်မပြေလို့ဗြ..။ တောနယ်တွေမှာပါ အဆင်မပြေရင် အားလုံးမြို့တက်လာလို့ ပိုဆိုးဒယ်။ မြို့ရောက်တော့လည်း ခေတ်ပညာရပ်တွေ မတတ်တော့ အနှိမ်ခံရဒယ်။ ဒါကြောင့်မို့ သူတို့ကို ခေတ်မှီပညာတွေ သင်ပေးရမယ်။ လယ်ယာဦးကြီးတွေကို လေယာဉ်မောင်း သင်ပေးရင် ဖြစ်နိုင်မလား။ လေယာဉ်ပျံမောင်းတာ နွားတရှဉ်းနဲ့ လယ်ထွန်ဒါလောက် မခက်ဘူး ပြောသံကြားဒယ်။ အဲဒါဟုတ်သလား ဗိုလ်မှူး…။ 🙄

  • asiamasters

    June 9, 2012 at 12:57 pm

    ဟုတ်တယ် ကိုကြောင်ကြီးရေ.. လေယာဉ်မောင်းတာက နွားတရှဉ်းနဲ့ လယ်ထွန်တာလောက် မခက်ဘူး။ ဒီ လူတွေကို ကျွန်တော်ကိုယ်တိုင်သင်ပေးမှာ အတက်ပဲသင်ပေးမယ်။ အဆင်းမသင်ပေးဘူး။

Leave a Reply