Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘယ်လောက်ရမလဲ….။ ဘယ်လိုပေးမလဲ….

naywoon niJune 7, 20121min159315

ဘယ်လောက်ရမလဲ….။ ဘယ်လိုပေးမလဲ….
Poll
မြန်မာပြည်လျှပ်စစ်စွမ်းအင်ရဖို့..
သဘာဝပတ်ဝန်းကျင် ကိုပဲ စောင့်ရှောက်ထိမ်းသိမ်းမလား?
အညစ်ညမ်းခံပြီး စွမ်းအင်တွေ ရယူမလား?
VoteView ResultsShare ThisPolldaddy.com

ရွာထဲဝင်လိုက်တိုင်း ဒီ Poll ကို တွေ့နေရတယ်…။ သူကြီးက သူ့ရွာသားတွေ စရ နောက်ရ တာ တော်တော် သဘောတွေ့နေတယ်ထင်ပါ့….။ အစက ဘာမှ မပြောဘူးလို့ဟာ ပဲ…။ ဝင်လိုက်တိုင်း ဧည့်ခန်းမှာ ဒါချည့်ပဲ မြင်နေရတော့ စိတ်မချမ်းသာတော့ဘူး….။ တစ်ကယ်တော့ ဗမာပြည်မှာ လျှပ်စစ် စွမ်းအင်ကို ရာနှုန်းပြည့် သုံးနိုင်သေးတာမဟုတ်ပါဘူး…။ တစ်ရက် က တစ်နေရာမှာတွေ့လိုက်မိသေးရဲ့….။ တစ်တိုင်းပြည်လုံးရဲ့ 25 % ပဲ လျှပ်စစ် ပေးဝေ သုံးစွဲနေတယ်ဆိုလား…။ ဒါဆိုရင် ကျန်တဲ့ 75 % က ကော………။ ဒါနဲ့ များပဲ…။ တစ်လောက မီးမရလို့ ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြကြသတဲ့…။ သနားလိုက်တာ…။ ဆန္ဒ ပြတဲ့သူတွေ ကိုတော့ မဟုတ်ပါဘူး…။ မွေးကတည်းက သေတဲ့ အထိ လျှပ်စစ်မီး ဆိုတာ ဘာမှန်း မသိကြသေးတဲ့ 75 % သော နိုင်ငံသားတွေကိုပါ….။ သူတို့ ခမြာမှာလည်း ဒီနိုင်ငံသားတွေပဲလေ…..။ သူတို့ကော လျှပ်စစ်မီးမရသင့်ပေဘူးလား…။ ဒီတော့ကာ အညစ်နွမ်းခံပြီး စွမ်းအင်ယူမလား ဆိုတဲ့နေရာမှာ… ဒီတိုင်းပြည်က ဘယ်လောက်ရမလဲ…။ ဘယ်လိုပြန်လည် ခွဲဝေပေးမလဲ ဆိုတာလေး တိတိကျကျ သိရရင်တော့ ပိုကောင်းမှာပေါ့…။ ကိုယ့်တိုင်းပြည်မှာလည်း အားလုံးတန်းတူမီးလင်း မယ်ဆိုရင် ဘာမှကန့်ကွက် စရာ ရှိမယ်မထင်ပါဘူး…။ ဒီလိုမှမဟုတ်ပဲ…. ကိုယ့်တိုင်းပြည်ကတော့ ခံစရာရှိတာခံလိုက် လျှပ်စစ်မီးရနေမှာက တစ်တိုင်းပြည်ဆိုရင်တော့ ………… အသေခံ ကာကွယ်ရမှာပဲ သူကြီးရေ့….။ ကိုယ်ကတော့ အမှောင်ထဲနေ သူများကိုယ့်စွမ်းအင်နဲ့ အလင်းရောင်ပေးနေရအောင်က ကိုညီထွဋ် သီချင်းလို့ ချစ်သူတွေလည်း မဟုတ်ဘူးဗျ….။ ဘာဝဋ်ကြွေးမှလည်းရှိခဲ့မယ် မထင်ပါဘူး…။ နော်………။ ကျန်တဲ့ရွာသားတွေကကော ဘယ်နဲ့ သဘောရလေသလဲ မသိ…။

15 comments

  • မောင်ပေ

    June 7, 2012 at 7:37 pm

    ဒီလိုဘဲတွေးမိသွားတယ် ။
    သူရို ့ထက်စာရင် ကိုယ်က ပိုကံကောင်းတယ်
    ကိုယ့်ထက်စာရင် သဂျီးတို ့လို နိုင်ငံခြားမှာနေတဲ့လူက ပိုပြီး နေလို ့ကောင်းတယ်
    ဒါပေမယ့် ၊ ကိုယ့်နေရာ ကို ကိုယ် အကောင်းဆုံး ထင်ကြတာပါဘဲကွယ် ။

  • ahnyartamar

    June 7, 2012 at 8:55 pm

    အရှေ့ဖြစ်ဖြစ်၊ အနောက်ဖြစ်ဖြစ်၊ မိမိအိမ်သည်သာ အကောင်းဆုံးမဟုတ်လားကိုပေရေ…ဒါနဲ့ ယူရို ၂၀၁၂ လာတော့မယ်လေ။ သုံးသတ်ချက်တွေမတင်တော့ဘူးလား ကိုပေရေ……

  • ဘဲဥ

    June 7, 2012 at 9:25 pm

    ဟုတ်တယ် သများလည်းမပြောချင်လို့ ကြည့်နေဒါ ကြာဘီ၊ ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေကောင်းစားမယ့် ကိစ္စဆိုရင် ဘာမှပြောဘူး၊ အခုဟာက ကိုယ့်နိုင်ငံကို အငတ်ထားပြီး တစ်ခြားတိုင်းပြည်က ကောင်းစားမယ့်ကိစ္စ ၊ ဘိုမှတဘောတူနိုင်ဘူ ဒါဗြဲ။
    တဂျီးမင်းပိုင်တဲ့ အိမ်ခြံဝင်းထဲကို ရေတွင်းလာတူးမယ် ထွက်လာတဲ့ရေကို တဂျီးမင်းတို့မိသားစုကို ပေးမသုံးဘူးဆိုရင် တဂျီးမင်းရော ဘယ်လိုနေမလဲ တေချာ ဆင်းဇားကျိ ဟွင်းဂယ်ဘဲဂျ

  • မိုးတိမ်

    June 7, 2012 at 11:50 pm

    ”တစ်တိုင်းပြည်လုံးရဲ့ 25 % ပဲ လျှပ်စစ် ပေးဝေ သုံးစွဲနေတယ်ဆိုလား…။ ဒါဆိုရင် ကျန်တဲ့ 75 % က ကော………”
    ================================

    မဲပေးမိတာတော်တော်ရှက်သွားမိတယ်။

    ================================
    မွေးကတည်းက သေတဲ့ အထိ လျှပ်စစ်မီး ဆိုတာ ဘာမှန်း မသိကြသေးတဲ့ 75 % သော နိုင်ငံသားတွေကိုပါ….။
    ================================

    အဲလောက်တောင် တစ်ဂယ်လားဗျာ။ဒါဆို ခင်ဗျားတို့ ကျွန်တော်တို့က လုံးဝ မမျှတတဲ့ကောင်တွေပဲ။
    အဲလောက်တောင်ဆိုရင်တော့ ကမ္ဘာ့အလယ်မှာ မြန်မာဟာ နိမ့်ကျပြီးရင်းထပ်နိမ့်ကျမှာပါ။
    စော်ကားခံရတာ နည်းတောင်နည်းသေးပေါ့။မခံနှိုင်တဲ့ ကျွန်တော်တို့ကလဲ မမျှတ တဲ့ကောင်တွေဖြစ်ပေါ့။

  • laypai

    June 8, 2012 at 11:38 am

    လက်မ အရင် ထောင်ထား တယ်။
    ခု မှတ်ချက် ဆက်ရေးမယ်။
    ၁။ ကျနော် တို့ နိုင်ငံ မှာ ကျေးလက်အဆင့် ကို အသာထား မြို့ အား လုံးပင် လျပ်စစ် မီး အလုံ အလောက် မရသေး ပါ။
    ၂။ လျပ်စစ် ပါဝါ အလုံ အလောက် မရ သော မည်သည့် နိုင်ငံ မဆို ဖွံ့ဖြိုး တိုးတက်မှု နောက် ကျနေ ရသည် မှာ အား လုံး အသိ ပါ။
    ၃။ လျပ်စစ် ပါဝါ ကို ထုတ်ယူ နိုင်ဖို့ က အဓိ က၊ သဘာဝ ပတ်ဝန်းကျင် ညစ်နွမ်းမှု လျော့ ကျရေး က ပထမ ဖြစ်အောင် လုပ်ဆောင် နိုင် အောင် စဉ်းစား သင့် ပေ သည်။
    ၄။ ဖြစ်နိုင်ရင် နျူးကလီးယား စွမ်းအင် ဖြင့် လျပ်စစ် အားကို စနစ် ကျ ထုတ်လုပ်နိုင်ရန် ကြိုးစားအာထုတ်ရန်ဖြစ်သည်။
    ၅။ Global Warming ဟု အော် နေ ကြ သော နျူးကလီးယား စွမ်းအင် ပိုင်ဆိုင်သည့် နိုင်ငံ များ ဘာ ကြောင့် သူတို ပိုင်ဆိုင်ထားသော နျူးကလီးယား စွမ်းအင် ကို မဖျက်သိမ်း ပဲ နေ နေ ကြပါ လဲ။

  • Khaing Khaing

    June 8, 2012 at 12:04 pm

    လျှပ်စစ်မီးနဲ့ပတ်သက်ရင် မြန်မာပြည်သူပြည်သားတွေဟာ ဒုက္ခကိုအလူးအလဲခံခဲ့ရသူတွေပါ ……. ကျွန်မတို့ ငယ်စဉ်တုန်းက အမေကအမြဲပြောတာလေး ယခုအချိန်ထိမှတ်မိပါသေးတယ် သမီးစာတွေကို စောစော ကျက်ထားနော် စာမေးပွဲနီးမှ မကျက်နဲ့ မီးကစာမေးပွဲနီးရင်ပျက်တယ်သိလား ……. မှန်ပါသည် ကျွန်မတို့ ငယ်စဉ်စာမေးပွဲဖြေဆိုချိန်တွေဆို လျှပ်စစ်မီးကညဘက် မလာတာခပ်များများရယ်ပါ တစ်ခြားအချိန်တွေ ပျက်ပေမယ့် စာမေးပွဲရာသီရောက်ရင်တော့ ဂရုတစိုက်လေး မီးပေးစေချင်ခဲ့မိပါတယ် ငယ်စဉ်မီးဒုက္ခပေ့ါလေ…

  • Shwe Ei

    June 8, 2012 at 12:07 pm

    မြို့ဂျီး ပြဂျီးမှာနေရလို့ မီးလာတယ်ဆိုတာ ဘာမှန်းသိတဲ့လူတွေလောက်သာ မီးပြတ်လွန်းရင် ဆန်ဒ ပြရဂေါင်းမှန်းသိကြတာဗျ။ ကျမတို့လို မြို့မှာမွေး တောမှာကြီးတဲ့လူတွေဆို ဖယောင်းတိုင် နဲ့ မီးစက်ရှိရင်ညဘက်မီးလင်းတယ် ၊ တီဗွီလဲကြည့်လို့ရတယ် ဆိုပြီးနေလာတာ ကြာပေါ့။ မီးမလာလို့များ တွေးပီး စိတ်မဆင်းရဲပေါင်တော်။ 😕 ကဲ မီးကလဲပြတ် မိုးကလဲရွာနဲ့ အိပ်တာဘဲကောင်းပါတယ် Zzzzzz

  • ပေါက်စိန်ဗိုက်

    June 8, 2012 at 12:24 pm

    တဖြည်းဖြည်းနဲ ့တော့ မီးပြန် မှန်လာပါပြီကောဗျာ..
    တစ်ပြည်လုံး လုံလောက်အောင် ပေးဖို ့ပဲ ထပ်စဉ်းစားကြပေတော့
    လောက်အောင် မပေးပဲ ရောင်းစားဖို ့ပဲ စဉ်းစားမနေနဲ ့ဦးလို ့.

  • blackchaw

    June 8, 2012 at 3:59 pm

    တစ်နိုင်ငံလုံးမီးပေးနိုင်အောင် ရည်ရွယ်ချက်ရှိသင့်တယ်။
    အခုက လက်တစ်ဆုတ်စာလောက် မီးပေးတာတောင်
    အချိန်ပြည့်မပေးနိုင်သေးဘဲ
    တာဝန်ရှိသူတွေက ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေကြတော့
    ရှက်တတ်ရင်လဲသေသင့်တယ်။
    မြန်မာနိုင်ငံသား ဘယ်သူ့အိမ်မဆို မီးရအောင်
    မီးပေးနိုင်အောင် ရည်ရွယ်ချက်ရှိပါသလားလို့
    ဝန်ကြီးကို မေးသင့်တယ်။
    ကဲ ဝန်ကြီး ဖြေဗျာ.။

  • MaMa

    June 8, 2012 at 6:13 pm

    ကိုအံ့ကြီး သီချင်းထင်တယ်။
    ကြားယောင်မိတယ်။
    :quotebolck: လျှပ်စစ်အား အသုံးများသည့်ပြင်
    တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတခွင်
    သစ်ပင်တွေ မြေတွင်းဓာတ်တွေ ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင် :quotebolck:

  • kai

    June 18, 2012 at 2:34 pm

    ဒီတော့ကာ အညစ်နွမ်းခံပြီး စွမ်းအင်ယူမလား ဆိုတဲ့နေရာမှာ… ဒီတိုင်းပြည်က ဘယ်လောက်ရမလဲ…။ ဘယ်လိုပြန်လည် ခွဲဝေပေးမလဲ ဆိုတာလေး တိတိကျကျ သိရရင်တော့ ပိုကောင်းမှာပေါ့…။ ကိုယ့်တိုင်းပြည်မှာလည်း အားလုံးတန်းတူမီးလင်း မယ်ဆိုရင် ဘာမှကန့်ကွက် စရာ ရှိမယ်မထင်ပါဘူး…။ ဒီလိုမှမဟုတ်ပဲ…. ကိုယ့်တိုင်းပြည်ကတော့ ခံစရာရှိတာခံလိုက် လျှပ်စစ်မီးရနေမှာက တစ်တိုင်းပြည်ဆိုရင်တော့ ………… အသေခံ ကာကွယ်ရမှာပဲ သူကြီးရေ့….

    လျှပ်စစ်ထုတ်ဖို့.. စက်တွေ..နည်းပညာတွေ.. ဂရစ်ကြိုးတာဝါကြီးတွေအတွက်.. ငွေအရင်းအနှီးမှမရှိတာကွယ်..
    ဆိုတော့.. ရင်းနှီးမြုတ်နှံတဲ့သူကို.. အတိုင်းအတာတခုခွဲပေးရတာ..မဆန်းပါဘူး..
    ငွေကမရှိပဲ.. အုံဖွနဲ့.. အင်ဖရာစရပ်ချာက.. မိုးပေါ်ကကျလာတာမှမဟုတ်တာနော..

    ရိုင်းရိုင်းပြောရရင်..” အောက်ကလည်းနေသေး.. ကြောက်ပြီလားလို့.. အော်နေတာ”နဲ့မတူနေဘူးလားလို့..
    :mrgreen:

    • နွေဦး

      June 18, 2012 at 5:20 pm

      ခက်ပြီ သူကြီးရယ်…
      နိုင်ငံတကာမှာ ဟော်တယ်ဆောက်ပြီး စီးပွါးရှာစားနေကြတဲ့ သူတွေ အများကြီးရှိပါတယ် ။
      သူတို့ ဟော်တယ် ဆောက်တဲ့အရင်းနှီး တွေက ကြောက်ခမန်းလိလိ ကြီးပါတယ် ။
      သူတို့လဲ ငွေချေးပြီး ဆောက်ကြရတာပါဘဲ ။
      ဟော်တယ်ဆောက်ရတဲ့ အရင်းနှီး ကြီးမြင့်လို့ အခန်းငှားခတွေကို သူများနဲ့ ပိုပြီးမတန်တဆတော့
      မယူကြပါဘူးနော် ။

  • ဟိုအရင် ကျနော်ကျောင်းသားဘဝက သီချင်းလေးတပုဒ်ရှိခဲ့တယ်။

    ဖြတ်သာသွားမယ် မနားတယ်…………….တဲ့။
    သီချင်းလေးရဲ့အဓိကအနက်က လောပီတက ထွက်လာတဲ့လျှပ်စစ်တွေက အဲဒီနားက ရွာတွေကို ဖြတ်ပြီး မြို့ပြကို တွေကို ရောက်သွားပေမယ့် အဲဒီရွာလေးတွေက မီးမရဘူးလေ။
    အဲဒါလေးကို ရည်ညွှန်းပြီး အနက်ဝှက်လို့ရေးခဲ့တယ်လို့ သိရပါတယ်။
    မြန်မာပြည်လျှပ်စစ်ဆိုတာကတော့ လုံလောက်အောင်မရခဲ့တာရှေးကစလို့ အခုထိပါဘဲ။
    တိုင်းပြည်က မွဲတာကိုးဗျ.
    မွဲရုံတင်မကဘူး စံနစ်မှားတော့ ဒီမှာရှိတဲ့ပညာတတ်တွေကလဲ အကြောင်းအမျုးိမျိုးကြောင့်
    နိုင်ငံကနေပြေးကြရတော့တာပေါ့။
    အဲတော့ မွဲရုံတင်မကဘူး ဖွတ်တက်ရော။
    မွဲပါတယ် မသိနားမလည်ပါဘူးဆိုမှာ လာပြီးဇွတ်နိုက်စားသွားတဲ့ကောင်ကလဲရှိသေးသကိုးဗျ။
    သူများကလာနိုက်စားတာကို မကာကွယ်ဘဲ သူတို့နဲ့ပေါင်းပြိးဝင်နိူက်စားတဲ့ ကျုုပ်တို့အထဲကလူလဲရှိပြန်သေးရော.
    အဲဒီထဲ အုပ်ချုပ်သူကိုအကြောင်းပြလို့ဝင်ကန်တဲ့ကောင်ကရှိသေးသကိုးဗျ။
    ကျုပ်တို့ညံ့လို့ခံလိုက်ရတယ်ဘဲထားပါဗျာ ဘယ်မှ မသွားတတ်မလာတတ်နဲ့ဒီအထဲကျန်နေတဲ့ကျုပ်တို့လို လူညံ့တွေချည်းပဲကျန်နေတာကိုးဗျ။
    ကိုနေ ဟုတ်သားဘဲ
    သူကြီးပြောသလိုပေါ့ အောက်ကနေပြီးကြောက်ပြီလားလို့မမေးနဲ့လေ။
    ငုံ့ခံလိုက်ပေါ့…………
    ွှလွှမ်းမိုးသီချင်းလေးနဲ့ပိတ်ပေးပါမယ်
    ရိုးတဲ့အတဲ့ကောင်ခံလိုက်ပေ့ါ
    ရိုးတဲ့အတဲ့ကောင်ခံလိုက်ပေါ့။
    ရိုးတဲ့အတဲ့ကောင်ခံလိုက်ပေ့ါ
    ရိုးတဲ့အတဲ့ကောင်ခံလိုက်ပေါ့။
    ရိုးတဲ့အတဲ့ကောင်ခံလိုက်ပေ့ါ
    ရိုးတဲ့အတဲ့ကောင်ခံလိုက်ပေါ့။

    • kai

      June 18, 2012 at 4:34 pm

      ဒီလိုကိုပေါက်ရေ..
      ကိုယ့်ဘိုးဘွားမြေပေါ်..ကန်ထရိုက်တိုက်.. ၆ထပ်လွှာဆောက်ဖို့.. ငွေရှင်သူဌေးကလာကမ်းလှမ်းတယ်..ဆိုပါစို့..
      ကိုယ့်မှာ.. ကိုယ်တိုင်ဆောက်ဖို့..ငွေရင်းကမရှိ.. တခြားမှာရင်းနှီးမြုတ်နှံအလုပ်လုပ်ဖို့.. ငွေလည်း လိုနေတယ်ဆိုပါတော့..
      ဘယ်လိုလုပ်မလည်း..

      လာမဆောက်နဲ့လို့..ငြင်းမလား..
      လာဆောက်.. တိုက်ရဲ့… တခြမ်းပေး..ပြောမလား..
      အောက်ဆုံးလွှာ.. ၂ခန်းပေးပြောမလား..

      ရိုးတဲ့အတဲ့ကောင်ခံလိုက်ရတာတွေလည်းရှိပါတယ်..
      ဒါပေမဲ့..
      ဘာမှမလုပ်ရင်တော့. .ဘာမှမရပါဘူး.. :mrgreen:

  • snow white

    July 4, 2012 at 5:21 pm

    ပြောမယ့်သာပြောရတယ် မီးမလာရင်မနေတက်တာတော့အမှန်ဘဲ ငယ်ငယ်ကလည်းမီးမမှန်ဘဲနေခဲ့ရပါတယ် ဒါပေမယ့်ခုအသက်ကြီးလာလေမီးမလာရင်မနေတက်တာအမှန် ဘဲ။

Leave a Reply